SOP (Standard Operation Procedure)
SOP (Standard Operation Procedure)
စံချိန်င်္စနှုန်းညီလုပ်ထုံးလုပ်နည်း
ယနေ့ ညွှန်ကြားရေးမှူးချုပ်မှ SOP (Standard Operation Procedure) နှင့်ပတ်သက်၍ အစည်းအဝေးလုပ်မည် ကိုမင်းစိုးနိုင် သွားတက်ပေးပါဆို၍ ဝန်ကြီးရုံးအစည်းအဝေးခန်းမသို့ရောက်ရှိခဲ့သည်။ ကျွန်တော်ရောက်တော့ လူကြီးတွေ တောင်အတော်စုံလင် နေပါပြီ။ အခန်းအနားစစခြင်း DG မှ စတင်၍ ဒီကနေ့အစည်းအဝေးခေါ်ရခြင်းအကြောင်းကို စတင် ပြောပါသည်။
ယခင်အပတ်က လုပ်ငန်းဌာနများအလိုက် SOP (Standard Operation Procedure)များရေးစွဲတင်ပြကြရန် ညွှန်ကြားခဲ့ရာ ယခုလက်ဝယ်တွင် ဌာနအသီးသီး၏ တင်ပြထားသော စာများရရှိပြီဖြစ်ပါကြောင်း၊ သို့ရာတွင် တင်ပြ လာသည့်အများစုစာများမှာ SOP နှင့်သက်ဆိုင်ခြင်းမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ SOP (Standard Operation Procedure) ကို အဓိပ္ပါယ်ပြန်ဖွင့်ပြမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
“ယခု ကျွန်တော်နားလည်သလိုတင်ပြပါ့မယ်။ SOP ကို ကျွန်တော်နားလည်တာကတော့ Public (ပြည်သူ)နဲ့ ဆက်ဆံရတဲ့ လုပ်ငန်းတွေ ဌာနတွေမှာရှိလာတဲ့အခါ နှောက်နှေးကြန့်ကြာမှုမရှိစေပဲ၊ မြန်ဆန်သွက်လက်စေဖို့ ၊ပြည်သူတွေအတွက် ဌာနဆိုင်ရာ လုပ်ငန်းတွေနဲ့ဆက်ဆံလာကြတဲ့အခါ မလိုအပ်တဲ့အဆင့်တွေကြောင့် နှောင့်နှေးနေတာတွေရှိနိုင် တာကြောင့်လျှော့ချနိုင်မယ့်၊ ကျော်လွှား နိုင်မယ်အဆင့်တွေရှိနေရင်လျှော့ချပေးနိုင်အောင် SOP ရေးဆွဲခိုင်းတာလို့နားလည် ထားပါတယ်။သို့သော်လည်း ယခုဌာနတွေက တင်ပြ လာတဲ့အထဲမှာ ဝန်ထမ်းခန့်ထားရေးကိစ္စ၊ လစာကိစ္စ၊ ခွင့်ကိစ္စ၊ ပင်စင်ကိစ္စ၊ စတဲ့ဝန်ထမ်းရေးရာကိစ္စတွေနဲ့ ဝန်ထမ်းများ လုပ်ကိုင်နေကျ လုပ်ငန်းတွေဖြစ်နေပါတယ်။ ကျွန်တော်တို့လိုချင် တာက Duty မဟုတ်ပါဘူး။ ဥပမာ LPG လိုင်စင်ကိစ္စလိုမျိုး Public (ပြည်သူ)နဲ့ ဆက်ဆံရတဲ့လုပ်ငန်းများမှာ အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ ၊မလိုအပ်တဲ့အဆင့်တွေရှိနေရင်လျော့ချပေးနိုင်ဖို့ SOP လုပ်ခိုင်းတာ လို့နား လည်ထားပါတယ်”
ပြီးလျှင် ဌာနများမှတင်ပြထားသည့် စာများအား Projector ဖြင့်ပြသရာ တောင်းဆိုသည်ကတစ်မျိုး၊ တင်ပြလာ သည်များကတစ်ခြားဖြစ်နေတာတွေ အများအပြားတွေ့ရလေသည်။
တစ်ချို့က SOP သည် Public နှင့်ဆက်ဆံသော လုပ်ငန်းများအတွက်သာရေးဆွဲခိုင်းခြင်းဟုပြောကြ၏။တစ်ချို့က SOP သည် အလုပ်ဟူသမျှတွင် ရှိရမည်ဟုပြောကြပြန်သည်။
ဤကဲ့သို့ ကုလားကား (PK) ထဲကကဲ့သို့ Wrong Number ဖြစ်နေသည့် ပြဿနာများမှာ လက်ရှိမြန်မာအစိုးရ အဖွဲ့အစည်းများတွင်ကြုံတွေ့နေရဆဲဖြစ်နေသည်မှာ ဝမ်းနည်းဖွယ်ရာကောင်းပါသည်။ ကုလားကား PK တွင် PK သည် ဂြိုလ်သား တစ်ယောက်ဖြစ်သည်။ သူနေထိုင်သော ဂြိုလ်မှ ကမ္ဘာဂြိုလ်သို့လေ့လာရန်ရောက်လာခဲ့ပြီး သူတို့ဂြိုလ်နှင့်ပြန်လည် ဆက်သွယ်ရန် ကိရိယာတစ်ခုသူ့မှာပါလာသည်။ ထိုကိရိယာကလေးအား အလုအယှက်ခံခဲ့ရပြီး ထိုပစ္စည်းကလေး မရှိတော့ သည့်အတွက် သူတို့ဂြိုလ်နှင့်ပြန်လည်ဆက်သွယ်၍ မရတော့ပါ။ သည့်အတွက် ကမ္ဘာမြေပေါ်မှ ဗေဒင်ဆရာများ၊ နတ် ဆရာများ၊ ဘာသာရေးဆရာများမှ ဘုရားသခင်နှင့်ပင်ဆက်သွယ်ပေးနိုင်သယောင်ဟောပြောနေကြသည့်အတွက် သူ့လည်း သူ့ဆက်သွယ်ရေးပစ္စည်းကလေးပြန်လည်ရ ရှိနိုင်ရန် ဗေဒင်ဆရာများ၊ နတ်ဆရာများ၊ ဘာသာရေးဆရာများ ထံချဉ်းကပ်၍ အကူအညီတောင်းခံကြည့်အခါ လက်တွေ့တွင် အမှန် တကယ်ဆက်သွယ်ပေးနိုင်သူများမဟုတ်ကြပဲ လိမ်ညာနေကြ သူများ ဖြစ်ကြောင်း Wrong Number များဖြင့် ဆက်သွယ်နေကြ သူများသာဖြစ်ကြောင်း အမှန် တကယ်ဆက်သွယ်၍ မရကြောင်း သိရှိသွားသည့် ဖော်ထုတ်ပြသသည့် ဇတ်လမ်းကလေးဖြစ်ပါသည်။ အဘယ်ကြောင့် ဤကဲ့သို့ Wrong Number ပြဿနာ များရှိနေသည်ကိုလေ့လာကြည့်လျှင် ယခင်အစိုးရများအဆက်ဆက် မရှုပ်၊မလုပ်၊မပြုတ် အေးအေး ဆေးဆေးနေနေကြပြီး ဖွင့်ဖြိုးတိုးတက်နေသည့် ကမ္ဘာကြီးနှင့် အဆက်ပြတ်ခဲ့ကြသောကြောင့်ဖြစ်ပါသည်။ ခုတ်ရာတခြားရှရာတစ်လွဲဖြစ်နေသည့် အချက်များမှာ ဌာနဆိုင်ရာများတွင်အများအပြားဖြစ်ပေါ်နေကြပါသည်။ အထက်ညွှန်ကြားသည် ကတစ်မျိုး၊ အောက်က ဆောင်ရွက်နေသည်ကတစ်ဖုံတွေလည်းရှိသည်။ ဝန်ကြီးများအဆင့်တွင် အစည်းအဝေးတက်ရောက်လာသူများက အောက် ခြေတွင်ပြန်ရှင်းပြသည့်အခါ တစ်လွဲတွေဖြစ်နေသဖြင့် အကြိမ်ကြိမ်အထပ်ထပ်ပြုပြင်နေရသည်များကလည်း လုပ်ငန်း များရှေ့မ ရောက်နိုင်အောင်ဖြစ်ရတတ်သည်။
အမှန်မှာ SOP ကိစ္စသည် စင်္ကာပူနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို အဟန်အတားဖြစ်နေစေသည့် Process များကို လျော့ချပေးရန်စီမံခန့်ခွဲမှုတစ်ခုဖြစ်ခဲ့သည်။ စင်္ကာပူနိုင်ငံကိုအတုယူ၍ မလေးရှားလည်း SOP အဆင်များလျော့ချပေး ဖူးသည်။ မြန်မာ နိုင်ငံတွင် လက်ရှိအချိန်အထိ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများထင်သလောက်ဝင်ရောက်မလာခြင်းအတွက် အခက်အခဲများကိုလျော့ချရ နိုင် ရန်ရေးဆွဲခိုင်းခြင်းဖြစ်ပါသည်။ သို့သော် သူများတွေ အပြိုင်အဆိုင်ဆောင်ရွက်နေကြသော ကိစ္စတစ်ခုအား ကျွန်တော်တို့သည် အဓိပ္ပါယ်ဖွင့်ကြတုန်းသာဖြစ်လေသည်။
အဘက်ဘက်ကနောက်ကျကျန်ရစ်ခဲ့သော ကျွန်တော်တို့နိုင်ငံကို ကမ္ဘာကြီးနှင့်ရင်ဘောင်တန်းနိုင်ရန် အရာရာတွင် ချက်ကနဲ ဆိုနားခွက်ကမီးတောက်ဆိုသည့်ခေါင်းဆောင်များရရှိထားသင့်ပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ စမ်းတဝါးဝါး ဖြစ်နေသော လူကြီး များရှိနေသေးခြင်းမှာ အလွန်စိတ်ပျက်စရာဖြစ်ဖြစ်လေသည်။
ရေးသားသူ - မင်းစိုးနိုင်
MSC 010
Photo - google
SOP ကလုပ်ငန်းတိုင်းမှာရှိသင့်ပါတယ်
ဟုတယ်
ခင်ဗျာ ကျနော်တို့နိုင်ငံလား အော် ဟုတ် ချက်ဆို နားခွက်က မီးတောက်ပီးသားတွေပါဗျာ လက်ဝါးဖြန့်တာလည်းမြန်ပါတယ် မြန် ပြီး မာ လို့ မြန်မာ လို့ခေါ်တယ်တဲ့
အဲ့လိုမြန်တာလား
ဟုတ်တယ်ဗျို့
ဟုတတ်ယ်ဗျ ကျုပ်တို့ မမ မှာလည်း
ဒီကြားထဲ မိုးကျရွှေကိုများက တစ်မျိး
မီးရထားကလား
nice post
Thank you
Good post
ကျေးဇူး
Congratulations @minsoenaing! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of posts published
Award for the number of comments
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Good post
Ok thank
ကောင်းပါတယ်ဗျ
ဂွတ်လား
Good post.
ဟီးဟီး..သိပါဘူးဗျာ ..ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းအောက်မေ့လို့
ကလေးတွေကတော့ ဝိုင်းဝိုင်းမြင်တိုင်း လက်ငြိုးထိုနေတာပဲ
ရီတဲ့ပုံထည့်လိုက်တယ်လို့သဘောထားဗျာ ထည့်တတ်ဘူး။