စောင့်ခေါ်မလားပြေးလိုက်ခိုင်းမလား

in #myanmar8 years ago (edited)

စောင့်ခေါ်မလားပြေးလိုက်ခိုင်းမလား
image
ကျွန်တော်တို့တွေ နောက်ကျကျန်သူတွေကို လက်တွဲခေါ်ဖို့အကြံပြုလေ့ရှိကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ကိုယ်တိုင်ရှေ့ရောက်နေပြီဆိုရင်တော့ လိုအပ်မှာပါ။ တကယ်က ကျွန်တော်တို့အားလုံးနောက် ကျ ကျန်နေခဲ့ကြတာပါ။ နောက်ကျကျန်ရစ်နေပြီလို့သိတဲ့သူက အပြေးလိုက်တော့မယ်ဆိုရင် တခြားသူတွေကိုစောင့် ခေါ် နေဖို့အချိန်မရှိပါဘူး။ အမြန်ပြေးလိုက်ခဲ့ဖို့သာ အော်ခဲ့လိုက်ပါ။
လွန်ခဲ့သော ၁၉၈၅ ခုနှစ်လောက်က ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နဲ့ ကျွန်တော့ဆရာ ဦးမြင့်ဌေးတို့ အတူတူ တရုတ်ပြည်ကိုသွားခဲ့ကြပါတယ်။ ထိုအချိန်ကတည်းက တရုတ်တွေက သတင်းစာတောင် ထိုင်မဖတ် နိုင်တော့ပါဘူး။ကျောင်းသားတွေဟာ သူ့ထက်ငါတော်ဖို့အပြင်းအထန်ကြိုးစားနေကြပါပြီ၊ ဘာကြောင့်လည်းဆို တော့ သူတို့ဆီမှာ အလုပ်အကိုင်ရဖို့ဆိုတာ တော်ရုံတန်ရုံဘွဲ့တစ်ခုရတာနဲ့ မဖြစ်နိုင်ပါဘူး။ သူများထက် တကယ်တော်မှ သူများထက်တကယ်သာမှ အလုပ်ရနိုင်တော့မှာမို့လိုပါ။ဆရာပြောတာကတော့ သတင်းစာတွေကို နံရံကပ်စာစောင်တွေလို နံရံတွေမှာကပ်ထားတာကို အပြေးအလွှားသွားရင်းလာရင်းခဏကလေးဝင်ဖတ်သွားကြ တာပါတဲ့ ။
image
အဲသလိုသူများတွေ အပြင်းအထန်ကြိုးစားနေရချိန်မှာ ကျွန်တော်တို့ကတော့ လ္ဘက်ရည်ဆိုင်လည်းအေး အေးဆေး ဆေးထိုင်နိုင်ကြဆဲ၊သတင်းစာဂျာနယ်တွေလည်း တစ်စောင်ပြီးတစ်စောင်ထိုင်ဖတ်နေနိုင်ကြဆဲပါ။ပြီး တော့ ဘယ်ဌာနမှာ ဘယ်သူနဲ့ပိုင်တာရှိလည်းစုံစမ်းကြပြီး အချို့အတန်းထဲမှာ ခပ်ထုံထုံလို့ထင်ရတဲ့ အမှတ် အနည်းဆုံးပုဂ္ဂိုလ်မြတ်များက အရင်ဆုံးစည်ပင်၊ ဆောက်လုပ်ရေး၊ ဆည်မြောင်းစတဲ့ ဘေးပေါက်ရတဲ့ ဌာနတွေမှာ အလွယ်တကူအလုပ်ရသွားကြပြီး Rool 1 ဆိုတဲ့အမှတ်အများဆုံးသူက အလုပ်မရနိုင်ပဲတစ်ဝဲလည် လည်နေခဲ့ရ တာပါ။ ပြီးတော့ အလုပ်မရသေးတဲ့သူငယ်ချင်းကို ကားတွေတစ်ဝီဝီနဲ့လာခေါ်ကြပြီး ဘီယာဆိုင် စားသောက်ဆိုင်တွေမှာ ပျော်ပျော်ရွှင်ရွှင်ကြီးကျွေးကြမွေးကြတာပါ။
image
ဒါမျိုးကို ကောင်းတယ်လို့ထင်ခဲ့ကြအားကျခဲ့ကြတဲ့အထဲမှာ ကျွန်တော်လည်းပါဝင်ခဲ့ပါကြောင်းဝန်ခံပါတယ်။ ခုတော့ အချိန်နဲ့ဒီရေသည်လူကိုမစောင့်ဆိုတဲ့နိယာမအတိုင်း အချိန်တွေကုန်လာတော့မှ ငါတို့နိုင်ငံသားတွေ အကုန်လုံးအဝီဇိမှာကျန်ရစ်ခဲ့ကြောင်းသိလိုက်ရတဲ့ အခါ အပြေးအလွှားလိုက်ခဲ့ပေမယ့်။အများစုဟာ အချိန်တွေကို အကျိုးမဲ့ဖြုန်းနေကြဆဲ၊ အချောင်ရမယ့်အခွင့်အလန်းတွေလိုက်ရှာနေကြဆဲမို့ ဘယ်လိုမှ တွဲခေါ်လို့မရတော့ပါ။ သူတို့ကို ကျွန်တော်တို့ မစောင့်သင့်တော့ပါ။ ကိုယ်အမီလိုက်နေကြောင်းသတင်းလေးမျှသာပြောခဲ့ပြီး အပြေးအ လွှားသွားလိုက်ပါတော့မည်။ သူငယ်ချင်းတို့ရေ။
ရေးသားသူ - မင်းစိုးနိုင်
MSC – 010
Photo – Google

Sort:  

အပြေးအလွှားလိုက်နေတုန်း အဆင့် ပါ ဆရာစိုးရေ

Post တင်တဲ့သူထက် မန့်တဲ့သူရဲ့ $ ကများနေတော့ လိုက်နေတာမဟုတ်ပါဘူး။ကျော်ကုန်တာပါ။

အမှီလိုက်ဖို့ တော်တော့်ကိုမလွယ်တာ။အများကြီး နောက်မှာ ကျန်ခဲ့ပြီဆိုတော့။

လက်​ဖက်​ရည်​ဆိုင်​တွင်​အလုပ်​မလုပ်​ပဲအချိန်​ဖြုန်း​နေသူများဒုနဲ့​ဒေးရှိ​နေပါ​သေးသည်​။

ဟုတ်ပါ့ အချိန်အပိုဆုံးက တို့မြန်မာ

အပြေးအလွှားကိုလိုက်နေရတာပါပဲအူးမင်းရယ်

ပို့စ်တွေအများကြီးရေးနိုင်တော့ ရှေ့ရောက်နေတာပါ

ကျွန်တော်တို့လည်း အပြေးလေး လိုက်နေပါတယ်ဆရာ

ကိုမြင့်လွင်စိုးက တကယ် active အဖြစ်ဆုံးပါ ၊vote,comment အမြဲဦးနေတာ ရှေ့ရောက်ပါတယ်

ပြေးလိုက်​​နေရပါတယ်​ခင်​ဗျာ

အရမ်းတော့မပြေးနက်လဲမှာစိုးရိမ်လို့

အ​ပြေးလိုက်​ဖို့​နေ​နေသာသာ ပံမှလိုက်​ရင်​​တောင်​​ကျေနပ်​ပါတယ်

ကြိုးစားနေကြတာနောက်အကျပါဘူး

ပြေးလိုက်နေပါတယ်

ကိုကျော်လှိုင် g2 မှာ sp အမြင့်ဆုံးမို့သူများတွေက မနည်းလိုက်နေရတာ

ဟုတ်ပါတယ်ရှင့်

ဒုံးပျံစီးလိုက်​မယ်​ 😁

သူများတစ်လှမ်းရင်ကျူပ်တို့က ၁၀ လှမ်း ၁၅ လှမ်းမဟုတ်တော့ဘူး ဒုံးပျံနဲ့ဆိုအကောင်းဆုံး

Coin Marketplace

STEEM 0.10
TRX 0.32
JST 0.034
BTC 113331.64
ETH 4075.09
USDT 1.00
SBD 0.63