သူ့ကျေးဇူး

in #myanmar6 years ago

image
သူ့ကျေးဇူး

သီတင်းကျွတ်အခါသမယမှာ Steemit မှာ ကျေးဇူးရှိတဲ့သူတွေကို ကျေးဇူးစကားဆိုချင်ပါတယ်။ မထမဦးစွာ ကိုဟင်နရီအောင်@kachinhenry ပေါ့နော် သူမိတ်ဆက်ပေးခဲ့တဲ့အတွက် အခုလို Steemit ပေါ်မှာ လှုပ်ရှားရပ် တည်လာနိုင်ခဲ့တာပါ။ ဒီလောက်ပဲလည်းမဟုတ်သေးပါဘူး။ စိတ်ရှည်လက်ရှည်ရှင်းပြပေးခဲ့တာတွေ စာဖြစ်အောင် ဖြစ်ညှစ်ရေးထားတာတွေကိုတောင် Upvote ပေးပြီးကူညီခဲ့တာတွေ အားလုံးကျေးဇူးတင်ပါတယ်။ နောက် ကျွန်တော်ကို Autoupvote ပေးထားတဲ့ သူတွေပါ။ သူတို့ဟာ အယောက် ၃၀ ကျော်လောက်ရှိပါတယ်။ Steemit မှာ တက်ကြွလှုပ်ရှားသူ ၁၀ ယောက်ကျော်လေးပဲရှိနေခဲ့တာတောင် Upvote က ၃၀ ကျော်ရနေခဲ့တာဟာ သူတို့ရဲ့ Autoupvote တွေကြောင့်ပါ။ လူများလို့ တစ်ဦးချင်းအမည်ဖေါ်ပြပြီးကျေးဇူးစကားမဆိုနိုင်တာကိုတော့ ခွင့်လွှတ်ပေး စေချင်ပါတယ်။ သူတို့ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

နောက်ထပ်ကျေးဇူးတင်တာကတော့ လက်ရှိတက်ကြွလှုပ်ရှားနေဆဲ Steemit member တွေပါပဲ။ သူတို့တွေမရှိပဲ ကိုယ်တစ်ယောက်တည်း ဆက်ပြီးလှုပ်ရှားဖို့အလွန်ခက်မှာဖြစ်ပါတယ်။ သူတို့အားလုံးကိုလည်းကျေးဇူး တင်ပါတယ်။ ပြီးတော့ MSC အဖွဲ့ဝင်မဟုတ်သော်လည်း ကျွန်တော့စာတွေဝင်ဖတ်ပြီး အားပေးနေဆဲ Friend များဖြစ်ပါတယ်။ သူတို့ကိုလည်း အမည်မဖေါ်ပြတော့ပါဘူး။ သို့သော်လည်းကျေးဇူးတရားဆိုတာ ဘယ်အခြေအနေ မဆို မမေ့ကောင်းပါဘူး။

ဒီတော့ဒီနေ့ ကျေးဇူးတရားနဲ့ပတ်သက်တဲ့ တရုတ်ရာဇဝင်ဇာတ်လမ်းတစ်ခု ပြောပြချင်ပါတယ်။ ဘီစီ ၅၁၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးဝူကျိရွှိ ဦးဆောင်တဲ့ ဝူစစ်တပ်ကြီးက ချူနိုင်ငံရဲ့မြို့တော်ကို ဝင်ရောက်တိုက်ခိုက်စီးနင်း သိမ်းပိုက် ခဲ့ပါတယ်။ ချူနိုင်ငံရဲ့ ဘုရင်ကျောက်ဟာထွက်ပြေးလွတ်မြောက်သွားပြီး အတိုင်ပင်ခံပညာရှိအမတ်ကြီး နန်းဝါနဲ့အတူ ကျဲန်းတပ်မြို့မှာ သွားရောက်ပုန်းခိုနေခဲ့ပါတယ်။ဒီသတင်းကိုရလျှင်ရခြင်းပဲ ဗိုလ်ချုပ်ကြီးဝူကျိရွှိဟာ စစ်ရှုံးဘုရင်ရှိရာ ကျဲန်းတပ်မြို့ဆီကို စစ်သည်ဗ်ုလ်ပါအလုံးအရင်းနဲ့ချီတက်ပါတယ်။

ဘုရင်ကျောက်ရဲ့ မှူးကြီူးမတ်ရာအတော်များများက ယခုလို ဗိုလ်ချုပ်ကြီးဝူကျိရွှိရဲ့ တိုက်ခိုက်မှုဟာ သူနဲ့ရန်ညှိုး ရှိသူ ဘုရင့်အတိုင်ပင်ခံ ပညာရှိကြီး နန်းဝါကို သုတ်သင်ရှင်းလင်းလိုတာကြောင့်လို့ ယူဆကြပါတယ်။ ပညာရှိအမတ်ကြီးဟာ မိမိအရှင်သခင်ဧကရာဇ်နဲ့တကွ တိုင်းပြည်ကို ကယ်တင်လိုတာကြောင့် မိမိဘာသာ အဆုံးစီရင်လိုက်ပြီး မိမိဦးခေါင်းကို ရန်သူစစ်ဗိုလ်ချုပ်ကြီး ဆက်သပြီး ငြမ်းချမ်းရေးရယူဖို့မှာကြားသွားပါတယ်။

မှူးမတ်တွေက အမတ်ကြီးနန်းဝါရဲ့ ဦးခေါင်းကိုယူပြီး ရန်သူဗိုလ်ချုပ်ကြီးထံ သွားရောက်ဆက်သပါတယ်။ ပြီးတော့တပ်များဆုတ်ခွါပေးဖို့တောင်းဆိုကြပါတယ်။ဗိုလ်ချုပ်ကြီးဝူကျိရွှိက ဘုရင် ကျောက်ရှိတဲ့ ငြိမ်းချမ်းရေူကမ်းလှမ်း မှုကိုပယ်ချပြီးကျဲန်းတပ်မြို့ဆီကို ဆက်လက်ချီတက်သိမ်းပိုက်မယ်အကြောင်း ရာဇသံပေးလိုက်ပါတယ်။ ဘုရင် ကျောက်ဟာသူနဲ့ တကွတိုင်းသူပြည်သားတွေ အသက်အိုးအိမ်ပျက်စီးတော့မယ့်အရေးကို တွေးပြီးတုန်လှုပ်ခြောက် ခြားနေပါတော့တယ်။ဒီလို တုန်လှုပ်ခြောက်ခြားပြီးစိတ်ဓာတ်အကြီးအကျယ်ကျနေချိန်မှာ အမတ်ကြီးတစ်ဦးကအကြံ တစ်ခုကိုလျှောက်ထားပါတယ်။ “ယခု မိမိတို့ခိုလှုံနေတဲ့ မြို့ကလေးထဲမှာ ရန်သူကိုနောက်ဆုတ်သွားအောင် ကြံဆောင်နိုင်သူတစ်စုံတစ်ယောက်ရှိကောင်းရှိနိုင်ပါကြောင်း၊ ဒါကြောင့် ယခုပင်မြို့သူမြို့သားအားလုံးကို လက်ရှိရင်ဆိုင်နေရတဲ့ပြဿနာကိုအသိပေးပြီး ဖြေရှင်းနိုင်ပါက သူကောင်းပြုမယ့်အကြောင်း ကြေငြာမောင်းခတ်ဖို့” တင်ပြခဲ့ပါတယ်။

ဘုရင်ကျောက်လည်း အခြားအကြံလည်းမရှိတာမို့ အမတ်ကြီးရဲ့အကြံကိုသဘောတူလိုက်ပါတယ်။ ဒါကြောင့် တိုင်းသူပြည်သားတွေကို ကြေငြာမောင်းခတ်လိုက်ပါတယ်။ ဒီမှာတင်ထူးထူးဆန်းဆန်းလှော်တက်ကိုင်လာတဲ့ လူငယ်လေးတစ်ဦး ဘုရင့်ရှေ့တော်မှောက်ရောက်ရှိလာပါတယ်။ “ယခု ချီတက်လာတဲ့ရန်သူ စစ်ဗိုလ်ချုပ်ကြီးဝူကျိရွှိရဲ့ စစ်တပ်ကြီး နောက်ပြန်ဆုတ်သွားအောင် သူစွမ်းဆေင်နိုင်ကြောင်း” လျှောက်တင်ပါတယ်။ ဘုရင်ကျောက်လည်း အားရဝမ်းသာသွားပြီး “သင်သာအေင်မြင်အောင်ဆောင်ရွက်နိုင်မယ်ဆိုရင် ငါ့တိုင်းပြည်ရဲ့ တစ်ဝက်ကိုခွဲပေးမယ်” လို့ ကတိပေးလိုက်ပါတယ်။

လှော်တက်ကိုင်လူငယ်လေးဟာ ရန်သူစစ် ဗိုလ်ချုပ်ကြီးဝူကျိရွှိချီတက်စခန်းချရနေရာဆီကိုသွားရောက်ခဲ့ ပါတယ်။ ဗိုလ်ချုပ်ကြီးဝူကျိရွှိရဲ့စခန်းနဲ့ မလှမ်းမကန်းကနေ “ကျူပင်ကြားကလူ၊ ကျူပင်ကြားကလူ၊ မြစ်ကိုဖြတ်ပြီး ဂျုံမှုန့် နဲ့ငါးဟင်းစားတာမှတ်မိသေးရဲ့လား” ဆိုပြီးအကြိမ်ကြိမ်အော်ပါတယ်။ နောက်ဆုံးမှာတော့ ဗိုလ်ချုပ်ကြီးဟာစခန်း အပြင်ထွက်လာပြီး လူငယ်လေးကိုခေါ်ယူမေးမြန်းပါတယ်။ လူငယ်လေးက “ဗိုလ်ချုပ်ကြီးဝူခင်ဗျား၊ ဒီလှော်တက် ကိုမှတ်မိပါသေးလား၊ကျွန်တော်ဟာတံငါသည်ကြီးအက်ကြူးရဲ့သားပါ” လို့ပြောလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီးဝူဟာတစ်စုံတစ်ခုကို သတိယသွားဟန်နဲ့ လူငယ်လေးကိုသူ့တပ်စခန်းဆီ တလေးတစားဖိတ် ခေါ်ခဲ့ပါတယ်။ စားကောင်းသောက်ဖွယ်တွေနဲ့ဧည့်ခံကျွေးမွေးပြီး ဘာအကူအညီပေးရမလဲလို့မေးပါတယ်။ လူငယ် လေးက “ကျွန်ုပ်တို့ရဲ့ဘုရင်က ဝူစစ်တပ်ကြီး နောက်ဆုတ်သွားအောင် လုပ်ပေးနိုင်သူကို တိုင်းပြည်တစ်ဝက်ခွဲ ပေးမယ်လို့ ကတိပြုခဲ့ကြောင်း ကျွန်ုပ်ရဲ့ဖခင်ဟာ တစ်ချိန်တုန်းက ဗိုလ်ချုပ်ကြီးဝူနဲ့ တွေ့ဆုံရင်းနှီးဖူးတာကို သတိယမိပါကြောင်း၊ ကျွန်ုပ်ရဲ့ဖခင်မျက်နှာကိုထောက်ထားသောအားဖြင့် တပ်များဆုတ်ခွါပေးဖို့တောင်းဆို ပါတယ်။ ဗိုလ်ချုပ်ကြီးဝူကလည်း “သင့်ဖခင်ရဲ့ကျေးဇူးတရားကိုဆပ်ဖို့အခွင့်အလန်း ကိုစောင့်နေခဲ့တာကြာပြီဖြစ်ကြောင်းအခု တော့အခွင့်ကြုံပြီမို့ ဝမ်းမြောက်လှကြောင်း” ပြောကြားပြီး သူ့တပ်များကို ဆုတ်ခွါကြဖို့အမိန့်ပေးလိုက်ပ်ါတယ်။ ဗိုလ်ချုပ်ကြီးဝူဟာ ကာလတစ်ခုတုန်းက စစ်ရှုံးသူဖြစ်ခဲ့ဖူးပါတယ်။ ချူစစ်တပ်ရဲ့ လိုက်လံတိုက်ခိုက်မှုကြောင့် ကိုယ် လွတ်ရုန်းထွက်ပြေးရင်း ကျဲန်းတပ်မြို့ဆီကိုရောက်လာခဲ့ဖူးပါတယ်။ ချူစစ်သည်တွေကသူ့ကိုပိုက်စိပ်တိုက် လိုက်လံရှာ ဖွေနေချိန်မှာ ဝူကျိရွှဲဟာ မြစ်ကမ်းစပ်အနီးက ကျူပင်တွေအကြားမှာ ပုန်းအောင်းနေခဲ့ရပါတယ်။ ဘယ်ဆက်သွားလို့ သွားရမှန်းမသိချိန်မှာ လှေတစ်စီးပေါ်ကတံငါသည်ကြီးတစ်ဦးက “ကျူပင်ကြားကလူ ကျုပ်လှေပေါ်ကို ခုန်ဆင်းခဲ့ပါ၊ မြန်မြန်လာပါ” လို့ လှမ်းခေါ်လိုက်ပါတယ်။ ဝူကျိရွှဲဟာအဲဒီတံငါသည်ကြီးရဲ့ ကျွေးမွေးပြုစုမှုနဲ့ ကာလအတော်ကြာပုန်း အောင်းနေထိုင်ခဲ့ပါတယ်။ ဒီကျေးဇူးတရားကြောင့်သူဟာအသက်ရှင်သန်ခွင့်ရခဲ့ပြီး ခုလိုအင်အားတောင်တင်းတဲ့ စစ်တပ်ကြီးရှိတဲ့ စစ်ဗိုလိချုပ်ကြီးဖြစ်ခွင့်ရခဲ့ပါတယ်။ ဒီကျေးဇူးကိုဆပ်ခွင့်ကြုံတဲ့အခါမှာလည်းပေးဆပ်ခဲ့ပါတယ်။

MSC အဖွဲ့ဝင်အပေါင်းကိုလည်း ကျေးဇူးဆပ်ခွင့်ကြုံတဲ့အခါ တိုင်းပြည်ကိုတစ်ဝက်ခွဲပေးမှာဖြစ်ပါကြောင်း ကျေးဇူးတင်စွာရေးသားလိုက်ပါတယ်။

မင်းစိုးနိုင်

MSC-010

Photo-Google

Sort:  

ကျေးဇူးရှိသူများကို​မေ့လို့မရပါဘူး...တရုတ်​ရာဇ၀င်​ဇာတ်​လမ်းလည်းသင်​ခန်းစာရပါတယ်​....

Posted using Partiko Android

Hr1 တောင်မမေ့ဘူး တစ်ချက်တစ်ချက် မထင်ပဲလာလာ vote ပေးလို့

Posted using Partiko Android

မင်္ဂလာအချိန်မှာ မင်္ဂလာရှိတဲ့စာ ဖတ်လိုက်ရတယ်
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ.....။

မင်္ဂလာပါဗျာ

Posted using Partiko Android

တကယ်နော် တဝက်ခွဲပေးဘာ😂😋

Posted using Partiko Android

ပေးမှာ တိုင်းပြည်တစ်ဝက်

Posted using Partiko Android

‌ကျေးဇူးပါ ဗျာ။

ပြောရရင် good-kerma တို့ curie team တို့ကျေးဇူးလည်းမကင်းဘူး

Posted using Partiko Android

တိုင်းပြည်​ တစ်​ဝက်​မလိုချင်​ပါဘူး တူတူ လက်​တွဲ တိုက်​ခိုက်​ဖို့ပဲ ​မျှော်​လင့်​ပါတယ်​ 😄😄

Posted using Partiko Android

MSC တိုင်းပြည်လေးကိုပြောတာပါ

Posted using Partiko Android

အဲ့တိုင်းပြည်​က​တော့ လိုချင်​တယ်​😁

Posted using Partiko Android

သီတင်းကျွတ် အမှာစကားပေါ့

ကျေးဇူးတင်စကားပါ ၊မမကိုလည်းကျေးဇူးတင်ပါတယ်

Posted using Partiko Android

တိုင်းပြည်ကြီးတစ်ဝက်လောက်ရရင် အတော်ဒုက္ခများမှာမို့ မယူတော့ပါဘူး ဆာမင်းစိုးရယ် ☺

MSC တိုင်ပြည်လေးပါ၊ admin တွေကတစ်ဝက်ပိုင်ပြီးသားပါ၊

Posted using Partiko Android

နောက်ဆုံးတော့တိုင်း ပြည်တဝက် ရတော့မှာပေါ့
ရပါ့မလား၊ ကိုယ့်ဗုတ်ကဘဲဥတောင်မကွဲဘူး 😁

1 steem ကိန်းပြည့်လေးပဲလိုချင်တယ်လို့ပြောပါ

Posted using Partiko Android

အခွင့်အခါကြုံရင် steem လေး နည်းနည်းဖြစ်ဖြစ်
တဝက်ဖြစ်ဖြစ်ပဲ ခွဲပေးပါ ဗျာ😄

အဲတာကမှရနိုင်သေးတယ်

Posted using Partiko Android

sp တဝက်ခွဲပေးပါ

ယူဗျာ တစ်ဝက် အပြန်အလှန်ပေးကြမယ်

Posted using Partiko Android

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 61691.46
ETH 3047.50
USDT 1.00
SBD 3.88