မြန်မာ့လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ

in #myanmar5 years ago (edited)

ix2da0rufp.jpg
မြန်မာတွေလွတ်လပ်ရေးရခဲ့ပြီဆိုသည့်တိုင် လွတ်လပ်ရေးနေ့သည် မလွတ်မလပ်ကျင်းပနေရဆဲဖြစ်သည်။ အထူးသဖြင့်နေပြည်တော်တွင်ကျင်းပသည့် လွတ်လပ်ရေးပွဲသည် ပို၍မလွတ်လပ်ပါ။ လူတွေအားလုံးလည်းမပါဝင်ရပါ။ ဝန်းထမ်းများဖြင့်သာကျင်းပသည်။ မလိုက်မနေရ လူဦးရေသတ်မှတ်ထားပြီး ထိုင်ခုံအပြည့်လူမလာလျှင်အရေးယူခံရမည်ဆို၏။ လွတ်လပ်ရေးနေ့တွင်မနက် ၃ နာရီခန့်အိပ်ယာမှထခါ လူစုကြရသည်။ လူစုပြီးကားဖြင့်မြို့တော်ခန်းမဆိုသော ဝန်းခြံကြီးအတွင်းဝင်ကြရ၏။ ဝင်သည့်အခါတစ်ဦးခြင်းစစ်ဆေးရေးဂိတ်ပေါက်တွင်အစစ်ဆေးခံရသည်။ နာရီ၊ လက်ကိုင်ဖုန်း၊ ဘောပင်၊ ကလစ် ဆောင်မလာရဟုသတ်မှတ်စည်းကမ်းထုတ်ပြန်ထားပါသည်။ ယခင်ကစစ်အစိုးရလက်ထက်မို့ မကျေနပ်သူများသဖြင့့် ဤသို့ပြုလုပ်သည်ကိုဆိုဖွယ်ရာမရှိသော်လည်း ဒီရေစီအစိုးရလက်ထက်တိုင်မပြောင်းလဲနိုင်ခြင်းကိုမူ အံ့ဩမိပါသည်။ ဟိုအာဏာရှင်ဦးနေဝင်းခေတ်ကပင်လျှင် လွတ်လပ်ရေးနေ့သည် အနှစ်သာရပေါ်လွင်ပါသေးသည်။ လူထုလူတန်းစားပေါင်းစုံတက်ရောက်ကြပြီး ပွဲပြီးလျှင်အားကစားပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ ပြိုင်ပွဲများကျင်းပပေးကြသည်။ ယခုဒါတွေမရှိတော့ပါ။ မလိုက်ချင်လိုက်ချင် တာဝန်အရသာလ်ုက်ပါလာကြသည့်တာဝန်ကျေဝန်ထမ်းများဖြင့် လွတ်လပ်ရေးနေ့ကိုမဖြစ်ညစ်ကျယ်ကျင်းပပေးနေကြသည်ကိုရင်နာဖွယ်တွေ့နေရပါသည်။
ဪ လောကလောက ။ ရှေ့ကနွားလား ကောက်ကောက်သွားသော် နောက်နွားတစ်သိုက် ကောက်ကောက်လိုက်၏ဟု ဆိုရပေမည်လားမသိ။

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65551.56
ETH 2659.92
USDT 1.00
SBD 2.89