လေ့လာစရာ Electronic ပညာ အပိုင်း(၄)

in #myanmar7 years ago (edited)

လေ့လာစရာ Electronic ပညာ အပိုင်း(၄)
image
၃။ Transistor များ

Capacitor ကို လျှပ်သိုဟုခေါ်သလို Transistor ကိုလည်းလျှပ်ပွားဟုခေါ်ကြသည်။ အကြောင်းက လည်း ရှင်းသည် လျှပ်စစ်ကိုပွားပေးလို့ လျှပ်ပွားဟုခေါ်သည်ပေါ့။ Transistor များကို Circult တိုင်းလိုတွင် သုံးချောင်းထောက်ကလေးများအဖြစ်မြင်တွေ့နိုင်သည်။ Transistor(ထရန်စစ်စတာ) များသည် တစ်ပိုင်း လျှပ် ကူး(Semiconductor)ပစ္စည်းများဖြစ်ကြပြီး ၎င်းတို့ထံဝင်လာသော signal များကိုသတ် မှတ်ထားသောဗို့ အားများပေးလိုက်သည်နှင့် အဆများစွာချဲ့ပေး နိုင်စွမ်းရှိကြသည်။ Transistor များကိုအသုံးပြု၍ အသံချဲ့ စက်များတွင် အသံကို အဆများစွာချဲ့ပေးနိုင်ခြင်းလည်းဖြစ်ပါသည်။ ဒီနေရာမှာ Semiconductor အကြောင်း အနည်းငယ်သိရှိထားရန်လိုအပ်မည်ဟုယူဆပါသည်။ အလွယ်ပြောရလျှင် Semiconductor ဆိုသည်မှာ Conductor နဲ့ Insulator တို့ရဲ့ကြား အခြေအနေ မျိုးပဲဖြစ်ပါသည်။
image
လျှပ်စစ် Electron များအလွယ် တကူဖြတ် စီးနိုင်တဲ့အနေအထားမျိုးရှိတဲ့ Conductor များနဲ့ လျှပ်စစ် Electron များအလွယ်တကူဖြတ်မစီးနိုင်တဲ့ အနေအထားမျိုးရှိသော Insulator တို့၏ကြား နေအနေအထားဖြစ်ပါသည်။ ၎င်းတို့ကို ဂျာမေနီယံ သတ္ထုဖြင့်လည်းကောင်း၊ ဆီလီကွန်သတ္ထုဖြင့်လည်းကောင်း ပြုလုပ်ထားကြသည်။ ဆီလီကွန် transistor များသည် ဂျာမေနီယံ transistor များထက်အပူချိန်ကို ပို၍ခံနိုင်ကြသည်။ Transistor အမျိုးအစားများ ကိုအောက်ပါအတိုင်းခွဲခြား ထားသည်။
image
၁။ Bipolar Transistor
၂။ FET ( Field Effect Transistor) သို့မဟုတ် Monopolar Transistor

ဟူ၍ခွဲခြားထားသည်။

၁။ Bipolar transistor
image
ဘိုင်ပိုလာ ထရန်စစ္စတာများတွင် PNP transistor အမျိုးအစားနှင့် NPN transistor အမျိုးအစားဟူ၍ ၂ မျိုး ရှိသည်။PNP ဆိုသည်မှာ P Type အမျိုးအစားနှင့် N Type အမျိုးအစား တို့အနေနဲ့ သူ့ဘာသာ သပ်သပ်စီ တည်ရှိနေကြတဲ့ နေရာ(၂)ခု အကြားတွင် သေးငယ်ကျဉ်းမြောင်းသော P and N အမျိုးအစား Material (၂)မျိုးနှင့်ပေါင်းစပ်၍ ချိတ်ဆက်ထားသော Transistor ကို PNP transistor ဟုခေါ်ခြင်း ဖြစ်ပါသည်။ ၎င်းတို့ကို နံပါတ်များကိုကြည့်၍ အမျိုးအစားခွဲခြားနိုင်သည်။ A,B,C,D နံပါတ်များ ရှိသည့် အနက် A နှင့် Bသည် PNP transistor အမျိုးအစားဖြစ်ပြီး Aကိုကြိမ်နှုန်းမြင့်အပိုင်းများတွင်သုံးပြီး B ကိုကြိမ်နှုန်းနိမ့်အပိုင်း တွင်အသုံး ပြုကြသည်။C နှင့် Dသည် NPN transistor အမျိုးအစားများဖြစ်ကြပြီး C ကိုကြိမ်နှုန်းမြင့်အပိုင်းတွင်သုံး၍ D ကိုကြိမ်နှုန်းနိမ့်အပိုင်းတွင်သုံးကြသည်။ဥပမာ A1941 ,B778, C5198 , D1047 စသည့်နံပါတ် အသီးသီး ရှိကြသည်။ A1941 နှင့် B778 တို့သည် PNP transistor များဖြစ်ကြပြီး C5198 နှင့် D1047 တို့သည် NPN transistor များဖြစ်ကြသည်။
image
Transistor များတွင် Emitter , Collector , Base ဟူ၍ ခြေချောင်း ၃ချောင်းပါရှိသည်။ ECB , EBC , BCE စသည်ဖြင့်အစဉ်အတိုင်းမရှိပဲအမျိုးမျိုးရှိကြသည်။ အတွေအကြုံရှိသူများက ခွဲခြားသိရှိနိုင်သော်လည်း လေ့လာ စသူများမှာတိုင်းတာ၍သာခွဲခြားနိုင်သည်။သူ၏အလုပ်လုပ်ပုံသဘောတရားမှာ ရေဘုံပိုင်ခေါင်းတစ်ခုကဲ့ သို့မှတ် ယူနိုင်သည်။ Base သည် ရေဘားနှင့်တူညီပြီး ဖြတ်စီးသွားသောရေကို လိုအပ်သလို ထိန်းချုပ်နိုင် သကဲ့သို့ Transistor အတွင်းဖြတ်စီးလာသော Electron ကို Base ကလိုအပ်သလို ထိန်းချုပ်ပေးသည်။ပုံသေနည်းအရမူ Output Current များများ အလိုရှိပါက Input current ကို Base ဖြင့်မြှောက်ရမည်ဖြစ်ရာ Base Current များလေ Input current ထက် Output Current များလာလေလေဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ဤနည်း လမ်းအရ လျှပ်စီး Current ကို လျော့ကျစေလိုလျှင် Resistor များကို အသုံးပြုရပြီး၊ လျှပ်စီး Current ကို တိုးများစေလိုပါက Transistor များကိုအသုံးချရကြောင်းနားလည်သဘောပေါက်နိုင်ပါသည်။

image

၂။ FET ( field effect transistor)

FET များတွင် လည်း P channel transistorများ နှင့် N channel transistor များဟူ၍ခွဲခြားထားသေးသည်။ ခြေချောင်းများကိုလည်း Gate , Drain , Source ဟူ၍ခွဲခြားထားသည်။

မည်သို့ပင်ဖြစ်စေကာမူ Transistor ကလေးများ၏သဘောသဘာဝအလုပ်လုပ်ပုံမှာတူညီမှုရှိလေသည်။

မှတ်ချက်။ ။အပိုင်းတစ်ခုနှင့်တစ်အချိန်များစွာကွာခြားရခြင်းအတွက် Steeit Friend အားလုံးကိုတောင်းပန်ပါသည်။ အခန်းဆက်များရေးသားနေမိခြင်းအတွက်လည်းတောင်းပန်ပါသည်။ ငြီးငွေ့ဖွယ်ရာကောင်းပြီး အကြိမ်ကြိမ်မြင်တွေ့နေရသော ခေါင်းစဉ်တူအခန်းဆက်များကို မည်သူမဆိုဖတ်ချင်စိတ်မည်မဟုတ်သည်ကိုနားလည်ပါသည်။သည်းခံ၍သာ Vote , Comment ပေးကြပါကုန်

ရေးသားသူ-မင်းစိုးနိုင်

MSC 010

Photo – Google Credit

Sort:  

အခုလို ​လေ့လာပြီး ​ရေးသားမျှ​ဝေ​ပေးတဲ့အတွက်​ ​ကျေးဇူးပါ​နော်​။

အမှန်တော့ ကိုယ်တိုင် circuit တွေရေးနိုင်တဲ့အထိလုပ်နေတာပါ ။ခရီးကတော့ ဝေးလွန်းပါသေးတယ်

ဗဟုသုတရပါတယ်။

Good post bro👍

ဆရာ့ postတွေဖတ်ရတာ ဗဟုသုတ တိုးရပ့တယ်ဗျ။

ကျေးဇူးပါ ကိုယ်ကဝါသနာပါပေမယ့် သူများဝါသနာမပါပဲ ဖတ်ကြရမှာစိုးရိမ်နေတာလေ

အရမ်း​ကောင်းပါတယ်​ဗျာ share ​ပေးတာ ​ကျေးဇူးပါ

ခုလိုပြောလို့ကျေးဇူးပါ

ဗဟုသုတရပါတယ်ဗျာ

အခုလိုတင်​ပြ​ပေးတာ ​ကျေးဇူးအထူးတင်​ပါတယ်​ဆရာ

Comment အတွက်လည်းကျေးဇူးပါ

Thank for knowledge!

Thank for your comment

အခုလိုဝေမျှပေးလို့ကျေးဇူးပါ

ayemomoကိုလည်းကျေးဇူးပါ

ဗဟုသုတအများကြီးရပါတယ်​ရှင်

eiekhing ရေကျေးဇူးပါ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 57475.27
ETH 2375.39
USDT 1.00
SBD 2.34