Myanmar Steemitနှင့်ခရီးရှည်ကြီး(Long journey with Myanmar Steemit)

in #myanmar6 years ago

image

ဤခရီးနီးသလား၊ မဝေးပါ (သို့သော်)နီးလည်းမနီးပါ။ မဝေးပါဆိုသည်မှာ သုံးလေးနှစ်ဆိုသော ကာလ သည် ဖင်လှည့်ခေါင်းလှည့်နှင့် ရောက်သွားနိုင်သောကာလကလေးပါ။ နီးလည်းမနီးပါဆိုသည်ကား ထိုသုံးလေးနှစ်အတွင်း မြန်မာလူငယ်များ Steemit တွင် ကြိုးစားပမ်းစား အားထုတ်ရေးသားကြပြီး SBD ခေါ် Steem dollar ကလေးများတစ်ဖွဲဖွဲထုတ်ရောင်းစားပြစ် လိုက်ကြလျှင်ဖြင့် ရွှေဥဥပေးသော ငန်းကြီးကို တစ်ရက်ထဲဖြင့် ဝမ်းဗိုက်ထဲကရွှေတွေထုတ်ယူရန်သတ်ဖြတ်ပြီးရွှေရှာသကဲ့သို့ ရွှေဥမရဘဲ၊ ငန်းကြီးသာ သေရမည့်ကိန်းစိုက်သွားပါလျှင် ခရီးကဝေးလေပြီ။Steem dollar ဈေး၊ Bitcoin ဈေးစသည့် crytocurrency ဈေးနှုန်းများသည် အတက်အကျအပြောင်းအလဲမြန်ဆန်လှပါသည်။ SBD ဈေးတွေတက်လာလိုက် အားကြိုးမာန်တက် ရေးကြသားကြ ပို့စ်တွေတင်ကြပြီး၊ Steem dollar ဈေးကကျခြင်း Promotion ကမရတော့ခြင်းတို့ဖြစ်လာသည့်အခါ Steemit ကိုပစ်ခွာသွားလိုက်ကြနှင့် ဆိုပါလျှင်လည်း ဤခရီးဝေးပေဦးမည်။

တကယ်တော့ Steemit တွင် မိမိဝါသနာအလိုက်၊ အတွေးအမြင်၊ အသိပညာ၊ ဗဟုသုတများကို ပို့စ် တင်၍ Steem dollar များရယူနေရုံသက်သက်မျှသည် MSC ၏ သဘောထားမဟုတ်ပါ။ မိမိတို့ခေါင်း ဆောင် ကိုဟင်နရီအောင်သည် MSC မပါပဲ တစ်ဦးတည်းရပ်တည်၍ နိုင်ငံခြားသားအသိမိတ်ဆွေ များ ဖြင့် Steemit တွင်ရပ်တည်နိုင်သူတစ်ယောက်ဖြစ်ပါသည်။ သို့သော် အဘယ့်ကြောင့် MSC Teem ကိုဖွဲ့၍ မြန်မာလူငယ်များကို Steemit platform ပေါ်သို့ဆွဲတင်နေဘိသနည်း။ စဉ်းစားကြည့်လျှင် အနာဂါတ်၏ အကျိုးစီးပွားတစ်ခုသည် မြန်မာလူငယ်များထံရောက်ရှိလာနိုင်မှန်းသိလျက် မျက်ကွယ်ပြု ကာ မိမိတစ်ဦးတည်း အကျိုးမရှာလိုပဲ အစစအရာရာနောက်ကျကျန်ရစ်ခဲ့သော မြန်မာလူငယ်များကို ကမ္ဘာ့အဝန်း အဝိုင်းတစ်ခုအတွင်းသို့ ရင်ဘောင်တန်းရောက်ရှိသွားစေလိုသော စေတနာ၏ တွန်းအား ကြောင့်သာလျှင် ဤ Steemit platform ပေါ်သို့ဆွဲတင်နေကြောင်းထင်ရှားပါသည်။

ပေးသူကပေး၍ ယူသူကယူနေကြသည်မှန်သော်လည်း ကျွန်ုပ်တို့လည်းပေးသူဘဝမျိုး ဘာကြောင့်မ ဖြစ်ချင်ရသနည်း။အမြဲလက်ဖြန့်တောင်းခံတတ်သောဘဝမှ မိမိကလည်းပေးရသည့်ဘဝသည် အဘယ် မျှအဓိပ္ပါယ်ရှိပြီး လောကကိုတိုးတက် မြင့်မားစေနိုင်ပါသလဲ သိရှိနားလည်လာကြစေလိုသည်။

ကျွန်တော်သည် Steemit တွင်ပထမဦးစွာ ပို့စ်များတင်နေစဉ်က မိမိ၏ English စာမကောင်းသဖြင့် ပို့စ်များကို English လို မတင်နိုင်၍ အလွန်စိတ်ပျက်ခဲ့ဖူးပါသည်။ နောက်ပိုင်းတွင် English လိုကောင်း ကောင်းတင်နေကြသည့် တရုတ်နှင့် အိန္ဒိယ မှသူငယ်ချင်းများသည် မိမိတို့လောက်ပင် Reputation မတက်ခြင်း၊ Steem Power, Steem dollar မရခြင်းစသည် တို့ကိုတွေ့မြင်လာရသောအခါ English စာသည်အဓိကမဟုတ်ဘဲ။ အုပ်စုလိုက်စည်းလုံးညီညွတ်မှုကသာ အဓိကကျကြောင်းသိမြင်လာပါ သည်။

MSC ကို ပြိုကွဲပျက်စီးသွားမည်စိုးရိမ်ကြသဖြင့် Admin များနှင့် ခေါင်းဆောင် Hinaryaung တို့သည် နည်းမျိုးစုံဖြင့် အက်ကြောင်းဟူသမျှကို ပိတ်ဆို့ဖာထေးနေကြသည်။ Copy ကူးသမားများကို Copy မကူးအောင်၊ Vote , Comment မပေးချင်သူများကို Vote, Comment ပေးချင်အောင် ၊ စာရှည် ရှည် မဖတ်ချင်သူများကို စာရှည်ရှည်ဖတ်ချင်အောင် နည်းမျိုးစုံသုံး၍ စည်းကမ်းချက်များထုတ်ပြန်ကာ အပင်ပမ်းဆင်းရဲခံ၊ ဦးနှောက်အစားခံကာ ကြံကြဖန်ကြ ကြံ့ကြံ့ခံကြိုး စားကြသည်။သို့သော် ထိုသူတို့၏ ရည်မှန်းချက်ကို သဘောပေါက်နားလည်ကြသူက လူနည်းစုမျှသာရှိသေးပြီး အများစုက ရေတိုအကျိုး စီးပွားကိုသာသိမြင်ကြပြီး အချို့က ကလော်တုတ်၍ ဆဲကာထွက်သွားကြသေးသည်။ပေကပ်နေပြီး ပို့စ် တွေ မှန်မှန်တင်နေသူတစ်ချို့ကလည်း မိမိပို့စ်ကို Vote, Comment လာပေးတာကို ထိုင်စောင့်နေ ကြပြီး သူများကို အလုပ်တစ်ခုသဖွယ်၊ တာဝန်တစ်ရပ်သဖွယ်၊ သွားရောက်ဖတ်ရှုကြပြီး Vote, Comment ပေးရကောင်းမှန်းမသိကြပါ။ အမှန်တော့ Vote, Comment ပေးတာကလည်း Reward များပြန်လည်ရရှိကြသည်သာဖြစ်ပါသည်။

တစ်ခုတော့ရှိသည် ပို့စ်များကို မှန်မှန်ကလေး တင်ပြီးနေကြသော်လည်း သူများလာဖတ်ချင်အောင် စေတနာပါပါဖြင့် မရေးသားပဲ၊ ပို့စ်မှာစာပါပြီးတာပဲဆိုသည့်ပုံဖြင့် တိုနှံ့နှံ့ဖြစ်ကတတ်ဆန်းရေးသား ထား ကြသူများလည်းရှိပါသည်။ ကျွန်တော်တို့နားလည်ထားသင့်သည်မှာ တစ်နေ့တွင် Curie ၏ အထောက်အပံ့မရရှိတော့ခြင်း၊ မြန်မာလူငယ်များ Steemit platform တွင်မိမိဘာသာရပ်တည် လာနိုင်ခြင်းစသော အခြေအနေတစ်ရပ်တွင် MSC သည် ထိန်းကျောင်းမှုကို စွန့်လွှတ်လာ နိုင်ပါသည်။ ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွားအငှါးကျောင်းနေသော အခြေအနေမှ လက်လွှတ်လိုက်သောအခါ စေတနာပါပါဖြင့် ရေးသားနေသူတို့၏ပို့စ်များသည် အများစုဝင်ရောက်ဖတ်ရှုလိုကြသည့်အတွက် ဆက် လက်ရပ်တည်ရန်ခက်ခဲမည် မဟုတ်သော်လည်း ၊ စေတနာနည်းပါးသူတို့၏ ပို့စ်များကို ဝင်ရောက် ကြည့်ရှု Vote, Comment ပေးသူတို့ ရှားပါးသွား ပါလိမ့်မည်။

ကျွန်တော်တို့ငယ်စဉ်က မဂ္ဂဇင်းများရှိပြီး အဆိုပါမဂ္ဂဇင်းများတွင် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ကတွန်း စသည်ဖြင့်ဖတ်ရှုကြရသည်။ မိမိတို့ကိုယ်တိုင်ဝါသနာအရ ရေးသားလိုလျှင်လည်း မဂ္ဂဇင်းတိုက်များသို့ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ၊ ကဗျာ၊ ဆောင်းပါး၊ ကတွန်းများပေးပို့ ကြရသည်။ ဤနည်းဖြင့် ကလောင်သွေး ခွင့်ရရှိကြပြီး စာရေးဆရာတွေ ဖြစ်လာကြသူအများအပြားရှိသည်။ ယခုအခါ ဝတ္ထုတို၊ ဝတ္ထုရှည် များကို ရေးသားရန်နေရာရှာမတွေ့တော့ပါ။ ကံအားလျော်စွာဖြင့် Steemit platform သည် ဝတ္ထုတို၊ ဝတ္ထုရှည်များကိုရေးသားပြီး ကလောင်သွေးရန် အခွင့်အလမ်းတစ်ရပ်ဖြစ်လာပါသည်။ ဤသည်ကိုသိ မြင်သဖြင့် Twingyimaung, KC Myanmar စသော စာရေးဆရာများလည်း Steemit platform သို့ တဖြည်းဖြည်းဝင် ရောက်လာကြသည်ကို တွေ့မြင်နိုင်ပါသည်။ မြန်မာလူငယ်များအားအထူး သဖြင့် တင်ပြလိုသည်မှာ Steemit platform အား သာမန်အင်တာနက်မှငွေရှာ Site များကဲ့သို့ ပေါ့ပေါ့ တန် တန်သဘောမထားကြပဲ။ မိမိအတွက်လည်းကောင်း ၊ မိမိတို့မြန်မာလူမျိုးတို့အတွက်လည်းကောင်း စေတနာထားကာ အားထုတ်ဆောင်ရွက်လျှင် သူတပါးအကျိုးဆောင် ကိုယ်ကျိုးအောင် ဆိုသကဲ့သို့ မိမိတို့အနာဂါတ်တွင် ဒေါ်လာငွေများစွာကိုအလွယ်တကူရှာဖွေနိုင်သည့် လူငယ်အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာ ပေလိမ့်မည်။

အထက်ဖေါ်ပြပါအကြောင်းအရာများနှင့်တူညီသော ဆင်တူသောအကြောင်းအရာများအား မိမိတို့ ခေါင်းဆောင်မှလည်းကောင်း၊ ဆရာတင်လှိုင်ဦးမှလည်းကောင်း၊ အခြားသော MSC Admin များမှလည်းကောင်း တင်ပြမှုများရှိခဲ့သည့်တိုင် အောက်ဖေါ်ပြပါအကြောင်းတရားများဖြင့် ဦးတည်ချက် ကို ဖျက်စီးမိနေကြဆဲဖြစ်နေပါသည်။

(၁) MSC ၏အနာဂါတ်မျှော်လင့်ချက်၊ ရည်မှန်းချက်ကိုမသိနားမလည်ခြင်း။

(၂) သိနားလည်စေရန် ရေးသားဖေါ်ပြသော စာများကိုလည်း သဘောပေါက်သည် အထိမဖတ်ကြ ခြင်း။

(၃) အချိန်မပေးနိုင်ခြင်း။မအားခြင်း

(၄) အင်တာနက်လိုင်းမကောင်းခြင်း။တစ်ခါတစ်ရံ Vote ,Comment ပေး၍မရနိုင်အောင်ဆိုးရွား ခြင်း။

(၅) လုပ်ငန်းတစ်ခုသဖွယ်သဘောမထားနိုင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။

(၆) အမှန်တကယ်စာမရေးတတ်ခြင်း ။

စသောအကြောင်းတရားများစွာကြောင့် MSC ၏ဦးတည်ချက်ကို ပျောက်ဆုံးစေပါသည်။ MSC ၏ အနာဂါတ်ဦးတည်ချက်ကို ကောင်းစွာနားလည်ထားသူ ဆရာတင်လှိုင်ဦးဆိုလျှင် စာမရေးတတ်သူများ ကိုရေးတတ်စေရန် စာရေးသားနည်းမျိုးစုံကို သင်ကြားပေးလျက်ရှိပါသည်။ ထို့အပြင် ဆရာတင် လှိုင်ဦးက နေ့စဉှ်Steem stets အစီရင်ခံစာရေးသားပြီး Steemit တွင် နေ့စဉ်တင်နေကြသည့် ဆောင်းပါးအရေအတွက်၊ နေ့စဉ်ပေးသည့် Upvote အရေအတွက်၊ နေံစဉ်လှုပ်ရှားသုံးစွဲနေကြ သူများ အရေအတွက်၊ ဆောင်းပါး + မှတ်ချက်များ၏နှုန်းထား၊ အသစ်တိုးလာသူ သုံးစွဲသူလူသစ်များ Steem သို ကူး ပြောင်းသော SBD ၏ နေ့စဉ်ပမာဏ၊ နေ့စဉ် Steem Power တိုးခြင်း/လျော့ခြင်းပမာဏ မနေ့က Power up အကြီး ဆုံးလုပ်သူများ၊ နေ့စဉ် Steem လွှဲပြောင်းဖလှယ်မှုအခြေအနေ၊ ယမန် နေ့ကအကြီးဆုံးလွှဲပြောင်းမှုအခြေအနေ၊ ယနေ့အ ချိန်အထိ Steem ဈေးနှုန်းစသည်ဖြင့် ရှာဖွေရေး သားပေးနေခြင်းသည် အလကားမူးတင်း SBD ရပြီးရောရေးသားပေး နေခြင်းမဟုတ်ပါ။ Steemit.com ၏ အနာဂါတ်အလားအလာကို ကိုယ်တိုင်မြင်တွေ့ သုံးသပ်နိုင်စေရန်ဖြစ်ရာ သုံးတတ် လျှင်အလွန် အကျိုးများသော ပို့စ်များဖြစ်ပေသည်။

နိဂုံးအားဖြင့်တင်ပြလိုသည်မှာ MSC member များအနေဖြင့် မအားလပ်ခြင်း၊ Internet လိုင်း မကောင်းခြင်းများကြားမှ မိမိ ပို့စ်များရေးသား၍ Vote Link တွင်ချထားပြီး တပါးသူတို့ကို ကြည့် စေချင်၊ Vote လုပ်ပေးကြစေခြင်းနည်းတူ အခြားသူများကိုလည်း အပြန်အလှန် Comment ရေး Vote လုပ်ပေးခြင်းဖြင့် MSC ၏ ရည်မှန်းချက်ပန်းတိုင်သို့ အတူတကွ စည်းလုံးညီညွတ်စွာဖြင့် လျှောက်လှမ်း ကြပါစို့ဟု တောင်းဆိုတင်ပြလိုက်ပါသည်။

မင်းစိုးနိုင်
MSC 010
Photo -google

MSC 010

Sort:  

Members တွေကတော့ လိမ့် ဝင်လာတာပဲ ဆရာရေ... မနိုငိမနင်း ဖြစ်လာလို့ လက်ရှိ member အသစ် register လုပ်တာကို ခဏရပ်ထားပြီး ပြန်စီစစ်နေရတယ်။

အရေအတွက်တွေမဟုတ်ဘဲ အရည်အချင်းသမားတွေများလာပါစေလို့ဆုတောင်းရတော့မှာပဲ

ကိုဟင်ရေ
ကျွန်တော်တို့လို new လေးတွေအတွက် ကြိုးစားလုပ်ဆောင်ပေးကြတဲ့ MSC admin အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ
ကိုမင်းစိုးနိုင်ပြောသလို အရည်အချင်းသမားဖြစ်ဖို့လည်း ကြိုးစားပါ့မယ်ဗျ

မြန်မာလူမျိုးတွေ အဆင်ပြေ အောင်မြင်ကြပါစေ

ဟုတ်ပ ဗျာ သူတို့ကျတောင်းလိုက်ကျတာ ကို့ကျ ပေးကြဘူး

အပြန်အလှန်ကူညီကြမှ နားလည်မှုမြင့်လာမှတိုးတက်လာမှာ

ကျော့် ment & voat တေသာဝင်စစ်ကြည့်တော့ bro ရေ reback မရှိသလောက်ဘဲ အနည်းကျည်းဆိုတဲ့စာရင်းမှာ လက်ချိုးရေလို့ရတယ်

MSC က leader ​တွေနဲ့ Admin​တွေရဲ့​စေတနာကိုနားလည်​ပါတယ်​ခင်​​ဗျာ ၊​ရှေ့ဆက်​ပြီးလဲ MSC နဲ့လက်​တွဲသွားပါမယ်

ဝမ်းသာတယ်ဗျာ တကယ်ရည်မှန်းချက်ကိုနားလည်တယ်ဆိုလို့လေ

ဟုတ်​ကဲ့

လျှောက်လှမ်းကြပါစို့ ဆရာတို့ရေ ကျေးဇူးအထူးတင်ပါတယ်

နားလည်ပေးကြလို့ကျေးဇူးပါ

တဖြည်းဖြည်းအရည်အချင်းရှိတဲ့သူတွေပေါ်ထွက်လာမှာပါ

မှန်ပါတယ်

အခုလို​ပြောပြ​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​ရှင်

MSC ရဲ့ရည်ရွယ်ချက်ကိုနားလည်ရင် ပူးပေါင်းပါဝင်တဲ့အနေနဲ့ အနည်းဆုံး ကိုယ့် Promotion အုပ်စုတွေအကုနို vote & comment လိုက်ပေးကြပါ

cmt ပေးခဲ့ သည်

မှန်​တယ်​ဆရာ

ပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် bro

ဖတ်ရူပေးတဲ့အတွက်ကျွန်တော်လည်းကျေးဇူး

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61440.52
ETH 3447.43
USDT 1.00
SBD 2.52