Scratch, Abuse, copyright, Spam, Plagiarism, Fraud ဆိုတာဘာတွေလဲ

in #myanmar6 years ago

20181015_211525.jpg
Steemit platform ပေါ်မှာအသုံးများနေသည့် စကားလုံးများထဲမှ အချို့ကို ရွေးနှုတ်၍ ဘာသာပြန်ပေး လိုက်ပါသည်။ ယခင်ကတော့ ကျွန်တော်လည်းနားမလည်ခဲ့ပါ။ နားမလည်သည့်အတွက် နားမလည် သလိုပင်ရေးသားခဲ့ပါသည်။ နောက်တော့ လေ့လာရင်းဆည်းပူးရင်း စကားလုံးအချို့ကိုသဘောပေါက်နားလည်လာခဲ့ ပါသည်။ မိမိနားလည်လာသလို အများလည်းနားလည်စေချင်သောကြောင့်ပြန်ရသော်လည်း မိမိထက်သိနားလည် ပြီးဖြစ်သူများကို ဆရာကြီးလုပ်လိုသောစိတ်ထားလုံးဝမရှိပါ။ထားလိုက်တော့...
20181015_211211.jpg
Scratch – Scratch ဆိုသောစကားလုံးကို အရင်က စကက်ဆွဲသည်လို့တော့ကြားဖူးခဲ့သည်။ အကြမ်းရေးသည်လို့လည်းပြန်လို့ရသည်။ Steemit မှာတော့ ဖြစ်ကတတ်ဆန်းရေးသား ချက်များလို့ ပြောကြသည်။ ဤသည်မှာ မိမိဘာသာကွန့်မြူးထားခြင်းမဟုတ်ပါ။ သူ့အသုံးအနှုန်းအတိုင်းသာ ဖြစ်ပါသည်။

Abuse - အတုအယောင်အလိမ်အညာလို့ဆိုလိုပါသည်။ မဟုတ်မဟတ်လုပ်ကြံရေးသားမှုများကိုဆိုလို ပုံရပါသည်။ နမူနာတော့သိပ်မပေးတတ်ပါ။သတင်းတုလိုဟာမျိုးဖြစ်မည်ထင်ပါသည်။

Copyright - ဒါကတော့ရှင်းသည် လူတိုင်းလည်းသိသည်။ ကော်ပီကူးယူတာကိုတားမြစ်ထားခြင်း ဖြစ်ပါသည်။လူတိုင်းသိနိုင်လို့ရှင်းပြစရာလည်းမရှိပါ။

Spam - Spam ရဲ့ အဓိပ္ပါယ်က သူတပါးလက်ခံသည်၊ လက်မခံသည်မသိပဲပေးပို့ခြင်းဖြစ်သည်။ Steemit မှာတော့ သူတစ်ပါးပို့စ်အောက်တွင် မိမိ၏ လင့်ကိုသွားပြီး မန့်ပေးထားခြင်းမျိုးဖြစ် သည်။ သူတို့အလိုအရ အလွန်ရိုင်းသည်ဟုသတ်မှတ်သည်။ ကိုယ်တွေမန့်နေသည့် Pro လင့်ကတော့ သဘောတူညီချက်ရထားပြီးဖြစ်၍ ရိုင်းသည်ဟုမခေါ်ပါ။

Plagiarism- သူတပါးရေးသားထားသောစာကို မိမိရေးသားထားသယောင် ဖြတ်ညှပ်ကပ်ခြင်းကိုခေါ် သည်။ အထူးသဖြင့် ပြိုင်ပွဲများတွင် သူတို့အထူးသတိထားစိစစ်ကြသည်။ ဒါကြောင့် Steemit မှ ပြိုင်ပွဲများကို English လိုသာရေးခိုင်းတတ်သည်။ မြန်မာစာဖြင့်လည်းကောင်း အခြား ဘာသာတစ်ခုခုဖြင့်ရေးသားထားလျှင်လည်းကောင်းခွင့်ပြုလေ့မရှိပါ။

Fraud - သူက abuse လိုပင် လိမ်လည်မှုအတုအယောင်ကိုဆိုလိုပါသည်။
20181015_211226.jpg
Steemit သည် Copyright တစ်ခုကိုသာ Cheetah ဖြင့်ကာကွယ်တားဆီးထားသော်လည်း အခြားသော အချက်များအတွက် ဘာသာစကားမျိုးစုံနေသဖြင့် မကာကွယ်မတားဆီးနိုင်ပါ(ကြိုက်သလိုသာဆော်ကြတော့)
20181015_211255.jpg
သို့သော် @buildawhale ၏ Blacklist အသွင်းခံရတတ်သည်။ Blacklist အသွင်းခံရလျှင် whale များကလာပြီး Vote မပေးတော့ဟုဆိုပါသည်။ (Blacklist မဖြစ်လည်းဘယ်သူလာတာမှတ်လို့)
ဗဟုသုတအလို့ငှါသာ ရေးသားဖေါ်ပြခြင်းဖြစ်ပါသည်။ မခြောက်ခြားကြပါနှင့်ကုန်။

စေတနာမှန်ကံဖြစ်စေသတည်း

မင်းစိုးနိုင်

MSC-010

Photo – Google

Sort:  

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64231.88
ETH 3128.59
USDT 1.00
SBD 3.95