လူလူခြင်း အဆင့်အတန်း ခွဲခြားမှု

in #myanmar6 years ago

လူလူခြင်းအတန်းအစားခွဲသင့်ပါသလား
image
လူမှုကွန်ယက်ပေါ်တွင် မဖြိုးဖြိုးအောင်အမည်ဖြင့် Live လွင့်လေ့ရှိသော မိန်းကလေးတစ်ယောက်ရှိသည်။ သူတင်လေ့ရှိသော Live အများစုမှာ အကျိုးများလှပြီး အတုယူစရာ၊ အသိညာဏ်ပွားများစရာ၊မှတ်သား စရာ တွေများပါသည်။သူမ,တင်သော Live အများအပြားထဲမှ အခွန်ပေးဆောင်သင့်ကြောင်း နော်ဝေ၊ဆွီဒင်၊ဒိန်းမတ် စသည့် စကင်ဒီနေဗီးယန်း နိုင်ငံများတွင် အခွန်ပေးဆောင်ကြရသည့်နိုင်ငံသားများက ကျေကျေနပ်နပ်ပေး ဆောင် ကြကြောင်း ဒီလိုပေးဆောင်ကြသည့်အတွက် (၁)Free Education ဖြစ်ကြောင်းလူတိုင်းဆင်းရဲချမ်းသာမရွေး နိုင်ငံတကာအဆင့်မီ ကျောင်းများတွင်တက်ရောက်နိုင်ကြောင်း ချမ်းသာလို့ ကျောင်းကောင်းကောင်းတွေ တက်ခွင့် ရခြင်း၊ ဆင်းရဲလို့ ဆင်းရဲသားကျောင်းမျိုးတက်ရခြင်းမရှိပဲ။အားလုံးအတွက်တန်းတူပညာရေးစနစ်ကို အစိုးရမှ ပေး ထားပါကြောင်း၊(၂) Free Health Care ဖြစ်ကြောင်း ဆင်းရဲလိုချမ်းသာလို့ ရောဂါကြီးကြီးမားမားဖြစ်သည့်အခါ ဆေးကုသစရိတ်မတတ်နိုင်လို့ဆေးမကုနိုင်တာမရှိပဲ၊ အားလုံး အတွက် Free ဖြစ်ပါကြောင်းကင်ဆာရောဂါဖြစ်လို တစ်နှစ်ပတ်လုံးဆေးကုသရသည့်တိုင် လုံးဝကုန်ကျစရာမလိုပဲဆေးကုသခံယူနိုင်ပါကြောင်း၊ (၃)သက်ကြီးရွယ် အိုများ အတွက်လည်း ပင်စင်စားအရွယ်မို့ နေထိုင်စားသောက်ရန်ပြင်ဆင်နေစရာမလိုပါကြောင်း အစိုးရမှ သက်ကြီးရွယ်အိုများအတွက် ဘတ်စ်ကားခ၊မီးရထားစီးခများကအစ တစ်ဝက်ဈေးချပေးထားပါကြောင်း၊ လုံ လောက် သော ပင်စင်လစာဖြင့် Free Health Care ဖြစ်သည့်အတွက် ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ပါကြောင်း (၄)အချက်မှာ ခွဲခြားဆက်ဆံမှုမရှိခြင်းဖြစ်ပြီးအရေးအကြီးဆုံးဖြစ်ပါကြောင်း ကလေးတွေကိုကျောင်းတက်စဉ် ကာလကတည်းက ခွဲခြားဆက်ဆံမှုမရှိအောင်လေ့ကျင်ထားပါကြောင်း၊ လုံခြုံရေးဝန်ထမ်း၏သားသမီးဖြစ်ခြင်း ကြောင့် နှမ့်ချဆက်ဆံခံရတာမျိုး၊ ဆရာဝန်၊ကျောက်သူဌေးဖြစ်လို့ အခွင့်အရေးပိုရတာမျိုးမရှိကြောင်း ရှင်းလင်း ပြောပြသွားတာ အရမ်းကောင်းပါတယ်။
https://m.facebook.com/story.php?story_fbid=2050882218495899&id=100007224221679
ဒီနေရာမှာ မိမိနှင့်ခင်မင်သော ဗိုလ်ကြီးတစ်ယောက်အကြောင်းပြောပြချင်ပါတယ်။ သူ့မှာခြေထောက် တစ်ဖက်မရှိတော့ပါဘူး။တိုက်ပွဲအတွင်းမှာ မိုင်းထိပြီးဖြတ်ပြစ်ခဲ့ရတာပါ။ သူပြောတာက မိုင်းထိတုန်းက သူအကိုနဲ့ အတူမိုင်းထိခဲ့တာပါတဲ့။သူကတော့ ဗိုလ်ဖြစ်ပြီး သူ့အကိုကတပ်ကြပ်ကြီးပါတဲ့။ မိုင်းအတူတူထိခဲ့ပေမယ့် သူ့ကို တော့ ဗိုလ်ကြီးမို့လို့ ရဟတ်ယာဉ်နဲ့စပ်စံထွန်းဆေးရုံပို့ခဲ့ပြီး၊သူ့အကိုကိုတော့ သာမန်တပ်ကြပ်မို့ ထမ်းစင်နဲ့ပဲ ဆေးရုံ အပို့ခံခဲ့ရပါတယ်တဲ့။ဒါကြောင့်သူအကိုရဲ့ခြေထောက်တွေဟာ ပုပ်သွားခဲ့ပြီး ပိုပြီးဖြတ်တောက်ပြစ်ခဲ့ရပါတယ်။ သူတို့ အပြောကတော့ ဗိုလ်တစ်ယောက်ဖြစ်ဖို့ အများကြီးကုန်ကျခံထားရတာမလို့ပိုပြီးအဖိုးတန်တဲ့အတွက် ခုလို စီစဉ် ရတာပါတဲ့။ လူကိုလူလို့ မမြင်နိုင်ပဲ ခွဲခြားဆက်ဆံကြပါတယ်။
မယ်ဆိုင်ဂူထဲပိတ်မိတယ်ဆိုတဲ့ တောဝက်ဘောလုံးအသင်းသား ကလေးတွေကိုကြည့်စမ်းပါ။ သူတို့နိုင်ငံ အတွက်ဘာမှလုပ်မပေးနိုင်သေးပါဘူး။ဒါပေမယ့် သူတို့ကိုသူတို့အစိုးရက နိုင်ငံတော်အဆင့်သတ်မှတ်ပြီး တောင် ကယ်တင်ခဲ့ပါတယ်။သူတို့ကလေးတွေအတွက် သူတို့ဆီက ဝန်ထမ်းကအသက်ပေးပြီးတောင်ကယ်တင်ကြပါတယ် ဘယ်လောက်အထိ လူကိုတန်ဖိုးထားတတ်ကြပါသလဲ။ မိမိတို့နိုင်ငံမှာလည်း လူကိုလူလိုတန်ဖိုးထားတတ်ပြီး ခွဲခြားဆက်ဆံမှုတွေကင်းတဲ့ခေတ်ကိုအမြန်ဆုံးရောက်ရှိပါစေဗျာ။

မင်းစိုးနိုင်
MSC -010
Photo –Google

Sort:  

good post and knowledge

အမှန်​​တွေပါပဲရှင်​။

ကျေးဇူး

ခွဲခြားဆက်ဆံမှုကင်းသော ကမ္ဘာမှာသာ လူဖြစ်ရပါလို၏

ကိုယ်ကိုယ်ချမ်းသာတဲ့သူ ရာထူးမြင့်တဲ့ဖြစ်လာတဲ့အခါ ခြားဆက်ဆံမှုမပြုမိအောင်လုပ်သွားရမှာပဲနော

ခွဲခြားမှုကင်းတဲ့ အုပ်ချုပ်ရေးစနစ် ကို လိုချင်လှပါဘိဗျာ

ကိုယ်ကစပြီး ခွဲခြားမှုမရှိအောင်လေ့ကျင့်သွားပါဗျာ

ခွဲခြားမှုကင်းကြပါစေ

တောင်းတဲ့ဆုပြည့်ပါစေ

အကျင့်တွေက အဆင့်ဆင့်သင်ခဲ့တာဆိုတော့ တော်ရုံပျောက်ဖို့ ခဲယဉ်းသွားတယ်

အဲသလိုပြောရတော့မယ်ထင်တယ်

လူတွေဟာလူတွေပါဘဲဗျာ ဒါကိုဘဲခွဲခြားနေကြတာများပါတယ်

အင်း မှန်ပါ့

ပုံလေးက ဟတ် ထိတယ်ဗျာ

ကောင်းမယ်ထင်တာရွေးထည့်တာပေါ့လေ

မြန်မာပြည် ထုံးစံပါဘဒို
:p

အလည်မှာပေးထားတဲ့ လင့်ကိုနှိပ်ပြီး video လေး ကြည့်ကြည့်ပါ

လူကြီးတွေကတော့အကျင့်ပါနေပြီ၊ လူငယ်တွေကို များများလေ့ကျင့်ပေးမှ သူတို့လက်ထက်မှာကောင်းလာမယ်လို့မျှော်လင့်ရတာပဲ။

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 61110.07
ETH 2731.78
USDT 1.00
SBD 2.45