ဗီယက်နမ်ခရီးစဉ်မှမှတ်သားအတုယူစရာများ

in #myanmar6 years ago

Day 4 နံနက်ပိုင်း
image photo by moe wai (kamawet)
နံနက်ပိုင်းဟိုတယ်မှ ဘူဖေးစားပြီး ဟိုချီမင်အုပ်ဂူဆီကို သွားကြပါသည်။ သူတို့နိုင်ငံ၏ ခေါင်းဆောင်ကို လေးစားပုံမှာ ချီးကျူးစရာပါ။ ဗီယက်နမ်နိုင်ငံ ကျောင်းသားကလေးများ အလှည့်ကျ အချိန်ရသလို ဟိုချီမင်းဂူဆီသို့ လာရောက်ကန်တော့ကြပါသည်။ ဟိုချီမင်းဝင်းအတွင်းမှာလည်း အချိန်ပြည့်ကင်းလှည့်နေတဲ့ ၀တ်စုံတူရဲဘော်တွေကို တွေ့ခဲ့ရပါတယ်။ နေပူထဲမှာ ခရီးသွားမြောက်မြားစွာနဲ့ တန်းစီပြီးသွားကြရပါတယ်။
image photo by moe wai (kamawet)
ကျွန်မတို့အုပ်စုထဲမှာတစ်ယောက်သောသူက သံပုရာသီးကို လက်ကိုင်အိတ်ထဲ ထည့်ထားတဲ့အတွက်ကြောင့် သူတို့စစ်တဲ့စက်ထဲမှာ အလုံးပေါ်နေတဲ့အတွက်ကြောင့် သူတို့လူတွေ ၀ိုင်းလာကြပါတယ်။ စကားပြန်က အိတ်ကို ဖွင့်ပြခိုင်းလိုက်တော့ သံပုရာသီး ဖြစ်နေတာကို တွေ့ရတော့ အဆင်ပြေသွားပါတယ်။ အသေအချာကို အထပ်ထပ်စစ်ပြီးမှ အထဲကို ၀င်ခွင့်ရပါသည်။
image photo by moe wai (kamawet)
ဟိုချီမင်းဂူပြီးတော့ ဟိုချီမင်းနေခဲ့တဲ့ အိမ်ပတ်ဝန်းကျင်အရာများစွာကို ထူးဆန်းစွာ မြင်ခဲ့ရပါတယ်။ လှည့်လည်ကြည့်ရှုပြီးတော့အခါ ပိုပြီတော့ ဆန်းပြားအံ့သြတဲ့နေရာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ အဲဒါကတော့ နေ့လည်စာတချိန်ပဲကျွေးတဲ့ အမျိုးပေါင်း ၇၀၀ရှိတဲ့ ဘူဖေးဆိုင်ကြီးပါ။ ကြိုတင် booking လုပ်ထားပြီး သူ့အဖွဲ့နဲ့သူ ကဒ်ပြားပြပြီးမှ ၀င်ရပါတယ်။
image photo by moe wai (kamawet)
များပြားလွန်းတဲ့အစားအသောက်ကို ဘယ်လိုယူစားရမလဲဆိုတာစဉ်းစားလို့ကို မရနိုင်အောင်ပါ။ အစားအသောက်ဝင်းကြီးက ကြီးမားလွန်းလှပါတယ်။ ဟိုဟာကကောင်းနိုးနိုး ဒီဟာက ကောင်းနိုးနိုးနဲ့ အံ့သြစရာ ဘာစားရမှန်း မသိတော့ပါ။ ၀ိုင် ဘီယာ ကြက်ဆင် ကြက်မဲ တကယ့်ကို အံမခန်းကျွေးတာတွေ့ဖူးတာ ပထမဆုံးအကြိမ်ပါ။ နိုင်ငံပေါင်းစုံက ခရီးသွားများလည်း အများကြီး စားသောက်နေကြပါသည်။ သတ်မှတ်ထားတဲ့အချိန် စားသောက်ပြီးကျရင် ဘူဖေးဆိုင်ကြီးကို ပိတ်လိုက်ပါသည်။
image photo by moe wai (kamawet)
အဲဒီဘူဖေးဆိုင်ကြီးရဲ့ ပတ်ဝန်းကျင်မှာ ဗီယက်နမ်သင်္ကေတ ခမောက်တွဲလောင်းများစွာ ချိတ်ထားပါတယ်။ ကျွန်မတို့အုပ်စုလည်း အလှဓါတ်ပုံ အမှတ်တရ ရိုက်ဖြစ်ကြပါသည်။
image photo by moe wai (kamawet)
နေ့လည်ပိုင်း ဘူဖေးဆိုင်ကြီးမှ ထွက်ခွာ၍ ရှေးကြသော မြတ်စွာဘုရားနေရာကို ဖူးမျှော်ခွင့် ရခဲ့ပါတယ်။ အဲဒီနေရာမှာ ဘုရားဖူးပြီးတော့အခါ သာယာလှပတဲ့ရှုခင်းများရှိတဲ့နေရာတွေကိုလည်း ကားစီးရင်း တွေ့မြင်ခဲ့ရပြန်ပါတယ်။
image photo by moe wai (kamawet)
ညနေပိုင်းမှာတော့ ဗီယက်နမ်ရိုးရာနဲ့လုပ်ထားတဲ့ အပြန်လက်ဆောင်ပေးရမဲ့အိတ်ကလေးများကို ၀ယ်ဖြစ်ပါတယ်။ Royal city လို့ခေါ်တဲ့ shopping mall ဈေးဆိုင်ကြီးကတော့ မြန်မာပလာဇာထက် အလွန်ကြီးပြီးတော့ တစ်ယောက်နဲ့တစ်ယောက် တဖွဲ့နဲ့တဖွဲ့ ရှာမတွေ့နိုင်အောင် ကြီးမားပါတယ်။ အထပ်ပေါင်းများစွာ ရှိပြီး သူတို့ဆီက coffee ကတော့ နာမည်ကြီးပါတယ်။
image photo by moe wai (kamawet)
ဈေးဝယ်ရင်း တဖွဲ့နဲ့တဖွဲ့ လူစုရင်း မိုးချုပ်မှ တည်းခိုတဲ့ ဟိုတယ်ကို ပြန်ရောက်ခဲ့ပါသည်။

ပဉ္စမပိုင်းဆက်ပါမည်

ဆန္ဒမွန်ဖြင့်
မိုးဝေ

Sort:  

အနှံ့ကိုရောက်တာနော် ပျော်စရာကြီး
ကိုယ်မရောက်ဖူးတဲ့နေရာကိုရောက်ရင် တစ်မျိုးလေးစိတ်ချမ်းသာ
တယ်

သေသေချာချာကိုလိုက်ပို့တာပါပျော်စရာအမှတ်တရပေါ့မမ

Tu ကလားဗျ uniform ​တွေ့လို့​မေးမိတာပါ

tuရဲ့အရှည်ကိုပြောပြါအုးံ

ကိုယ်တိုင် ဗီယက်နမ်ကို ရောက်ရသလိုပဲ

ကျေးဇူးပါသမီးရေ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60268.51
ETH 3201.96
USDT 1.00
SBD 2.43