Kyun Ka Byar

in #myanmar6 years ago (edited)

image
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ကို ပြည်မြို့အမှတ်(၅)ကျောင်းသားဟောင်းများက ဆရာကန်တော့ပွဲနေ့အဖြစ်သတ်မှတ်ထားပြီး အဲဒီနေ့ရောက်သည့်အခါ ရပ်နီးရပ်ဝေးမှသူငယ်ချင်းများ အမှတ်(၅)အ.ထ.ကတွင်ပြန်ဆုံကြသည်။ ရန်ကုန်၊နေပြည်တော်စ သည့် နေရပ်များသာမက နိုင်ငံရပ်ခြားရောက်ရှိနေသည့် သူငယ်ချင်းများပါပြန်လာပြီးဆရာကန်တော့ပွဲလာတက်ကြသည်။ ကျွန်တော်တို့တက်စဉ်ကဆရာဆရာမများ ၁၇ ဦးခန့်သက်ရှိထင်ရှားရှိနေသေးသဖြင့် ကန်တော့ခွင့်ကြုံနေသေးသည်။ နောက်ပိုင်းတော့မသိ။ ကွန်လွန်သွားသည့်ဆရာဆရာမများလည်းရှိနေတော့ တစ်ဦးစနှစ်ဦးစလျော့လျော့သွားသည်။
image
ရှိစေတော့ ကျွန်တော်ပြောကြားလိုရင်းမှာ ဆရာကန်တော့ပွဲအကြောင်းမဟုတ်ပါ။ ဆရာကန်တော့ပွဲကိုအကြောင်းပြုပြီး သူငယ်ချင်းများပြန်လည်တွေ့ဆုံကြရာ လည်ကြပတ်ကြသည့်အကြောင်းလေးပြောပြချင်သည်။ ဆရာကန်တော့ပွဲက မနက် ဖန် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ဖြစ်ရာ ဒီနေ့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် အလှူငွေများထည့်ဝင်ကြခြင်းနှင့် အခန်းအနား အတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ပြီးသောအခါ အချိန်အားကလေးရသဖြင့် ကျွန်းကဗျာ ကိုသွားကြမယ် ဟူသော အစီ အစဉ်တစ်ခုဖြစ်လာခဲ့ခြင်းဖြစ်သည်။ အမှန်တော့ ကျွန်းကဗျာဆိုတာဘာလဲမသိပါ။ သွားဆိုလည်းသွားကြတာ ပေါ့ဟု သဘောထား၍ လိုက်ပါခဲ့ခြင်းဖြစ်သည်။
image
ပြည်ကနေ ၁၀ မိုင်ဝေးသော ရွှေတောင်မြို့ကိုရောက်လာပြီး၊ ရွှေတောင်မြို့မှ ၅ မိုင်ခန့်အကွာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း နေခဲ့သည့် ဝါးလည်ရွာ၏ နောက်ကြောဘက်တွင် အင်းကြီးတစ်ခုရှိသည်။ ထိုအင်းကြီး၏အလယ်တွင် ကျွန်းတစ်ခုရှိသည်။ ပုံတွင်ပြထားသည့်အတိုင်း ထိုအင်းနှင့်ကျွန်းသည်စိတ်ဝင်စားစရာမရှိပါ။ သို့သော် ထိုအင်းနှင့်ကျွန်းကို ဤကဲ့သို့အသွင် ပြောင်းပေးလိုက်သောအခါ အောက်ပါအတိုင်းလှပပြီး အလည်အပတ်သွားစရာကျွန်းကဗျာဟူသော နေရာတစ်ခုဖြစ် လို့လာပါသည်။
image
ကျွန်းကဗျာသို့ လှေကလေးများဖြင့်သွားနိုင်ရန်စီစဉ်ပေးထားပါသည်။
လူတိုင်းအသက်ကယ်ဝတ်စုံစီစဉ်ပေးထားပါသည်။
image
ကျွန်းကဗျာပေါ်တွင် ဘော်လုံးအတွင်းလူဝင်၍ကစားနိုင်သော ရေပေါ်ဘောလုံးများ၊ကလေးရေကူးစော့ကစားရန်နေရာများ၊ အင်းထဲတွင် ထွန်စက်သဏ္ဍန်နှစ်ယောက်စီးခြေနင်းယာဉ်များ
image
နှစ်ယောက်စီးရေပေါ်ဘုတ်များစသည်ဖြင့်ပျော်ရွှင်စွာကစားနိုင်ရန်စီစဉ်ထားပါသည်။
image
image
ကျွန်တော်တင်ပြလိုရင်းမှာ ဘာမှမဟုတ်ဟုထင်ရသောနေရာတစ်ခုကို အလှအပများဖြင့်လည်ပတ်စရာတစ်ခုအဖြစ်ဖန်တီးမှု ဖြစ်ပါသည်။ Steemit မိသားစုများ မိမိတို့နေထိုင်ရာဒေသအတွင်း ထူးခြားသောနေရာများကို အလှအပများဖန်တီးပြီး စီးပွားရှာပြီး ကြီးပွားတိုးတက်နိုင်ကြပါစေ။
ရေးသားသူ - မင်းစိုးနိုင်
MSC 010
Photo - မိတ်ဆွေများ၏ Facebook page များမှပြန်လည်ကူးယူပါသည်။

Sort:  

စိတ်ဝင်းစားတယ်ဗျာ ။ လုပ်တတ်လိုက်ကြတာနော်။

လုံးဝကိုပြောင်းလဲသွားတာဗျ

စိတ်​အပန်​​ဖြေချင်​စရ​နေရ​လေး

သွားချင်စရာနေရာလေးပဲ။

မှန်ပါတယ်

တော်​​တော်​သာယာတာပဲ​နော်

နိုင်ငံခြားရောက်သွားသလားထင်ရတယ်

စီးပွား​ရေးမျက်​စိ​ပေါ့ဆရာ။

ဟုတ်တယ် steemit အဖွဲ့ဝင်တွေနည်းယူတတ်စေချင်တာ

နာမည်လေးကိုက ကဗျာဆန်နေပြီ ကျွန်းကဗျာ တဲ့။

လူကိုအဲ့ဒီနာမည်ကကိုတော်တော်ဆွဲဆောင်နိုင်တာ

ရေပေါ်ဘုတ်စီးခြင်တယ်

ပြည်လာခဲ့လိုက်ပို့မယ်

သွးဖြစ်အောင်သွားအုံးမယ်

ပြည်နဲ့ ၁၅ မိုင်လောက်ဝေးမယ်။ပြည်ရောက်ရင်သွားသာလည်

သွားလည်​ချင်​လိုက်​တာ

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.030
BTC 67692.01
ETH 3734.85
USDT 1.00
SBD 3.69