ကိုယ့်အားကိုယ်ကိုးပါ

in #myanmar7 years ago (edited)

rich-vs-poor.jpg

လူဆိုသည်မှာ မိမိကိုယ်သာကိုးကွယ်ရာဖြစ်ပါသည်။ မိမိဘ၀ကို မိမိသာလျှင်ဖန်တီးရပါသည်။
ဆိုးခြင်း ကောင်ခြင်း သည် မိမိနှင့်သာသက်ဆိုင်ပါသည်။ ဘ၀သည် မိမိပြုလုပ်ပြောဆိုပြုမူသည့်အတိုင်း သာပုံပေါ်လာရခြင်း
ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ အမိန့်ပေးခိုင်းစေလိုက်သည်မဟုတ်။ ဖန်ဆင်းပေးလိုက်သည်မဟုတ်။
လုပ်လျှင်ရမည်။ကြိုးစားလျှင်ရမည်။ဘေးထိုင်ဘုပြောနေလျှင်တော့ ဘာမျှရမည်မဟုတ်။အမြင်ကပ်လျှင် အရိုက်ခံရနိုင်သည်။

project-management-for-the-rest-of-us.jpg

လောကတွင် ကိုယ့်အားကိုယ်ကိုးကာ ကြိုးကြိုးစားစားလုပ်ကိုင်နေကြသူများ ရှိသလို ရေသာခိုအချောင်လိုက်
ပျင်းရိနေကြသူများလည်း အများအပြားရှိလို့နေပါသည်။လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသကဲ့သို့ သူ့သဘောသူဆောင်
နေကြမည်သာဖြစ်သည်။ကြိုးစားသူများ အောင်မြင်မှုအရသာကိုခံစား စံစားနေရချိန်တွင် ပျင်းရိသူများမှာအများသူငါအား
မျှော်ငေးလို့နေကြရသည်။ဆုတ်ယုတ်နေကြသည်။အဆင်မပြေမှုများနှင့်ဘ၀ကို ဖြတ်သန်းနေကြရသည်။

winner-brain-work-metaphor-business-idea-well-creative-bright-concept-competition-50971277.jpg

မိမိဘ၀ကိုတိုးတက်စေရန် ပြုလုပ်ပေးသူမှာ အခြားသူမဟုတ် မိမိကိုယ်တိုင်သာဖြစ်ပါသည်။
မိဘပတ်ဝန်းကျင်သည် ပြုပြင်ပေးရုံ လမ်းပြပြောဆိုပေးရုံသာ လုပ်ပေးနိုင်ကြပါသည်။ အမှန်တကယ် ဘ၀ကို
နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ဖြေရှင်း ဖြတ်သန်းရှင်သန် ရပ်တည်ရသူမှာ မိမိသာလျှင်ဖြစ်ပါသည်။
ငယ်စဉ်အခါ မိခင်မွေးဖွားပေးလိုက်သည့်အချိန်မှစလို့လေ့လာကြည့်ပါ။ လသားအရွယ်တွင် ပက်လက်လှန်နေရာမှ
ဖြေးဖြေးချင်းမှောက်ခုံဖြစ်လာသည်။ ထို့နောက် လေးဘက်တွားရွေ့လျှားလာသည်။ ထိုင်နိုင်လာသည်။ ထိုင်ရာမှာ
ကုန်းထကာ မက်တပ်ရပ်နိုင်ရန်ကြိုးစားလာသည်။ လမ်းလျှောက်နိုင်ရန် အတွက် တဖြည်းဖြည်းချင်း ရုန်းကန်လှုပ်ရှားလာ
ရသည်။ ဖြစ်စဉ်အားလုံးတို့တွင် အမှန်တကယ် ကြိုးစားလုပ်ဆောင်ရသူမှာ လုပ်ဆောင်သူမှာ မိမိကိုယ်တိုင်သာဖြစ်သည်
မဟုတ်ပေဘူးလား။ လူကြီး မိဘများက ဖေးမပေးရုံလောက်သာ တက်နိုင်ကြပါသည်။ ကူညီဝန်းရံ အားပေးတာလောက်ပဲ
လုပ်ပေးခဲ့သည်။ အမှန်တကယ် ကိုယ်တိုင်မကြိုးစားမလုပ်ဆောင်ခဲ့လျှင် သင်နှင့်အတူ လူသာအားလုံးသည် ပက်လက်
အနေအထားနှင့်ပင် ဘ၀တစ်ခုပြီးဆုံးသွားကြရပေလိမ့်မည်။

snowflake-e1453224411338.jpg

လူတို့သည်မည်သည့်အလုပ်ကိုလုပ်သည်ဖြစ်စေ အခြားသူတို့ရဲ့ အထင်အမြင်အကြံပေးချက် ဝေဖန်သုံးသပ်ချက်များကို
ယုံသင့်သလောက်သာယုံပြီး လက်ခံသင့်သလောက်သာ လက်ခံသင့်ပါသည်။ မိမိနှလုံးသာရဲ့ အနက်ရှိုင်းဆုံးနေရာမှ
ဖြစ်တည်လာတဲ့ ခိုင်မာသောယုံကြည်ချက်လေးကို အပြင်လူအများရဲ့ ထင်မြင်ပြောကြားချက်များအောက်မှာ အလုံးစုံ
ပြောင်းလဲမသွားသင့်ပါဘူး။ မိမိလက်ခံ ယုံကြည်ထားတဲ့ အကြောင်းအရာအချက်အလက်အခြေအနေကို တစိုက်မက်မက်
ရဲဝံ့စွာပင် ဆုံးခန်းတိုင်သည်အထိလုပ်ဆောင်သွားသင့်ပါသည်။ သို့မှသာ ပန်းတိုင်သို့ ရောက်ရှိပါလိမ့်မည်။
မည်သည့်အလုပ်ကိုမဆို ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ကြိုးစားစိတ်ထားကြရပါမည်။

indias-best-companies-to-work-for-2016-winners-of-best-companies-in-workplace-culture-transformation.png

သုံးလောကထွတ်ထား မြတ်စွာဘုရားရှင်သည်ပင်လျှင် မိမိကိုယ်ကိုအားကိုးပြီး လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ကျင့်တော်မူပြီး ကျင့်ကြံအားထုတ်ခဲ့သောကြောင့်သာ ဘုရားအဖြစ်သို့ရောက်ရှိခဲ့ရခြင်းဖြစ်ပါသည်။
အရပ်ထဲကပြောစကားလေး သတိရမိသေးသည်။ အလကားရတာဘာမှမရှိဘူး တန်ရာတန်ကြေးတော့ ပေးရသည်
ခုခေတ်အခါမှာ ရေတောင်အလကားမရဘူး ၀ယ်သောက်နေရသည် ၀ယ်သုံးနေရသည် ၀ယ်ချိုးနေရသည်။
မှန်လိုက်ပါဘိ။သူတို့ပြောတာတွေက လက်ရှိလူနေမှုဘ၀တွေမှာ အမှန်တကယ်ဖြစ်ပျက်ခံစားနေရတာတွေပဲဖြစ်သည်။
အလွန်တရာများပြား ပေါများပါသည်ဆိုသော ရေသည်ပင်လျှင် မြို့ပြလူနေမှု ဘ၀ထဲမှာ အလကားမရနိုင်တော့ပါ။
ရေထက်ရှားသော အစားအစာအသုံးအဆောင် အခွင့်အလမ်းတွေဆိုလျှင် ပြောဖွယ်ရာမရှိတော့။

6358489078972488731092280881_o-LAZY-HIGH-SCHOOL-STUDENT-facebook.jpg

လောကနိတိက လောကတွင် မိမိကိုယ်ကိုယုံကြည်မှုမရှိဘဲ ပျင်းရိသူများသည် အတက်ပညာကိုမရနိုင်။ အတက်ပညာ
မရှိလျှင် အဆွေခင်ပွန်းကောင်းကိုမရနိုင်။ အဆွေခင်ပွန်းကောင်းမရှိလျှင် ကောင်းမှုမပြုနိုင် ကောင်းမှုမပြုလျှင်
နိဗ္ဗာန်မရနိုင် မိမိကိုယ်ကိုယုံကြည်မှုမရှိဘဲ ပျင်းရိသောသူများသည် နိဗ္ဗာန်ကို မရောက်နိုင်ကြောင်းဆုံးမလို့ထားပါသည်။
ဝီရိယမဲ့သူသည် အောင်မြင်မှုကိုမရနိုင်သကဲ့သို့ မိမိကိုယ်ကို မယုံကြည်သောသူသည် အစစအရာရာမှာ ကိုယ့်အားကိုယ်
ကိုးသောသူများထက် အစဉ်အမြဲ နောက်ကျနေမည်ဖြစ်သည်။သူတစ်ပါးအား အလုံးစုံအားကိုးနေသောသူ ။ကူမည့်သူ ကယ်မည့်
သူကိုသာ မျှော်လင့်နေသောသူ။မိမိကိုယ်စွမ်းကိုယ်စကို အားမကိုးသောသူ ။မိမိကိုယ်ကိုမယုံကြည်သောသူများသည်
ရပေါက်ရလမ်း အခွင့်အရေးရလျှင်လည်း အများတကာ စားလို့ဝမှ အရိုးအရင်းကိုက်ရသကဲ့သို့သာ အကျိုးအမြတ်ရပါမည်။
မြတ်စွာဘုရားဟောကြားတော်မူသောအတ္တာဟိ အတ္တနော နာထော ဟူသော မိမိကိုယ်သာ ကိုးကွယ်ရာဟူသည့် တရားတော်သည် အဖိုးထိုက်တန်လှသကဲ့သို့ လူတိုင်းလိုက်နာကျင့်ကြံသင့်သော တရားလည်းဖြစ်ပါသည်။ မည်သည့်အရေးကိစ္စတွင်မဆို မိမိကိုယ်သာအလုံးစုံအားကိုသင့်ပါသည်။

RW_WinnersWorkHere_1900x455.jpg

မိမိဘ၀ကောင်းရာကောင်းကြောင်း တိုးတက်ရာတိုးတက်ကြောင်းအတွက် မည်သူ့ကိုမျှ အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီး
ဆောင်ရွက်နေထိုင်းသွားခြင်းဖြင့် အမှန်တကယ်စစ်မှန်တည်မြဲသော အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်ပါသည်။

@mm7
Credit : google photo
MSC / 068

Sort:  

ကိုယ့်အားကိုယ်လေးလဲ ကိုးပါတယ်ဗျာ သယ်ချင်းတွေရဲ့ vote အားမန့်အားလေးလဲ ကိုးဗြစေ ဟီးဟီး

ကိုယ်တစ်ယောက်တည်း အဆင်မပြေဘူး ............

အရမ်းကောင်းတဲ့ပိုစ့်လေးတစ်ခုပါ စာသားတွေကြိက်တယ်

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါသည်

မှန်ပါတယ်

ဟုတ်ကဲ့ကျေးဇူးပါ

ကိုယ့်​အားကိုယ်​ကိုးမှ ကိုယ်​သာသခင်​ဖြစ်​မ​လေ......

မှန်ပါတယ်ခင်ဗျ

ကိုယ့်အားကိုယ်ကိုး စီးပွားတိုး...

ဟုတ်ကဲ့ခင်ဗျ ကျေးဇူးပါ

Good post ပါ

ဟုတ်ကဲ့ ကျေးဇူးပါ

မိမိမှတပါး အားကိုရာမရှိ

ကျေးဇူးပါ

Nice post

ကျေးဇူးတင်ပါသည်

Nice post!

ကျေးဇူးပါ

👍👍👍👍

ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 60632.49
ETH 2366.53
USDT 1.00
SBD 2.56