အချစ်ထောင်

in #myanmar6 years ago (edited)

အချစ်ထောင်
Love Jill.jpg
လွပ်လပ်မှုတွေဆုံးရှုံးသွားပြီး သားတွေ၊ သမီးတွေ၊ လင်တွေ၊ ယောက်ျားတွေ၊ မိန်းမတွေ အတွက် ဘဝတစ် ခုလုံးပုံအပ်လိုက်ရသည့်အတွက် အကျဉ်းထောင်၊ အချို့ကအချစ်ထောင်ဟုတင်စားခေါ်ဆိုလေသည်။ဤထောင်ကို အချို့က ကျေကျေနပ်နပ်ကြီးအကျခံကြသော်လည်း၊ အချို့ကမူ အကျမခံလိုကြ လူပျိုကြီး၊ အပျိုကြီးဘဝခံယူကာ လွတ်လပ်မှုကိုကာကွယ်ထားကြလေသည်။
အိမ်ထောင်သည်ဘဝသည် တကယ်ပဲအကျဉ်းထောင်နဲ့တူပါသလား။အချို့တစ်ဝက်တော့ တူညီမည်ထင်ပါ သည်။မိမိ ဆန္ဒများကို လုပ်ဆောင်ခွင့်ပိတ်ပင်ခံရလေတော့သည်။ယင်းသို့ပိတ်ပင်ကြခြင်းမှာ တကယ်တော့ အကျိုး စီးပွားနဲ့ ဆိုင်ပါသည်။ဒါဆို မိန်းမ၊ယောက်ျားများသည် မိမိတို့အကျိုးစီးပွားအတွက် ဆန့်ကျင်ဘက်လိင်ကို အကျဉ်း ချနေကြပါသလား။
တကယ်တော့လူသည် မကောင်းမှု၌မွေ့လျော်တတ်သည်။ယောက်ျားတစ်ယောက်သည် အရက်ကိုအလွန် ကြိုက်နေသည်။ အရက်က သူ့ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွားအန္တရာယ်ရှိသည်။ ဒါလည်းသူသိသည်။ သို့သော်လူသည် အမြဲတမ်းမိမိအကျိုးကိုအထိအခိုက်မခံဟု ယူဆ၍မရ။ အရက်က အသက်အန္တရာယ်အထိ ပေးနိုင်ကြောင်းအရက်သောက်နေသူကိုယ်တိုင် မသိမဟုတ်သိပါသည်။ သေချင်သေ မသေချင်နေသူသောက် ချင်လို့သောက်သည်။ ဘယ်သူဘာတတ်နိုင်သနည်း။ အိမ်ထောင်သည်ဖြစ်လာသောအခါတွင်မူ သူအရက် သောက်ခြင်းသည် သူ့အိမ်ထောက်ဘက်ကို ရောမိသားစုကိုပါထိခိုက်လာတော့သည်။အရက်ဖိုးကုန်ခြင်း၊ အလုပ် အကိုင်ပျက်ခြင်း၊ လူမှုဆက်ဆံရေးချို့ယွင်းခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း စသောအထွေထွေ ပြဿနာများ ဖြစ်ပေါ် လာသည့်အတွက် ဇနီးလုပ်သူက အရက်သောက်ခြင်းကိုတားမြစ်ပိတ်ပင်လာရာ လွတ်လပ်မှုဆုံးရှုံးရသည်ဟု မြင် လာလေသည်။
ထိုနည်းတူစွာ အလှအပကြိုက်ပြီး ငွေအသုံးကြီးသူအမျိုးသမီးတစ်ဦးသည် အပျိုဘဝတွင် မိမိရှာဖွေ သောပိုက်ဆံကို မိမိဘာသာသုံးသည်၊ဖြုန်းသည်။ဘာပြဿနာမှမရှိ၊ အလွန်ဆုံးကြွေးတင်ရုံသာရှိမည်၊ ကြွေးတင် လည်း ကိုယ်ဘာသာတင်သည့်အကြွေး ဘယ်သူ့နဲ့မှမဆိုင်လာမပြောနဲ့ ကြွေးတင်ချင်တင်မယ်မတင်ချင်မတင်ဘူး။ ဘယ်သူဘာလုပ်ချင်ပါသလဲ။ ဘယ်သူမှဘာမှမလုပ်ချင်ပါ။ လုပ်၍လည်းမရ။သို့သော် အိမ်ထောင်သည် တစ်ယောက် ဖြစ်လာခဲ့လျှင်မူ သူအသုံးအဖြုန်းကြီးခြင်းသည်သူ့အိမ်ထောက်ဘက်ကို ရောမိသားစုကိုပါထိခိုက်လာ တော့သည်။ ထိုအချိန်တွင် လင်ယောကျာ်းဖြစ်သူက တားမြစ်ပိတ်ပင်မှုများပြုလုပ်လာတော့မည်။ ထိုအခါ သူ၏ လွတ်လပ်မှု များအိမ်ထောင်ကျ၍ ဆုံးရှုံးသွားသည်ဟုမြင်တော့သည်။
Love Jill 3.jpg
တွေးဆကြည့်လျှင် အိမ်ထောင်ကျခြင်းကြောင့်သာ မိမိကိုယ်ကိုယ်စိတ်အလိုလိုက်မှုများကို ထိန်းချုပ်လာ နိုင်ခြင်းဖြစ်ပါသည်။ မျိုးရိုးစဉ်ဆက်ချမ်းသာလာသူမဟုတ်ပဲ ကိုယ်ဘာသာကိုယ်ငွေရှာသူအများစုသည် ငွေစုမိ ဆောင်းမိရန်ခက်ခဲပါသည်။အကြောင်းမှာ လိုချင်တာရှိလျှင်ဝယ်ပြစ်လိုက်သည်။ ပေးချင်တာရှိလျှင်ပေးပြစ်လိုက် သည်။လှူချင်လျှင် လှူပြစ်လိုက်သည်။ဘယ်သူနှင့်မှတိုင်ပင်စရာမလိုသလို ဘယ်သူမှပိတ်ပင်လို့လည်းမရ။ ကိုယ် ပိုက်ဆံနှင့်ကိုယ်ပဲလေ။သားသမီးအတွက် ချန်စရာမလို မိဘကိုယ်လည်းပေးချင်လျှင်အကုန်ပေးပြစ် လိုက်တတ် သည်။ မိဘအတွက်ချွေတာပေးနေရမည်လား။အိမ်ထောင်ကျသွားသည့်အခါ မိဘအတွက်ဖြစ်လင့်ကစား နှစ်ဘက် စလုံးသို့မပေးနိုင်လျှင် ချင့်ချိန်ပေးကမ်းလာရသည်။ စည်းတွေစနစ်တွေနဲ့ ချွေတာပေးကမ်းလာရသည်။တစ်ခါတစ်ရံ မိဘအတွက်ပဲလေဆိုပြီး ရိုသမျှပုံအောပေးပြစ်စိတ်ဖြစ်ပေါ်လာတတ်သည်။ သူရောငါ့လိုစိတ်ရှိမည်ပဲဟု ဆင်ချင် စဉ်းစားမိသည့်အခါ ထိန်းချုပ်ရပြန်လေသည်။
ထိုသို့ အပြန်အလှန်ထိန်းချုပ်ကြခြင်းကို အိမ်ထောင် သို့မဟုတ် အချစ်ထောင်ဟုခေါ်ပါသည်။ ထိန်းချုပ် ခြင်းကြောင့်ပင်လျှင် ကျန်းမာရေးအတွက် ထူပေပေနေ၍မရပဲ အိမ်ထောင်ဘက်၏ ဂရုစိုက်ပေးမှုဖြင့်နေ ရသည်။ စီးပွားရေးအတွက် ထင်သလိုသုံးစွဲ၍မရ အိမ်ထောင်ဘက်၏ ထိန်းမတ်မှုဖြင့်နေရသည်။ သို့ကြောင့်ပင်လျှင် စီးပွားဥစ္စာများစုမိဆောင်းမိလာသည်။ သို့ကြောင့်ပင်လျှင် ကျန်းမာပျော်ရွှင်မှုကိုရရှိသည်။
Love Jill 2.jpg
သာယာပျော်ရွှင်မှုမရရှိသော မိသားစုများကိုကြည့်လျှင် အိမ်ထောင်ဘက်၏ အပြန်အလှန်ထိန်းကျောင်းမှု ကိုမခံသော သူများကိုတွေ့ရတတ်ပါသည်။ လင်ကလုပ်ချင်တာလုပ်သည်။မယားကလည်းလုပ်ချင်တာလုပ်သည်။ ထိန်းကျောင်းမှုပြုလာလျှင်လည်း ရန်ဖြစ်သည်။ ငါလုပ်ချင်တာလုပ်မည် လာပိတ်ပင်မနေနဲ့မရဘူး။ဆိုသော အိမ် ထောင်ဘက်များမှာ အမြဲလိုဆူပူနေကြပြီး ငြိမ်းချမ်းမှုမရ။ အချို့ကွဲကုန်ကသည်။အချို့ သားသမီးသံယောဇဉ်ဖြင့် တည်မြဲနေသော်လည်း ရန်တကျက်ကျက်ဖြစ်နေရသည်။
အမှန်တကယ်တော့အချစ်ထောင်သည် အချစ်ဖြင့်သာလျှင် သာယာပျော်ရွှင်မှုကိုပေးစွမ်းနိုင်ပါမည်။ အချစ်မရှိလျှင် ဘဝဖော်၏ စေတနာစကားများကိုဝေဒနာပွားကာအပြစ်တင်နေမည်သာဖြစ်လေသည်။

အချစ်ထောင် စိုင်းထီးစိုင်

မင်းစိုးနိုင်
MSC -010
Photo –Google

Sort:  

beautiful photos!

ထောင်ဆိုမှထောင်ပါဘဲ အိုအေစစ်ဆိုလို့ သားသမီးလေးတွေတော့ရှိတာပေါ့

အင်း …… ဘယ်လိုရေးရဘာ့
သဘာဝ ဟာ သဘာဝဘာ ပေါ့နော်

သဘာဝအတိုင်းပေါ့

အိမ်ထောင်ရေးအနုပညာက သိမ်မွေ့ပါတယ်ဗျာ

အနုပညာပဲ မကတတ်ရင်ဇာတ်ကွဲရော

သားကလူပျိုဆိုတော့ အိမ်ထောင်ရေးအကြောင်းတွေနားမလည်သေးဘူး

ဟုတ်လား လူပျိုဖြစ်ပြီးငွေစုနိုင်တဲ့သူဆိုလူတော်ပါ

ကျွန်တော်တို့ လို လူပျိုလေးတွေအတွက် အသိပညာရလိုက်ပါတယ်
ကိုစိုး @minsoenaing

ရတဲ့အခါ အသုံးတဲ့ပါစေ

အချစ်ထောင်... သံယောဇဉ်ကြိုးနှင့် တည်းနှောင်ထားတဲ့ ...အကျဉ်းထောင်...

စိုင်းထီးစိုင်သီချင်းခေါင်းစဉ်ယူမိတော့လည်း

အချစ်ထောင်ဟာ အကျဉ်းထောင်ထက်ပိုဆိုးသဗျာ

ဟုတ်လား

သာယာတဲ့အိမ်ထောင်ဆိုတာကြီးကို ကြိုးစားနေပါတယ်လို့ :D

ကြိုးစားပစ်လိုက် အချစ်တွေနဲ့

အဲဒီ​ထောင်​ထဲဝင်​ရမှာ​ကြောက်​လို့ဒီလို​နေ​နေတာ​ပေါ့ရှင်​။

မကြောက်ပါနဲ့ အချစ်စစ်နဲ့တွေ့ရရင်ပျော်ရွှင်ချမ်းမြေ့ရမှာပါ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63191.06
ETH 2551.41
USDT 1.00
SBD 2.65