နျူကလိယ ပတ်စ်တာ ဓါး

in #myanmar6 years ago (edited)

image

ငယ်ငယ်က တရုတ်သိုင်းဝတ္တုတွေဖတ်ရတာ အလွန်သဘောကျသည်။ တရုတ်သိုင်းရုပ်ရှင်တွေလည်းကြိုက် သည်။ ဘာကြောင့် ဤလောကတွင်မဖြစ်နိုင်သေအရာများကို ရေးပြ၊ ရိုက်ပြလျှင် လူတွေကြီုက် ကြသလဲ ဆိုသည်ကိုသုတေသနပင်လုပ်ကြည့်ချင်သည်။ ခုခေတ် ဟောလိဝုတ် ရုပ်ရှင်တော်တော်များများသည် စတူဒီရို ခန်းမကြီးထဲတွင် ကွန်ပျူတာနည်းပညာသုံး၍ အဆင့်မြင်နည်းပညာများဖြင့်ရိုက်ကူးကြရ ပိုလို့ပင်ကြည့် လို့ကောင်းသည်။မဟုတ်မှန်းသိသိကြီးနှင့်တကယ်ဖြစ်နေသလိုရိုက်ကူးနိုင်ကြပါသည်။
image
ထားတော့ တရုတ်သိုင်းဝတ္တုများအကြောင်းဆက်ပြောပါမည်။ တရုတ်သိုင်းဝတ္တုတော်တော်များများတွင် ငွေအတွက်ရွှေအတွက် တိုက်ကြခိုက်ကြသည်ထက် ဓါးအတွက်တိုက်ကြသည်ကို သတိထားမိသည်။ အစွမ်းထက်ဓါးကောင်းတစ်လက်ရှိလျှင် သိုင်းလောကကိုအုပ်စိုးနိုင်မည်ဟုယုံကြည်ကြပြီး ဓါးတစ်လက်အတွက် အသက်ပေါင်းများစွာစတေးပြီးတိုက်ကြခိုက်ကြသည်။ နှင်းတောင်ဓါး၊ မီးဓါး၊ ရေခဲတောင်ဓါး၊ မိုးကြိုးဓါး စုံလင်လှသည် အဓိကမှာ မာကြောမှုဖြစ်မည်ထင်သည်။ အမာကြောဆုံးဓားကို ဓါးပညာရှင်များကထုလုပ်ကြပြီး သိုင်းလောက သားတွေက လုယက်ကြသည်။ ဒါကိုပင် တရုတ်သိုင်းဝတ္တုဟုခေါ်ပါသည်။

ကျွန်တော်သည် Steemhunt တွင် ပို့စ်တင်ရန်အတွက် နောက်ဆုံးပေါ် ပစ္စည်းများကို ရှာဖွေရသည်။ ထိုသို့ရှာရင်း မကြာသေးမီက အာကာသသိပံ္ပပညာရှင်များတွေ့ရှာသည့် လောကတွင်အမာကြောဆုံးပစ္စည်း တစ်ခုအကြောင်းသွားဖတ်မိသည်။ ယင်းပစ္စည်းကို နျူကလိယ ပတ်စ်တာ(nuclear pasta)ဟုခေါ်သည်။

image

Nuclear pasta ဟာ စင်္ကြာဝဠာထဲမှာအင်အားအကောင်းဆုံးပစ္စည်းဖြစ်ပြီး မနှိုင်းယှဉ်နိုင်လောက်အောင် သိပ်သည်းသည့် အရာဝတ္တုဖြစ်၍ neutron stars လို့ခေါ်တဲ့ ကြယ်သေများအတွင်းတွင် တည်ရှိသည်ဟု ခန့်မှန်းခဲ့ ကြပါတယ်။ အဆိုပါပစ္စည်းသည် ကျိုးပျက်နေသော သံမဏိအက်ကွဲကြောင်းထဲသို့ အရာဝတ္တုတစ်ခုကို ၁၀ ဘီလျံ အကြိမ်မြောက်ခန့် ပြင်းထန်သည့်အားဖြင့် ဖိသိပ်ရိုက်သွင်းထားသလိုဖြစ်သည်။

ထိုသို့ဖိသိပ်ထားသည့် အကြိမ်ကိန်းဂဏန်းဟာ မတိုင်းဆနိုင်အောင်ကြီးမားသောကိန်းဂဏန်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပစ္စည်းကလည်းပဲ အလွန့်အလွန် မတိုင်းဆနိုင်လောက်အောင် သိပ်သည်းလွန်းပါတယ်။ ဒါကြောင့်ဒီဖိ သိပ်မှုဟာ Nuclear pasta ကို ပိုမိုအားကောင်းစေဖို့ အကူညီပေးထားသည်လို့ အင်ဒီယားနား တက္ကသိုလ် Bloomington မှ ရူပဗေဒ ပညာရှင် coauthor နှင့် Charles Horowitz တို့က လေ့လာပြောဆိုခြင်းဖြစ်ပါတယ်။

ကြယ်သေတစ်ခုပေါက်ကွဲပြီး Neutron ကြွယ်ဝသည့် အကြွင်းအကျန်များကို နောက်ကွယ်မှချန်ရစ်ထား၍ neutron stars ပုံပေါ်လာပါတယ်။ ဆိုလိုသည်မှာ အစွမ်းထက်မြေဆွဲအားဖြင့် အလွန်အကဲဖိအားသုံးကာ ဖြစ်ညှစ်ထားသည့်သဘောဖြစ်ပါသည်။ ထို့ကြောင့်ယင်းပစ္စည်းမှာ ကိုယ့်ယိုကားယားနိုင်သော အရည်အသွေးများရှိ သည့် အရာဝတ္တုဟု အဖြေထုတ်ထားပါသည်။

Neutron stars ရဲ့မျက်နှာပြင်အောက် တစ်ကီလိုမီတာခန့်မှာ atomic nuclei သည် Neutron နှင့် Protom ပရိုတွန်အရောအနှော၏ အနီးကပ် အတူတကွ ဖြစ်ညှစ်ခံရပြီး ပုံပန်းမကျသောနျူကလီးယားအသွင်သို့ ပေါင်းစည်း သွားပါတယ်။ ဤသီအိုရီအရ ပုံပျက်ထားသည့် တိုင်အောင် အရည်စက်၊ ပြွန် သို့မဟုတ် အလွှာ ဟုတွေးထင်ရပါ တယ်။ဂျုံဟင်း၊ အီတလီခေါက်ဆွဲနှင့် ဂျုံပြား အပါအဝင် သူတို့ရဲ့ခေါက်ဆွဲသဏ္ဍန် ရောနှောထားလို့ Pasta လို့အမည်ပေး ရမည်အနေအထားမျိုးဖြစ်ပါတယ်။ neutron stars အတွင်းတွင် ပိုမိုနက်ရှိုင်းသော nuclear matter သည် အပြည့်အဝလွဲပြောင်း ယူထားပါတယ်။ မီးလောင်နေသည့်ကြယ်ပွင့် တစ်ခုလုံး၏ဗဟိုချက်မ,ရှိ nuclear matter သည် တစ်ခုတည်းသော အလွန်ကြီးမားသည့် atomic nucleus ဖြစ်ပါတယ်။

nuclear pasta သည် ရေ၏သိပ်သည်းဆ၏ အဆ 100 ထရီလီယံ သိပ်သည်းဆရှိနေသည့်အတွက် မယုံနိုင်လောက်အောင် သိပ်သည်းမှုကြီးဖြစ်ပါတယ်။ ထိုသို့သောထူးခြားသည့်ပစ္စည်းကို ဓာတ်ခွဲခန်းများတွင် လေ့လာဖို့မဖြစ်နိုင်ဘူးလို့ သုတေသနလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူမဟုတ်ခဲ့သည့် ပေါ်တူဂီနိုင်ငံ၊ Coimbra တက္ကသိုလ်မှ ရူပဗေဒပညာရှင် Constança Providência ကပြောပါတယ်။

အဲဒီမှာ ရေ၏သိပ်သည်းဆ၏ အဆ 100 ခန့်ထရီလီယံ သိပ်သည်းဆဆိုတာ သိဖို့လိုအပ်ပါတယ်။ ရေ၏သိပ် သည်းဆဟာ997 kg/m3 ဖြစ်ပါတယ်။သံမဏိရဲ့ သိပ်သည်းဆကတော့ 8050 kg/m3 ဖြစ်တဲ့အတွက် ရေထက် ၈ ဆပဲမာကြောသိပ်သည်းတဲ့ အဓိပ္ပါယ်ပါ။ nuclear pasta ကတော့ ရေ၏သိပ်သည်းဆ၏ အဆ 100 ထရီလီယံ သိပ်သည်းဆရှိနေသည့်အတွက် ဘယ်လောက်မာကြောမလဲဆိုတာမှန်းဆလို့မရတော့ပါဘူး။

ဒီလိုမျိုးဓါးသာ တရုတ်သိုင်းလောက ရောက်သွားရင် ဘယ်လောက်လုကြလိမ့်မလဲ။ သိုင်းလောကတစ်ခု လုံးတုန်ဟီးသွားမှာပဲ။ တစ်ခုပဲရှိတယ်။ nuclear pasta ဓါးကို ဘယ်ပန်းဘဲဖိုမှာ ထုလုပ်ပြီး ဘယ်ကျောက်နဲ့သွေး ရမလဲတော့မသိသေးဘူး။ သွားမပြောကြနဲ့ကြားလား။

မင်းစိုးနိုင်

MSC-010

Photo – Google

Sort:  

upvote from kryptonia with the same name.

Thank you very much

Posted using Partiko Android

kcherukuri from kryptonia.

Thank you

Posted using Partiko Android

ကောင်းပါ့ဗျာ ဆရာ တရုပ်​သိုင်းဝထ္ထု​လေးတပုဒ်​​လောက်​​ရေးပါဆရာ

Posted using Partiko Android

တရုတ်သိုင်းဝတ္တုရေးသမားတွေထမင်းငတ်ကုန်မှာစ်ုးလို့

Posted using Partiko Android

ကို့ယို့ကားယားနိုင်အောင် အစွမ်းထက်တယ်လား
ကြိုက်သဗျို့ တစ်ချောင်းလောက်ရရင်😁

ထိုက်စန်းတောင်တိုက်ပွဲမှာ အစွမ်းရှိရင်လာလုပါ

Posted using Partiko Android

ဒီ ဓားအ​​ကြောင်း ကို ရုပ်​ရှင်​ရိုက်​မယ်​ဗျာ
ဆရာ ဒီ ​ဆောင်းပါး​လေး ကျွန်​​တော့​ရောင်း​ပေး အဟီးး

ဆောင်းပါးကအလကားယူပြီးရိုက်ပါ ။ဓားကတော့ ထိုက်စန်းတောင်တိုက်ပွဲကမှ တွေ့ကြတာပေါ့

Posted using Partiko Android

ဦးမင်းက စာဖတ်‌အား‌ကောင်းတယ်‌ဗျာ။‌လေးစားပါတယ်‌ဦး။

စာကတော့မဖတ်တဲ့နေ့မရှိဘူး ၊ကိုယ်ဆရာသုံးယောက်စလုံးကလည်း စာအုပ်နဲ့မျက်နှာမခွာတဲ့သူတွေဆိုတော့လေ

Posted using Partiko Android

အံ့သြစရာတွေ ကိုယ်မသိသေးတာတွေအများကြီးပဲရှိနေတယ်ဆိုတာ နည်းပညာတိုးတက်လာလေ ကိုယ်က ပိုပြီး ဘာမှမသိလေဖြစ်နေတာပါပဲ

သူများနိုင်ငံတွေကနေ့စဉ်နှင်အမျှလေ့လာနေကြတာကိုး

Posted using Partiko Android

me too . သိုင်းဝထ္ထု တေ ဖတ်နေရင်း ကိုယ်ပါမြေလျိုး မိုးပျံ နိုင်သလို ခံစားရတယ်လေ
လူ့စိတ်ဆိုတာကိုက တကယ့်လက်တွေ့ထက် စိတ်ကူယဉ် ကိုပိုပြီး ခံစားတတ်တဲ့ သဘာဝကိုး လ်ု့ ခုချိန်မှာတော့ နားလည်ခဲ့ပါပြီ

ဟုတ်တယ် ခုချိန်ထိလည်း လက်တွေ့မဖြစ်နိုင်တဲ့ ဆန်းပြားမှုတွေကြိုက်တုန်းပဲ

Posted using Partiko Android

ဆရာမင်း ဓားဘက်ပါ ရောက်သွားပြီလားဗျ

တကယ်တော့ ဓားအကြောင်းမဟုတ်ပါဘူး၊ အာကာသထဲက အမာဆုံးအရာကိုတင်စားပြီးပြောပြနေတာပါ

Posted using Partiko Android

လေ့လားအားကောင်းကောင်း ချပြထားတော့လည်း ဗဟုသုတကောင်း ရတာပေတာပေါ့ဗျာ

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 60345.08
ETH 2986.57
USDT 1.00
SBD 3.81