Steemhunt တွင် ပို့စ်တင်ခြင်း

in #myanmar6 years ago

image

ကျွန်တော် Steemhunt ကိုစအသုံးပြုတော့ Steemit စသုံးတုန်းကလို အမှားမှားအယွင်းယွင်းနဲ့ပါပဲ။ အကြောင်းကတော့ English စာအားနည်းမှုပေါ့။ တကယ်ကျတော့ Steemhunt က English စာအားနည်း လို့အဆင်သိပ်မပြေပါဘူး။ Steemhunt guide မှာ ကိုက English language only လို့ရေးထားလို့ပါပဲ။ မသိတော့ ခပ်တည်တည်ပဲ မြန်မာလိုတွေရေးတင်တာပေါ့။ အဲဒီမှာစတွေ့တာပဲ Vote သာမပေးတာ comment တွေပေးပြီး Steemhunt guide line တွေချပေးတော့တာပဲ။ ကျွန်တော်လည်းရှက်ရှက်နဲ့ နောက်အပုဒ်တွေမှာ guide line အတိုင်း လုပ်ပါ့မယ်ပေါ့။ ဝန်ခံလိုက်ရတယ်။ ပြီးတော့ မဖြစ်သေးပါဘူး။သေသေချာချာတော့လုပ်ဦးမှပါလို့တွေးပြီး သူများတွေဘယ်လိုတင်ထားသလဲလိုက်လေ့လာရတယ်။

Steemhunt မှာတင်တဲ့ပို့စ်အများစုက ပစ္စည်းတွေကိုကြော်ငြာပေးသလိုမျိုးပဲ။ဒါကြောင့်လားမသိဘူး။ တစ်နေ့တစ်နေ့ Steemhunt မှာ တင်တဲ့ ပို့စ်အရေအတွက်ကို ပို့စ်အရေအတွက်လို့မရေးဘူးဗျ။ Today Product list တဲ့။ Steemhunt ကို @mmunited ကစပြီးမိတ်ဆက်ပေးလို့ဝင်ကြည့်တုန်းက တစ်နေ့ကို Product နှစ်ဆယ် ဝန်းကျင် လောက်ပဲတွေ့တာ အခုတော့ တစ်နေ့တစ်နေ့ သူ့ Product တွေက နှစ်ရာဝန်းကျင်ရောက်နေပြီ။ ရောက် တာလည်းမပြောနဲ့ သူတို့ဆီမှာတင်တဲ့ပို့စ်တွေက ကျွန်တော်တို့ Promotion လို တစ်ရက်ပဲ ဝိုင်း Vote၊ ဝိုင်း Comment ရေး နောက်နေ့ကျဘယ်သူမှဝင်မကြည့်တော့တာမျိုးမဟုတ်ပဲ၊ နေ့တိုင်း Vote တွေတိုးတိုး လာတယ် ဗျာ။အားကျစရာ။

ပြီးတော့ သူတို့ Product ရဲ့ Link ကိုထည့်ပေးရတယ်ဗျာ။ ဒီက မသိဘူးလေ Steemit post လင့်ထည့် ပေးလိုက်တာပေါ့။အဲဒီမှာထပ်လွဲပြန်ရောဟီးဟီး တစ်လွဲများနဲ့ ကျွန်တော်ပါ။သူတို့ကသူတို့ Product ရဲ့ Website လင့်ပေးလို့ရပေးမယ့် ကိုယ်ကဘာ Website လင့်မှမရှိတာ ဘယ်လိုလုပ်ပါ့မလဲ။စဉ်းစားရပါပြီ။ ဒါနဲ သူတို့ ပို့စ်တွေ ထပ်ဝင်ကြည့်ရပြန်တာပေါ့။ တစ်ကြိမ်ပို့စ်တင်တိုင်း သူတို့ Website တစ်ခုတော့မရှိတန်ရာပဲ။ ဟုတ်တယ်ဗျ။ ပို့အသစ်တစ်ခု Website လင့်အသစ်တစ်ခုပဲ။ ဒါဆို သူတို့ထုတ်ကုန်တွေမဟုတ်နိုင်တော့ပါဘူးလို့ ကျွန်တော် သုံးသပ်မိပါတယ်။ဒါဆို သူများပစ္စည်း သူများ Website ကို အညွှန်းရေးပြီးတင်နေကြတာလို့ ကျွန်တော်စဉ်းစား လိုက်တယ်။ ဟုတ်သော်ရှိမဟုတ်သော်ရှိ။ဒီလိုနဲ့ Myanmar musical instrument ကို Website ရှာပြီး အညွှန်းနည်းနည်းရေးလို့တင်ကြည့်လိုက်ပါတယ်။ဒီမှာဘာဖြစ်ပြန်သလဲဆိုတော့ သူတို့က IT နည်းပညာတို့၊ Game တို့၊Engineer ပညာ အသစ်အဆန်းတို့သာ တင်ရမယ်တဲ့။ ဒါနဲ့ကိုယ်လည်း Google မှာ ပစ္စည်းအသစ်အဆန်း တွေရှာကြည့်တာပေါ့။ 5 New Invention 2018 ဆိုပြီး တင်လိုက်ပါတယ်။ ဒီမှာလည်း Product Link ကိုမဟုတ်ပြန်ဘူးတဲ့ ။မရရ အောင်လုပ်မယ်ဆိုတဲ့ ဇွဲနဲ့ တစ်ခါထပ်ပြီး ကိုယ်တွေဌာနမှာလာပြီး Presentation လာလုပ်သွားတဲ့ HORBIGER ကုမ္ပဏီရဲ့ eHydroCom ဆိုတဲ့ energy saving ပစ္စည်းလေးကိုရေးပြီး ထပ် တင်ပြန်ပါတယ်။ဒီတစ်ခါမှာတော့ တစ်ညလုံး သူတို့ MODRATOR တွေရဲ့ Comment တစ်ခုမှပေါ်မလာလို့ OK ပြီပေါ့။ထင်လိုက်မိတယ်။ မနက်ခင်းရောက်တော့ ကိုယ်ပေးတဲ့ Link က ကုန်ပစ္စည်းရဲ့ တိုက်ရိုက် Link မဟုတ်လို့တဲ့။လာပြန်ပါတယ်။ ဒါကိုတော့ Edit လုပ်ပြီး Link ချိန်းပေးလိုက်ပါတယ်။ အောင်မြင်မလား ကျဆုံးမလားကတော့ ဆက်လက်၍ ငွေရောင်ပိတ်ကားပေါ်မှာ ကြည့်ရတော့မှာပါ။

မင်းစိုးနိုင်

MSC-010

Photo - Google

Sort:  

‌ရေးနိုင်‌‌အောင်‌ကြိုးစားပါ့မယ်‌။

ကြိုးစားကြည့်အရှုံးမရှိပါဘူး

တနေ့နေ့ တချိန်ချိန်ပေါ့ ဆာမင်းစိုး ဖိုက်တင်း

တစ်နေ့နေ့တော့ဖြစ်လာလိမ့်မည် သို့သော်ဘယ်နေ့မှန်းမသိ

Reviewme ရေးချင်ရင် ဒီ မှာ ကြည့်ရေးလို့ရပါတယ် ဘရို

https://goo.gl/forms/XcKsAcNQKTKSAM2X2

ရေးကြည့်လိုက်ပြီ

အောင်​ မြင်​ရင်​လက်​တို့အုံး​နော်

ခုလက်တို့နေတာလေ

Fighting ပါဗျာ

အားပေးတယ်လား

လုပ်ဖူး ဘေ အရမ်းကုန်တယ် နောက်ပြီး vote လဲ အဲ့ဘက်ပေးနိုင်ဝူး

မလုပ်နက် vote က ငါ့ပဲပေး ကုသိုလ်ရတယ်

e အတွက် အချိန်နည်းနည်း ပေးအားစိုက်လိုက်ပါလား bro ပို ထက်သွားတာပေါ့ invest တစ်ခုပေါ့ဗျာ 😀

ငွေတော့မရင်းရဘူးဘေတော့ရင်းရတယ်

မရရ​အောင်​ဇွဲ​နဲ့ကြိုးစားထားတာ​အောင်​မြင်​မှာပါ...

လုပ်ကတော့လုပ်ရမှာပဲလေစမိပြီကိုး

မျှော်နေမေ ဦးမင်း စိတ်ဝင်စားလို့😁

စောင့်ကြည့်လိုက်ဦးစမ်းလိုက်ဦးမယ်

ကလိကြည့်စရာ တစ်ခုတော့တိုးပြန်ပေါ့ ။

ကလိကလိ ကလိရင်းသိ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57743.27
ETH 3083.77
USDT 1.00
SBD 2.42