ကြုံရဆုံရ ဘုံဘဝဝယ်(2)

in #myanmar7 years ago

ပထမပိုင်းကို ဒီlink မှကြည့်ပါ
https://steemit.com/myanmar/@moehein/kan-yasaundefinedya-baundefinedbaw-c65abda90dffd
FB_IMG_1515738047875.jpg
အုပ်ချု ပ်ရေးမှူးရွေးချ ယ်ရေးငါးဦးကော်မတီရွေးချ ယ်ရေးအဖွဲ့တွင်မြို့မှတာဝန်ရှိသူတစ်ဦးကအုပ်ချု ပ်ရေးမှူးလုပ်မည်သူသည်ဆယ်အိမ်တစ်စုလည်းပါရမည်။ရာအိမ်စုလည်းပါရမယ် ဒါမှအုပ်ချု ပ်ရေးမှူးယှဉ်ပြို င်လို့ရမယ်။ယခုချိန်မှစတင်ကာအုပ်ချု ပ်ရေးမှူးလုပ်လိုသူတွေက မိမိတို့ရပ်ကွက်အတွင်းမှာ စတင်စည်းရုံးနိုင်ကြောင်းပြောသောအခါ ဦးထွန်းဦးတစ်ယောက် ...။
နောက်တစ်နေ့နံနက်အစောတွင်တစ်သက်နှင့်တစ်ကိုယ်တစ်ခါမှမလုပ်ဘူးသောအလုပ်ကိုစတင်လေသည်။တစ်လမ်းတည်းရှိလူအပေါင်းတို့သည် အချင်းချင်းစုဝေးကာတစ်ခါမှကောင်းကျိုးမပေးဘူးသောဦးထွန်းဦးတစ်ယောက်အသက်ကြီး၍မြင်မှန်ရသွားသည်ဟုယူဆနေကြသည်။သူလုပ်ပုံကား ..နေ့စဉ်လ္ဘက်ရည်နှင့်မုန့်များကိုအိမ်ပေါက်စေ့လိုက်လံဝေဌပေးနေသောကြောင့်ဖြစ်သည်။
FB_IMG_1515738035970.jpg
ငါးရက်ခန့်ကြာသော်..ဦးထွန်းဦးအိမ်၌ထ္မင်းစားသောက်ပွဲကြီးကျင်းပလေသည်။ထိုအခါဦးထွန်းဦးကသူအုပ်ချု ပ်ရေးမှူးဖြစ်ခဲ့လျှင်ရွှာလယ်ကိုဖိုးနီအိမ်ဆိုင်နံဘေးကမုန့်ပြစ်သလက်သည် အကျော်သည် ဂျုံအိပ်ခွံလေးခင်းရောင်းနေသောချဉ်ပေါင်သည် အပါအဝင်ခုနှစ်ဆိုင်မပြည့်သောဈေးတန်းကို အဆင့်မီစည်ပင်သာယာဈေးအဖြစ်သို့၎င်း။ရွှာတောင်ဘက်အထွက်ကအမိုးအကာမလုံ၍စာသင်မရသောမူလတန်းကျောင်းလေးကိုအလယ်တန်းကျောင်းကြီးအဖြစ်တိုးမြှင့်မည်ဖြစ်ကြောင်း ရွှာသူ/သားများအပန်းဖြေရန်အတွက်ဘုန်းကြီးကျောင်းဘေးက တစ်ရွှာလုံး၏သောက်ရေကန်ကြီးကိုအလျားလိုက်တံတားထိုး၍ ကန်ဘောင်ပေါ်တွင်ဈေးဆိုင်များဖွင့်ပေးမည့်အကြောင်း။ကျေးရွှာရံပုံငွေရရှိရေးအတွက်ခုလိုစီမံထားကြောင်း။ဆရာမအမြဲမရှိတဲ့သားဖွားဆေးခန်းကိုဆေးရုံအဆင့်သို့တိုးမြှင့်မည်ဖြစ်ကြောင်း။ရွှာကလူများငါးစားသုံးနိုင်ရန်အတွက် သောက်ရေကန်ကြီးအတွင်း၌သူကငါးထည့်မွေးမြူးပေးမည်ဖြစ်သည်။ရွှာသူ/သားများအလုပ်ပင်ပန်းပြီး အစားအာဟာရမလုံလောက်၍ပိန်လှီကာမကြာခဏဖျားနာမှုများအတွက်သူအုပ်ချု ပ်ရေးမှူးဖြစ်ခဲ့ပါကနောင်ဒီလိုဘဝမျိုးမဖြစ်အောင်သူကိုထောက်ခံမဲပေးကြဖို့ပြောလိုက်လေသည်..။
FB_IMG_1515738043261.jpg
ထိုအခါလူတချို့သည်ထပြန်ကြလေသည်။ထိုနေ့မှစ၍ စည်းစည်းလုံးလုံးနဲ့အေးအေးချ မ်းချမ်းနေခဲ့တဲ့ရွှာလေးဟာနှစ်ခြမ်းကွဲသွားတော့လေသည်။ကိုယ်လုပ်မှကိုယ်စားရသော ဆင်းရဲတွင်းနက်လှသော တောသူတောင်သားများအတွက်ဦးထွန်းဦး၏ပြောစကားများသည်အာသာပြေ၏။စိတ်ကူးယဉ်လို့ကောင်း၏။
ရွှာသားအများစုရဲ့ပါးစပ်ဖျားမှာဦးထွန်းဦးကပေါ်ပြူ လာဖြစ်လေသည်။တာဝန်ရှိသူများ၏မှာကြားချက်အတိုင်းငါးဦးကော်မတီသည်သူအလုပ်သူဆက်လုပ်နေသည်။ဦးထွန်းဦးတစ်ယောက်ငါးဦးကော်မတီကိုနေ့စဉ်အတူလိုက်ကြည့်ပြီးအိမ်ရှင်များကိုဆေးလိပ်ချိုချ ဉ်များဖြင့်ပေးကမ်းလေသည်..။
ဦးထွန်းဦး၏စကားကိုမယုံရဲသောလူတစ်စုမှာလက်ရှိအုပ်ချု ပ်ရေးမှူးကိုသာဆက်လက်လုပ်ပေးရန်အပူတပြင်းတောင်းဆိုလေသည်။လက်ရှိအုပ်ချု ပ်ရေးသည်ရွှာမှရွေးချယ်တင်မြှောက်ထားသောလည်းဦးထွန်းဦးကဲ့သို့မပြောရဲချေ ။ရွှာမှာမြို့နှင့်အလှမ်းဝေး၏။လမ်းပန်းဆက်သွယ်ရေးခက်၏။မိုးလေဝသမှန်မှသီးနှံအထွက်တိုး၏။သီနှံဈေးကောင်းရမှအသက်ရှု့ချောင်၏။ဝင်ငွေကောင်းသောနှစ်တွင်ရွှာ၌အလှူ အတန်းပေါ၏။ထိုအခြေအနေကိုလူတိုင်းသိ၏။သို့သော်...လူတိုင်းချ မ်းသာချင်ကြသည်။မိဘတိုင်းသည်သားသမီးတိုင်းကို ဆင်စီးမြင်းရံစေချင်သည်။ထို့ကြောင့်လယ်ပေါင်နွားရောင်းပြီးနိုင်ငံရပ်ခြားသို့လွှတ်ကြသည်။ထိုသူတို့သည်စူဠလိပ်ရေထဲလွှတ်သကဲ့သို့ရှိကုန်လေသောအခါမိဘများမှာပို၍ပင်ပန်းကြကုန်သည်။အိမ်၌ကျန်ရှိသောသူများသည်အလုပ်ပင်ပန်းလာသောအခါရုပ်သံဇာတ်လမ်းတွဲများအတိုင်းစိတ်ထွက်ပေါက်ရှာလေသည်။
ဦးထွန်းဦးတစ်ယောက်အုပ်ချု ပ်ရေးမှူးဖြစ်ရန်အတွက်ခုတလောအလုပ်များနေသည်။ဆပ်ပြာသည်လင်ပျောက်သလို သူ့လူတွေဆီပြေးလိုက် ငါးဦးကော်မတီဆီပြေးလိုက်နဲ့တစ်နေကုန်လမ်းပေါ်မှာဟိုပြေးဒီပြေးနဲ့တရုတ်ဆိုင်ကယ်လေးခမျာရွှာလယ်လမ်းမပေါ်မှာဖုန်းတထောင်ထောင်ထလို့..။ကျန်လူတွေလည်း မျောက်မီးခဲကိုင်မိသလို တောင်မင်းမြောက်မင်းမကယ်နိုင်ဖြစ်ကာ ဦးထွန်းဦးလုပ်နေသမျှ ကိုငေးမောလို့ပေါ့ ။
ရပ်ကျေးအုပ်ချု ပ်ရေးမှူးရွေးချယ်ရေးနေ့မှာဦးထွန်းဦးကကြီးကြပ်ရေးမှူးငါးဦးအပါ သူလူတွေအားလုံးအိမ်မှာထ္မင်းစားဖိတ်ပါတယ်။ကျန်လူတစ်စုရဲ့တောင်းဆိုမှုကြောင့်လက်ရှိ့်အုပ်ချု ပ်ရေးမှူးဟောင်းလည်းအားနာနာနဲ့ဝင်ပြို င်ပေးရှာပါတယ်။စုစုပေါင်းမဲပုံးနှစ်ပုံးပေါ့ ။အသက်(၁၈)နှစ်ပြည့်ပြီးသူရွှာသားတွေကအိမ်ထောင်စုစာရွက်ကိုယ်ဆီနဲ့တစ်အိမ်တစ်ယောက်အစဉ်လိုက်မဲပြားထုတ်နေစဉ်မှာအရွေးခံမယ့်သူနှစ်ယောက်ကအများရှေ့မှာထိုင်လို့။
ဦးထွန်းဦးကသူ့လူတွေကိုဝှေ့ဝိုက်ကြည့်ရင်ဟိုလူဒီလူမရောက်သေးဘူးလားမေးနေရဲ့။ထိုင်နေရင်ကပင်ကြီးကြပ်ရေးမှူးငါးဦးကိုမှန်မှန်ကန်ကန်လုပ်ပေးဖို့တောင်းဆိုလေသည်။မမှန်မကန်လုပ်ပါကမြို့တက်တိုင်မှာဖြစ်ကြောင်းကြိမ်းမောင်းလိုက်သေးသည်။သူ့လူများကိုလည်းမဲမသမာမှုများမရှိစေရန်စောင့်ကြည့်ရေခိုင်းထားလေသည်။
ဦးထွန်းဦးတစ်ယောက်မဲအပြတ်အသတ်ဖြင့်တောင်ပြို ကမ်းပြို နိုင်ပါသည်။ညလုံးပေါက်ဦးထွန်းဦးအိမ်မှာပွဲဖြစ်ကြသည်။ကာရာအိုကေဖြင့်အောင်ပွဲခံကြရာရွှာကျောင်းကဆရာတော်ပင်တစ်ညလုံးမကြိမ်းရကြောင်းကိုနောက်တစ်နေ့အာရုံဆွမ်းသွားကပ်သူများကပြောသည်။မိုးလင်းသောအခါဦးထွန်းဦးသည်သူ့လူများနှင့်အတူရပ်ကျေးရုံးတွင်ဆက်လက်အောင်ပွဲခံကြလေသည်။ရွှာဦးကျောင်းကဆရာတော်လာပြီးမနည်းတားယူရသည်။တစ်ပတ်ခန့်ကြာသော်...။
ရွှာဦးကျောင်းလော်စကာမှ ဦးထွန်းဦးရဲ့အသံကပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့်မီးဘေးအန္တရာယ်ကြို တင်ကာကွယ်သောအားဖြင့်အိမ်တိုင်းအောက်ပါအတိုင်းဆောင်ရွက်ထားရန် မီးသတ်ကားဝင်ထွက်ရန်အတွက်အိမ်တိုင်းခြံစည်းရိုးသုံးပေစီနောက်ဆုတ်ပေးရန် သတ်မှတ်ရက်အတွင်းမလုပ်ဆောင်သူများအားလုံး ကျေးရွှာတည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူမည်။
တစ်လကြာသော်...ကျေးရွှာသန့်ရှင်းသာယာလှပရေးအတွက်ခြံစည်းရိုးများညီညီညာညာတည့်မတ်စေရမည်။ရွှာလမ်းမကြီးပေါ်ဈေးတက်ရောင်းချ သူများအားလုံးတည်ဆဲဥပဒေအရအရေးယူခြင်းခံရမည်။ကျေးရွှာအထောက်အကူပြု ရံပုံငွေရှိအတွက်ကော်မတီ၏ဆုံးဖြတ်ချက်အရဈေးဆိုင်အားလုံးအခွန်အခပေးဆောင်ရမည်။မိမိရပ်ရွှာဖွံ့ဖြိုးတိုးတက်ရေးအလုပ်အကိုင်ရရှိရေးအတွက်သောက်ရေကန်ကြီးအပေါ်အလျားလိုက်တံတားထိုးမည်ဖြစ်ပါသဖြင့်လုပ်ကိုင်လိုသူများသတ်မှတ်ရက်အတွင်းစာရင်းပေးသွင်းရန် လုပ်ကိုင်သူမရှိပါကမြို့တက်တင်ဒါခေါ်ယူမည်။ကန်ဘောင်ပေါ်တွင်ဈေးရောင်းချလိုပါက ဆယ်ပေတစ်ခန်းလျှင်လစဉ်ကျ ပ်သုံးသောင်းနှုန်းဖြင့်မည်သူမဆိုမိမိကြို က်နှစ်ရောင်းချနိုင်သည်။အမြန်စာရင်းပေးသူနေရာကောင်းရမည်။အငြင်းပွားဖွယ်ဖြစ်ပါကရပ်ကျေးကော်မတီ၏အဆုံးအဖြတ်ကိုခံယူနိုင်သူဖြစ်ရမည်။ကျေးရွှာပြည်သူများ၏အကျိုးကိုရှေ့ရှုး၍သားသတ်လိုင်စင်များချ ပေးမည်။လုပ်ကိုင်သူမရှိပါက မြို့မှတင်ဒါခေါ်ယူမည်။ကော်မတီ၏ဆုံးဖြတ်ချ က်အရ ပုံ/ထွန်းဦးရပ်ကျေးအုပ်ချု ပ်ရေးမှူး။
. . . . . . . . . . .တတိယပိုင်းမျှော် . . . . . . . . .
မိုးဟိန်း
Moehein
Msc 084
Photo from google

Sort:  

တတိယပိုင်းစောင်နြေပါတယ်

ဟုတ်ကဲ့

ရွာတွေမှလည်း အဲလိုဘဲကိုး

ဟုတ်

ဘ၀ ဘဝ

ဟုတ် ဒီလိုပါဘဲ

Good writing

ဟုတ်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58058.49
ETH 2284.09
USDT 1.00
SBD 2.51