မြန်မာတွေအဖွဲ့ဖွဲ့တိုင်း ဘာကြောင့်ကွဲကြသလဲ

in #myanmar6 years ago (edited)

မြန်မာတွေအဖွဲ့ဖွဲ့တိုင်းဘာကြောင့်ကွဲကြသလဲ
image
မြန်မာတို့၏ အကွဲအပြဲရာဇဝင်များကို ပြဆိုရန်နမူနာများမှာ အလွန်ပင်များပြားလွန်းလှသည်။ လွပ်လပ်ရေး မရခင် ခွဲရေး၊ တွဲရေးများမှသည် ဖ.စ.ပ.လ ခေတ်အထိ နှစ်ခြမ်းကွဲလိုက်သည်မှာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ပါတီပေါင်း ၂၀၀ ကျော်ကွဲသွားသည်။ ယနေ့ခေတ်ရောက်သည့်တိုင်လည်း ခမောက်နှင့် ခွပ်ဒေါင်းဆိုပြီး ဒီမိုက ရေစီပန်းတိုင်သွားလိုသူအချင်းချင်း ကွဲကြပြန်သည်။ ဟိုမှာဘက်ခြမ်းတွင်လည်းသန်းကောင်ယံ အကွဲအပြဲဇာတ် လမ်းက၍ သူ့လူကိုယ့်လူခွဲကာကွဲကြပြန်သည်။
နိုင်ငံရေးဘေးခဏချိတ်၍ သာမန်လူမှုရေးအသင်းများ၊ စီးပွားရေးအသင်းများဖွဲ့လျှင်လည်းကွဲပဲကွဲကြလေ သည်။ကွဲသည်ကို အတိုချုံ့၍ အဓိပ္ပါယ်ဖွင့်လျှင် မညီညွတ်ခြင်းဟု ပြောရပါမည်။ ပန်းတိုင်မတူ၍ ကွဲပြားခြင်းကို ရှင်း ရှင်းမြင်သာသော်လည်း ပန်းတိုင်တူလျက်ကွဲပြားခြင်းကိုမူ နားလည်းရန်ခက်ခဲလှပေသည်။မြန်မာချင်းလည်းတူ သည်။ သွားလိုသော ပန်းတိုင်ကတူညီနေလျှင် အတူလက်တွဲ သွားယုံရှိသည်ဟု လွယ်လွယ်တွေးကြည့်မိသည်။ သို့သော် လက်မတွဲနိုင်ကြသူများရှိသည်၊တချို့မှာ လက်မတွဲရုံမျှမဟုတ် ရန်သူပင် လျှင်ဖြစ်သွားသေးသည်။ မညီ ညွတ်ခြင်း၊ ကွဲပြား ခြင်းသည် ။တူသယောင်ရှိသော်လည်း ပန်းတိုင်တူလျှင် ကွဲပြားသော်လည်း ညီညွတ်နိုင်အောင် ရင့်ကျက်ရန်လို အပ်ပါသည်။ မိသားစုအချင်းချင်း၊ ညီအကိုအချင်း၊ ညီအမအချင်းချင်း၊ လင်မယားအချင်း ချင်းဖြစ် လင့် ကစား အလုံးစုံတူညီကြသည်မဟုတ် သူ့စိတ်နှင့်သူ့ကိုယ်သာဖြစ်ရာ မတူညီနိုင်ပါ။ မိသားစု၏ စားဝတ်နေရေး အတွက်၊ မိသားစု၏ လုံခြုံရေးအတွက်၊ မိသားစု၏ ကျန်းမာရေးအတွက် စသည်ဖြင့် လိုအပ်လာသောအခါ ပူးပေါင်း ဆောင်ရွက်နိုင်ကြသည်။ညီညွတ်ကြသည်။ ထိုသူတို့ပင်လျှင် အိမ်ထောင်များကွဲပြားသွားသောအခါ အကျိုးစီးပွား ခြင်း မတူညီကြတော့သည်နှင့် စည်းလုံးမှုလည်းပျက်ပြယ်ကြပြန်သည်။ညီအကို၊မောင်နှမတွေအချင်းချင်းပင် မခေါ် နိုင်မပြောနိုင်ဖြစ်တတ်ကြပါသေးသည်။
အဖွဲ့အစည်းတိုင်းတွင်ခေါင်းဆောင်ရှိသည်။ မိသားစုတွင်တော့ ဖခင်ရှိသည်ပေါ့။ထိုဖခင်နှင့်တူသောခေါင်း ဆောင်သည်။ ဘက်မလိုက်သောမျှတသော ခေါင်းဆောင်ဖြစ်လျှင်သူ့အဖွဲ့သားများစည်းလုံးညီညွတ်ကြလိမ့်မည်ဟု ထင်မြင်မိလျှင်အလွဲကြီးလွဲပါလိမ့်မည်။သည်လောက်မျှဖြင့် ညီညွတ်သော အဖွဲ့အစည်းတစ်ခုကိုမရှိနိုင်ပါ။ ဘက်မ လိုက်ရုံမျှမက ညာဏ်ပညာအမျှော်အမြင်ကြီးမားရန်လိုသည်။သူ၏ အဖွဲ့အစည်းကြီးက ရည်မှန်းချက်ပေါက် မြောက်ရန်သွားနေသော ခရီးရှည်ကြီးကို ဘယ်လိုချီတက်သွားလာမလဲဆိုတာကို ကောင်းကောင်းသိနေသော ညာဏ်ပညာရှိရန်လိုသည်။ အနီးကပ်ဆုံးတွဲလျှောက်ရမည့် အဆင့်မြင်ခေါင်းဆောင်တို့၏ အရည်အသွေး ကိုယ် ကျင့်စရိုက်ဓလေ့တို့ကို ပိုင်ပိုင်နိုင်နိုင်သိထားရမည်။သိရုံမျှမက ထိုသူတို့ကို ဘယ်လိုဘယ်ပုံထိန်းချုပ်ကိုင်တွယ် သွားမလဲဟူသည့်နည်းလမ်းကိုလည်း သိရှိနားလည်ထားပြီးဖြစ်ရပါမည်။
ကွဲပြားမှုဖြစ်ရခြင်း၏ အများဆုံးဖြစ်လေ့ရှိသောအကြောင်းမှာ မယုံကြည်ခြင်းဖြစ်ပါသည်။ သူ၏ခေါင်း ဆောင်မှုကို မယုံကြည်ခြင်းကြောင့် မိမိဘာသာခေါင်းဆောင်လုပ်ခါ တစ်ဖွဲ့ထောင်လိုက်သည်။ မိမိကိုယုံကြည် မည့်သူတွေနဲ့တစ်ဖွဲ့ဖွဲ့သည်။သည်လိုနှင့် အဖွဲ့တွေအကွဲကွဲအပြားပြားများပြားစွာပေါ်ပေါက်သွားတော့သည်။ ခေါင်း ဆောင်ကို မယုံကြည်တော့ရာက အစပြုသည်ဆိုလျှင် ထိုအချက်ကိုစိစစ်၍ မိမိတို့ခေါင်းဆောင်ကို မိမိတို့ဘာ ကြောင့်မယုံကြည်တော့ သလဲ ဆိုသည့်ကိစ္စကို ခွဲခြမ်းစိပ်ဖြာကြည့်ရန်လိုပါမည်။
ပထမဆုံးအချက်မှာ အကျိုးစီးပွားဖြစ်သည်။ ခေါင်းဆောင်က မိမိထင်ထားသလိုသွားခြင်းမဟုတ်ပဲ၊ သူ့ လမ်းသူထွင်သွားနေသည့်အခါ မိမိနှင့်လမ်းကြောင်းမတူတော့၊ မိမိအကျိုးမရှိနိုင်တော့ဟုမြင်ခြင်းမျိုးဖြစ်သည်။ ဒုတိယအချက်မှာ မိမိ၏အကြံညာဏ်များနှင့်မိမိအား အလေးထားမည်။ အရာသွင်းလိမ့်မည်ထင်ထားသော်လည်း လက်တွေ့တွင် မိမိအပေါ်အလေးမထားပဲ၊ အခြားသူများကိုသာ ခေါင်းဆောင်၏ဘေးတွင်မြင်တွေ့နေရခြင်း မျိုးဖြစ်သည်။တတိယအချက်မှာ ဘက်မလိုက်ခြင်းဖြစ်သည်။ မိမိကယုံကြည့်အားထားကြည်ညိုပွားခဲ့သော ခေါင်း ဆောင်သည် မိမိကိုပို၍နားလည်မည်။ မိမိဘက်မှသာမြင်လိမ့်မည်တွေးလိမ့်မည်ဟုထင်ထားခြင်းမျိုးဖြစ်သည်။ လက်တွေ့ပြဿနာဖြစ်သောအခါ မိမိဘက်မှမလိုက်ပဲ အမှန်အတိုင်း(သို့မဟုတ်)အခြားသူဘက်မှ ကကွယ်သွား သည်ဟုထင်မြင်ခြင်းဖြစ်ပါသည်။စတုတ္ထအချက်မှာ ခေါင်းဆောင်နှင့်အနီးကပ်ဆုံးသူများကို မနှစ်သက်ခြင်းဖြစ် သည်။ထိုသူတို့၏ ခေါင်းဆောင်မှလွဲ၍ အခြားသူများအား မခြေမငံဆက်ဆံမှုမျိုးဖြစ်သည်။ ထို့အပြင် ခေါင်းဆောင် နှင့် အနီးကပ်ဆုံးသူများကိုခေါင်းဆောင်မှ ပိုမိုယုံကြည်သည်ဟု ထင်မြင်ခြင်းဖြစ်သည်။
နောက်ဆုံးနှင့်အရေးအကြီးဆုံးအချက်မှာ ထိုသို့ကွဲပြဲရန်ဖြစ်ပေါ်တတ်သည့် သဘောတရားများအပေါ် ခေါင်းဆောင်က ဖြေရှင်းရန် နည်းလမ်းမရှိခြင်း၊ မစဉ်းစားခြင်း၊မဖြေရှင်းတတ်ခြင်း၊ လုံးဝကိုမသိရှိခြင်းတို့ဖြစ်သည်။ ထို့ကြောင့် အက်ကြောင်းများကို ဖာထေးရန်၊ ဖြေရှင်းဆောင်ရွက်ရန်၊နည်းလမ်းမရှာဖွေတော့သဖြင့် ကြီးမားသော အကွဲအပြဲဇာတ်လမ်းများပေါ်ပေါက်လာရပေတော့သည်။
ယခုတင်ပြမည့် အကြောင်းအရာများ အားသဘောမတူသူများ လွပ်လပ်စွာကွဲလွဲနိုင်ပါသည်။ ကိုယ်ပိုင်အတွေးအမြင်များဖြစ်၍ သဘောတူညီသူများလည်းရှိနိုင်ပြီး သဘောမတူညီသူများလည်း ရှိမည်ဧကန်ဖြစ်ပါသည်။ ထောက်ခံသူများအားလည်း ကျေးဇူးမတင်ပါ။ ကန့်ကွက်ဝေဖန်သူများအားလည်း အပြစ်မတင်ပါ။
မင်းစိုးနိုင်
MSC -010
Photo –Google

Sort:  

အလုပ်က မလုပ်ကျသေးဘူး သဘောထားကွဲလွဲတာက အရင်

ဟုတ်တယ်လေ

မြန်မာတွေကteam workအားနည်းတယ်င်ါစဉ်ကကျောင်းတွေမှာလေ့ကျင့်ပေးသင့်တယ်။

Team work အားနည်းတာဘောလုံးပွဲကိုပဲကြည့်

အဖွဲ့အစည်းတွေ ညီညွတ်ကြဖို့ လိုက်နာစရာတွေက များပါမည်။
သို့သော် ကွဲကြဖို့က အပစ်အနာတစ်ခုလောက်နဲ့တင် လုံလောက်နိုင်ကြသည်။

ပြဿနာကို ဖြေရှင်းမယူပဲ ကွဲကြတာ

ကြားနေဝါဒဖြင့် ရေးရမည်ဆိုလျှင်
ဤ ရေးသားမှု သည် ကြောင်းကျိုးညီညတ်၍ good သည်ဟု ဆိုရပါမည်

ကြားနေဝါဒတဲ့...အဲ

နည်းနည်းအဆင်ပြေလာရင် ကိုယ့်ကိုယ်ကိုစိတ်ကြီးဝင် ဘ၀င်မြင့်ပြီး အားနည်းသူကို အထင်သေးတတ်တဲ့ မြန်မာတွေရဲ့ စိတ်ဓာတ် အာဏာရှင်ဆန်ဆန် လက်ဝါးကြီးအုပ်လိုတဲ့ စိတ်ဓာတ်တွေကို မပြုပြင်သေးနိုင်သမျှ ညီညွှတ်မှုဆိုတာ ရှိလာနိုင်မှာမဟုတ်
အယ်လဲ့...ဖီးလ်ကြည့်တာ :-P

မှန်ပါတယ် ၊ကိုယ့်ကိုယ်ယုံကြည်မှုထားပါဖီးလ်ကြည့်တယ်မလုပ်ပါနဲ့

Just like this

Ok no problem

ဟိုးအရင်ကတဲက ခုထိ ကွဲကောင်းတုန်း

ညီညွတ်ခဲ့ရင် ရှေ့ရောက်နေတာကြာပေါ့ မြန်မာ

ခေါင်းဆောင်ကောင်းပေမဲ့ နောက်လိုက်မကောင်းတာတွေလည်း
ရှိမှာပါ။ခေါင်းဆောင်ရော နောက်လိုက်ရော ညီညွတ်ပါမှ အောင်မြင်တဲ့ အဖွဲ့စည်းဖြစ်လိမ့်မည်ဟု မြင်မိပါသည်။

မှန်ပါတယ်၊ သို့သော်လည်း လက်အောက် လူဆိုတာ လူကောင်းလူဆိုးရှိနေကြမှာပါ။ဘယ်အဖွဲ့အစည်းမဆိုလေ။

မြန်​မာ​တွေကteam workအားနည်းတယ်​။

ထူထူးခြားခြားpro မတင်ပါလား

" ဖွတ်​ မီ​ကျောင်းြ​ဖ​စ်
မြစ်​ မချမ်းသာ " .
:-)

ဖွတ်တွေကများသနော်

အမှန်​ပဲ​ပေါ့ဗျာ...ခု​ခေတ်​အ​နေနဲ့ပို ဆိုးတာ ​ပေါ့....
ပြည့်​ဝတဲ့
ခေါင်​​ဆောင်​​ကောင်းတစ်​​ယောက်​ 1000 မှာ တစ်​​ယောက်​မထွက်​လာနိင်​​တော့ပါ​။ ​ကော သ လ မင်းကြီး အိမ်​မက်​ 16 ချက်​ထဲကအတိုင်းဆို .... ​မှန်​တဲ့အချက်​​တွေများလွန်​​​နေပြီ။
ဖွတ်​ကို ဝိုင်းရံ​နေရ၊ ​​ခြံရံရ .​နေရာ တိုင်းလိုလိုပါပဲ
:-)

အမှန်အကန်ပဲဘဒိုရေ
ကွဲပြဲလာကျတာ နှစ်ပေါင်း ၆၀ ကျော်နေပြီ
ဝသေးဖူးလား မသိဖူးရယ်

စေတီစပါးများလည်းများလည်းများ၏ များပါလေလည်းတကွဲကွဲနဲ့လို့ပြောင်းရတော့မယ်

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 61328.01
ETH 2752.11
USDT 1.00
SBD 2.45