ဦးလေးချင်းပြောတဲ့ သူရ မချစ်ပို

in #myanmar7 years ago

သူရ မချစ်ပို


    လွန်ခဲ့တဲ့ လေး ငါး ရက်ခန့်က ရှေ့တန်းပြန် တပ်မတော်သားတွေကို ဂုဏ်ပြုသောအားဖြင့် မနေ့ညက အမှတ် ၁ နယ်လှည့်ဖျော်ဖြေရေးအဖွဲ့ လာရောက် ကပြတယ်။ တပ်မိသားစုတွေရယ် ရွှာကလူတွေရယ် အားလုံး ကြက်ပျံမကျ စည်းကားတယ်။ တစ်ညတာဖျော်ဖြေပွဲမှာ ဈေးသည်တွေလည်းစုံလို့။ 
 ဆိုင်းမဆင့်ဗုံမဆင့် သမီးက သူ့သူငယ်ချင်းတွေဆီကတဆင့် သိရလို့ ပွဲလိုက်ပြပေးဖို့ပူဆာလို့ ပွဲခင်းရောက်သေးတယ်။ ![image](https://img.esteem.ws/0nr0myqjla.jpg)
ပြဇာတ်နောက်ဆုံးမှာ တိုက်ပွဲကိုရွံရွံချွန်ချွန် ခုခံတိုက်ခိုက်ရင်းအောင်ပွဲရ စစ်သည်တွေနဲ့ရှေ့တန်းမှာ ကျဆုံးသွားတဲ့ စစ်သည်တွေ ဆုရတဲ့ထဲမှာ သူရဘွဲ့ရသူကတော့ အများအကျိုးအတွက် မိမိအသက် ပဓါဏမထားပဲ တိုင်းပြည်နဲ့ လူမျိုးအတွက် မိမိအသက်စွန့်ဝံသူပေါ့။ 
 နောက်တစ်နေ့ရောက်တော့ သမီးက ထူးထူး    ခြားခြား ဘယ်လိုသူတွေ သူရဘွဲ့ရလဲတဲ့။ ကျွန်တော်လည်း ကောင်းကောင်းရှင်းမပြနိုင်ဘူး။ အိမ်ကိုရွှာလည်လာတတ်တဲ့ စစ်မှုထမ်းဟောင်းကြီး ဦးလေးချင်း လာမှ မေးကြည့်ပေါ့ သမီးရယ်။ ဦးလေး  ချင်း ရွှာလည်းလာတဲ့တစ်နေ့ မိုးကမသည်းပဲ တစိမ့်စိမ့်နဲ့ စွေ့ မိုးလိုရွှာနေတယ်။ အသက် ၇၀ ကျော်ဦးလေးချင်းက သမီးသိချင်တဲ့ သူရဘွဲ့ ရသူတစ်ကြောင်းကို လွမ်းမောဖွယ်ရာ ဆွေးဆွေးမြေ့မြေ့ ဖြင့်ခုလိုပြောပြပါတယ်။ ![image](https://img.esteem.ws/um5rd642dz.jpg)

"သူရ” ဟူသော ဝေါဟာရ က သူရဲကောင်း စစ်သည် တို့ကို ချီးမြှင့် လေ့ ရှိသော ဘွဲ့ထူး ဂုဏ်ထူး တစ်ခု။ “မချစ်ပို” ဆိုသော စကား စုလေး က နုနယ်သော နှလုံးသား ပိုင်ရှင် မိန်းကလေး တစ်ဦး ၏ အမည် နာမ လှလှလေး တစ်ခု။ ဒါပေမယ့် မိန်းမ လှလေး တစ်ဦး ၏ နှလုံးသွေး က သူရဲကောင်း အာဇာနည် ယောက်ျား တို့ကဲ့သို့ပင် ရဲရဲ နီဆွေး လျက် သမိုင်းဝင် တေး တစ်ပုဒ် ကို ရေးထုတ် လိုက်နိုင် သော အခါ -
“သူရ မချစ်ပို” ဟူ၍ မော်ကွန်းတင် ခံရ လေတော့ သည်။ image

၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီ လ ၂၁ ရက်နေ့တွင် ကေအင် ဒီအို အဖွဲ့များ သည် မေမြို့ (ပြင်ဦးလွင်မြို့) ကို အလစ် အငိုက် စီးနင်း သိမ်းပိုက် သွားတယ်။ အဲ့ဒီအချိန်က မေမြို့ ရှိ အမှတ် (၁) စစ် မြေပြင် အင်ဂျင်နီ ယာ တပ်ခွဲ (ဘီအီး) နှင့် အမှတ် (၂) စစ် မြေပြင် အင်ဂျင် နီယာ တပ်ခွဲ တို့မှ အရာရှိ စစ်သည် များ သည် ဗိုလ်မှူး ထင်ပေါ် နှင့် ဗိုလ်ကြီး ဘဖြူ တို့၏ ခေါင်းဆောင် မှုဖြင့် ရ သမျှ လက်နက် ခဲယမ်း များ သိမ်းဆည်း ပြီး လားရှိုး ဘက်သို့ ဆုတ်ခွာ သွား ခဲ့ကြတယ်။ ဆုတ်ခွာ သွားသော တပ်များ သည် လားရှိုး ဘက် တွင် ပြန်လည် စုဖွဲ့ ပြီး မေမြို့ သို့ ပြန်လည် ချီတက် ခဲ့ကြတယ်။ ရေချမ်း အိုး ဘက်တွင် တိမ်းရှောင် နေကြ သော ဘီအီး တပ်မှ အရာရှိ စစ်သည် များ နှင့် ကျန် တပ်ပေါင်း စုံမှ တပ်ဖွဲ့ဝင် များ လည်း ဘီအီး တပ်တွင် လာရောက် စုပေါင်း ခဲ့ကြ တယ်။ ဖေဖေါ် ၀ါရီ လ ၂၄ ရက် တွင် မေမြို့ ကို ပြန်လည် တိုက်ခိုက်ရာ ဘီအီး တပ်ကုန်း (ယခု အင်ဂျင်နီယာ တပ်) နေရာ ကို ပြန်လည် ရရှိပြီး လက်နက် ခဲယမ်း များ ကိုပါ ရရှိ လိုက်တယ်ဗျ ။ မြို့တွင်း ဆက်လက် တိုက်ခိုက် သော တပ်ဖွဲ့ များ သည်လည်း မေမြို့ - လားရှိုး လမ်း တစ်လျှောက် မြို့မ ရုပ်ရှင်ရုံ ထိ ပြန်သိမ်းပိုက်နိုင် ခဲ့တယ်။ အင်ဂျင် နီယာ တပ်မှ ဦးဆောင် ကာ မေမြို့ ကို ပြန်လည် တိုက်ခိုက် ခဲ့သော ဖေဖေါ်ဝါရီလ ၂၄ ရက် ကို အင်ဂျင် နီယာ တပ်ဖွဲ့ နေ့ အဖြစ် ဂုဏ်ပြု မှတ်တမ်း တင်ခဲ့တာဗျ ။
ဖေဖေါ်ဝါရီ လ ၂၄ ရက် တွင် ခြေကုတ် စခန်း များ ရရှိပြီး ဆက်လက် ဖြစ်ပွား ခဲ့သော တိုက်ပွဲ များမှာ မြို့တွင်း တိုက်ပွဲ သဏ္ဍန် ဖြစ်ခဲ့ သည်။ တစ်ဖက် နှင့် တစ်ဖက် ခြေကုတ် စခန်း များကို အားပြု ပြီး အဖွဲ့ငယ် များ လွှတ်ကာ အပြန် အလှန် တိုက်ခိုက် ကြတယ်။ လေ့ကျင့်မှု မရှိ သော အရပ်သား များမှာ လည်း ရရာ လက်နက် စွဲကိုင် ပြီး တိုက်ပွဲဝင် ခဲ့ကြ တယ်။ ဒီလို အခြေ အနေ မျိုးမှာခက်ခဲသော ကိစ္စ တစ်ခု က ရန်သူ့ သတင်း ထောက် လှမ်းရေး ဖြစ်သည်။ ဒီတာဝန် ကို ယူလိုက် သူမှာ “မချစ်ပို” ဆိုသော မိန်းကလေးတစ်ဦး ။ မချစ်ပို သည် စင်စစ် မေမြို့သူ မဟုတ် ပါ။ ၁၉၀၇ ခုနှစ် တွင် မွေးဖွား ခဲ့ပြီး ထားဝယ် မြို့တွင် ကြီးပြင်း ခဲ့တာ။ မောင် ဖြစ်သူ တစ်ဦး မှာ ဘီအီး တပ် ထဲသို့ ၀င်သွား သည်ဟု ကြားရ သဖြင့် လိုက် ရှာရင်း မေမြို့ ရှိ ဦးကြွယ် - ဒေါ်ပုတို့ အိမ်တွင် နေဖြစ် သွားတယ်။ အဲ့နောက် ဦးကြွယ် တို့နှင့် ရင်းနှီးသော ဘီအီး တပ်မှ တပ်ကြပ် လှမောင် နှင့်ညားသွားတယ်လို့ကြားတယ်။ တပ်ကြပ် လှမောင်က စားရေး သောက်ရေး တာဝန် ယူ ရသော ကြောင့် ထမင်း ချက် လှမောင် ဟု လူသိ များတာတယ်။ မချစ်ပိုက ထားဝယ် သူပီပီ စကား ပြော လျှင် အသံ ၀ဲဝဲလေး နှင့် ချစ်စရာ ကောင်း။ အသား က မဖြူ မညို မျက်နှာ ကလေး ထောင့် စပ်စပ်၊ အရပ် အမောင်း က ငါးပေ သုံးလက်မ ခန့် ရှိ။ စကားပြော လျှင် ခပ်ပြတ်ပြတ် ပြောတတ် ပုံ က လုပ်စရာ ရှိလျှင် လည်း ပြတ်ပြတ် သားသား လုပ်မည့် သဘောဗျ ။ image

မချစ်ပို ၏ ယောက်ျား ဖြစ်သူ တပ်ကြပ် လှမောင် သည် ထမင်းချက် တာဝန် ယူထား သော်လည်း အခြေ အနေ ပေး လျှင် တိုက်ခိုက် သည့် အဖွဲ့ ထဲ ပါသွား ပြန်။ အဲ့အချိန်က အင်ဂျင်နီယာ တပ်ဖွဲ့ တွေက လေ့ကျင့် ရေး တပ်ကုန်း မှ နေ၍ ရင်ဆိုင် ထားတယ်။ တစ်ဖက် နှင့် တစ်ဖက် အဖွဲ့ငယ် များဖြင့် အပြန် အလှန် သွားရောက် ပစ်ခတ် ကြရင်းတစ် နေ့မှာတပ်ကြပ် လှမောင် အား သေနတ် မှန်ပြီး ဒဏ်ရာ ရခဲ့တယ်။ တပ်ကြပ် လှမောင် ၏ ဇနီး ဖြစ်သူ မချစ်ပို မှာ မခံချင် စိတ် များ တဖွားဖွား ပေါ်လာခဲ့ပြီ် "ငါ့လင် ကို မှန်အောင် ပစ်တဲ့ သူတွေ ကို ငါ ကိုယ်တိုင် ပြန်ချမယ်” ။ မချစ်ပို သည် လင်ကို ထိ၍ သွေးရူး သွေး တန်း ထပြီး တိုက်ပွဲ ၀င်သူ မဟုတ် ပါ။

နဂို ကတည်းက တည်ငြိမ်ပြတ် သားသော သဘာဝ ရှိသည့် အလျောက် သူမ နှင့် ကိုက်ညီ မည့် အလုပ် ကို လက်ခံ လိုက် ခြင်း သာ ဖြစ်တယ်။
“ကဲ - မချစ်ပို ခင်ဗျား တာဝန် ယူနိုင်မယ် ဆိုရင် ခင်ဗျား ကို မိန်းမ ထောက်လှမ်းရေး လုပ်ခိုင်း ရမှာ ပဲ၊ ရန်သူ ရဲ့ လက် နက်ကြီး တွေ၊ စက် သေနတ် တွေ ပစ်တဲ့ နေရာ ကို ကျွန်တော် တို့ သိချင် တယ်။ ခက် တာက ဘီအေဒီတီ ကုန်းဘက် ကို ထွက်လိုက် ရင် ယောက်ျား မှန်သမျှ ကို ရန်သူ က ဖမ်းတယ်၊ ပစ်တယ်။ ခင်ဗျား တို့ မိန်းမ တွေ ကျတော့ ဟိုဘက် ဒီဘက် ကူးပြီး ဈေးရောင်း နေကြ တာ တွေလည်း ရှိတော့ ရိပ်မိ မှာ မဟုတ် ဘူး၊ မချစ်ပို ဘယ်လို သဘော ရ သလဲ” “ဖြစ် ပါတယ် စစ်သား မယား ဟာ စစ်သမီး ဘဲ ပေါ့၊ ရန်သူ က အရေး သာ သွားရင် တိုင်းပြည် ပြိုကွဲ သွားနိုင် တယ်၊ ဒီတော့ တတ် သမျှ ရန်သူ အင်အား လျော့နည်း အောင် လုပ် ရမယ်၊ ကျွန်မ ကို ဓားတို တချောင်း ပေးပါ၊ ပြီးေ တာ့ လက်ပစ်ဗုံး လဲ ပေးထား၊ ကျွန်မကို ကိုလှမောင် သင်ပေး ထား လို့ လက်ပစ်ဗုံး ကောင်း ကောင်း ပစ်တတ် ပါ တယ်”
သို့နှင့် နုနယ် လှပ သော မချစ်ပို လေး သည် အာဇာနည် သူရဲကောင်း စိတ်မျိုး ဖြင့် တိုက်ပွဲ ၀င် ခဲ့တာ ။မချစ်ပို သည် ကေအင်ဒီအို များ တပ်စွဲ ထားသော လေ့ကျင့်ရေး တပ်ကုန်း၊ ဆေး တပ်ကုန်း များ ဘက်သို့ နည်း အမျိုး မျိုးဖြင့် ၀င်ရောက် ကာ ရန်သူ သတင်း ထောက်လှမ်းရေး ကို လုပ်ဆောင်ခဲ့ တယ်။ မချစ်ပို သည် ခမောက် တစ်လုံး ဆောင်း၊ တုတ် တစ်ချောင်း ကိုင်ကာ နွား ကျောင်းသူ ယောင်ဆောင် ၍ သွားခဲ့တယ်။ နွားလေး ငါး ဆယ်ကောင် ပါတော့ သူကို နွားကျောင်း နေတာလို့ရန်သူ က ထင်နေ ခဲ့တာ။ မိန်းမသား တစ်ဦးရဲ့ မာယာ ကို တိုင်းပြည် အတွက် အသုံးချ လိုက်တဲ့အခါ အင်ဂျင်နီ ယာ တပ်ဖွဲ့ဝင် စစ်သည် မိသားစု တို့၏ စွန့်လွှတ် စွန့်စား တိုက်ခိုက် မှုများဖြင့် ပြည်ထောင်စု တည်တံ့ ခိုင်မြ ရေး အတွက် လုပ်ဆောင် ချက်တွေက သမိုင်း မော်ကွန်းတင် ကျန်ရစ် ခဲ့တာပေါ့။ image

မချစ်ပို သည် နွားကျောင်း ရင်း ဖြင့် ရန်သူ လက်နက်ကြီး ပစ်ကူ နေရာ များ၊ စက် သေနတ် ချထား သည့် နေရာ များ ကို မှတ်လာ ခဲ့တယ်။ တစ်ခါ တစ်ရံ လည်း ရန်သူ အဖွဲ့ငယ် သုံးလေးဦး နှင့် တွေ့၍ အခွင့် သာသည့် အခါ မျိုး တွင် လက်ပစ်ဗုံး ဖြင့် တိုက်ခိုက်တာကြောင့် ရန်သူ တွေ အတော် အထိနာ လာ ခဲ့တယ်။ ဒါထက်မက ခံစားရတာက မိန်းကလေး တစ်ဦး မိုးပေါ် က ကျလာ သလို ပေါ်ပေါက် လာပြီး တိုက်ခိုက် ခံရ ဖန် များ လာသော အခါ ရန်သူ တွေ စိတ် ဓာတ် ချောက်ချား မှု ဖြစ်လာကြတယ်။ ဗုံးကွဲသံ ကြား၍ ထလိုက် ပြန် လျှင် လည်း မချစ်ပိုကိုမမှီကြဘူး ။ ကိုယ်ယောင် ဖျောက်ပြေး သည် ဟု ထင်နေ ကြတယ်။ မချစ်ပို ရဲ့ အကူ အညီ ဖြင့် ရန်သူ အတော် များများ ကို ထိခိုက် ကျဆုံး ကုန်တယ်။ လက်ယဉ် လာပြီ ဖြစ်သော မချစ်ပို ရဲ့သွေး တို့က ပို၍ နီမြန်း လာပြီးတစ်ဆင့် တက်၍ အရေး ဆို လာ ပြန်တယ်။

“ကျွန်မ လုံခြည်ကြီး နဲ့ သွားလာ ရတာ လှုပ်ရှား လို့ သိပ် မလွယ် ဘူး၊ ကျွန်မ ဘောင်းဘီ ၀တ်မယ်၊ ပြီးတော့ လက်ပစ် ဗုံး က နေရာ တိုင်း သုံးလို့ မရ ဘူး၊ သေနတ် နဲ့ ဆို ပိုကောင်း မယ်၊ နေ့ဘက် မှာ ကျွန်မ ထောက်လှမ်း ထားတဲ့ နေရာ တွေကို ညဘက် မှာ ကျွန်မ ရှင်တို့နဲ့ အတူ လိုက် တိုက်မယ်” မချစ်ပို ၏ တင်ပြ ချက် ကို ရဲဘော် များက ဗိုလ်ကြီး ဘဖြူ ထံ ဆက်၍ သတင်းပို့ ပေးလိုက် သည်။ ရိုင်ဖယ် နှင့်တော့ မကောင်း ပါဘူး ဟု ဆိုကာ ခြောက်လုံးပြူး ထုတ်ပေး ထားတယ်။ မချစ်ပို ပါဝင်သော အဖွဲ့ မှာ ည တိုက်ပွဲ များ ဆင်နွှဲ ကြပြန်တယ်။
ကေအင် ဒီအို အဖွဲ့ မှာ အထိနာ ကုန်တာပေါ့။ ထောက်ပံ့ ရေးကုန်း ကို ၀င်စီးသော ညမှာ မချစ်ပို ကို ထိမှန် လေ တော့သည်။ နေ့ခင်း ဘက်က မချစ်ပို ၀င်ရောက် ထောက်လှမ်း ထားသော လက်နက်ကြီး နေရာ များကို မိမိ တပ်ဖွဲ့မှ နောက် ပိုင်း မှ မော်တာ ဖြင့် ပစ်ပြီး ဦးနှိမ် ပေးထားလို့ မချစ်ပို တို့အဖွဲ့ က ရန်သူ ခံစစ်စည်း ထဲသို့ အတင်း ထိုးဖောက် ၀င်ရောက် သွားနိုင်တယ်။ ရန်သူ တွေ ခေါင်း မထောင် ဘဲ ဖြစ်နေ ချိန် တွင် မိမိ စစ်သည် များက လှံစွပ် ဖြင့် တက်ထိုးကြတယ်။ မချစ်ပို က လက် မခံ။ “ကျွန်မ လက်ပစ်ဗုံး နဲ့ သွား ထုမယ်” ဆိုပြီး လှိမ့်မှောက် ကာ ချဉ်းကပ် သွားခဲ့တယ်။ မချစ်ပို အပစ် မခံ ရအောင် စစ်သည် များ က ကာပစ်ပစ် ပေးရင်း ယောင်ပြ လှုပ်ရှား မှုများ ပြုလုပ် ပေး ကြ တယ်။မချစ်ပိုရဲ့လက်စွမ်းကြောင့် ရန်သူ့ စက်သေ နတ် သံများ ရပ်စဲ သွားတယ်။ ပြန် အထွက် တွင် မချစ်ပို ကို လှိမ့်မှောက်ပြီး ဆုတ် ခဲ့ရန် ပြော သော်လည်း နား မထောင်၊ မတ်တတ် ရပ်ပြီး ပြန် လာတယ်။ ရန်သူ့ သေနတ်သံ တစ်ချက် ထွက်ပေါ် လာပြီး မချစ်ပို ဗိုက် ကို လက် နှင့် ဖိကာ လဲကျ သွားတယ်။ ဒဏ်ရာ ရသည့် တိုင် ညည်းညူ ခြင်း မရှိပဲ ဗိုက်ကို အ၀တ် ဖြင့် ပတ်ပြီး ဖိ ထား လိုက်တယ်။အတော်သတ္တိကောင်းတာကွ။ ရဲဘော်တွေက မချစ်ပို ကို ပွေ့ပြီး မြို့ထဲ ဘက်သို့ ခေါ်သွား ကြတယ်။ တစ်ယောက် က ပြေး ၍ နယူးဆေး တိုက် မှ ဆရာဝန် ကို သွားခေါ်။ ဒေါက်တာ ဘရှင် လိုက် လာပြီး မချစ်ပို ကို ကားဖြင့် တင်ကာ ဆေးတိုက် သို့ ခေါ်ပြီး ညတွင်း ချင်း ခွဲစိတ် ကုသ ကြတယ်။ ဒီအချိန်မှာ ကေအင် ဒီအို အဖွဲ့ များက မသင်္ကာ သဖြင့် ဆေးတိုက် ကို လာစစ် ကြတယ်။ “ခုနက ကားနဲ့ ထွက်သွား တာ ခင်ဗျား တို့ လူနာ သွားတင် တာလား” “မဟုတ် ပါဘူး၊ လူနာ သွားကြည့်ရုံ ကြည့်တာ၊ မင်း တို့ ပစ် ခတ် နေကြလို့ ငါ ကြာကြာ မကု ရဲတာနဲ့ ပြန်လာ တာ၊ အိမ်ထဲမှာ ငါ့ သမီးတွေ ပဲ ရှိတယ်၊ မင်း တို့ ရုတ် ရုတ် မလုပ် နဲ့ ပြန်ကြ” ဒေါက်တာ ဘရှင် က မင်သေသေ ဖြင့် ဟောက် လွှတ်လိုက်လို့ လက် နက် ကိုင် အဖွဲ့ တွေ ပြန်သွား ကြတယ်။

မချစ်ပို ၏ ဒဏ်ရာ ကို ဖယောင်း တိုင်မီး ဖြင့်ပင် ခွဲစိတ် ကုသ ပေးကြ တယ်။ ဒဏ်ရာ က ၁၅ ချက် လောက် ချုပ် ရလို့ ဆေးတိုက် မှာပင် တစ်ပတ် လောက် ပုန်းအောင်း ကာ ဆေး ကုသ ခံနေတယ်။ အနာ မကျက် သေး မချစ်ပို က ပြန်ချင် လှပြီ ဆိုတော့် ဦးကြွယ် တို့ အိမ် သို့ မချစ်ပို ကို လိုက်ပို့ ပေးကြတယ်။ အဲ့ အချိန် က ကေအင် ဒီအို အဖွဲ့မှ စောဘစံ ဆိုသူ မှာ ထုံးဘို ရပ်ထဲမှ မချစ်ပု ဆိုသူ ကို ယူထားတယ်။ အရပ် ထဲမှ တခြား မိန်းကလေးတွေလည်း စောဘစံ နှင့် ချစ်ပု တို့ ဆက်နွှယ် မှုကြောင့် ဖျက်ဆီး ခံခဲ့ ရတယ်။ “ချစ်ပု” မှာ “မချစ်ပို” နှင့် နာမည် နည်း စပ် သော်လည်း စိတ်ဓါတ် က မနီးစပ်၊ သူမ အသက်ရှင် ရပ်တည်မှု ကို အခြား မိန်းကလေး များ ၏ ဘ၀ နှင့် လဲဖို့ ကြိုးစား ခဲ့တယ်။ “ချစ်ပု” ၏ လက်ထောက် ချမှု ကြောင့် ရန်သူ အဖွဲ့ ကို အထိနာ အောင် တိုက်ခိုက် ခဲ့သော မိန်းကလေး မှာ မချစ်ပို ဖြစ်မှန်း သိ သွား ကြတယ်။ မချစ်ပိုရဲ့ လှုပ်ရှားမှု ကို စောင့်ကြည့် နေ ကြတယ်။ ဆေးတိုက်က ဆင်းပြီး ဦးကြွယ်ရဲ့အိမ်တွင် ပုန်းခို နေသော မချစ်ပို ၏ သတင်း ကို ကေအင် ဒီအို အဖွဲ့ ရသွား ကြ တယ်။ စော ဘစံ ခေါင်းဆောင် ပြီး လက်နက် ကိုင် လေး ငါးဦး ခန့် ဦးကြွယ် အိမ်ရှေ့ သို့ ရောက် လာ ကြ ပြီး“ကဲ မချစ်ပို ခင်ဗျား ရဲ့ လှုပ်ရှားမှု တွေ အားလုံး ကို အတိ အကျ သိထား ပြီးပြီ ၊ ငြင်းဖို့ မကြိုး စား ပါနဲ့၊ ခင်ဗျား ကြောင့် ကျုပ်တို့ အဖွဲ့ တွေ အတော် အထိ နာ ကုန်ပြီ၊ ဒီတော့ ခင် ဗျား ကျုပ် တို့ နောက်ကို လိုက် ခဲ့ပါ” “အေး ငါ လိုက်ခဲ့မယ်” မချစ်ပို ကား ထွက်ပြေး ဖို့ မကြိုးစား၊ ဓားတို ကို သာ ၀ှက်ပြီး ယူ လိုက်သည်။ အာဂ သတ္တိ ရှင်ပေ။ image

ထို ရက်ပိုင်း များမှာ အင်ဂျင်နီယာ တပ်ဖွဲ့ များ မေမြို့ တွင် မရှိ တော့ဘူး။ မန္တလေးကို ဆင့်ခေါ်ခြင်း ခံရလို့ပြန်လည် ဆုတ်ခွာ သွားကြပြီး ဖြစ်ရာ ဇနီး၊ သား သမီး များ ကို ကြည့် မထား နိုင်တော့။ မိသားစု ၀င်များ မှာ ဟိုပုန်း ဒီအောင်း ဖြင့် နေခဲ့ရရှာတယ်။ မချစ်ပိုက ဒဏ်ရာ မပျောက် ကင်းသေး သဖြင့် ကျန်ရစ် ခဲ့ရာ မှ အဖမ်း ခံ လိုက်ရတယ်။ ကေအင် ဒီအို အဖွဲ့များ ကလည်း သာမန် မိသားစု ၀င်တွေကို စိတ် မ၀င် စား၊ မချစ်ပို ကိုသာ သဲကြီး မဲကြီး လိုက်ရှာ နေကြတယ်။ မချစ်ပို ကို စောဘစံ က သူ့မယား “ချစ်ပု” အိမ်သို့ ဖမ်းခေါ် သွားပြီးရောက် သည် နှင့် မချစ်ပို ကို ဖမ်းချုပ် ပြီး သူမ ၏ အံသွား များကို ဓားဖြင့် ကလန့်ထုတ် ရန် ကြိုး စား တယ်။ မချစ်ပိုကအံသွား အပို (အံပွား) ပါတယ်။ အံပွား ၏ အကျိုး ကြောင့် တော်ရုံ တန်ရုံ ဓား၊ သေ နတ်ပြီး သည့် သဘောလည်းရှိတယ် အံပွား ကြောင့် သူမ ကိုယ်တိုင် သာ လုံခြုံမှု ရှိ သည် မဟုတ်၊ မချစ်ပို နောက် က လိုက် ကြ သူများ သည်လည်း ကျည်ဆန် ထိမှန် ခြင်း မရှိ၊ မချစ်ပို သည် ကျည်ကွယ် သဖွယ် ဖြစ်နေ ခြင်း ကြောင့် လည်း သူတို့ အဖွဲ့ဝင် များ လှုပ်ရှား တိုက်ခိုက် ကြတိုင်း တော်ရုံ တန်ရုံ မထိ မှန် ဘဲ အောင်မြင် မှု ရခဲ့ ကြတယ်စသဖြင့် ယုံကြည် တာပေါ့။

ဒီ သတင်း ကို စောဘစံ တို့ကလည်း ကြား ထားတယ်။ မချစ်ပို ကို ရိုးရိုး သတ်လို့ သေမည် မဟုတ် ဟု နားလည် ထားကြတယ်။ ဒါ့ကြောင့် မချစ်ပို ကို ဖမ်း ခေါ် လာပြီး အိမ်ထဲ အ၀င် အခန်းဝမှာ မီးနေသည် ထမီ ကို ကပ်ရိုက် ထားတယ်။ မချစ်ပို ကို ဘုန်းနိမ့်အောင် လုပ်ကြ တော့တယ်။ ပို၍ သေ ချာ အောင် မချစ်ပို ၏ အံသွား ကို နုတ်ဖို့ ကြိုးစား ကြပြန်ရော “အောင်မလေး တို့ကို ဓားနဲ့ ပြန်ထိုး တယ်ဟ” အံသွား ကို နုတ်ဖို့ ကြိုးစား နေကြ သူများ အော်ဟစ် ပြီး ပြိုလဲ ကျ သွားတယ်။ မချစ်ပို ကား နောက်ဆုံး အချိန် တွင်ပင် တမလွန် သို့ အဖေါ် ခေါ်သွား လိုက်သေးတယ်။ ဒါပေမဲ့ တမလွန် တွင် ခံစား ရမည့် ဘုံဘ၀ ခြင်း ကား ခြားနားတာပေါ့။ စောဘစံ မခံရပ် နိုင်ဖြစ် ကာ သေနတ် ဆွဲ၍ ယူ လိုက်ပြီး ဆူညံသော သေနတ် သံများ ထွက်ပေါ် လာတဲ့အခါမှ မချစ် ပို လဲကျ သွားတော့ တယ်။ မချစ်ပို သည် ဒဏ်ရာ ပြင်းထန် စွာ ရနေ သော်လည်း အသက် က တော်တော် နှင့် မထွက်၊ အသက်ပြင်း သည် ဟု ပြောစမှတ် ပြု ခံ ရပြီးအသက် ထွက် လောက်ပြီ ထင်တော့ မှ မချစ်ပို ၏ အလောင်း ကို ၀ိုင်းသယ်မ ပြီး ရေတွင်း ထဲသို့ ပစ်ချ လိုက်ကြ တယ်။ ပိုမို သေချာ စေရန် အတွက် အပေါ် မှ အုတ်ခဲ ကျိုး များ၊ ပန်းအိုး ကွဲများ ပစ်ချ ပြီး ဖို့ထား လိုက်ကြ တာကွ။
မချစ်ပို သည် ၈-၄-၄၉ ရက်နေ့ တွင် အသက် (၄၂) နှစ် အရွယ် တွင် ကျဆုံး သွားခဲ့ ရရှာ ပေမဲ့ မချစ်ပို ကျဆုံးသော နေ့ရက် သည် မြောက် ပိုင်းတိုင်း စစ် ဌာနချုပ် လက်အောက်ခံ တပ်များ က မန္တလေးမြို့ ကို ပြန်လည် သိမ်းပိုက် ပြီး ဖြစ်၍ မြို့သိမ်း အောင်ပွဲ အခမ်း အနား ပြုလုပ်သော နေ့နှင့် တိုက် ဆိုင် နေခဲ့တယ်။ မန္တလေး မြို့ကို စစ်ကိုင်း ဘက်မှ နေ၍ အစိုးရ တပ်များ က ပြန်လည် တိုက် ခိုက် သိမ်း ပိုက် ရာ တွင် ဗိုလ်မှူး ထင်ပေါ် ဦးစီး သော ဘီအီး တပ်ဖွဲ့ သည် အဓိက တိုက် ခိုက်ရေး တပ် အဖြစ် ဖြင့် ဧပြီလ ၂ ရက် တွင် မန္တလေး တောင်ကို တက်သိမ်း ခဲ့ပြီးမန္တလေး နန်းမြို့ တွင်း သို့ ဆက်လက် တိုက်ခိုက် ပြီး ဧပြီ လ ၆ ရက် တွင် မန္တလေး မြို့ကို ၀င်ရောက် သိမ်းပိုက် ကာ ပြည်ထောင်စု အလံ ကို လွှင့်ထူ ခဲ့ရာ မန္တလေး မြို့ လူထုမှ “တပ်မတော် ကွ” ဟု ကြွေးကြော် ပြီး သြ ဘာ ပေးခဲ့ ကြတယ်။ ဒါတွေ ကို မချစ်ပို သိ မသွား သော်လည်း မချစ်ပို ကျေနပ် နေလိမ့် မည် ဟု ယုံကြည် တယ်။ image

မချစ်ပို ၏ အလောင်း ကို သုံးလေးရက် အကြာ တွင် ပြန်ဖော် သော အခါ ပုပ်သိုး နံစော်ခြင်း မရှိ ဟု ဆိုသည်။ ၁၆-၄-၄၉ ရက် တွင် ဗိုလ်မှူး ကြင် နှင့် တကွ ရဲဘော် များ သည် မန္တလေး - မေမြို့ ကားလမ်း ကို စစ်ဆေးရင်း မှ ရောက်လာ ကြပြီး မချစ်ပို ၏ အလောင်း ကို စစ် အခမ်း အနား ဖြင့် သဂြိုလ် ခဲ့ကြ တယ်။ အမိန့် စာ ကို ဦးထွန်းအုံ က ဖတ်ကြောင်း သိ ရပြီး မချစ်ပို ၏ အုတ်ဂူလေး ကို အစဉ် အဆက် ထိန်းသိမ်း စောင့်ရှောက် ခဲ့ကြ ယနေ့ထိပဲ။ ၁၉၆၀ ပြည့်နှစ် တွင် မေမြို့ အင်ဂျင် နီယာ တပ် ၌ ဗိုလ်မှူး တင်မောင် (သိပ္ပံ မှူးတင်) တပ်မှူး ဖြစ်သော အခါ အုတ်ဂူ လေးကို ပြန်လည် မွမ်းမံ ခဲ့သေး သည်။ ရဲဘော် မသေ သေသော် ငရဲ မလား ပါ။

“သတိဓါတ် လိုက် တတ်သည်” ဟု ရေးထား လျှင် မည်သူ မျှ မကိုင် ကြ သော်လည်း “ရှေ့မှာ ရန်သူ ပစ်နေ တယ်၊ တက် ချေမှုန်း” ဟု ဆိုလျှင် “စစ်သား” ဆိုသူ များ သည် အန္တရာယ် လမ်းမှန်း သိလျက် မည် သည့် အတွက် လျှောက်လှမ်း ကြ ပါ သလဲ။ အမိမြေ အတွက်ပဲ အမိမြေ ကို ချစ်သော စိတ် ဖြင့် သားကောင်း ဇာနည် များ၊ အာဇာနည် အမျိုး သမီးများ ပါ ပေါ်ပေါက် လာတာ။ အာဇာနည် မချစ်ပို ၏ စွမ်းစွမ်း တမံ ဆောင်ရွက် မှုများ ကို ဂုဏ်ပြု သော အားဖြင့် နိုင်ငံတော် က ၁၉၅၀ ခုနှစ် လွတ်လပ် ရေး နေ့ တွင် “သူရ” ဘွဲ့ကို ချီးမြှင့် ခဲ့ ပြီး မြန်မာ နိုင်ငံ တွင် တစ်ဦး တည်းသော သူရ ဘွဲ့ရ အမျိုး သမီး တစ်ဦး အဖြစ် လည်း ယနေ့ တိုင် ရပ်တည် နေဆဲ ဖြစ်ပြီး “သူရ” မချစ်ပို (ကျဆုံး) ရရှိ သော “သူရ” ဘွဲ့ သည် တပ်မတော် သမိုင်း တစ် လျှောက် လုံး တွင် တိုက်ပွဲ ၀င် နေသော စစ်သည် များ၏ မိသားစု များ ကို ကိုယ်စားပြု လျှက် ရှိနေ တာပေါ့။
“သူရ မချစ်ပို” ၏ အုတ်ဂူ ဖြူဖြူ လေး က ပြင်ဦးလွင် မြို့ ထုံးဘို ရပ် ထဲတွင် ယနေ့ တိုင် တည်ရှိ နေ ဆဲ ဖြစ် မင်းမြင်ဘူးမှာပါ။ မသိ နားမလည် ကြသူ အချို့ က အုတ်ဂူ သင်းချိုင်း မှာ မြို့ထဲ ရောက်နေ သဖြင့် ရွှေ့ ပစ် သင့် သည် ဟု ထင်နေ ကြ သူတချို့ ရှိတာနားမလည်သူတွေကွ။ `သူရ မ ချစ်ပို ´၏ အုတ်ဂူ သည် သင်းချိုင်း မဟုတ် ပါ။ မေမြို့ (ပြင်ဦးလွင်) ကို ချစ်သော၊ မေမြို့ တိုက်ပွဲ တွင် ဦးဆောင် မှု ပေး ခဲ့သော အင်ဂျင် နီယာ တပ်ဖွဲ့ ၏ သမိုင်း ကို ပြောပြ နေသည့် အုတ်ဂူ စံအိမ် လေး တစ်ခု လို့ငါတော့ခံစားမိတယ်။ သူရ မ ချစ်ပို သည် မသေ သေး ပါဘူး။အုတ်ဂူ စံအိမ်လေး ထဲတွင် အိပ်ပျော် နေခြင်း သာ ဖြစ်တယ်။ အမိမြေ ကို ချစ်ေး သမီးကေသာ သားကောင်ာင်း များ အကြောင်းကို မချစ်ပို က ထာဝရ ပြောပြ နေဦး မည်သာ ။

                                                    msc - 084
Sort:  

မင်္ဂလာပါခင်ဗျာ Steemit Platform သည် အခြား သော ဆိုဒ်များမှ စာများ , ဆောင်းပါးများ , သတင်းများအား ကူးယူဖေါ်ပြခြင်းကို အထူးပင်တားမြစ်ထားပါသည်။ ဤ Platform သည် မိမိကိုယ်ပိုင်အရေး အသား အတွေးအမြင် အတွေ့အကြုံတို့ အား ဖလှယ် ရာနေရာ ဖြစ်၍ အခြားသော copy များ credit များ ဖြင့် post မတင်ရန် နောက်ဆုံးအနေဖြင့် အထူးသတိပေးလိုက်ပါသည်။ မိတ်ဆွေ၏ post နှင့် ပုံစံတူ post များအား http://www.phothutaw.com/2017/09/blog-post_6698.html

https://gabarmyay.com/archives/1561

တို့တွင် တွေ့မိပါသည် ။ MSC Register No ဖြင့် ကော်ပီကူးယူခြင်းကြောင့် Original Cheetah ထိပါသည်။ နောက်တစ်ကြိမ်ဖြစ်ပါက MSC မှ ထုတ်ပယ်မည်ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။

ကိုမိုးဟိန်းရဲ့ post က copy ဖြသ်​​နေတဲ့အတွက်​ chhetah ထိထားပါတယ်​။ ​နောက်​တစ်​ခါ copy မကူးပဲ ကိုယ်​တိုင်​​ရေး​စေချင်​ပါတယ်​။ MSC မှာ copy ကူးတာကို လက်​မခံပါဘူးဗျ။ promotion တင်​တာကိုလည်း 2 ပတ်​ပိတ်​ပါမယ်​။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68348.76
ETH 2644.95
USDT 1.00
SBD 2.69