သို့ Engineer များ၊ Bill of Quantity (BQ) တွက်ကြမလား

in #myanmar7 years ago (edited)

သို့ Engineer များ၊ Bill of Quantity (BQ) တွက်ကြမလား
image
လွန်ခဲ့သော ၁၀ နှစ်ခန့်က စက်ရုံအသစ်တစ်ခု တည်ဆောက်ရန် ကျွန်ုပ်တို့ဝန်ထမ်းများနှင့် Asia World Co,Ltd တို့ပူးပေါင်း၍ တည်ဆောက်ရေးကုန်ကျစရိတ် Bill of Quantity (BQ) ကိုတွက်ခဲ့ကြသည်။ ဝန်ထမ်း လုပ်သက် ၁၇ နှစ်တာကာလအတွင်း ပထမဆုံးသော အတွေ့အကြုံမို့ ဝမ်းသာပီတိဖြစ်မိသည်။ စက်ရုံက တရုတ်ပစ္စည်းများဖြင့် တည်ဆောက်ရမည့်စက်ရုံဆိုတော့ တရုတ်ကပေးတဲ့ Drawing များနဲ့ပေါ့။ သူတို့ တရုတ် တွေက Drawing တွေပေးတယ်ဆိုပေမယ့် memory Stick ကလေးနဲ့ ကိုယ်တွေကအလုပ်လုပ်မှာဆိုတော့ တစ်စုံကို Print ထုတ်ပြီး သုံးစုံကို Copy ကူးတာ Print တစ်စုံနဲ့ Copy ကူးခ ချည့် ၁၄ သိန်းကုန်ကျခဲ့တယ်။ ဘယ်လောက်များတဲ့ Drawing တွေလဲ စဉ်းစားသာကြည့်။
ဒီလိုနဲ့ Asia World Co,Ltd ကပေးတဲ့ အိမ်တစ်လုံးမှာ ဆရာတစ်ယောက်ရယ်၊ ကျွန်တော်တို့ လက်အောက် ငယ်သားက အမျိုးသား (၅)ယောက် အမျိုးသမီး(၂)ယောက်စုစုပေါင်း (၈)ယောက် ၊Asia World Co,Ltd ဘက်က စုစုပေါင်း (၅)ယောက်နဲ့ BQ တွက်ခဲ့ကြတယ်။
image
ဒီနေရာမှာ Bill of Quantity (BQ) ဆိုတာဘာလဲလို့သိဖို့လိုပါမယ်။ မသိတဲ့လူတွေအတွက်ပေါ့။ အလွယ် ပြောရရင်တော့ ကုန်ကျစရိတ်အသေးစိတ်ပေါ့ဗျာ ။ ပစ္စည်းရယ်၊ အရေအတွက်ရယ် မြှောက်ပြီးရလဒ် တွေစုပေါင်း ထားတာ BQ ပေါ့။ လူပိန်းနားလည်အောင်ပြောရတာ ။လူပိန်းဆိုလို့ပြောရဦးမယ်။ လူပိန်းဆိုတာ ငပိန်း၊အင၊ငတုန်း လို့ဆိုလိုတာမဟုတ်ဘူး။ လူတစ်ယောက်က အင်ဂျင်နီယာ ဆိုပါတော့ ဆေးပညာဘက်မှာ သူကဘာတစ်ခုမှမ သိဘူးဆိုရင် အဲဒီအင်ဂျင်နီယာက ဆေးပညာမှာလူပိန်းပဲ၊ တစ်ဖန်လူတစ်ယောက်က ဆရာဝန်၊ ဒါပေမယ့်ဆရာဝန် က အင်ဂျင်နီယာအလုပ်ဘက်မှာတစ်ခုမှမသိဘူးဆိုရင် သူလည်း အင်ဂျင်နီယာဘက်မှာ လူပိန်းပဲ။ဒီလောက်ဆိုရင် လူပိန်းအဓိပ္ပါယ်ဖွင့်ဆိုချက်ကိုနားလည်ပြီထင်ပါတယ်။ နှမို့လူပိန်းနားလည်အောင်ဆိုတာကို တမျိုးထင်သွားမှာစိုး လို့။
image
ထားပါတော့ ဒီလိုနဲ့ ကျွန်ုပ်တို့ BQ အဖွဲ့သားများက တွက်ချက်မှုလုပ်ငန်းတွေစတင်ဖို့၊ Drawing ကြီးတွေ ကိုင်ပြီးကြည့်ကြပြီပေါ့။ ဒီနေရာမှာ အဓိကတွက်ချက်ရမှာက မြို့ပြ( Civil) သမားများနဲ့၊ စက်မှု(Mechnical)များဖြစ် ပါတယ်။အဓိကမကျဘူးဆိုပေမယ့် Electrical နဲ့ Instrument သမားတွေလည်းပါဝင်ပါတယ်။ သူတို့လည်းသူတို့ အပိုင်းနဲ့သူတို့ပေါ့။မြိုပြ(Civil)အဖွဲ့ဆိုတာကတော့ သိတဲ့အတိုင်းဘယ်အဆောက်အဦဆောက်ဆောက် သူတို့တွက် နေကျဆိုတော့ ဘာမှပြဿနာမရှိဘူး။ ပြီးတော့ ဆောက်လုပ်ရေးကနေ နှစ်စဉ်ထုတ်ပေးနေတဲ့ ဒေသန္တရ ပေါက် ဈေးနှုန်းကလည်းရှိပြီးသား ။ စက်မှု(Mechnical)အဖွဲ့များအတွက်ကျတော့ လုပ်အားခတွက်နည်းလည်းမရှိ၊ ဒေသန္တရ လုပ်အားခထုတ်ပြန်ထားတာ လည်းမရှိ၊ အဖွဲ့ခေါင်းဆောင်ဆရာ ကိုယ်တိုင်လည်း ပထမဆုံးအတွေ့ အကြုံဆိုတော့ အရာရာစမ်းတဝါးဝါးဖြင့်စတင်ခဲ့ရပါသည်။ ၁လက္မပိုက်၊ ၂လက္မပိုက်၊ ၃ လက္မပိုက်၊ ၄ လက္မပိုက် စသည့် ၂၄ လက္မအထိ ပိုက်များကို အရှည်မည်မျှပါသည်၊ အဆက်မည်မျှပါသည် တို့ရှာဖွေတွက် ချက်ကြပြီး ပိုက်ဆက်ခ၊ပိုင်ဆင်ခ စသည်ဖြင့်တွက်ချက်ခဲ့ကြပါသည်။ စက်ပစ္စည်းကြီးများအထိုင်ချတပ်ဆင်ရာတွင်မူ အဆိုပါ ပစ္စည်း၏ အလေးချိန်တစ်တန်လျှင် Installation ပြုလုပ်ခမည်မျှဟူ၍ သတ်မှတ်ခါတွက်ချက်ခဲ့ကြပါသည်။ ဤ သည်ပင်လျှင်တွက်ချက်နည်းအမှန်ဟုလည်းထင်မြင်မိခဲ့ပါသည်။ နောင်အခါ Internet များခေတ်စားလာပြီး Web site များတွင်ရှာတတ်ဖွေတတ်စူးစမ်းတတ်လာသောအခါ Man Hour Estimater ဟူသော ရေနံချက် စက်ရုံ တစ်ရုံစာတွက်ချက်ပြထားသည့် Pdf file တစ်ခုကို downloadု ရရှိသောလာသောအခါတွင်မှသာ မိမိတို့တွက် ချက်မှုများသည် အဆင့်မီခြင်းမရှိရုံမျှမက စစ်မှန်သောကုန်ကျစရိတ်ကိုတွက်ထုတ်နိုင်ခြင်းမရှိကြောင်းနားလည် လာရပါသည်။

Man Hour Estimator

Man Hour Estimator ဆိုတာကတော့ တစ်နာရီအတွင်းသတ်မှတ်ထားတဲ့လူတစ်ယောက်ရဲ့ အဆက် မပြတ် အလုပ်လုပ်နိုင်တဲ့ လုပ်အားခဖြစ်ပါသည်။ ပစ္စည်းတစ်ခုတပ်ဆင် (Installation )မည်ဆိုပါဆို့ ပစ္စည်းတပ် ဆင်ရာမှာ ပစ္စည်းကိုမယူမယ့် Crane သမားပါပါမယ်။ Crane နဲ့မ,မယူခင် ပစ္စည်းကိုကြိုးဖြင့်သို့မဟုတ် Shackle များဖြင့် တုတ် နှောင်မည့်သူများပါပါမယ်။ ပြီးရင် Welding သမား၊ Nut များကြပ်မည့် သူ၊ Fitter ၊Engineer စသည်ဖြင့် လိုအပ်ပါတယ်။ အသီးသီးသော သူတို့တွေရဲ့ တစ်နာရီလုပ်အားခများကို တွက်ထုတ် ယူရခြင်း လုပ်ငန်းသည် Man Hour Estimator ပင်ဖြစ်ပါသည်။ပြီးလျှင် တစ်နာရီ Crane အသုံးပြုခ၊တစ်နာရီ ဆီကုန် ကျစရိတ်၊ပစ္စည်းကို စတိုမှထုတ်ယူလာစဉ်ကတဲက Transporter ငှါးရမ်းခ၊စက်သုံးဆီ၊ ယာဉ်မောင်း စသည်ဖြင့် တစ်ခုခြင်းအသေးစိတ် တစ်ခုမကျန်ရအောင်တွက်ချက်သည့်အခါမှသာ BQ အစစ်အမှန်ကိုရရှိနိုင် မည်ဖြစ်ပါသည်။
ပစ္စည်းတစ်ခု၏တန်ချိန်နှင့် တပ်ဆင်ခမြှောက်လဒ်ကို မိမိတို့တွက်ချက်ခဲ့မိခြင်းအတွက် နောင်တရမဆုံးပါ။ သို့သော်ထိုစဉ်က မိမိသည် ပထမဆုံးအတွေ့အကြုံဖြစ်ခြင်း၊ ခေါင်းဆောင်ဆရာတစ်ယောက်ရှိနေခြင်းကြောင့်သာ အနည်းငယ်ဖြေသာနေခြင်းဖြစ်ပါသည်။ ဆရာ့ကိုလည်းအပြစ်မတင်လိုပါ။ သူလည်းသူသိသလိုတတ်သလို လုပ် ဆောင်ခဲ့ခြင်းသာဖြစ်သည်။ယခုတော့ ကျွန်တော့တွင် စက်ရုံစီမံကိန်းတစ်ခုကို ကုန်ကျစရိတ်တွက်ချက်နိုင်သော နည်းပညာရရှိနေပါပြီ။ သို့သော် စက်ရုံစီမံကိန်းအသစ်များ မရှိတော့ပါ။ နောင်အခါ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည့် ခေတ်တွင် စက်ရုံစီမံကိန်းအသစ်များအတွက် BQ တွက်ပေးသည့် ကုမ္ပဏီတစ်ခုလောက်တည် ထောင်ထားရလျှင် ကောင်းလေမည်လားတော့မသိ။

ရေးသားသူ - မင်းစိုးနိုင်
MSC 010
Photo - Google

Sort:  

Accoutant လိုရင် စမီးကိုခေါ်ဘာ အူးမင်းးး
ခုတည်းက CV ကြိုတင်ထားလက်ပီနော် 😁

Accounting သာရရင် ဂယ်ခေါ်မှာနော်၊လိုနေတာဟင်း

ဂယ်ခေါ်ဘာ အူးမင်း… လစာလေးကိုလဲ့ sbd လေးနက်ပဲပေးဘာ 😁😁

BQတွက်​​ပေးသည့်​company​ထောင်​ရင်​အလုပ်​လာအပ်​မယ်​ရှင့်​။

တစ်ယောက်တော့ရပြီ ၊စီးပွားရေးဆိုတာတစ်ကစရတာပဲ ၊ကိုယ့်လူတွေတော့ SBD နဲ့ယူရမှာပေါ့ ဟဲဟဲ

ကိုယ်တွေကလေ့လာစရာတွေ အများကြီးကျန်သေးတယ်
ရေးသားတင်ပြပေးတာ ကျေးဇူးတင်ပါတယ်

တကယ်တော့ လူတစ်ယောက်ထဲက အကုန်မသိနိုင်ပါဘူး။ အကုန်လည်းဝါသနာပါကြမှာမဟုတ်ဘူးပေါ့ ။မသိပေမယ့်၊ဝါသနာမပါပေမယ့် ဖတ်ပေးပြီး မန့်ပေးကြတာဘယ်လိုကျေးဇူးတင်မှန်းမသိဘူး

ကျေးဇူးပါအကို

ဗဟုသုတရပါတယ်။

အားပေးသမျှကျေးဇူးပါ

များစွာ ဗဟုသုတရပါတယ်ဗျ။ကျေးဇူးပါဆရာ။

ဝေမျှပေးတာကျေးဇူးပါရှင်

ကျေးဇူးပါဗျာ ...
ကျေးဇူးတင်​တာတခြားမဟုတ်​ပါဘူး။ စီးပွား​ရေးလုပ်​ငန်းသစ်​တစ်​ခု ကိုစတင်သိခွင့်​ရလို့ .. ကြားဖူး​နေ​ပေမယ့်​ ခုလို မသိခဲ့ရဘူး။ ​ပြောရရင်​ ပိန်းတာ​ပေါ့ဗျာ 😃😃
ခုလို ရှင်းပြ​ရေးသား​ပေး
လို့ပါ။ စီးပွား​ရေးအမြင်​ အ​တွေး​ခေါ်သစ်​တစ်​ရပ်​အ​နေနဲ့ ဖတ်​ရူ့ သွားပါတယ်​ ။
...

အား​ပေးလျှက်​ ..

စီးပွားရေးလုပ်ငန်းသစ်တွေမြန်ပြည်မှာတကယ်တော့အများကြီး

ဗဟုသုတ ရပါတယ် bro

ကိုမင်းစိုးနိုင်ပြောသလို ဒီအပိုင်းမှာတော့ ကျွန်တော် လူပိန်းပဲဗျ။ ဗဟုသုတအနေနဲ့ လေ့လာမှတ်သားရပါတယ်။ BQ လုပ်ငန်းတည်ထောင်ရင် အောင်မြင်ပါစေဗျာ။

လုပ်ချင်တာတွေအများကြီးဖြစ်နေလို့ဘာကစရမှန်းတောင်မသိတော့ဘူး

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62804.67
ETH 2444.00
USDT 1.00
SBD 2.71