ဆိုဆုံးမလွယ်ခြင်းဟာမင်္ဂလာ

in #myanmar6 years ago

ဆိုဆုံးမလွယ်ခြင်းဟာမင်္ဂလာ
image
အသက်အရွယ်အရ အစားအသောက်အနေအထိုင်ကိစ္စများအား ငယ်ရွယ်စဉ်ကကဲ့သို့ ထင်သလိုစား၊ ထင်သလိုသွား၊ ထင်သလိုနေ၍ မရတော့ပါ။ မှတ်မိသေးသည် မိမိငယ်စဉ်က အဖေမွေးထားသော ဆိတ်များကို နွေရာသီကျောင်းပိတ်ရက်များတွင် ဆိတ်ကျောင်းထွက်လေ့ရှိ၏။မိမိတို့နေထိုင်သည့် ခေတ္တရာမြို့သစ်ရပ်ကွက်မှ ရွှေတံခါးရပ်ကွက်ကိုကျော်ကာ မှော်ဇာဘက်အထိ ဆိတ်ကျောင်းထွက်ရ၏။ ထိုသို့ ဆိတ်ကျောင်းထွက်သည့်အခါ ဇီးပင်တောကြီးကိုဖြတ်သွားရသည်။ ဇီးတောထဲတွင်ဇီးချို၊ဇီးချဉ်အပင်မျိုးစုံရှိသည်။ ပိုင်ရှင်များရှိသော်လည်း မိမိစား ဖို့လောက်ကောက်ယူစားသောက်ခြင်းကို ဘယ်ဇီးပင်ပိုင်ရှင်ကမှ မပြောဆိုကြပါ။ သို့အတွက် လွယ်အိတ်ကလေး တစောင်းလွယ်ပြီး ဇီးသီးကောက်စားရင်း လွယ်အိတ်ထဲလဲ ကောက်ထည့်သွားခဲ့သည်။
ဆိတ်တွေကျောင်းလို့ရသည့် မျက်တော၊အရွက်တောများရောက်သည့်အခါ အရိပ်ကောင်းသော သစ်ပင် တွင် ထိုင်၍ ဇီးသီးစားလိုက်၊ရေသောက်လိုက် ၊ဆိတ်များ အဝေးသို့ရောက်မသွားစေရန်ထိန်းသိမ်းလိုက်ဖြင့် နေရင်း လမ်းမှာကောက်ယူလာသော ဇီးသီးများကို ကုန်သွားသည်အထိစားမိတတ်သည်။သို့သော် ပါးစပ်တွေဖန်တွတ်နေ တတ်သည်မှအပဘာဆိုဘာမျှမဖြစ်ခဲ့ပါ။
ခုအချိန်မှာတော့ ဟိုဟာလေးစားလိုက် သွေးတိုးလို့၊သည်ဟာလေးစားမိလို့ ဗိုက်နာလို့၊ ဝမ်းတွေပုပ်လို့၊ ဆီးတွေကျဉ်လို့ ၊လက်တွေထုံလို့၊ကျဉ်လို့နှင့် ဆီ၊အချိုမှုန့်၊ ဆား၊ အပူစာ၊အအေးစာ အမှားတစ်ခုမျှမခံ အော် အသက် ၄၀ ကျော်မှဖြင့် ကားစုတ်ကြီးအပိုင်ရထားသလို ပြင်လိုက်ရသည့် အပျက်အစီးတွေ။ ရှာဖွေထားသမျှ ဆေးခန်းကဆရာဝန်တွေအတွက် လို့ပြောရတော့မလိုလို။
မျက်လုံးတွေ အမြဲစပ်နေပြီးကြည့်လို့မကောင်း ဆိုဆုံးမလွယ်ခြင်းဟာမင်္ဂလာ ဆိုသော်လည်း “ဟိတ်ကောင်မင်းစိုးနိုင် Facebook တွေ၊ Steemit တွေကြည့်တာ နည်းနည်းလျော့ပါတော့” လို့ ကိုယ့်ကိုယ်ကိုယ် အတန်တန်ဆိုဆုံးမပါသော်လည်း။ ဒင်းက ပြောတုန်းသာ “ဟုတ်ပါရဲ့ ငါ့မျက်လုံးတွေအတွက် အကြည့်လျော့ဦးမှပါ” ဆိုပြီး တော်ကြာတော့ မေ့ပြီးကြည့်မိပြန်သည်။ တစ်ရက်လောက်အနားပေးသည်လို့တစ်ခါမျှတောင်မရှိ။ အစား အသောက်ဆိုလည်း မတည့်ပါဘူးဆိုရင်စားချင်လိုက်တာ၊ ကော်ဖီမစ်၊လ္ဘက်ရည် အာလူးကျော်၊ အဆီအစိမ့် အစားအစာ၊ အသားကင်၊ ကိုးရီးယားကင်များ ။
အေးလေ…ငယ်တုန်းက ဒါတွေမစားနိုင်လို့ ပိုက်ဆံချွေတာစုဆောင်းပြီး စီးပွားတွေရှာခဲ့ရတာ။ ငယ်ငယ်က များပန်းသီးလေးတွေသူများစားတာမြင်ရင်စားချင်တာ ကိုယ်ကဝယ်မစားနိုင်ဘူး။ခုအချိန်လိုလည်းမပေါများဘူး။ အဖေ ကရုံးကပြန်လို့ ခေါက်ဆွဲကျော်ထုတ်ကလေးများပါလာခဲ့ရင် မောင်နှမတွေ ပျော်နေခဲ့ရတာ ။ ခုအချိန်မှာ အားလုံးကြိုက်ရာဝယ်စားနိုင်ပြီဆိုတော့ မတည့်တာတွေကများလိုက်တာ၊ တည့်ပါတယ်ဆိုတဲ့အစားအစား တွေကျ လည်း တစ်ခါတစ်လေ မသန့်ရှင်းလို့ ရောဂါဖြစ်တတ်သေးတယ်။ ကိုယ်ခံစွမ်းအားနည်းလာ သည့်သဘော ဖြစ်မှာပေါ့။
ငယ်ငယ်က မိမိတို့အိမ်များတွင် TV ဆိုတာမရှိ။ ရုပ်ရှင်ကို BEME စစ်တပ်ထဲကပြသသော ပိတ်ကားထောင် ရုပ်ရှင်ကိုသွားကြည့်ကြသည်။ ညနေဆို ဖျာလေးတွေ၊ခုံလေးတွေလက်ကကိုင်ပြီး ခေတ္တရာမြို့ရပ်ကွက်မှ မီးရ ထားလမ်းကိုပင်ကျော်ကာ စစ်တပ်ရုံကိုသွားကြည့်ရသည်။“အပြန်အပြန် အပြန်လားကွဲ့၊ အသွားအသွား အသွား ပါလို့” ဆိုသော လော်စပီကာမှသီချင်းသံ။“ရှာပုံတော်ကြူကြူး ကြူးလို့ရယ်” ဆိုသော သီချင်းသံများ ဖွင်လျှင် အပြေးအလွှားရုပ်ရှင်သွားကြည့်ကြလေ့ရှိသည်။ နောက်ပိုင်း TV, Video များပေါ်လာသော်လည်း ကိုယ်မဝယ် နိုင်သည်မို့ video ရုံများတွင်အခကြေးငွေဖြင့်သွားကြည့်ကြရသည်။သို့အတွက် ကျန်အချိန်များတွင်စာအုပ်ဖတ်ခဲ့ သည် ကများလေသည်။ယနေ့အခါတွင်မူ အိမ်တွင် TV ကလည်း ၂၄ နာရီလွှင့်နေသည့် ဇာတ်လမ်းများ၊ သီချင်းများ၊ သတင်းများကလည်းရှိ။ ဖုန်းကလေးဆေတွကလည်းကိုယ်စီရှိဆိုတော့ TV တစ်လှည့် ဖုန်းတစ် လှည့်ဖြင့် ကိုယ့်မျက်လုံးတွေမအားနိုင်။ စာဖတ်နည်းသွားမည်စိုး၍ စာအုပ်ကလည်း မကြာမကြာဖတ်တတ်သေးရာ မျက်လုံးမကောင်းတာလည်းမတတ်နိုင်တော့ ။ အမှန်တော့ ငယ်ငယ်ကလို ရိုက်နှက်ဆုံးမပေးမည့် မိဘဆရာ သမားများလိုအပ်နေသည်လားတော့မသိ။
အားလုံးရွှင်လန်းကြပါစေ
မင်းစိုးနိုင်
MSC -010
Photo –Google

Sort:  

steemit ကို fb ထက်ပိုသဘောကျမိဒေဗျာ

$$ တွေရလို့လား

Facebook ထက် steemit ကို ပိုစွဲနေတယ်ဗျ...
ခဏတိုင်းကို ဖွင့်ကြည့်နေမိတတ်တာ...လျှော့ဦးမှ ဆိုလည်း မရဗျာ

ဟုတ်ပါ့ ပြောမရဆိုမရဖြစ်နေပြီ

steemit စွဲတဲ့ရောဂါဖြစ်နေပြီ အားတိုင်းဖွင့်ကြည့်မိနေတယ်။

MSC အားလုံးပါ

ကျနော်လည်း ဖုန်းကြည့်များတော့ ကျီးပေါင်းဖြစ်ချင်နေတယ်

ကျီးပေါင်းလားဖြစ်တာကြာပြီ

ကျမလည်းအားတဲဘအချိန်​တိုင်းလိုင်း​ပေါ်မှာချည်းပဲ

ဝါသနာကို မတတ်နိုင်တော့ဘူး

စာဖတ်ပီးဗိုက်ဆာလာပီ

ဘာစားချင်လဲပြောလေ

အသုံးပြုစရာ ရုပ်ဝတ္ထုပစ္စည်းတွေ များလာလေလေ ကိုယ်ခန္တာအတွက် ဆင်ခြင်နိုင်ဖို့ လိုလေလေပါပဲ ။သတိထားနေရတာပေါ့ဆရာရယ်။

ကိုယ်ဘာသာတုတ်ဆောင်ထားရတော့မလိုပဲ

သူများကိုအပြစ်မပုံချပါနှင့်

ဗျာ ကိုယ့်ဘာသာပြောတာပါဗျာ

ဇိမ်ခံပစ္စည်းတွေ ပေါများတဲ့ခေတ်ဆိုတော့ ကျန်းမာရေးအတွက်တော့ မကောင်းတဲ့လက္ခဏာတွေပါဘဲ

အေးလေ TV ကြည့်လ်ုက်ဖုန်းပွတ်လိုက်

သေချာတာဆရာ အဟဲ

နှစ်ယောက်ဆိုတော့ ဆရာတင်ကတော့ကံကောင်းတာ သူပါစိတ်ပါလာလို့တဲ့ ။ ထိန်းမယ့်သူမရှိတော့ဘူး ဟားဟား

စိတ်ပါလည်း သူ့လွတ်လပ်ခွင့်က ကျွန်မလက်ထဲမှာဆရာရေ အဟီး

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 66227.96
ETH 3571.65
USDT 1.00
SBD 3.14