မိသားစုစိတ်ဓာတ်ဆိုသည်မှာ

in #myanmar6 years ago

မိသားစုစိတ်ဓာတ်ဆိုသည်မှာ
image
Steemit Myanmar မိသားစု၊ လမ်း ၄၀ မိသားစု၊ မြို့မဈေးမိသားစု၊ သကြားစက်ရုံမိသားစု စသည်ဖြင့် မိသားစုဟုအမည်တတ်ကာ အလှူဒါနများ၊ကောင်းမှုကုသိုလ်များ စသည်ဖြင့်ပြုလုပ်တတ်ကြ၏။ သို့သော် ထိုမိသားစုဟူသောစကားသည် အမိ၊အဘနှင့်သားသမီးများနှင့်ဖွဲ့စည်းထားသော မိသားစုတော့မဟုတ်ပါ။

မိသားစုစိတ်ဓာတ်ဟူသည် မျိုးချစ်စိတ်ဓာတ်နှင့်လည်းမတူပါ။ မျိုးချစ်စိတ်ဓာတ်တွင် တစ်ခါတစ် ရံမှန်သည်မှားသည်ထား၍ မိမိဘက်မှသာအမှန်ဟူသော သဘောရှိတတ်သည်။ မိသားစုစိတ်ဓာတ်မှာမူ ကောင်း ကြိုးဆိုးကြိုးများကိုမျှဝေခံစားသည့်သဘောရှိသော်လည်း အပြစ်ရှိလာလျှင်မူ မိသားစုအဖြစ်မှ ထုတ်ပယ်ပြစ် သည်အထိအရေးယူတတ်သောကြောင့် မိသားစုစိတ်ဓာတ်သည်ပို၍ကောင်းမွန်သည်ဟု မိမိမြင်မိသည်။ မိသား စုမှာမိသားစုစည်းကမ်းရှိပြီး မိသားစုစည်းကမ်းချိုးဖေါက်သူများကို အရေးယူတတ်သလို မိသားစုအတွင်းကြီးသူ မှပြောဆိုဆုံးမသည့်အခါပြစ်တင်ဆဲဆိုသည့်အခါမျိုးတွင်လည်း စိတ်ဆိုးသည်မရှိပဲ နာခံတတ်သည်။
image
ထို့အပြင် မိသားစုဟုသတ်မှတ်ထားသော အဖွဲ့အတွင်းမှ အားနည်းသူများကိုလည်း မိသားစုစိတ် ဓာတ်ဖြင့် ဝိုင်းဝန်းကူညီတတ်ကြသည့်သဘောရှိသည်။ ပြဿနာများကိုဝိုင်းဝန်းဖြေရှင်းတတ်ကြသည်။ ထိုသ ဘောကို အထင်ရှားဆုံးအဖြစ် MSC မိသားစုများတွင်လည်းတွေ့မြင်နိုင်သည်။ အခက်အခဲများကို မိသားစု ဝိုင်းကာဖြေရှင်းကြသလို သတင်းကောင်းများ၊သိသင့်သိထိုက်သည်များကိုမျှဝေပေးကြသည်။ မေ့လျော့နေလျှင် လည်း Vote ကြပါဦး၊ မန့်ပေးကြပါဦး၊Post တင်ပါဦး၊ Power Up စသည်ဖြင့် သတိပေးကြသည်။ မမြင်မ တွေ့ဘူးကြသော်လည်း Steemit မိသားစုအတွင်းသာရေးနာရေးကိစ္စများဖြစ်ပေါ်လာသည့်အခါတွင် လည်း လှူကြတန်းတန်းကြရန်လည်းပြောကြသေးသည်။စုကြကောက်ကြပေးလှူကြသည်။

ဤသည်ပင်လျှင်မိသားစုစိတ်ဓာတ်၏ချစ်စရာကောင်းသည့်သဘောဖြစ်လေသည်။

ရေးသားသူ - မင်းစိုးနိုင်

MSC – 010

Photo - Google

Sort:  

MSCမိသားစုရဲ့စည်းလုံးမှူက​တော့အထူး​ပြောစရာကိုမလို​တော့တာပါရှင်​။

အိခိုင်တို့အသိဆုံး စည်းလုံးညီညွတ်ကြတာ

မှန်တယ်နော်

အမှန်ပါပဲခင်ဗျာ

မှန်တာပဲရေးတာလေ

MSCရဲ့ ချစ်စရာဓလေ့လေးပေါ့ခမျာ

MSC ဆိုတာမိသားစု

Msc ရဲ့ချစ်​စရာ စိတ်​ဓာတ်​​လေး​တွေပါဗျ

မိသားစုဆိုတာစည်းလုံးတယ်

အလုပ်ရှုပ်နေလို့ အမြန်ရေးလိုက်ရတယ် ၊တိုသွားတယ်

ချစ်စရာကောင်းတဲ့ steemit မိသားစုလေး

မိသားစုဆိုတာကိုကဒီလိုပါဘဲ

အစဉ်အလာကောင်းတွေကိုထိန်းသိမ်းသင့်ပါတယ်

အစဉ်အလာကောင်းတွေဖန်တီးထိန်းသိမ်းရမယ်

မိသားစုစိတ်ဓာတ်ရှိဖို့လိုပါတယ်

မိသားစုကနွေးထွေးတယ်ဗျ

အားလုံးကိုယ်​စီ မိသားစုစိတ်​ဓာတ်​နှင့်​ လက်​တွဲညီညီ​လျှောက်​လှမ်းသွားသင့်​ပါတယ်​။

ဟုတ်တယ်ဒါဆိုကိုယ်လ်ုချင်တဲ့ပန်းတိုင်ကိုအေးအေးဆေးဆေး

ဟုတ်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 66565.59
ETH 3503.87
USDT 1.00
SBD 2.72