ဆန်ကုန်မြေလေး

in #myanmar8 years ago

rich women.jpg
@kachinhenry ရေးသားသည့် ဆောင်းပါးတစ်ပုဒ်တွင် သူ၏မိတ်ဆွေတစ်ယောက်မှ မင်းစင်္ကာပူထီ တစ်သန်းပေါက်လျှင်ဘာလုပ်မလဲဟုမေးသည်ဆိုပါ၏။ သူကလည်းမြန်မာလူမျိုးတော်တော်များများဖြေလေ့ရှိသည့် စကားအတိုင်း ခြံကလေးတစ်ခြံဝယ်ယူပြီး အေးအေးလူလူနေထိုင်လိုကြောင်းပြောပြလိုက်သည်။ ဤစကားမျိုးကို မြန်မာလူမျိုးများပြောလေ့ရှိပြီးနားထောင်သူမှလည်း ဟုတ်ပါတယ်။ ငါလည်းအဲ့လိုနေချင်တယ်ဟူ၍သာ ပြောမိကြ မည် ထင်ပါသည်။ ဘယ်သူကမှတော့ မင်းဆန်ကုန်မြေလေးပဲဟုပြစ်ပြစ်ခါခါပြောကြလိမ့်မည်မထင်ပါ။သို့သော် သူ၏ မိတ်ဆွေ စင်္ကပူနိုင်ငံသားကတော့ သူ့အားအားမနာလျှာမကျိုး မင်းကဆန်ကုန်မြေလေးဟုစွတ်စွဲလိုက်ပါ သည်။
တကယ်ပဲမြန်မာတွေက ဆန်ကုန်မြေလေးတွေလား……..
ကျွန်တော့တွင်အလွန်ခင်မင်သောဆရာတစ်ဦးရှိခဲ့ဖူးသည်။အခုတော့ ပင်စင်ယူသွားပါပြီ။ဆရာ့မှာ အဒေါ် ကြီးညီအမနှစ်ယောက်ရှိသည်။ အသက် ၉၀ ကျော်သည်အထိ အပျိုကြီးများလုပ်သွားကြသည်။ ထိုအပျိုကြီးနှစ် ယောက် အကြောင်းကိုဆရာပြောပြခဲ့စဉ်က ကုသိုလ်ကံထူးလိုက်တာဟူ၍သာ မှတ်ချက်ပြုခဲ့ဖူးသည်။ အခုသေ သေ ချာချာပြန်စဉ်းစားကြည့်တော့လည်း ။
ထိုအပျိုကြီးနှစ်ယောက်သည် လူ့ဘဝတွင်အသက် ၉၀ ကျော်နေထိုင်သွားခဲ့သော်လည်း ရုပ်ရှင်တစ်ကြိမ် တစ်ခါမှ ကြည့်ခဲ့ဖူးခြင်းမရှိပါတဲ့။ အခြားမြို့ရွာများသို့လည်ပတ်ခဲ့ဖူးခြင်းမရှိပါတဲ့။မိမိကျေးရွာအတွင်းတွင်လည်း ဘယ်မှ ထွက်၍ သွားလာခဲ့ဖူးခြင်းမရှိပါတဲ့။ညီမအငယ်ကတော့ ဟင်းချက်ဖို့ဈေးကိုသွားရသဖြင့် ဈေးတစ်ခု ပဲ ရောက်ဖူးပါသတဲ့။ အမကြီးကဆိုလျှင်ဈေးကိုပင် တစ်ကြိမ်တစ်ခါမျှမရောက်ဖူးပဲ သေဆုံးသွားခဲ့ပါသတဲ့။ဟုတ်ကဲ့ တစ်ဘဝလုံးအလုပ်လုပ်ကိုင်ခဲ့ခြင်းလည်းမရှိခဲ့ပါဘူးတဲ့။ထူးဆန်းလိုက်တာနော် ။အလုပ်မလုပ်ပဲဘယ်လို စား သောက် နေထိုင်ကြသလဲဆိုတော့ ။
မိဘအမွေတွေက လယ်တွေကဧကရာဂဏန်း၊ ဆန်စက်၊ဆီစက်တွေလည်းပိုင်သတဲ့။ စိန်တွေ၊ရွှေတွေ ကလည်း ပိဿာနဲ့ချီနေလို့မကုန်နိုင်အောင်များပြားလှပါသတဲ့။ဒါတွေကို သူတို့တစ်သက်လုံးထုခွဲပြီး ရောင်းစား နေခဲ့တာ သူတို့သေတာတောင်မကုန်ဘူးတဲ့။ ကျွန်တော်တို့ဗုဒ္ဓဘာသာသဘောအရတော့ရှေးကုသိုလ်တွေပေါ့။ သို့သော်လည်း ဘယ်လောက်ပဲရှေးကုသိုလ်ရှိရှိ မလှူမတန်းမပေးမကန်းပဲနေပြီး။ လူသားအကျိုးပြု တိုင်းပြည် အကျိုးပြုလုပ်ငန်းတွေလုပ်မသွားပဲ။ ဒီအတိုင်းလူ့ဘဝရောက်လာပြီး ရှိတာတွေထိုင်စားသွားယုံဆိုရင်တော့ အင်း ဆန်ကုန်မြေလေးတွေလို့ပဲခေါ်ရလေမလား။

ရေးသားသူ - မင်းစိုးနိုင်
Msc 010
Photo- Google

Sort:  

ကျွန်​မတို့အမျိုးထဲ၊အသိမိတ်​​ဆွေထဲလည်းအဲဒါမျိုး​တွေ​တွေ့မိပါတယ်​ရှင်​။

သူဌေးလား အလုပ်မလုပ်သူလား

လူဖြစ်လာမှတော့ အများအတွက် တခုခုတော့ အကျိုးပြုသင့်တာပေါ့။

လူ့ဘဝဟာတိုတိုလေးပါ၊ ရောက်လာခဲ့ပြီးလူ့အကျိုးပြုလုပ်ငန်းတွေမလုပ်နိုင်လောက်အောင်ဆင်းရဲမွဲတေနေရင်တောင် ပရဟိတအဖွဲ့ထဲဝင်ပြီးလုပ်သွားလို့ရသေးတာ ဒီလောက်ချမ်းသာနေရင်လုပ်စရာတွေပေါပြီလေ

လူဖြစ်လာရင်တော့လူပီသအောင်တော့နေသငမ့တာပေါ့နော်😊

အဲတာလေးပြောတာပါ

လူဖြစ်​လာရင်​ ရည်​ရွယ်​ချက်​ ​တော့ရှိရမှာ​ပေါ့
မိမိကိုယ်​ကိုမြှင့်​တင်​မှာလား၊မိဘ​ဆွေမျိုးလူမျိုးအကျိုးကိုထမ်း​ရွက်​မှာလား၊တိုင်းပြည်​အကျိုး နိုင်​ငံအကျိုးကိုထမ်းရွက်​မှာလား။အဲ့တာ​တွေတစ်​ခုမှမလုပ်​ခဲ့ဘဲ​သေသွားခဲ့ရင်​​တော့ ဆန်​ကုန်​​မြေ​လေးလို့​ပြောရမှာပဲ။

သူ့ဘာသာဆင်းရဲရဲ ချမ်းသာသာပေါ့နော

မာ့ခ်ဇူကာဘက်လိုပေါ့ဗျာ သန်းချီကြွယ်ဝနေတာတောင် သန်းကြွယ်သူဌေးပုံစံမဖမ်းဘဲ သာမန်လူလတ်တန်းစားတစ်ယောက်ကဲ့သို့ဘဲနေတာလေးစားစရာပါ...

ဘီလ်ဂိတ်လည်းထိုင်မစားဘူး၊ဘဝဆက်တိုင်းသုံးလို့မကုန်ပေမယ့်လေ

လိုက်ပြီးစစ်တမ်းကောက်ရင် အဲလိုလူမျိုးတွေနည်းမှာမဟုတ်ဘူးကိုမင်းရေ ကျွန်တော်ရေးတဲ့ခဲဖျက်ကလေးက အပျိုကြီးလဲ ထိုင်စားပဲ။

ဟုတ်မယ်နော် မြန်မာပြည်မှာရှိကြမှာ ကျွန်တော်တို့လစာ ထောင်ဂဏန်းခေတ်က ငွေသိန်းအစိပ်ကိုတစ်ရက်သုံးဆိုပြီးသုံးနေသူတစ်ယောက်တွေ့ဘူးတယ်

အများအတွက်အကျိုးပြုလုပ်ငန်းတခုခုလုပ်သင့်တယ်

ဟုတ်တယ်ဗျ ဒါပေမယ့်တကယ့်ကိုရှိတာပါ

ကျ​နော်​တာ ပိုက်​ဆံ​တွေအများကြီးရခဲ့ရင်​ မိဘမဲ့က​လေး​တွေ၊ မရှိဆင်းရဲသား​တွေ၊ အမှန်​တကယ်​ လိုအပ်​​နေတဲ့ ​နေရာ​တွေပဲ လှူချင်​မိတယ်​....

အေးဗျာသုံးမကုန်တဲ့ဟာ လှူတတ်ရင်သံသရာအတွက်ကောင်းတာကို

အများအတွက်ကော ကိုယ့်အတွက်ကော ဘာမှမလုပ်ပဲသေသွားတာကတော့ နှမြောစရာကြီး။ဒါပေမဲ့ ယခုဘဝကုသိုလ်ကံကတော့ အားကျစရာ။

ဒါလည်းဟုတ်တာပဲ

ထို ဆန်​ကုန်​​မြေ​လေး ဆိုတဲ့သူ​တွေက ဘယ့်​သူအကျိုးမှမပြုဘူးဆိုတာ​တော့မှန်​ပါတယ်​...။
ဒါ​ပေမယ့်​ အခြားတစ်​ဖက်​ကပြန်​ကြည့်​ရင်​ သူတို့ဟာ အခြားသူ​တွေ အကျိုးယုတ်​​အောင်​​တော့ မလုပ်​တတ်​ကြပါဘူးဗျာ.....။

မှန်ပါတယ်လူဆိုးစာရင်းမဟုတ်ပါဘူး။ လူယုတ်မာလည်းမဟုတ်ပါဘူး၊သို့သော်လည်း လူ့ဘဝကို ဆင်းဆင်းရဲရဲလာရတာမဟုတ်ပါပဲ အကျိုးရှိအောင်မနေတတ်လို့ သူ့အတွက်လည်းအကျိုးမရှိ လူသားအတွက်လည်းတစ်စုံတစ်ရာကျေးဇူးမပြု။လို့လူဖြစ်ကျိုးမနပ်တာကိုပဲဆိုချင်တာပါ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.078
BTC 63982.50
ETH 1670.37
USDT 1.00
SBD 0.41