လာပြန်ပြီလား Steemhunt
Steemhunt နဲ့ပတ်သက်ပြီးပြောတာဒါပါနဲ့ဆို သုံးကြိမ်မြောက်ပါပြီ။ ဘာတွေပြောစရာပေါ်လာပြန်တာလည်းဆိုတော့ Steemhunt မှာ ကျွန်တော်ခဏခဏပြောနေလို့ ပို့စ်လေးတစ်ခုလောက်တင်ကြည့်လိုက်ဦးမယ်လို့များစဉ်းမိရင် ခုရေးတဲ့ ပို့စ်လေးလာဖတ်ကြည့်ပြီးမှရေးစေချင်တယ်။ အကြောင်းကတော့ မအောင်မြင်ဖို့က ၉၀ ရာခိုင်နှုန်းလောက်ရှိတာမို့ပါ။ သူတို့ကစည်းကမ်းအလွန်ကိုတင်းကျပ်တာပါ။
အရင်ဆုံး Steemhunt မှာ Product တစ်ခုတော့ရှာပြီးတင်ကြည့်မယ်ဆိုရင် ကိုယ်စိတ်ဝင်စားတဲ့ Product တစ်ခုခုကို Browser မှာရိုက်ရှာလိုက်ပါ။ ကိုယ်တင်ချင်တဲ့ Product ကိုတွေ့ပြီဆိုရင် သူ့ Link ကိုအရင်ယူထားရပါတယ်။ အဲဒီမှာ Link စယူတာနေပြီးပြဿနာရှိပါတယ်။ သူတို့လိုချင်တဲ့ Link က ထုတ်လုပ်သူရဲ့ Link ကိုပါ။ ဒါကို alibaba တို့၊ amazon.com တို့လိုအရောင်း Site က Link တွေကို သူတို့ကစည်းကမ်းချက်နဲ့မညီတဲ့ Link ကိုပေးပါတယ်ဆိုပြီးပယ်ပါ တယ်။ဒီတော့ ထုတ်လုပ်သူရဲ့ link ကိုရအောင်ရှာဖို့လိုပါတယ်။ အဲဒီမှာ Link ရပြီဆိုရင် အဲ့ဒီ Link ကိုကူးထားလိုက်ပါ။ ပြီးရင် Steemhunt ကိုဖွင့်လိုက်ပြီး Create လုပ်တော့မယ့် နေရာကိုနှိပ်လိုပ်ပါ။ ပေါ်ဆုံးမှာ Link ချရမယ်နေရာလေးရှိပါတယ်။ တကယ်လိုလို့ကိုယ့်ရဲ့ product Link က သူများတင်ပြီးသားဖြစ်နေရင် တင်ပြီးသား Link ဖြစ်ကြောင်းတန်းသတိပေးပါတယ်။
ပထမဆုံး Link အကွက်မှားရင် The product link is already exists ဆိုပြီးသတိပေးစာပေါ်လာပါတယ်။
ဘာသတိပေးချက်မှမလာဘူးဆိုရင်တော့ ဒါက link အသစ်ဖြစ်ပါပြီ မှတ်သားထားလိုက်ပါ။ ပြီးရင်တော့ ကိုယ့် product ရဲ့အမည်ပါ။ သူတို့ ကုမ္ပဏီ Website မှာဖေါ်ပြထားတဲ့အတိုင်း Product Name ကိုပေးရပါမယ်။ ကိုယ်သိထားတဲ့ ပစ္စည်းမို့ ကိုယ်နားလည်လိုရေးလိုက်လို့ လုံးဝမရပါ။ အတိအကျ အမည်ရေးဖို့လိုပါတယ်။
နောက်ထပ် အကွက်က Short description ဆိုတဲ့အကွက်ပါ။ဒီနေရာကတော့ သိပ်ကိစ္စမရှိပါ။ ကိုယ်အသိပေးချင်တဲ့စာတိုလေးကို English လိုရေးပေးလိုက်ပါ။ နောက်အကွက်က တော့ပုံတွေတင် (Upload)ရမှာပါ။ ရှာဖွေလို့ရသမျှ Screenshot ရိုက်ပြီး တင်ပေးပါ။ ဒီမှာလည်းသိပ်ပြဿနာမရှိပါဘူး။
နောက်အကွက်ကြီးကတော့ ပို့စ်ရေးရတော့မှာပါ။ ဒီနေရာမှာ အရမ်းအရေးကြီးပါတယ်။ Product မှာတွေရတဲ့ အချက်အလက်တွေကို တစ်စိတ်တစ်ဒေသလေးဖြစ်ဖြစ် လုံးဝ Copy မကူးပါနဲ့။ လုံးဝပါ။ သူ့ဟာနည်းနည်း ကိုယ့်ဟာ နည်းနည်းလေးညှပ်ရေးမယ်လို့လဲ စိတ်မကူးမိပါစေနဲ့ Plagiarism and Copyright နဲ့ ငြိကိုငြိမှာပါ။
ဒီတော့ တတ်ရင်တော့ Product အကြောင်းကို ကိုယ်နားလည်သလို English လိုလေး လေးငါးဆယ်ကြောင်းရေးပါ။ English လိုမကျွမ်းဘူး ဆိုရင်တော့ မြန်မာလိုလေးငါးဆယ်ကြောင်းရေးပါ။ ရေးပြီးရင် Google translate ထဲကူးထည့်ပြီး English လိုပြန်လိုက်ပါ။ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ စကားလုံးအချို့ကိုကြည့်ကျက်ပြင်လိုက်ပြီး စောစောက အကွက်ကြီးထဲ ကူးထည့်လိုက်ပါ။
အောက်ဆုံးကတော့ Steemit မှာလိုပဲ tag တွေထည့်ရမှာပါ။ Steemhunt တစ်လုံးတော့ အနည်းဆုံးပါအောင်ထည့် ပေးပေါ့။ကျန်တာကတော့ ကိုယ်ရေးနေကြအတိုင်း Myanmar life product ဘာညာပေါ့။
Steemhunt မှာတကယ်ပဲပို့တင်ချင်တယ်ဆိုရင် ကျွန်တော်ရေးထားသမျှကိုဂရုတစ်စိုက်ပြန်ဖတ်ပါ။ လွဲချော်လို့မ ရပါဘူး။
ကျွန်တော်ကိုယ်တိုင်တောင် ပို့စ် (၈)ခုမှာ တစ်ခုပဲ Approved ရပါတယ်။
ဒါလေးက approved ရတဲ့ Post ရဲ့ Link လေးပါ။ ဝင်ကြည့်နိုင်ပါတယ်။
https://steemit.com/steemhunt/@minsoenaing/3-wheel-motorcycle-as-racing-car-style
နောက်ထပ်တင်တဲ့ ပို့စ်တောင် လောလောလောလောနဲ့တင်လိုက်တာ Product ရဲ့ အချက်အလက် အချို့ရော ထွေးသွားလို့မို့ Plagiarism and Copyright နဲ့ ငြိနေပါတယ်ဆိုပြီး Delisted အလုပ်ခံရပါတယ်။ ဒါပေမယ့် ကြိုးစားမှုရဲ့ အသီးအပွင့်နေနဲ့တော့ Steemhunt ရဲ့ Upvote တစ်ချက်စာ 5$ လောက်တော့ ရလိုက်ပါတယ်။
ကဲ Steemit မိတ်ဆွေများ ဒါလေးတစ်ခုလောက်ကြိုးစားမကြည့်ချင်ဘူးလား။ သိပ်တော့ခက်လှတာမဟုတ်ပါဘူး။ ကျွန်တော့အမှားအများစုက လောပြီး တင်မိတာကြောင့်များပါတယ်။မိတ်ဆွေတို့က Product တွေကို အေးအေးဆေးဆေးရှာ အဆင့်ဆင့်ကျွန်တော်ပြော သလို လုပ်။ English စာအားကောင်းတဲ့ သူတွေဆိုရင်တော့ ပြောပြစရာတောင်လိုမှာမဟုတ်ပါဘူး။ကျွန်တော့လို English နည်းနည်းအားနည်းတယ်ဆိုရင် ခုပြောပြတဲ့ အလွယ်နည်းလေးသုံးပြီးတော့ Steemhunt မှ Post တင်ကြပါဦး လို့တိုက်တွန်းလိုက်ပါသည်။
Steemit မှာချစ်မိတ်ဆွေများခင်ဗျား
မင်းစိုးနိုင်
MSC-010
Photo – Google
လုပ်ကြည့်ဦးမယ်ဗျာ
စမ်းကြည့်ပါ အောင် မြင်ရင်လည်းပြောဦးတစ်ယောက်တည်း ဖြစ်နေလို့ အားငယ်နေတာ
လိုချင်လိုက်တာ သူ့ ဗို့လေး ဒါပေမင့် ကိုယ်တင်ရင် မရနိုင်မန်းသိနေသော အခါ
ရပါတယ် အဲ့ကို လာ vote ခိုင်းလိုက်မယ်
ရေးတော့ပါဘူး ဦးမင်းရေ
သဘောပါပဲနော်
မြန်မာလိုပဲရွီးလို့အဲ ရေးလို့မရဘူးပေါ့။
English only လို့ရေးထားလို့ပါ
အဲလောက်လည်း အချိန် မပေးနိုင်ပါဘူးဗျာ
သတင်းပေးတာတော့ ကျေးဇူးပါ
အားထုတ်မှုတော့လိုတယ်၊ english ကောင်းရင်တော့ အရမ်းလွယ်တာပါ
စတီးနဲ့တင် လုံးချာလိုက်နေလို့ပါ
အသစ်အဆန်းတွေနောက်လိုက်ရင်း
မောပ
သူကသီးသန့်မဟုတ်ပါဘူး၊ steem နဲ့ တစ်ဖွဲ့တည်းပါ၊ ဥပမာ Pro ယူကြသလိုပေါ့ သူက သူ့စည်းကမ်းနဲ့သူပေးတဲ့ Promotion ပါပဲ
လောလောဆယ်တော့ မမှီသေးဘူးဦးမင်းရေ။
ခက်တော့မခက်ပါဘူး၊နည်းနည်းအလုပ်ရှုပ်ရုံပါ
ငြိမ်ငြိမ်နေတာ ကတစ်ခါတစ်လေအကျိုးရှိတတ်တယ်ထင်လို့ ငြိမ်နေတယ် ☺
ဟုတ်ပါတယ်ကျွန်တော် ထထသွားတော့ ....မှန်းသိဖြစ်နေတာ
အများရီးလေ့လာရဦးမယ် ပြီးမှကလိကြည့်မယ် 😁
လေ့လာပြီးလုပ်တာပိုကောင်းပါတယ်
လုပ်ကတော့လုပ်ချင်ပါတယ်
ဒါပေမဲ့ Steemitမှာနေ့တိုင်းစာရေးနိုင်အောင်
ကြိုးစားနေရလို့ပါ
အရင်postနှစ်ခုပါပြန်ဖတ်ပြီးလုပ်နိုင်အောင်
ကြိုးစားကြည့်ဦးမယ်ဗျာ
သူ့သဘောတရားကို သေသေချာချာနားလည်ရင်တော့ steemit မှာစာရေးရတာထက်လွယ်တာပေါ့၊ နားမလည်ရင်တော့ MSC စည်းကမ်းထက်ဆိုးမယ်