ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ကြစို့ (အဆက်)

in #myanmar6 years ago (edited)

image
(၃) ဦးနှောက်ထဲက အဆီပြင်တွေကို Omega 3 (Fatty acid)နဲ့ဖယ်ရှားနည်း
image
ရဲယိုသီး၊ ရဲယိုရွက်တွေနဲ့ ကိုယ်ခန္ဓာကအဆီပြင်တွေ ဖယ်ရှားလိုက်ပေမယ့် ဦးနှောက်ထဲက အဆီတွေ ကတော့ကျန်နေနိုင်ပါသေးတယ်။ ဒါကြောင့်မို့ ဦးနှောက်ထဲက အဆီပြင်တွေမှာလည်း အဆိပ်အတောက်တွေ ရှိနေနိုင်သေးတဲ့သဘောရှိပါတယ်။ဦးနှောက်ကို အဆီတွေနဲ့ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဦးနှောက်ဟာ ကိုလက်စတြော အတုံးအခဲကြီးဖြစ်ပါတယ်။ ဦးနှောက်မှာ မာကြူရီ၊ အလူမီနီယမ်၊ ဖလိုရင်းစတဲ့ သတ္တုအဆိပ်တွေကပ်ငြိဖို့ လွယ်ကူပါတယ်။
image
ဦးနှောက်ရဲ့ အဆိပ်အတောက်တွေကို ရှင်းထုတ်ဖို့အတွက် ဦးနှောက်ရဲ့အစာကိုပဲ အသုံးပြုပါမယ်။ ဦးနှောက်ရဲ့အစာကတော့ ငါးဗိုက်သားပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြေရရင်တော့ အိုမီဂါ(3)ဖက်တီးအက်စစ် ပဲဖြစ်ပါတယ်။ Omega 3 (Fatty acid) ကြွယ်ဝတဲ့ ငါးဗိုက်သားကို မကြာခဏစားပေးခြင်းဖြင့် အိုမီဂါ(3)တွေဟာ ဦးနှောက်ထဲကို ရောက်သွားပြီး ဦးနှေက်ထဲကအဆိပ်အတောက်တွေနေရာမှာအစားထိုးဝင်ရောက်ခြင်းဖြင့် အဆိပ် အတောက်တွေကို ဖယ်ရှားပစ်နိုင်ခြင်းဖြစ်ပါတယ်။
ငါးဗိုက်သားစားတဲ့အခါမှာ ရေချိုငါးမြင်း၊ ရေချိုငါးကြင်းအကောင်ကြီးသားကို စားတာပိုစိတ်ချရပါတယ်။ ပင်လယ်ငါးရဲ့ဗိုက်သားကျတော့ မာကြူရီ (ပြဒါးဓာတ်) ပါဝင်နိုင်တဲ့အတွက် စိတ်မချရဘူးလို့ပြောရပါမယ်။ ရေချိုငါးနေတဲ့ ပတ်ဝန်းကျင်မှာ ရွှေကျင်တာတွေ စက်ရုံအလုပ်ရုံတွေကစွန့်ပစ်တဲ့ရေဆိုးရေညစ်တွေ မရှိဘူးဆိုရင် တော့ အဲဒီငါးရဲ့ဗိုက်သားကို စိတ်ချလက်ချစားလို့ရပါတယ်။တစ်ချို့လူတွေကျတော့ ငါးဗိုက်သားကို မစားတတ် ကြဘူး။ မကြိုက်ကြဘူး။ အဲဒီလို လူတွေကတော့ Omega 3 (Fatty acid) ပါတဲ့ ငါးကြီးဆီကို စားပေးနိုင်ပါတယ်။ငါးကြီးဆီကတော့ နေ့စဉ်စားသုံးပေးသင့်တဲ့ ခန္ဓာကိုယ်အကျိုးပြုတဲ့ သဘာဝအဆီတစ်မျိုးပင် ဖြစ်ပါတယ်။ဒီနည်းနဲ့ ဦးနှောက်ထဲက အဆီတွေဖယ်ရှားလို့ ရနိုင်ပြီထင်ပါတယ်။
image
(၄) အဆုတ်ထဲက ဓာတုဆေးကြွင်းတွေကို ပန်းဂေါ်ဖီအစိမ်းနဲ့ဖယ်ရှားနည်း
အဆုတ်ဟာ အလွန်အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ အဆုတ်မှာက အဆိပ်အတောက် တွေအများကြီးတင်ကျန်နေလေ့ရှိပါတယ်။ ဓာတုဆေးကြွင်းနဲ့ အဆိပ်အတောက်တွေသာမက လေထဲက မီးခိုး၊ ပိုးမွှား၊ ဗိုင်းရပ်စ်တွေအထိ အသက်ရှုလမ်းကြောင်းကနေဝင်ရောက်လာနိုင်ပါတယ်။ မြို့ကြီးပြကြီးနေထိုင်သူတွေ ရဲ့အဆုတ်တွေဟာ ဆေးလိပ်မသောက်ဘဲနဲ့တောင် မည်းနေကြတယ်လို့ဆိုပါတယ်။အဲဒီလိုမည်းနေတာဟာ အဆုတ်မှာအဆိပ်အတောက်တွေပုံနေတဲ့လက္ခဏာပဲ ဖြစ်ပါတယ်။
image
အဆုတ်မှာတင်နေတဲ့အဆိပ်အတောက်တွေကို မရှင်းထုတ်နိုင်ဘူးဆိုရင် ရောဂါတွေအလွယ်တကူဝင် ရောက်နိုင်ပြီးအသက်တိုမှာဖြစ်ပါတယ်။ဒါကြောင့်အဆုတ်ကိုဆေးကြောပေးဖို့လိုအပ်ပါတယ်။အဆုတ်ကိုဘာနဲ့ဆေးကြောရမလဲ။ အဆုတ်ကိုဆေးကြောဖို့အတွက်အကောင်းဆုံး သဘာဝပစ္စည်းကတော့ အစိမ်းရောင်ပန်းဂေါ်ဖီဖြစ်တဲ့ Brocoli(ဘရိုကိုလီ)ဖြစ်ပါတယ်။ ဘရိုကိုလီကို သစ်သီးကြိတ်စက်နဲ့ သေသေချာချာကြိတ်ပြီးသောက်ပေးမယ်ဆိုရင် အဆုတ်ကိုဆေးပြီးသားဖြစ်ပါတယ်။ဒီလိုကြိတ်သောက်ရတာအဆင်မပြေရင်တော့ ပန်းဂေါ်ဖီအစိမ်းကို တစ်ပတ် တစ်ခါလောက်မကျက်တကျက်ကြော်စားပေးပါ။ စားတဲ့အခါ သေသေချာချာ ညက်အောင်ဝါးစားပေးဖို့လိုပါတယ်။ ဒါမှသာ ဘရိုကိုလီထဲက အကျိုးပြုပစ္စည်းတွေအားလုံးထွက်လာမှာဖြစ်ပါတယ်။ ဘရိုကိုလီထဲမှာပါတဲ့ အင်တီ အောက်ဆင့်ဒင့်တစ်မျိုးဖြစ်တဲ့ Isothiocyanates (အိုင်ဆိုသိုင်ယိုဆိုင်ယာနိုတ်) ဟာ အဆုတ်မှာရှိတဲ့ ဆဲလ်တွေ ကိုရှင်သန်စေပြှီး အဆုတ်ကင်ဆာဖြစ်ခြင်းကနေလည်း ကာကွယ်ပေးထားတဲ့ အင်တီအောင်ဆင်ဒင့်တစ်မျိုးဖြစ် ပါတယ်။ ဘရိုကိုလီကိုမကြာခဏစားသုံးပေးခြင်းဖြင့် အသက်ရှုချောင်လာတာကိုလည်းတွေ့မြင်ခံစားရပါမယ်။
ဆက်လက်ဖော်ပြပါမည်>>>>
ရေးသားသူ - မင်းစိုးနိုင်
Photo - google

Sort:  

ခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက် အဓိက ဦးနှောက်နဲ့ အဆုတ်အတွက် ပြောပြပေးသွားတာ ဗဟုသုတတိုးစေပါတယ်။အားလုံးလည်းသိထားသင့်ပါတယ်။ကောင်းသော post လေးပါခင်ဗျာ

တန်​ဖိုးရှိတဲ့Postပါပဲရှင်​။

အိုမီကာပေါင်းစုံတာတော့ ကြယ်ပဲဆီပဲဗျာ။ ကျွန်တော်တော့ အိမ်မှာကြယ်ပုစိုက်ထားတော့ လဘက်ခြောက်လုပ်သောက်နေတာ သွေးတိုးတော့ အဆင်ပြေနေတာပဲ။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64058.80
ETH 3150.15
USDT 1.00
SBD 3.99