နယ်မြေချဲ့ထွင်ခြင်း သို့မဟုတ် ကျွန်ပြုခြင်း

in #myanmar6 years ago

image
ယနေ့ခေတ်သည် ယခင်ကလို အင်ပါယာတိုးချဲ့ရန်အတွက် လှံ၊ ဓား၊ သေနတ်တို့ အသုံးပြုကာ စစ်တိုက်ရ သည့်ခေတ်မဟုတ်ဘဲ ပြည်ပဈေးကွက် စွန့်စားမှုနှင့် အရင်းအမြစ်များထုတ်ဖော်မှုသည်သာ ၂၁ ရာစု၏ နယ်မြေချဲ့ ထွင်မှုဟု ကြွေးကြော်ထားသည့် “ကမ္ဘာ့စီမံခန့်ခွဲမှု” သည် စစ်ပွဲအစား အေးချမ်းမှု၊ အဓမ္မလုယူမှုအစား နှစ်ဦးနှစ် ဖက် အပြန်အလှန် အကျိုးရှိမည့် လမ်းစဉ်ကိုကျင့်သုံးလာကြပါသည်ဟုမည်သို့ပင်ဆိုစေကာမူ နည်းပညာသာသူက နည်းပညာမရှိသူကို တစ်ဖက်လှည့်နှင့်ကျွန်ပြုထားသည်ဟုသာဆိုချင်ပါသည်။

နိုင်ငံများ နယ်မြေချဲ့ထွင်ခြင်း သို့မဟုတ် ကျွန်ပြုခြင်းကိုဘယ်အချိန်တွင် ပြုလုပ်လိုပါသနည်းစဉ်းကြည့်လျှင် သူများနိုင်ငံမှ ကုန်ကြမ်းများဈေးသက်သက်သာသာဖြင့်ရယူနိုင်ရေး၊ မိမိကုန်ပစ္စည်းများကို အရည်အသွေးမြှင့် တင်၍ ဈေးကောင်းကောင်းဖြင့် ရောင်းချလိုခြင်းပင်ဖြစ်ကြောင်းတွက်ဆ၍ ရနိုင်ပါသည်။ ဤကိစ္စသည် ရန်လို တိုက်ခိုက်သိမ်းပိုက်ထားစရာမလိုပဲ ရယူနိုင်သော ကိစ္စမျိုးဖြစ်ကြောင်း ကမ္ဘာကြီးကနားလည်သွားခြင်းဖြစ်ပါသည်။

ဤသည်ကိုပင်လျှင် “ကမ္ဘာ့စီမံခန့်ခွဲမှု” ဟုဆိုလိုခြင်းဖြစ်သည်။ နိုင်ငံခေါင်းဆောင်ဆိုသူများသည် မိမိ မိသားစု၊ မိမိလုပ်ငန်းခွင်ကိုပင်ကောင်းစွာစီမံခန့်ခွဲနိုင်ခြင်းမရှိသူတို့က စီမံခန့်ခွဲနေ၍မဖြစ်ပါ။ နည်းပညာအားသာ သည့်နိုင်ငံများမှ နည်းပညာများစုတ်ယူရန်၊ မိမိထက်နည်းပညာအားသူများထံမှ ကုန်ကြမ်းများရယူရန် (ကိုယ့်ထက် နည်းပညာအားနည်းသူတော့ရှိတော့မယ်မထင်ပါဘူး) မိမိတို့တွင်ရှိသော သစ်၊ကျောက်မျက်၊တွင်းထွက်ရွှေကြေးနီ နှင့် ရေနံသဘာဝဓာတ်ငွေ့များအား စီမံခန့်ခွဲနိုင်ရမည်ဖြစ်ပါသည်။ ကုန်ချောပစ္စည်းများထုတ်လုပ်နိုင်ရန် လျှို့ဝှက် နည်းဗျူဟာများပင်လျှင်ချမှတ်ထားနိုင်ရပါမည်။

အကျိုးတူပူးပေါင်းလုပ်ဆောင်သည်ဆိုသည့် ရေနံနှင့်သဘယဝဓာတ်ငွေ့တူးဖေါ်ရှာဖွေခြင်း၊ ကျောက်မျက် တူးဖော်ခြင်း၊ ကြေးနီတူးဖော်ခြင်းလုပ်ငန်းများကိုသေချာစွာလေ့လာလျှင်အကျိုးတူဆိုသည့်စကားမမှန်ကန်ကြောင်း တွေ့နိုင်သည် ။ညီမျှမှတူသည်ဆိုသောစကားသုံးနှုန်းသင့်သည်မဟုတ်ပါလား။ မိမိတို့က ၁၉%သာရသော ကမ်း လွန်ရေနံသဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများတွင် မိမိဝန်ထမ်းများကို အရေးပါသောနေရာများတွင်ဝင်ရောက် ခွင့်ပင်မရအောင်ကန့်သတ်ထားခံရသည်။ သဘောတူစာချုပ်များတွင် နည်းပညာရအောင်ထည့်သွင်းမချုပ်ဆိုနိုင်ခဲ့ တာလား။ကျောက်မျက်တူးဖော်ခြင်းအကျိုးတူလုပ်ငန်းများတွင်လည်း ဒေသခံလူများကို အလုပ်မခန့်ပဲ သူတို့လူနှင့် သူတို့သာလျှင် မြင်မားသော သွပ်ပြားရှည်ကြီးများကာရံ၍ လုပ်ချင်လိုလုပ် တူးချင်သလိုတူးခဲ့ကြသဖြင့် မိမိတို့သယံ ဇာတများ များစွာအလဟသဆုံးရှုံးခဲ့ကြရပါသည်။

အထက်ပါတင်ပြချက်များသည် စီမံခန့်ခွဲမှုအားနည်းချက်များစွာ၏ အကျိုးသက်ရောက်မှုများဖြစ်ကြောင်း နားလည်နိုင်လိမ့်မည်ထင်ပါသည်။ ဆရာမြို့မငြိမ်း၏ ကမ္ဘာကြည့်ကြည့်မြင်ဆိုသည် ကိုယခုအချိန်အထိနားမလည် နိုင်ကြသေးတာလည်းဖြစ်နိုင်ပါသည်။

မင်းစိုးနိုင်

MSC-010

Photo – Google

Sort:  

နိုင်ငံခြား ရင်းနှီးမြုပ်နံ့မှု ဆိုတာနဲ့ မြန်မာတွေ ခံရတော့မှာ သိနေပါပြီ ဦးမင်းရေ ပညာမတတ် စာမဖတ်ကြတာကိုး

FDI ကလိုတယ်လေ ၊ဒါကိုထိန်းကျောင်းဖို့သာ infrastructure တွေLaw တွေလိုတာ

ခေတ်မှီမှီ ကမ္ဘာကြည့်မြင်ပြီး
အကျိုးတူ ၅၀%ရရှိပါစေ

အဲဒီသီချင်းလေး ဆရာချစ်ဦးညိုဆိုပြနေကျလေ

ကျနော်တို့နိုင်ငံကို ဘူ ကျွန်ပြု

ဂလောက်တော့သိမယ်ထင်ပါတယ်

မတတ်‌‌တော့်‌ခံ အ ‌တော့ ခံ‌ပေါ့ ဦးမင်းရယ်‌။

မခံပါဘူးကြိုးစားရမှာပေါ့

နည်းပညာ၊စီမံခန့်​ခွဲမှုအားနည်းရင်​​တော့အရာရာ​နောက်​ကျ....

စီမံခန့်ခွဲမှုကကျယ်ပြန့်လာပြီ

အဲ့ဒါကြောင့်လည်းကုန်သွယ်ရေးစစ်ပွဲတွေ
ဖြစ်ကုန်ရတာ

သေနတ်မပါတဲ့စစ်ပွဲတွေပေါ့

တရုတ်ကြီးကတော့ စီးပွားရေး နည်းပညာ တွေနှင့် မြန်မာကို ကျွန်ပြု နယ်မြေသိမ်းနေပါတယ်လေ

သူကနည်းပညာကိုသည်းကြီးမဲကြီးလိုက်ပြီး သယံဇတကုန်ကြမ်းအသားကုန်ရှာနေတာလေ ၊

ရသ ပေါင်းစုံ ခံစားလိုက်ရတယ်ဗျာ ဆောင်းပါးလေးက ကောင်းလိုက်တာ

ဒီလိုဆိုတော့ကျေးဇူးပါ

ကျွန်​​တော်​တို့နိုင်​ငံလည်း အခံဖက်​ကချည်း😢

ကမ္ဘာကိုစီမံနိုင်တဲ့ဥာဏ်မျိုးရှိမှ ကမ္ဘာကိုအမှီလိုက်နိုင်မယ်လေ

မြန်မာကတော့ ဟိုလူက ကျွန်ပြု ဒီလူက ကျွန်ပြုနဲ့
ရင်နာစရာကောင်းလှပါသည်

ပညာမတတ်တော့လည်း

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 57111.61
ETH 2875.04
USDT 1.00
SBD 3.69