စားတော်ပဲပြုတ်

in #myanmar6 years ago

စားတော်ပဲပြုတ်
20180816_100254.jpg
စာတစ်စောင်ပေတစ်ဖွဲ့ရေးပြစရာ စားတော်ပဲပြုတ်အကြောင်းရှိနေပါလားဟူသောအသိဖြင့် ဤစာကိုရေး မိပါသည်။ ကျွန်တော်တို့ငယ်စဉ်ကလေးဘယထဲက ထမင်းကြမ်းစားလျှင်မပါမပြီး စားတော်ပဲပြုတ်သည်။ ယနေ့ပြန် တွေးကြည့်တော့ ဘယ်အပင်ကရသလဲမသိ။ ပဲမို့ပဲပင်ကရမှန်းသိသော်လည်း ပဲပင်ကိုမမြင်ဖူးပါ။ ဆန်ကိုနေ့စဉ် စားသုံးနေသဖြင့် စပါးကိုလည်းအများအားဖြင့် သိကြသည်။ သို့သော် မြန်မာတစ်နိုင်ငံလုံးပဲပြုတ်စားသော်လည်း ပဲပင်ကိုမြင်ဖူးသူအတော်ရှားပါသည်။
20180816_100233.jpg
ပဲပြုတ်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သည့် “ကြည် ပဲပြုတ်နှင့် နံပြားရရင်စားချင်တယ်”ဆိုသောစကားကို လူတိုင်းကြားဖူးကြပါသည်။ စားတော်ပဲပင် ဘယ်ပုံရှိပါသလဲ။ ဘယ် ဒေသတွေမှာစိုက်ပျိုးကြပါသလဲ။သိရှိသူအလွန်နည်းလေသည်။
Facebook တွင်သိရသည့်လူတစ်ယောက်ဆိုလျှင်ပဲပြုတ်ကိုလေယာဉ်ပျံဖြင့်လိုက်ရောင်းနေသည်ဟု ဆိုပါ သည်။ အမေရိကန် ပြည်ထောင်စုရောက်မြန်မာတစ်ဦးဖြစ်ပါသည်။လေယာဉ်စီးခ စရိတ်နှင့်ကိုက်ပါ့မလားဟု မေးသူကမေးခဲ့သည်။သူကတော့ အမေရကန်ပြည်ထောင်စုမှာ ပြည်နယ်တစ်ခုမှတစ်ခုသွားသည့်လေယာဉ်ခ သက်သာကြောင်းနှင့် အစဉ်ပြေကြောင်းပြောပြခဲ့သည်။မိမိတို့စိတ်ဖြင့်ဆိုစိတ်တောင်မကူးနိုင်သည့် လေယာဉ်ပျံဖြင့် ပဲပြုတ်ရောင်းသူကိုလည်းတွေ့ခဲ့ဖူးသည်။
20180816_100313.jpg
မိမိကိုယ်တိုင်ပဲပြုတ်ကိုလည်းပြုတ်ကြည့်ခဲ့ဖူးသည်။ ပဲပြုတ်က တော်တော်နှင့် မနူး၊ အချိန်တွေအများ ကြီးပြုတ်ခဲ့ရသည်။ ဆရာမရှိလျှင် ငပိဖုတ်ပင်မတတ်ဟူသော မြန်မာစကားလည်းမှန်လှပါသည်။ အချိန်တွေသာ သုံးလေးနာရီကြာသွားသော်လည်း ပဲပြုတ်ကဆတ်တောက်တောက်ကြီးဖြစ်နေခဲ့ပြီး စား၍မရခဲ့ပါ။ @mamamyanmar တို့ဆိုလျှင်တော့ ကျွမ်းကျင်လိမ့်မည်ထင်ပါသည်။
20180816_100343.jpg
ပဲပြုတ်ခေါ်စားတော်ပဲကို အင်္ဂလိပ်လိုရှာကြည့်တော့ Pea ဟုသိရသည်။ Pea ကို internet တွင်ရှာ ပြန်တော့ စိုက်ခင်းတွေ၊အပင်တွေ၊အသီးတွေ၊အတောင့်တွေမြင်ရသည်။ ကျေးဇူးကြီးပေစွ၊အင်တာနက်ကြီးရေ။ ခုတော့ ပဲပင်လည်းမြင်ဖူးပြီ။ စိုက်ခင်းလည်းမြင်ဖူးပြီ။ ပဲတောင့်လည်းမြင်ဖူးပြီ။ ဘယ်ဒေသတွေစိုက်ပျိုးမှု အများဆုံးလဲတော့မသိသေး၊သိသူများပြောပြကြပါကုန်။
20180816_100327.jpg

မင်းစိုးနိုင်
MSC-010
Photo-Google

Sort:  

ငင့် …ဆျာကြီးတော့ မဟုတ်ပါအေ
ပဲပြုပ် defination ကတော့
နှစ်ချို့ ပဲ ကို ပြုပ်မယ်ဆိုရင် ပြုပ်ရတာ ကြာတတ်ပါတယ် ဒါကြောင့် တညသိပ် ရေစိမ် ပီးမှ ပြုပ်ရင် အချိန်ကုန်သက်သာစေပါတယ်
နောက်ပီး ပဲနူးလွယ်အောင် ပဲပြုပ်/ ပဲချက် အားလုံးကို ဆူပြီးသား ရေထည့်ပြုပ် ရင် နူးလွယ် စေပါတယ်
ပုံ ထဲကလေို ပဲစိမ်း ဆိုရင် တော့ တပွက်ဆူ ဆို ရပီပေါ့ရှင်

အဲတာပြောတာပေါ မမဆိုသိမှာပါလို့

ကိုမင်းစိုးမီးဖိုချောင်ဝင်ရတာ ခုမှပေါ်တော့တယ်ဗျာ။

အဲသိကုန်ပြီ

ပိုပြီးသိချင်ရင် wikipedia မှာ ရှာကြည့်ပါဗျ။ နေရာ ဒေသ
အကျိုးရှိပုံကအစ သိရပါလိမ့်မည်😁😁😁

ကျွန်တော်က မြန်မာပြည်မှာ ဘယ်မှာစိုက်ပျိုးတာအများဆုံးလဲသိချင်တာ wikipedia မှာရပါ့မလား

စားတော်ပဲ အလွန်ကောင်း ရှေးဘုရင်တွေခေတ်က ရှင်ဘုရင်များသာ သီးသန့်စားဖို့ စိုက်ပျိုးပေးရတယ်လို့ ဖတ်မှတ်ဖူးတယ် ကိုကြီးစိုးရေ အဲဒါကြောင့်ပဲ စားတော်ပဲ လို့ခေါ်လေသလားနော်။

အဲတာအဟုတ်ပဲ

မတ္တရာမှာစားတော်ပဲစိုက်တယ်စားတော်ပဲပေါ်ချိန်ဆိုအရွက်ရောအသီးပါရတယ်

မတ္တရာမှာစိုက်တယ်လား

ဟုတ်ကဲ့

အား​ပေးခဲ့ပါတယ်​။

ကျေးဇူး

ပဲပြုတ်ဆိုရင် သားက အကုန်ကြိုက်ပြီးသားပါဗျ

ကြိုက်တဲ့သူမရှိဘူးနော

မင်းစိုးနိုင်အသေအချာရှာမေးပါပဲပြုတ်အကြောင်းထပ်သိချင်ပါသေးသည်

ပဲကို၆နာရီရေစိမ်၊၂ရက်အညှောက်ဖောက်၊ပြီးမှဆော်ဒါ၊ထန်းလျက်၊ပဲငံပြာရည်အနောက်ရည်၊ဆီနဲနဲ၊ဆားနဲနဲ(ဆားမများရ)နဲ့ပေါင်းအိုး (pressure cooker)မှာပဲမြုပ်ရုံရေထည့်၊၂၀မိနစ်ပြုတ်၊
ပြီးမှပြန်ပေါင်းတယ်။အပေါက်များများပါတဲ့အိုးထဲအဝတ်ဖြူပါး၂ထပ်ခေါက်ခင်းပြီးရေနွေးဆူပြီးသားနဲ့၁၀မိနစ်ပေါင်းတယ်။
စာကြွင်း။ ပဲကိုရေစိမ်ပြီး၃နာရီအကြာတွင်ခဏရေစစ်ထားပြီးမပွသောပဲများကိုဖယ်ထုတ်လိုက်ပါ။ပြီးမှနောက်ထပ်၃နာရီရေစိမ်ပါ။

အရင်ဆုံး ရေနွေးနဲ့ ရေအေးကို ကြက်သီးနွေးလေး ရောစပ်ပါ။ ရေထဲ လက်နှစ်ကြည့်လိုက်ရင် ကိုယ့်လက်အပူခံနိုင်တဲ့ အနေအထားလေးပေါ့။ ပြီးရင် အဲ့ဒီရေထဲ စားတော်ပဲကို ၃နာရီကြာအောင် ရေစိမ်ပါ။
၃နာရီပြည့်ရင် ဆယ်ပြီး စကာလေးနဲ့ ရေစစ်ပြီး အပေါ်က အဝတ်ပါးလေး အုပ်ထားပါ။ မနက်တကြိမ် ညတကြိမ် ရေလောင်းပေးပါ။ နောက်နေ့ဆို ပဲညှောင့်လေးတွေ ပေါက်လာပါပြီ။ ဒါဆို ပဲပြုတ်လို့ ရပါပြီ။

ရေနွေးကို အရင်ဆုံး ဆူအောင် တည်ပါ။ မုန့်လုပ် ထန်းလျက်အညို ၂ခဲ ရေနွေးထဲပျော်သွားအောင် မွှေပေးပြီးရင် ပဲထည့်ပြုတ်ပါ။ ဆားဆော်ဒါ လဖက်ရည် ဇွန်းတဝက် ထည့်ပါ။ သကြား ဟင်းစားဇွန်းတဝက်ထည့်ပါ။ ဆီ ဟင်းစားဇွန်း ၁ဇွန်းလောက် ထည့်ပါ။ ဆား ဇွန်းဖျားနဲ့ နည်းနည်းထည့်ပါ။ ပဲနဲ့ရေကို အတိဖြစ်အောင် ထည့်ပါ။ ရေပို မထည့်မိပါစေနဲ့။ ရေခမ်းလာရင် တချို့က ပဲကို စကာနဲ့ စစ်ပြီး ရေနွေးငွေ့နဲ့ ပြန်တည်ကြတယ်။
ရေခမ်းသွားရင် ထမင်းအိုးနှပ်သလို မီးအေးနဲ့ ရေခမ်းအငွေ့ထွက်အောင် ထားပါတယ်။ စိတ်ထဲ ပိုမွှေးတယ်လို့ ထင်တယ်။ ပဲကို ပေါင်းအိုးခွက်နဲ့ ၂ခွက်ဆို အများကြီးရပါတယ်။
ပဲပြုတ်နေစဉ် ဇွန်းနဲ့ မမွှေနဲ့နော်။ ပဲကမကျက်ပဲ ဆတ်တောက်ကြီး ဖြစ်တတ်ပါတယ်။

မသိဘူး စားမယ်ဗျာ

ပဲပြုတ်ရောင်းပြီး တိုက်ဆောက်သွားသူတော့ကြားဖူးတယ် ။

လေယာဉ်ပျံနဲ့ရောင်းတဲ့သူတောင်ရှိတယ်လေ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64513.89
ETH 3155.04
USDT 1.00
SBD 4.00