စည်းကမ်းဆိုတာ

in #myanmar6 years ago

image
လူတစ်ယောက်တည်း ကမ္ဘာပေါ်မှာနေငြားအံ့ စည်းကမ်းတွေသိပ်မလိုပါ။ သိပ်မလိုပါဆိုတော့ လိုတော့ လိုသေးသည့် သဘော။ကမ္ဘာပေါ်မှာ လူဆိုလို့ငါတစ်ယောက်တည်းဆိုပြီး ရှိသမျှစားစရာတွေ ထိုင်စားနေလို့ တော့မဖြစ် အစားနင့်သေမှာဆိုတော့ တန်ဆေးလွန်ဘေးမသေချင်၊သတိထားစားဆိုတဲ့စည်းကမ်းလေးတော့ ထုတ် ထားရဦးမှာ။
image
လူနှစ်ယောက်ဆိုရင်တော့ သူ့ပါးစပ်ထဲကဟာတော့လုစားလို့မဖြစ် ကိုယ်ထမင်းကိုယ်စားရမည်ဆိုတာ လောက်တော့ စည်းကမ်းထုတ်ရဦးမည်။ကိုယ့်အဝတ်ကိုယ်ဝတ်လောက်တော့ စည်းကမ်းထုတ်ရဦးမည်။ အဖွဲ့အ စည်းတစ်ခု ဖြစ်လာသောအခါမူ လူအများအဆင်ပြေစေရန်အတွက် လူများရင်များသလောက်စည်းကမ်းတွေတိုး လာရတော့သည်။ယခု MSC စည်းကမ်းတွေနဲ့မနေနိုင်လို့ MSC အဖွဲ့မှနှုတ်ထွက်တော့မည်ဟူသောစကားကို ကြား လာရပါပြီ။ MSC သည် အလကားမူတင်းပါဝါအာဏာပြလိုသောကြောင့် စည်းကမ်းချက်များထုတ်၍ ဟိုလိုမ လုပ်ရ သည် လိုမလုပ်ရ စသည်ဖြင့် စည်းကမ်းချက်များထုတ်ပြန်နေခြင်းမဟုတ်ပါ။
image
MSC မှထုတ်ပြန်မထားသောစည်းကမ်းချက်တစ်ခုတော့ရှိပါသည်။ ထိုစည်းကမ်းသည် MSC မှ ထွက်မ သွားရဟုထုတ်ပြန်မထားခြင်းဖြစ်ပါသည်။ထုတ်လို့လဲမဖြစ် သူ့ဖုန်းဘေနဲ့သူ၊ သူ့ဒေါသနှင့်သူ ထွက်သွားတာကို တားနေလို့တော့မရပါ။ သြော်ဒါက သူ့ကိစ္စကိုး။
သို့သော် စည်းကမ်းထုတ်ကြသည့်အခါ တစ်ခါတစ်ရံ ကိုယ်အတွက် လိုက်နာရန်မခက်ခဲသော်လည်း အများလိုက် နာရန်ခက်ခဲသောစည်းကမ်းများရှိနေတတ်သည်ကို သတိထားရန်လိုပါသည်။ ဥပမာအားဖြင့် Steem Power down သည့်ကိစ္စ၊ Power မ up သည့်ကိစ္စများကို အချို့က မတတ်သာ၍လုပ်နေရ ကြောင်းတွေ့မိမြင် မိပါသည်။ MSC ၏ရည်မှန်းချက်သည် အဖွဲ့ဝင် (Member)များအမြန်ဆုံး Steem Power ပြည့်ဝလာစေရေးဖြစ် သည်။ သို့သော် Steemit သို့ဝင်ရောက်လာသူအများစုသည် Internet ငွေရှာ Site များတွင် ဒီလောက် အဆင်မပြေ၍ ရောက်ရှိလာကြခြင်းဖြစ်ရာ Steemit တွင်မြင်နေရသည့် dollar များသည် ထုတ်ယူ၍မရဘဲ MSC တို့ပြောသည့် ရည်မှန်းချက်ပန်းတိုင်ကြီးဆိုသည်ကို ဘယ်အထိစောင့်နေရမှန်းမသိစောင့်၍ မနေနိုင်ကြ။ ရေးသည်၊ ရသည်၊ ထုတ်ယူသည် သည်လိုဖြစ်ချင်နေသူများအမှန်ပင်ရှိပါသည်။ သို့ ဆိုလေသဖြင့် စာရေးသူ မင်းစိုးနိုင် @minsoenaing ရောဟုမေးလာပါလျှင် No ပါဟုဖြေပါမည်။ အဘယ်ကြောင့်ဆိုသော် မင်းစိုးနိုင်သည် စားဝတ် နေရေးအစစအရာရာ အဆင်ပြေနေသူဖြစ်၍ Steemit မှရရှိသော ဝင်ငွေအား အနာဂါတ်အတွက်သာ ရည်မှန်း ထားသူဖြစ်ပါသည်။
သို့သော်လူတိုင်းကိုယ့်လိုမဖြစ်နိုင်ပါ။ လူအမျိုးမျိုးစိတ်အထွေထွေဆိုသည့်အတိုင်း ခုရ၊ ခုယူလိုသူများ လည်း ရှိလိမ့်မည်သာဖြစ်ပါသည်။ ထုတ်ယူရန်အရေးပေါ်ငွေလိုအပ်သွားသူများလည်းရှိနိုင်ပါသည်။ ဆိုလိုသည်မှာ MSC ၏ရည်မှန်းချက်ပန်းတိုင်ကို ထိုသူများကြောင့် ဖျက်စီးပစ်ရမည်ဟုမဆိုလိုပဲ ။ ထိုသူများကိုလည်း နားလည် ပေးတတ်စေရန်သာ တင်ပြလိုခြင်းဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် Steemit မှ dollar များကို ထုတ်ယူလို သူသည် နောက်ပိုင်းတွင် Steem Power နိမ့်၍ကျန်ရစ်ခဲ့မည်သာဖြစ်သည်။ SP 500 အုပ်စု၊ SP 1000 အုပ်စု၊ SP 5000 အုပ်စု၊ SP 10000 အုပ်စုများ ဖွဲ့စည်းသည့်အခါတွင်လည်း သူအုပ်စုနှင့်သူပါဝင်မလာနိုင်ပဲ နောက်ကျကျန်ရစ် သည့်အခါ သူတို့ဘာသာနားလည်လာပြီး နည်းလမ်းပေါင်းစုံဖြင့်အမီလိုက်ပါလာကြလိမ့်မည်ဟုသာ။
ရေးသားသူ - မင်းစိုးနိုင်
MSC – 010
Photo – google

Sort:  

ဟုတ်ပါတယ်။ အချိန်တန်လို့ တစ်ယောက်တည်းဖြစ်ကျန်ရစ်ခဲ့ချိန်မှာ သူ့အလိုလိုနားလည်လာမှာအမှန်ပါ။

‌လော‌လောဆယ်‌‌တော့ စာ‌ရေးတာဘဲ အာရုံ စိုက်‌‌နေတယ်‌ဆရာ‌ရေ။

ဆရာမင်းစိုးနိုင်​​ပြောထားတာ​အမှန်​ပါပဲရှင်​။တချို့​သောmemberများတွင်​လည်းသူ့တို့၏အခက်​အခဲများကို​ယ်​စီကိုယ်​စီရှိကြ​ပေလိမ့်​မည်​။အချိန်​ကစကား​ပြောသွားပါလိမ့်​မည်​။

လုံးဝမထုတ်နဲ့လို့တော့ ပြောမထားဘူးထင်ပါတယ် အကုန်မထုတ်ကြဖို့လောက်သာ ပြောထားတယ်ထင်ပါတယ် ပါဝါမဒေါင်းဖို့တော့တင်းကြပ်ထားပါတယ် ဆရာမင်းစိုးရယ် အားလုံးကို နားလည်ပေးထားကြပါတယ်

Power down ပြီးထုတ်မရတာကိုပဲပြောတာပါ၊ အကောင့်ရောင်းပြီးထွက်ကြတဲ့အထိ ဖြစ်လာတယ်၊ သူတို့ကတော့ MSC ကိုအပြစ်မတင်ပါဘူး၊ သူတို့စည်းကမ်းချိုးဖောက်ပြီး power မဒေါင်းချင်လို့ အကောင့်ရောင်းပြီးထွက်တယ်ထင်တယ်လေ

Sbd ကိုထုတ်နိုင်ပါတယ် ဆရာရယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by minsoenaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဟုဆရာ

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 56208.10
ETH 2476.58
USDT 1.00
SBD 2.26