ရွှေဆိုတာ အသက်ထက်အဘိုးတန်သလား (၄)

in #myanmar7 years ago (edited)

Steemit.jpg
အပိုင်း (၃)
https://steemit.com/myanmar/@minsoenaing/5th6hd-eya-saota-athktakabaotnthla

ပိုင်း(၄)
ပြီးနောက် သူ့ဝတ်ရုံထဲမှ ကြေးပုရပိုဒ်တစ်ခုကိုထုတ်ကာ ပုရိပိုဒ်ပေါ်တွင် ရေးသားထားသောစာများကို ဖတ်လိုက် သည်။ တဖန် ကျောက်နံရံတွင် ကပ်ထားသော သစ်သားစင်ကလေးပေါ်မှ ဖန်ပုလင်းကြီးနှစ်လုံးကို ယူလိုက်ပြန်သည်။ ရာဂျစ်ကိုင်၏ အမူအရာမှာအေးအေးဆေးဆေး မဟုတ်ပေ။တိုတောင်းလှသော အချိန်ကလေးအတွင်း မိမိလုပ်ရမည့် အလုပ်ကို အမြန်ဆုံးပြီးစီးအောင်လုပ်နေရသော အမူအရာမျိုးဖြစ်သည်။ မျက်လုံးကလည်း မကြာခဏဝင်ပေါက်တံခါးဆီသို့ ကြည့်နေသည်။ ဖားဖိုကမီးမှာလည်း အပူရှိပြင်း၍ပြင်း၍လာလေ၏။ ဆယ်မိနစ်ခန့်ကြာသော် ရာဂျစ်ကိုင်သည် ဖန်ပုလင်းထဲမှ ဆေးရည်တစ်စက်နှစ်စက်ခန့် ကျောက်အိုးထဲသို့လောင်းထည့်လိုက်သည်။ချက်ခြင်းပင် ကျောက်အိုးထဲမှ မီးလုံးကြီး တစ်လုံး က ဝုန်းကနဲထွက်လာလေ၏။ ရာဂျစ်ကိုင်က ကျေနပ်အားရသည့် အမူအရာမျိုးဖြင့်ပြုံးလိုက်၏ ကြေးပုရေပိုဒ်ကို တဖန် ကြည့်လိုက်ပြန်၏။ တဖန် ဒုတိယဖန်ပုလင်းကိုဖွင့်၍ ကျောက်အိုးထဲသို့ ဆေးရည်သုံးလေးစက်ထည့်လိုက်ပြန်သည်။
ချက်ခြင်းပင် ကျောက်အိုးထဲမှ အပြာရောင် အလင်းများထွက်လာကာ ထိုအပြာရောင်မှ တဖြေးဖြေး အနီရောင်သို့ ပြောင်းလာသည်။ အနီရောင်မှတဖန် လိမ္မော်ရောင်သို့ ကူးပြောင်းလာသည်။ နောက်ဆုံးလိမ္မော်ရောင်မှ ရွှေရောင်သို့ကူး ပြောင်းလာကာ လျှို့ဝှက်ခန်းတစ်ခုလုံးမှာလည်း ရွှေရောင်တောက်နေသည်။ ရာဂျစ်ကိုင်သည် ကျေနပ်အားရသည့် အမူ အရာမျိုးဖြင့် လက်ဝါးနှစ်ဖက်ကို အားရပါးရပွတ်လိုက်ကာ ကြေးညှပ်ကြီးတစ်ချောင်းဖြင့်ညှပ်၍ ကျောက်အိုးကို ဖားဖို ပေါ်မှချလိုက်သည်။ ပြီးမှ ကျောက်အိုးထဲမှကြေးရည်များကို ဖားဖိုဘေးရှိ ကျောက်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။ ကျောက်ခွက်ထဲတွင်ရှိနေသောနက်နက်အရေများမှာ ကြေးရည်၏ အပူရှိန်ကြောင့် ပွက်ပွက်ဆူတက်လာသည်။
ရာဂျစ်ကိုင်သည် သုံးမိနစ်ခန့်စောင့်ဆိုင်းပြီးနောက် ကျောက်ခွက်ထဲသို့ လက်နှိုက်လိုက်သည်။ ကျောက်ခွက်ထဲမှ လက် ကိုပြန်နှုတ်လိုက်သောအခါတွင်မူ ရာဂျစ်ကိုင်၏လက်ထဲတွင် ရွှေခဲကြီးတစ်ခဲပါလာလေသည်။
“အိုး”
မောင်မောင်ပါးစပ်မှ အာမေဋိတ်သံက လွတ်ထွက်သွားလေ၏။ ရာဂျစ်ကိုင်သည် ရွှေခဲကြီးကို သူဝတ်ထားသော ဝတ်ရုံဖြင့် အသာအယာပွတ်ကာ သူ့ဘေးတွင် ချထားသော ဆိတ်ရေအိတ်ထဲသို့ ထည့်လိုက်သည်။ ပြီးနောက် ဖန်ပုလင်း နှစ်လုံးနှင့် ကြေးပုရပိုဒ်ကိုလည်း ဆိတ်ရေအိတ်ထဲသို့ထည့်ကာ ဖားဖိုမှမီးကိုရေလောင်း၍ ငြိမ်းသတ်လိုက်သည်။
ယခုတော့မူ မောင်မောင်က ရာဂျစ်ကိုင်၏ဘဝမှန်ကိုသိလာသည်။ ဒီလူသည် ရွှေဖြစ်နိုင်သောပညာရပ်ကို ခိုးယူလို၍ ဤအဖွဲ့အတွင်းလူယုံတစ်ယောက်သဖွယ် အဖွဲ့ဝင်ဖြစ်လာအောင် ကြိုးစားခဲ့ပုံရပေသည်။ ရာဂျစ်ကိုင်သည် သူလိုချင်သော ပစ္စည်းရပြီဖြစ်၍ လျှို့ဝှက်ခန်းထဲမှထွက်ရန် ဆိတ်ရေကို ဝတ်ရုံအောက်သို့ ထိုးထည့်လိုက်သည်။
မောင်မောင်ကလည်း ဆုတ်ဆိုင်းမနေတော့ဘဲ ကျောက်တံခါးကိုတွန်းဖွင့်လိုက်သည်။ ရာဂျစ်ကိုင်မှာ အခန်းထဲသို့ ဝင်လာသော မောင်မောင့်ကိုမြင်သည်နှင့် ထိတ်ထိတ်လန့်လန့် ဖြစ်သွားလေသည်။ သို့ရာတွင် ထိတ်လန့်သွားသော သူ့အမူ အရာကို ပြင်လိုက်ကာ…..
“ကျွန်ုပ်တို့အဖွဲ့ဝင်များသာ ဝင်ရသော အခန်းကို သင်ကဘာကြောင့်ဝင်လာရသနည်း” ဟု တင်းမာသော အသံဖြင့် မေးလိုက်သည်။”
မောင်မောင်က ပုခုံးကိုတွန့်လိုက်သည်။
“သင်ရော ဘာဖြစ်လို့ ဒီအခန်းထဲကို ဒီအချိန်ကြီးရောက်နေရတာလည်း”
မောင်မောင်က အေးဆေးတည်ငြမ်သောအသံဖြင့် မေးလိုက်သည်။
“ကျွန်ုပ်သည် အကြီးအကဲ၏အဖွဲ့ဝင်များဖြစ်၍ ဤလျှို့ဝှက်ခန်းသို့ဝင်နိုင်ခွင့်ရှိသည်။”
“သင်က အကြီးအကဲအဖွဲ့ဝင်ဆိုသော်လည်း ကျွန်ုပ်ကတော့မူ သင့်ကို လူလိမ်တစ်ယောက်လို့သိထားပါတယ်။ သင်က ပုံမှန်သာဆိုရင် ဘာကြောင့်ဆေးပုလင်း နှစ်လုံးနှင့် ကြေးပုရပိုဒ်က သင့်ကိုယ်ရုံထဲတွင် ဖွက်ထားရပါသလဲ“
ရာဂျစ်ကိုင်မှာ သူ့အကြောင်းကို မောင်မောင်သိထားပြီးဖြစ်ကြောင်း သိလိုက်ပါသည်။ရာဂျစ်ကိုင်သည် အတော်ကြာ အောင်တွေဝေနေပြီးနောက်….
ကဲ…မစ္စတာမောင်မောင် ခင်ဗျားလည်း ကျွန်ုပ်အကြောင်းသိနေမှတော့ အမှန်အတိုင်းပဲပြောပြပါ့မယ်။ဟုတ်ပါတယ် ကျွန်ုပ်က ရွှေဖြစ်အောင်လုပ်တဲ့နည်းကိုသိချင်လို့ အဖွဲ့ဝင်ခဲ့တာပါ။ခုတော့ ကျွန်ုပ်လိုချင်တဲ့ ရွှေဖြစ်နည်းကိုသိရပြီလေ။ ခင်ဗျား လက်တွဲမယ်ဆိုရင် ခင်းဗျားကိုလည်းဒီနည်းပေးပါ့မယ်။”
“ခင်ဗျားအကြောင်းမသိပဲ ခင်ဗျားကို ဘယ်လိုလုပ်ပြီး မိတ်ဆွေအဖြစ်လက်ခံရမလဲ”
ရာဂျစ်ကိုင်သည် ပတ်ဝန်းကျင်ကို တစ်ချက်လှည့်ပတ်ကြည့်လိုက်သည်။
“ကောင်းပီလေ ခင်ဗျားကျွန်ုပ်အကြောင်းသိချင်ရင် ပြောပြပါ့မယ်။ ဒါပေမဲ့ ဒီအခန်းထဲမှာကြာကြာ နေလို့မဖြစ်တော့ ဘူး မစ္စတာမောင်မောင် ဒီအခန်းက သူတို့ရဲ့လျှို့ဝှက်ခန်းမို့ တခြားလူတွေဝင်တာကိုခွင့်မပြုဘူး။ ခင်ဗျားအခန်းသွားကြစို့”
မောင်မောင်နှင့်ရာဂျစ်ကိုင်သည် လျှို့ဝှက်အခန်းမှထွက်ကာ တံခါးကိုနေသားတကျပြန်ပိတ်လိုက်သည်။ ပြီးမှ မောင်မောင့် အတွက် ပေးထားသောအခန်းသို့ ပြန်လာကြလေသည်။
“ကဲ…ခင်ဗျားဘယ်သူလဲဆိုတာ ကျုပ်ကိုပြောပါဦး”
မောင်မောင်က သူ့အခန်းရောက်သည်နှင့် ရာဂျစ်ကိုင်အား မေးလိုက်လေ၏။
“ကျွန်ုပ်နာမည် ရာဂျစ်ဘနာဂျီလို့ခေါ်ပါတယ်၊ နေတာက ရခိုင်ဘက်မှာနေတာပါ။ ကျွန်ုပ်တို့မိဘတွေက ချမ်းသာ ကြွယ်ဝတဲ့သူတွေပါ။ ကျွန်ုပ် အထက်တန်းအောင်တဲ့နှစ်မှာ မယုံနိုင်လောက်အောင် ပစ္စည်းဥစ္စာတွေဆုံးရှုံးပြီး မွဲသွားပါတယ်။ ဆင်းဆင်းရဲရဲဖြစ်သွားလို့ ကျွန်ုပ်မိဘနှစ်ပါးဟာ စိတ်ထိခိုက်ပြီးသေဆုံးကုန်ပါတယ်။ တချိန်ကချမ်းသာခဲ့တဲ့ ကျွန်ုပ်ဟာ ဆင်းရဲ လာတဲ့အခါ မနေနိုင်ပါဘူး။ ချမ်းချမ်းသာသာပဲနေချင်ပါတယ်။ဒါကြောင့် ချမ်းသာတဲ့နည်းလမ်းကိုရှာခဲ့ပါတယ်။ အမြန်ဆုံး ချမ်းသာတဲ့နည်းကတော့ ကြေးကိုရွှေဖြစ်အောင်လုပ်တဲ့နည်းမဟုတ်လား…”
မောင်မောင်သည် ရာဂျစ်ဘနာဂျီ၏ အကြံကြီးပုံကို စိတ်ထဲမှကြိတ်၍ ပြုံးလိုက်မိသည်။
“ရွှေဖြစ်တဲ့နည်းကို တကယ်တတ်တာကတော့ ရိခေါရ်အကြီးအကဲနဲ့ အဆင့်မြင့် အဖွဲ့ဝင်တွေပဲ၊ ဒီကိုရောက်ဖို့ ပြီး တော့ သူတို့အားလုံးရဲ့ ယုံကြည်မှုရလာဖို့ ကျွန်ုပ်သုံးနှစ်လောက် သူတို့နဲ့တသားတည်းဖြစ်လာအောင် ကျိုးစားခဲ့ရတယ်။သူ တို့ယုံကြည်လာတော့မှ လျှို့ဝှက်အခန်းကို ဝင်ခွင့်ရတယ်။ မနေ့ညက ပထမဆုံးအကြိမ် လျှို့ဝှက်အခန်းကို ဝင်ခွင့်ရတာပဲ၊ မနေ့ညက သူတို့ အဖွဲ့ဝင်တစ်ဦးဆုံးသွားလို့ လျှို့ဝှက်အခန်းထဲပို့တဲ့အခါ ကျွန်ုပ်ကိုယ်တိုင်ပါလာလို့ လျှို့ဝှက်အခန်းရှိတဲ့နေရာ ကိုသိရတယ်။ ဒီညကျွန်ုပ်လျှို့ဝှက်အခန်းကို တိတ်တိတ်ဝင်ကြည့်တော့ အင်မတန်လိုချင်နေတဲ့ ရွှေဖြစ်နည်းပုရပိုဒ်နဲ့ ရွှေဖြစ် နိုင်တဲ့ဆေးရည်တွေကိုရခဲ့တာပဲ၊ အခုဆိုရင် ကျွန်ုပ်တို့နှစ်ယောက်က ကမ္ဘာပေါ်မှာအချမ်းသာဆုံး ရွှေသူဌေးတွေဖြစ် နေပြီ မစ္စတာမောင်မောင်”
ရာဂျစ်ဘနာဂျီက ကျေနပ်အားရနေသည့် အသံကြီးဖြင့် အားပါးတရပြောလိုက်လေသည်။
“ရွှေလုပ်တဲ့နည်းတော့ သိပါပြီ၊ ရွှေဖြစ်အောင် လုပ်နိုင်တဲ့ဆေးရည်ကို ကျွန်ုပ်တို့က ဘယ်လိုရှာယူရမလဲ…”
“ကျွန်ုပ်တို့ရထားတဲ့ ကြေးပုရပိုဒ်မှာ ဆေးရည်ဖေါ်တဲ့နည်းရော ရွှေဖြစ်အောင်လုပ်တဲ့နည်းရော ပါပါတယ်၊ အခု လောလောဆယ် ဆေးရည်နှစ်ပုလင်းရှိထားတော့ ရွှေအချိန် တစ်ရာလောက်ကို လုပ်နိုင်ပါတယ် မစ္စတာမောင်မောင်ရာ ကဲ. ကျွန်ုပ်နဲ့ လက်တွဲနိုင်တယ်မဟုတ်လား.”
“ခင်ဗျားနဲ့လက်တွဲတာတော့ဟုတ်ပါပြီ ကျွန်ုပ်တို့ဒီကဘယ်လိုထွက်နိုင်မလဲ ကျုပ်ကလမ်းမသိဘူး”
“ဒီအတွက်မပူပါနဲ့ မစ္စတာမောင်မောင် ၊ ဒီကနေထွက်တဲ့လမ်းကို ကျွန်ုပ်သိပါတယ်။ ခင်ဗျားလိုက်မယ်ဆို ဒီည ပဲသွားကြစို့..”
မောင်မောင်က ရာဂျစ်ဘနာဂျီ၏ အကြံကိုသဘောတူလိုက်သည်။ သို့ဖြင့် ထုပ်ပိုးထားသော သူ့ပစ္စည်းများကိုယူကာ ရာဂျစ်ဘနာဂျီနှင့်အတူ ဘုရားဆင်းတုတော်ထားရာ အခန်းသို့လိုက်ပါလာခဲ့သည်။ ဆင်းတုတော်နောက်တွင် ကျောက်ခုံ ကလေး တစ်ခုရှိသည်။
“ဒီကျောက်ခုံကိုဖယ်လိုက်ရင် အပြင်ကိုထွက်တဲ့ထွက်ပေါက်ရှိတယ်၊ ကျွန်ုပ်ကိုခေါ်လာတုန်းက ဒီအပေါက်က လာ ခဲ့ရတာပဲ”
ရာဂျစ်ဘနာဂျီသည် မောင်မောင်၏ အကူအညီဖြင့် ကျောက်တုံးကိုတွန်းရွှေ့လိုက်သည်။
“ခင်ဗျားမှာ လက်နှိပ်ဓာတ်မီးပါတယ်မဟုတ်လား….”
ရာဂျစ်ဘနာဂျီက မောင်မောင့်လက်ထဲမှ လက်နှိပ်ဓာတ်မီးကိုယူ၍ ရှေ့သို့ ထိုးကြည့်လိုက်သည် ။ရှည်လျားသော လှိုင်ခေါင်းတစ်ခုကိုတွေ့ရပြီး လှိုင်ခေါင်းအဆုံးထိဆိုလျှင် အတန်ဝေးသေးသည့်ပုံပေါ်ပါသည်။ ရာဂျစ်ဘနာဂျီနှင့် မောင်မောင် တို့သည် တစ်ရွေ့ရွေ့လှမ်းလာခဲ့ရာ အတော်လေးရောက်လာသည်။လှိုင်ခေါင်းအတွင်းအေးစက်နေသည်။ ရှေ့ရောက်လာ လေလေ အေးစက်မှုပိုလာလေလေ ဖြစ်ပြီး ရှေ့ဘက်ဆီမှ ရေစီးသံလိုလိုကြားလာရသည်။
“ရှေ့ဘက်မှ ချောင်းတွေဘာတွေများရှိနေလား”
“ရှိတယ် ကျွန်ုပ်တို့နဲ့ ပေနှစ်ဆယ်လောက်အကွာမှာ ရေစီးသိပ်သန်တဲ့ ချောင်းတစ်ခုရှိတယ်။”
“ဒီလိုဆိုရင် ကျွန်ုပ်တို့ ဘယ်လိုသွားကြမလဲ.”
“လွန်ခဲ့တဲ့ တစ်လလောက်ကတဲက ကျွန်ုပ် တိတ်တိတ်လုပ်ထားတဲ့ ဝါးဖောင်ကလေးတစ်ခုတော့ရှိတယ်။ ဒီဖောင် ကလေးနဲ့ပဲ ရေစုန်မျောလိုက်သွားရင် ဒီနေရာအပြင်ဘက်ရောက်မယ်ထင်ရတာပဲ”
ရာဂျစ်ဘနာဂျီ၏ ခရီးစဉ်မှာ တိကျမှုမရှိပေ။အကယ်၍ လှိုင်ခေါင်းအတွင်းမှ အပြင်သို့မရောက်ပဲ လမ်းခရီးတွင် ကျောက်ဆောင်တစ်ခုနှင့်တိုက်မိ ပြီးဘဝဆုံးသွာနိုင်လေသည်။
“ခင်ဗျားအစီအစဉ်က စိတ်ချရပါ့မလား.. ရာဂျစ်ဘနာဂျီ၊ မတော်တဆ အပြင်မရောက်ပဲ တစ်ခုခုနဲ့တိုက်မပြီးသေနေ ပါဦးမယ်”
“စွန့်တော့စွန့်စားရမှာပဲ မစ္စတာမောင်မောင်၊ ကျွန်ုပ်တို့ပြန်သွားလို့လဲမဖြစ်တော့ဘူး။ ချောင်းဆိုမှတော့ လမ်းဆုံးမှာ အပြင်ဘက်ရောက်ကိုရောက်ရမှာပဲ”
မောင်မောင်ကတော့မူ မသေချာသောလမ်းထက် သေချာစိတ်ချရသောလမ်းသာသွားချင်သည်။ သို့ဖြင့်အခြားလမ်း တစ်ခုအားရှာရန်ကို အကြံပြုလိုက်သည်။
“ကျွန်ုပ်ရှာကြည့်ပြီးပါပြီ မစ္စတာမောင်မောင် ဒီလမ်းကလွဲပြီးအခြားလမ်းမရှိပါဘူး။
ထိုအခိုက် လှိုင်ခေါင်းအစပိုင်းလောက်မှ ဆူဆူညံညံအသံတွေထွက်ပေါ်လာသည်။ မီးတုတ်တွေကိုင်ထားပုံရသည် လူများလိုက်လာကြပြီ။အလင်းရောင်များမြင်ရ၏။
“ကျွန်ုပ်တို့ ထွက်ပြေးတာကို ဟိုလူကြီးတွေသိသွားကြပြီ မစ္စတာမောင်မောင် တွေဝေနေလို့မဖြစ်ဘူး လစ်ကြစို့။”
ရာဂျစ်ဘနာဂျီသည် ပြောပြောဆိုဆို မောင်မောင့်လက်ကို ဆွဲကာ သူဖောင်ဖွဲ့ထားသည့်နေရာသို့ ပြေးလေသည်။ ထိုအခိုက် ဝီကနဲအသံနှင်အတူ မြားတံတစ်ခုလေထဲ ဝဲလာသည်။
“ဟာ ဟိုလူတွေ ကျွန်ုပ်တို့ကို မြားတွေနဲ့ပစ်နေပြီဗျို့၊ မြန်မြန်ဖေါင်ပေါ်ရောက်အောင်တက်ကြမယ်”
ရာဂျစ်ဘနာဂျီ၏ သတိပေးသံ မဆုံးမီ ဝီကနဲ ဝီကနဲမြည်လျက်မြားတံများပလူပျံလာကြသည်။ မောင်မောင်က နောက်မှ နောက်ရောက်ယားသဘောထားကာ ရာဂျစ်ဘနာဂျီနောက်သို့အပြေးလိုက်ရသည်။မှောင်ကလည်းမှောင် လမ်းကလည်းကြမ်း သည့်အတွက် ဂိုက်တစ်ရာအတွင်း ဆယ်ကြိမ်လောက်လဲကျကာ ဒူးနှင့် တဒေါင်ဆစ်များများမှာ ပွန်းပေါက်ပြဲကုန်သည်။
“မီးဖွင့်ပါဦး ရာဂျစ်ဘနာဂျီ မှောင်လို့ဘာမှမမြင်ရဘူး”
“အို…မီးဖွင့်ရင် ကျွန်ုပ်တို့ကို ဒူးလေးနဲ့ပစ်နိုင်အောာင် ပစ်ကွင်းပေးသလို ဖြစ်နေမှာပေါ့၊ သတိထားပြီးသာ ကျွန်ုပ် နောက်လိုက်ခဲ့ပါ့။ ကျွန်ုပ်လုပ်ထားတဲ့ဖောင်နားကိုရောက်ခါနီးပါပြီ….”
သုံးမိနစ်ခန့်ဆက်၍ပြေးခဲ့ပြီးနောက် ရာဂျစ်ဘနာဂျီ၏ ဖေါင်ကလေးနားသို့ရောက်လာသည်။
“ဖေါင်ပေါ်မြန်မြန်တက် မစ္စတာမောင်မောင် ကျွန်ုပ်ဖောင်ချည်ထားတဲ့ကြိုးကိုဖြုတ်လိုက်တော့မယ်..”
ရာဂျစ်ဘနာဂျီက မောင်မောင်ဖေါင်ပေါ်ရောက်သည်နှင့် ဖောင်ချည်ထားသောကြိုါ်ကိုဖြုတ်ကာ ဖောင်ကလေးကို ရေလည်သို့တွန်းထုန်လိုက်သည်။ ရေစီကြောင်း၏ အဟုန်ကြောင့် ဖောင်ကလေးမှာတရိပ်ရိပ်ပြေးလေတော့သည်။
“မှောက် မှောက်”
ရာဂျစ်ဘနာဂျီသည် ပြောပြောဆိုဆို မောင်မောင်၏ ကိုယ်လုံးကြီးအား ဖောင်ပေါ်သို့ ဆွဲချလိုက်သည်။ ရိခေါရ်တွေ ပစ်လိုက်သောမြားတံများက မောင်မောင့်ကိုယ်ပေါ်မှ တဝှီးဝှီးနှင့်ဖြတ်ပြေးနေသည်။ ဖောင်ကလေးမှာရေစီးကြောင်းတွင် စက်တပ်ထားသော မော်တော်ဘုတ်ကလေးကဲ့သို့ တရိပ်ရိပ်ပြေးနေသည်။ နောက်ဆုံး မီးတုတ်ကိုင်ထားသော လူကြီးများမှာ မောင်မောင်တို့မြင်ကွင်းမှပျောက်ကွယ်သွားလေတော့သည်။
ထိုအခါကျမှရာဂျစ်ဘနာဂျီနှင့် မောင်မောင်တို့သည် ဝမ်းလျားထိုးမှောက်နေရာမှ ထထိုင်လိုက်ကြသည်။ မောင်မောင် က ရေစီးကြောင်းကို လက်နှိပ်ဓာတ်မီးဖြင့်ထိုးကြည့်လိုက်သည်။ရေစီးအရှိန်မှာ တစ်နာရီမိုင်ငါးဆယ်နှုန်းခန့်စီးနေသည်။
“ရေစီးကတော့အတော်သန်တာပဲဗျို့”
ရာဂျစ်ဘနာဂျီက ခေါင်းကိုအသာအယာ ညိတ်လိုက်ကာ မောင့်မောင့်လက်မှ လက်နှိပ်ဓာတ်မီးကိုယူ၍ ရှေ့သို့ ထိုးကြည့်လိုက်သည်။ဓာတ်မီးရောင်အဆုံးတွင် ပြွန်ပေါက်သဏ္ဍန်တောင်ခေါင်းတစ်ခုကိုတွေ့ရလေ၏။ ပြွန်ခေါင်းမဝ၏အ ကျယ်မှာ ၁၁ ပေခန့် ကျယ်သော်လည်း ပြွန်ခေါင်း အပေါ် နှုတ်ခမ်းမှ ရေပြင်နှင့် သုံးပေသာသာခန့်သာမြင့်လေသည်။ ရေစီး ကြောင်းမှာ ပြွန်ထဲသို့စီးဝင်နေသည်။
ဆက်ရန်…

ရေးသားသူ- မင်းစိုးနိုင်
ဤဝတ္တုကို သူငယ်ချင်းမောင်မောင်အေး ပြောပြခဲ့သည့် မစ်ဇိုရမ်ပြည်နယ်ထဲက နယ်စပ်မြို့ကလေးတစ်ခု၏ ထူးခြား ချက်များနှင့် တိဗက်လောကီပညာ စာအုပ်ကိုမှီငြမ်းပေါင်းစပ်ရေးသားပါသည်။

Sort:  

Good post

ရေးတာကောင်းပါတယ်၊ ဒါမေ့ စာတစ်လုံးမှားနေလားလို့
အပေါ်နားမှာ ဖုန်ပလင်း ဖြစ်နေတယ်။
တမျိုးမထင်ပါနဲ့ အမှားထောက်ပြတာပါ

ကျေးဇူးတင်ပါ သည် ပြင် လိုက်ပါပြီ

This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond

လူမသေ ငွေမရှား စကားပုံ အရပြောရရင်တော့ လူ့အသက်ထက်တော့ ရွှေက တန်ဖိုးရှိမှာမဟုတ်ပါဘူး နော်

လောဘတွေပေါ့ ဆရာမရယ်

ဖတ်ရတာဗဟုသုတရပါတယ်

ပိုစ့်​တိုင်းမှာရှိ​နေမယ်​.bro

streemမှာဝင်ရတာအဲ့ဒါတွေမိုက်တာ

ဟုလား

ဖတ်လို့ကောင်းတယ်Bro နောက်ထပ်လည်းထပ်တင်ပေးပါအုံး.....😄😄😄

နောက်တစ်ပိုင်းပြီးတင်တော့မယ် ဆန့် တငံ့ ငံ့  မဖြစ်အောင်

နောက်တစ်ပိုင်း မျှော်နေပါတယ် bro.

ဇတ်သိမ်းပိုင်း ဗုဒ္ဓဟူးနေ့ ပြီးတင်ပါမည်

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.029
BTC 64112.50
ETH 3174.45
USDT 1.00
SBD 2.54