မျိုးစေ့တွေကို လှောင်မထားနဲ့

in #myanmar4 years ago (edited)

8pfr5e.jpg

မျိုးစေ့တွေကိုလှောင်မထားနဲ့ချပြီးစိုက်ပျိုးသွားပါဆိုတဲ့အတွေးတစ်ခု ခေါင်းထဲဝင်လာတယ်။ ကျွန်တော်ပြောချင်တာက သစ်စေ့ကိုဆိုလိုတာမဟုတ်ပါဘူး။

ကျွန်တော်တို့တွေအတန်အသင့်အောင်မြင်လာကြတဲ့အခါ သားသမီး၊တူတူမ၊ ဆွေမျိုးညာတကာ၊ တပည့်သားမြီးတွေကို သင်ကြားပြသပြီး လုပ်ငန်းတွေထူးထောင်‌ေပးခြင်းဟာ မျိုးစေ့တွေကိုစ်ုက်ပျိုးတာပါပဲ။ ဒီလိုမလုပ်ပဲ မျိုးစေ့တွေကိုစားပစ်မယ်၊ သို့မဟုတ်လှောင်ထားမယ်ဆိုရင် အရေးကြုံရင်ထုတ်သုံးလို့ရတာမှန်ပေမယ့်။ ကြီးပွားတိုးတက်ဖို့တော့နောက်ကျသွားမှာဖြစ်ပါတယ်။ လူအများစုဟာ ကိုယ်ကျိုးစားလို့ အောင်မြင်လာတာမို့ သူများတွေလည်းကိုယ့်လိုအောင်မြင်ချက်ရင် ကြိုးစားကြလို့ပဲတွေးကြမြင်ကြတာပါ။ ကျွန်တော်လည်းဒီလိုပဲထင်ခဲ့တာပါ။ ဒါပေမယ့် လူတိုင်းဟာကြိုးစားပြီးမအောင်မြင်နိုင်ကြပါဘူး။ ဒါပေမယ့် ကိုယ်ကထူထောင်ပေးမယ် ကြပ်မတ်ပေးမယ်ဆိုရင်တော့ လုပ်ကိုင်နိုင်ကြတာတွေ့ဖူးကြမှာပါ။ ဒါကြောင့်မို့ကိုယ်ကအသင့်အတင့် အောင်မြင်လာလို့ ငွေကြေးလည်းအတန်အသင့်ရှိပြီး၊ လုပ်ငန်းလည်းကျွမ်းကျင်လာပြီဆိုရင် သားသမီး၊တူတူမ၊ ဆွေမျိုးညာတကာ၊ တပည့်သားမြီးတွေကို လုပ်ငန်းလေးတွေကိုယ်စီထူထောင်ပေးလိုက်ရင် ကိုယ်ကလည်း ကိုယ့်အောင်မြင်မှုအရှိန်အဝါနဲ့ပေါင်စပ်ပေးလိုက်ရင် သူတို့လေးတွေအသီးသီးအကျိုးအမြတ်ဖြစ်ထွန်းလာပြီဆိုတာနဲ့။ ကိုယ်ကလည်းထိပ်သီးဖြစ်လာမှာပါ။ ဒီကြားထဲမှာမယုံကြည်ရတာ၊ ခိုးဝှက်တာ၊ သစ္စာဖေါက်တာ၊ဆုံးရှုံးတာတွေရှိမှာဖြစ်ပေမယ့် ကိုယ့်ရဲ့ကြပ်မတ်မှုကောင်းရင်ကောင်းသလိုအကျိုးအမြတ်တွေကလည်းဆထက်ထမ်းပိုးရရှိလာနိုင်မှာဖြစ်တဲ့အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ နောက်ထပ်ခေါင်းဆောင်ကောင်းတွေမွေးထုတ်ပေးမှ အထွတ်အထိတ်ခေါင်းဆောင်တစ်‌ယောက်ဖြစ်လာမှာဖြစ်ပါတယ်။

Sort:  

မျိုးစေ့လေးတွေချပြီးစိုက်ပျိုးကြတာပေါ့

Hi, @minsoenaing!

You just got a 0.12% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

ဟုတ်ကဲ့ပါ

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.034
BTC 65107.30
ETH 3179.26
USDT 1.00
SBD 4.10