နာကျင်မှုတွေဟာ စွမ်းအားဖြစ်တယ်

in #myanmar6 years ago

forsteemit.jpg
နာကျင်မှုတွေဟာ စွမ်းအားဖြစ်တယ်
၁၉၅၀ ခုနှစ်လောက်မှာ ပိုလန်စိတ္တဗေဒပညာရှင် ကာဇီမီရက်ဖ် ဒါဘရိုစကီဟာ ဒုတိယကမ္ဘာစစ်အပြီး အသက်ရှင်ကန်ရစ်သူတွေ စစ်ပွဲရဲ့အနိဓာရုံတွေကို ဘယ်လိုများဖြတ်သန်းခဲ့တာလည်းဆိုတာကို လေ့လာတယ်။ ပိုလန် နိုင်ငံမှာ အတော်ကိုဆိုးရွားခဲ့တာပါ။ နာဇီစစ်တပ်ရဲ့ ဒဏ်ကို ရက်ရက်စက်စက်ခံစားခဲ့ရပါတယ်။ ဒီလူတွေဟာ စစ်အတွင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ၊မြို့တွေပြာကျသွားအောင် ဗုံးကြဲခံရတာတွေ၊ စစ်သုံးပမ်းတွေ ကိုညှဉ်းပမ်းမှုတွေ ၊ မိသားစုဝင်တွေကိုမုဒိန်းကျင့်ခံရတာတွေ၊ အသတ်ခံရတာတွေကို အနီးကပ်တွေ့ကြုံခံစားခဲ့ကြရပါတယ်။
ဒါဘရိုစကီရဲ့ လေ့လာတွေ့ရှိချက်တွေက အံ့အားသင့်စရာပါ။ လေ့လာခဲ့တဲ့ စစ်ဘေးဒုက္ခသည်တော်တော်များများက ပြောတယ်။စစ်အတွင်း အတွေ့အကြုံတွေဟာ အင်မတန်ဆိုးရွားပါတယ် ဒါပေမယ့် ဒီအတွေ့အကြုံတွေကြောင့် စစ်ကြီးပြီးသွားတဲ့အခါ သူတို့ဟာ ပိုပြီးတာဝန်သိတတ်တဲ့ လူတွေဖြစ်လာတယ်တဲ့ ပိုပြီးပျှော်ရွှင်တဲ့သူတွေလည်းဖြစ်လာကြ တယ်တဲ့ ။စစ်မဖြစ်ခင်က သူတို့မှာရှိခဲ့တဲ့ ပျင်းရိမှုတွေ၊ ကျေးဇူးမသိတတ်ခြင်းတွေ၊ ပြဿနာသေးသေးလေးတွေနဲ့ အချိန် ကုန်ခဲ့တာတွေ ၊ ဒီလိုစိတ်ဓာတ်တွေတော်တော်များများဟာ စစ်ကြီးအပြီးမှာ သူတို့ဆီမှာမရှိတော့ဘူးတဲ့ ။စစ်အပြီးမှာ ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်လာတယ်။ဘဝရဲ့ပြဿနာအသေးအဖွဲ့ကလေးတွေကို အဖက်မလုပ်ပဲနေတတ်လာကြတယ်တဲ့။
သူတို့ရဲ့စစ်ဘေးအတွေ့အကြုံက ဘယ်လောက်ဆိုးရွားတယ်ဆိုတာ ပြောပြစရာတောင်မလိုပါဘူး။စိတ်ဒါဏ်ရာတွေ နဲ့ စိတ်ထောင်းကိုယ်ကြေဖြစ်နေသူတွေလည်းရှိပါတယ်။ဒါပေမယ့်သူတို့ထဲက တစ်ချို့ဟာ ဒီဒဏ်ရာတွေကို ခွန်အားအဖြစ် အသုံးပြုနိုင်ခဲ့တာတွေ့ရပါတယ်။
ဒီအတွေ့အကြုံမျိုးဟာတကယ်တော့ ကျွန်တော်တို့မြန်မာမှာလည်းရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း၊ ဂျပန်ခေတ်ရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို မြန်မာတွေခံခဲ့ရဖူးပါတယ်။ ချွေးတပ်ဆွဲခံရတာတွေ၊မြန်မာမိန်းကလေးတွေကို ဂျပန်တွေက အတင်းအဓမ္မ မုဒိန်းကျင့်ခံရတာတွေ၊ သူတို့ကိုဖီဆန်တဲ့သူတွေကို နှိပ်စက်ညှဉ်းပမ်းခဲ့တာတွေ လက်သည်းခွံခွာတာတွေ၊ ရေနွေးပူနဲ့အလောင်းခံရတာတွေ အများကြီးပါ။ ဘာ့ကြောင့်မြန်မာလူမျိုးတွေဟာ ရင့်ကျက်မသွားတာလည်း ၊ ခွန်အား တွေဖြစ်မလာတာလည်း။
ဒါဘရိုစကီပြောသေးတယ်။ ကြောက်စိတ်စိုးရိမ်စိတ်တွေဟာ အကျိုးမဲ့အရာတွေမဟုတ်ဘူး။ဒီစိတ်တွေဟာ စိတ်ပိုင်း ဆိုင်ရာ ကြံခိုင်ဖို့အတွက် လိုအပ်တဲ့ နာကျင်မှုတွေဖြစ်တယ်။ ဒီနာကျင်မှုတွေဆီကနေထွက်ပြေးတာဟာ ကြီးထွားမှုကိုသတ် လိုက်တာပဲ။ အရိုးတွေသန်မာဖို့၊ ဗလပိုတောင့်ဖို့ အနာခံပြီးလေ့ကျင့်ခန်းလုပ်ရသလိုပဲလေ။ ပိုပြီးကြံခိုင်တဲ့ စိတ်ဓာတ်ကိုရဖို့နဲ့ ပိုပြီးကိုယ်ချင်းစာတတ်ဖို့ဆိုတာ စိတ်ဒါဏ်ရာတွေရဲ့နာကျမှုကိုတော့လက်ခံမှရမယ် တဲ့။ဆိုတော့ ကျွန်တော်တို့တွေ ဒီနာကျင်မှုတွေဆီကနေထွက်ပြေးခဲ့ပါသလား။
ကျွန်တော်မှန်းဆကြည့်မိသလောက် အဲဒီခေတ်က အဲဒီနာကျင်မှုတွေကို ခွန်အားအဖြစ်ပြောင်းနိုင်ခဲ့တဲ့သူတွေရှိခဲ့ ကြပါတယ်။ သခင်ဗဟိန်း၊ သခင်အောင်ဆန်း၊ ရဲဘော်သုံးကျိတ်အစရှိသူတွေဟာ နာကျင်မှုတွေကနေ ခွန်အားဖြစ်နေခဲ့ သူတွေပါ။ နာကျင်မှုကနေခွန်အားဖြစ်လာစရာမရှိတဲ့ ၊ဘယ်ခေတ်ရောက်ရောက် အုပ်ချုပ်သူကိုဖော်လံဖားစားမယ့် ဦးစောက အာဇာနည်ခေါင်းဆောင်ကိုးဦးကို သတ်ပစ်ခဲ့ပါတယ်။ နောက်တစ်ခုက ရဲဘော်သုံးကျိတ်အဖွဲ့ဝင်ဖြစ်သော်လည်း ဦးနေဝင်းဟာ ခံစားချက်နဲ့ ရဲဘော်သုံးကျိတ်ဝင်ဖြစ်ခဲ့တာမဟုတ်ပါဘူး။သူ့ဦးလေးက အတင်းထည့်လွှတ်လိုက်လို့ ပါသွားခဲ့ရ တာပါ။
ဒီအချက်တွေကို သေသေချာချာ သုံးသပ်ကြည့်တဲ့အခါ ဦးနေဝင်းပထမအုပ်ချုပ်ခဲ့တဲ့ (၂၅)နှစ်၊အပြင်ခုအချိန်အထိ အုပ်ချုပ်နေသူများဟာ ပြင်းထန်တဲ့ဒုက္ခတွေကို နဖူးတွေ့ဒူးတွေ့ မခံစားကြရပါဘူး။နောက်တစ်ချက်ကတော့ ဒုက္ခတွေကို ဖြေသိမ့်နိုင်တဲ့ ဘာသာတရားပါ။ ဘယ်သူ့အပြစ်မှမဟုတ်ဘူး၊ ကိုယ်နောင်ဘဝကပြုလုပ်ခဲ့တဲ့ကံတွေကြောင့်ဖြစ်တာဆိုတဲ့ အယူအဆကြောင့် ခါးသီးတဲ့ခံစားချက်တွေဟာ ခွန်အားအဖြစ်ပြောင်းမလာတော့ပဲ။ သည်းခံစိတ်အဖြစ်နဲ့ ရပ်သွားပါ တော့ တယ်။
အထက်ပါယူဆချက်များသည် ကျွန်တော်တစ်ဦးတည်း၏ ထင်မြင်ယူဆချက်များဖြစ်ပါသည်။ သဘောတူလို့ ရသကဲ့သို့ သဘောမတူလို့လည်းရပါသည်။ အငြင်းပွားခြင်း၊ဝေဖန်ဆန်းစစ်ခြင်း၊အကြံပြုခြင်း၊ ထောက်ခံခြင်း၊ မထောက် ခံခြင်းတို့သည် ဒီမိုကရေစီ၏သဘောသာဖြစ်ပါလေသည်။
မင်းစိုးနိုင်
MSC-010
Photo -Google

Sort:  

အမြင်သစ် တစ်မျိုးပေါ့ ဗျာ

အတွေးအမြင်သစ်မဟုတ်ပါဘူး၊သူများတွေလွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်ကသိခဲ့တဲ့အသိကို ကျွန်တော်ကခုမှမြင်ရုံလေးပါ

နိုင်ငံရေးတွေတော့ သိပ်မသိဘူး😁
များများရေးပေးပါ ဆရာ😃

မှန်သည်မှားသည်အပထားလို့အတွေအမြင်အဆန်းလေးတွေမို့ debate လုပ်ချင်တဲ့သဘောပါ

ဆိုးရွားတဲ့အ​တွေ့အကြုံက​နေယူတတ်​ရင်​ခွန်​အားရ​စေသလို​ပေါ့...​ကောင်း​သောပိုစ့်​ပါ...

ဖိနှိပ်မှုတွေဟာ တွန်းကန်ဖို့အတွက်အားပဲပေါ့နော၊commpressor ကြည့်

အခုအထိ ပြည်တွင်းစစ်တွေကတော့ ရှိနေဆဲပါဘဲ စစ်ဒဏ်ကို အနည်းနဲ့ အများတော့ ဒေသခံတွေအနေနဲ့ ခံစားကျရပါတယ်

ကျွန်တော်လည်စဉ်းစားမိတယ်၊သူတို့တွေထဲမှာ ထူးချွန်သူတွေထွက်လာနိုင်မလား၊မနှစ်ကတော့ စစ်ဘေးရှောင်ထဲက မိန်းကလေးတစ်ယောက် ၆ ဘာသာဂုဏ်ထူးထွက်သေးတယ်

သဘောမတူလို့လဲ ရတယ်ဆိုလို့ မတူလိုက်ဖူးနော် ။ သည်းခံနိုင်ရင် သည်းခံနိုင်သလောက် ပြသနာတွေ နည်းသွားပါတယ် ။ စိတ်ခွန်အားတွေ တိုးလာတယ်လို့ ထင်ပါတယ် ။ သည်းမခံနိုင်ဘဲ ညည်းတွားပြီး ဝေသနာကို ပျောက်ကင်းလိုခြင်း သက်သာရာ ဖြစ်သလိုနေထိုင်ခြင်းကြောင့် ဆိုးတယ်ထင်ပါတယ် ။ ဦးမင်းပြောတဲ့ ထူးချွှန်သူတွေက စစ်ရဲ့ ဒဏ်ကို သည်းခံနိုင်လို့ နာကျင်ပြီး မကျန်ခဲ့တာဖြစ်မယ် ။

ဒါလည်းဖြစ်နိုင်တာပဲ အဲလိုကိုယ့်အမြင်ကိုပြောတာကိုသဘောကျတယ်။ steemit မှာတစ်ချို့စိတ်ပျက်စရာတွေကိုကောင်းပါတယ်ပြောနေရတာစိတ်ကုန်လို့။တစ်ခုတော့ရှိတာပေါ့၊အဲဒီသည်းခံစိတ်ကို တကယ်ပဲခွန်အားအဖြစ်အသုံးချသလား။ဆိုတာတော့ မသိနိုင်ဘူးပေါ့၊ ဥပမာ ဒါကငါပြုခဲ့တဲ့ကတွေပဲ ငါဘာသာခံရတာ ဘယ်သူ့အပြစ်မှမဟုတ်ဘူး၊ ဆိုပြီးဘုန်း ကြီးဝတ်သွားတယ်ဆိုပါစို့ သာသနာအတွက်တေည့ ခွန်အားပေါ့ ၊တိုင်းပြည်အတွက်တော့ အားတစ်ခုလျော့သွားမှာပေါ့ ဟုတ်တယ်နော်၊ဒါကြောင့် ဘုရားကတောင် သင်္ဃန်းဝတ်မယ့်သာသနာ့ဘောင်ဝင်မယ်ပုဂ္ဂိုလ်များကို မင်းခစားအဖြစ်ကကင်းလွတ်ရဲ့လားလို့မေးရတယ်

ဒီခေတ်ကြီးထဲ လူလာဖြစ်ရတာကိုက ကိုယ်မကောင်းခဲ့လို့ပဲမှတ်ပါတယ်

Commpress လုပ်လိုက်တာကို အားဖြစ်မလာတာက အဲဒီလေချူပေါက်လေးကြောင့်ပေါ့

နာကျင်​မှု​တွေကို ခွန်​အားအဖြစ်​​ပြောင်းနိုင်​တဲ့လူ​တွေကို ​လေးစားမိတယ်

ကျွန်တော်ငယ်ငယ်က အရမ်းနှိမ်တဲ့ဆရာသမားတစ်ဦးနဲ့နေခဲ့ရတယ်၊ တကယ်ဆို ခုလို ရာထူးအဆင်တစ်ခုအထိရောက်မလာနိုင်ဘူး၊ ဆယ်တန်းအောင်နဲ့အလုပ်ဝင်ခဲ့ရတာကိုး။ နှိမ်လွန်းလို့နောက်ဆုံးမှာ AGTI ပြန်ဖြေခဲ့ပြီး ကျောင်းပြီးသွားရတာ

နာကျင်မှု့တွေ,အနှိမ်ခံရတာတွေကို မခံချင်စိတ်ကြောင့် အောင်မြင်တိုးတက်သွားတဲ့ဖြစ်ရပ်တွေတော့ ကြားဖူးပါတယ်။ဒါပေမဲ့ အဲ့ဒီ့နာကျင်မှု့,မခံချင်ထားတာတွေ စိတ်ထဲမှာအရမ်းထားရင်လည်း စိတ်က ဘယ်အေးချမ်းပါ့မလဲနော်။

ဟုတ်တယ်အသုံးမချတတ်ပဲ ရန်လိုတဲ့ဘက်ပြောင်းသွားတာလည်ကြားဘူးတယ်၊

နောင်ကျရင် မျိုးဆက်တွေကောင်းအောင်ကြိုးစားရမှပေါ့ဗျာ

ကိုယ့်မဟုတ်တဲ့နောက်မျိုးဆက်အတွက်ကိုယ်ကစလို့ရုန်းနိုင်မှ

အခါးဆိုတာ စားဖူးမှ သိသလိုပေါ့ ကိုကြီးစိုးရာ။

ဒုက္ခဆိုတာခံဘူးမှဒီလိုပေါ့

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.035
BTC 66739.07
ETH 3228.97
USDT 1.00
SBD 4.23