အကွာအဝေး

in #myanmar7 years ago (edited)

အကွာအဝေး
2017-10-18 15.51.18.png
ရွာတစ်ရွာတွင် နဂါးကြီးတစ်ကောင်သောင်းကျန်းနေသဖြင့် ရွာသူရွာသားတို့မှာ ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့ကြရသည်။ ဒီနဂါး ကိုနှိမ်နင်းရန် ရွာသားများက တိုးတိုးတိတ်တိတ် သူရဲကောင်းရှာကြသည်။ ရှာတော့ တူသူရဲကောင်းဆိုသူတစ်ယောက် ပေါ်လာသည်။ တူသူရဲကောင်းက သူ့တူကြီး၏ အစွမ်းဖြင့် နဂါးကြီးကိုနှိမ်နင်းရာ နဂါးကြီး ဝိဇိမ်ကြွေသွားသည်။
2017-10-18 15.51.52.png
တူသူရဲကောင်းသည် နဂါးကြီးဝိဇိမ်ကြွေသွားသည်နှင့် နဂါးကြီးနေထိုင်ရာ ဂူထဲသို့ဝင်ကြည့်သည်။ ဂူထဲသို့ဝင်သွားသော တူသူရဲကောင်းသည် လုံးဝပြန်ထွက်မလာတော့ပဲ များမကြာမီ ဂူထဲမှ နဂါးတစ်ကောင်ပြန်ထွက်လာသည်။ ရွာသူရွာ သားတွေကိုဆက်ပြီး ဒုက္ခပေးပြန်သည်။ ရွာသားများက ဒီနဂါး ကိုနှိမ်နင်းရန် တိုးတိုးတိတ်တိတ် သူရဲကောင်းရှာကြပြန်သည်။ နောက်တော့ တံဇဉ်သူရဲကောင်းတစ်ယောက်ပေါ်လာသည်။တံဇဉ်သူရဲကောင်းက သူ့တူကြီး၏ အစွမ်းဖြင့် နဂါးကြီးကိုနှိမ်နင်းရာ နဂါးကြီး ဝိဇိမ်ကြွေသွားသည်။
2017-10-18 15.52.23.png
တံဇဉ်သူရဲကောင်းသည် နဂါးကြီးဝိဇိမ်ကြွေသွားသည်နှင့် နဂါးကြီးနေထိုင်ရာ ဂူထဲသို့ဝင်ကြည့်သည်။ ဂူထဲသို့ဝင်သွားသော တံဇဉ်သူရဲကောင်းသည် လုံးဝပြန်ထွက်မလာတော့ပဲ များမကြာမီ ဂူထဲမှ နဂါးတစ်ကောင်ပြန်ထွက်လာသည်။ ရွာသူရွာ သားတွေကိုဆက်ပြီး ဒုက္ခပေးပြန်သည်။ ရွာသားများက ဒီနဂါး ကိုနှိမ်နင်းရန် တိုးတိုးတိတ်တိတ် သူရဲကောင်းရှာကြပြန်သည်။ နောက်ဆုံးတွင် ဖေါင်တိန်သူရဲကောင်းပေါ်လာသည်။ ဖေါင်တိန်သူရဲကောင်း နဂါးကြီးဝိဇိမ်ကြွေသွားသည်နှင့် နဂါးကြီးနေ ထိုင်ရာ ဂူထဲသို့ဝင်ကြည့်သည်။ ဂူထဲသို့ဝင်သွားသော ဖေါင်တိန်သူရဲကောင်း ရှေ့က တူသူရဲကောင်းနှင့် တံဇဉ်သူရဲကောင်းတို့ ပြန်ထွက်မလာပဲ နဂါးကြီးတစ်ကောင်သာပြန်ပြန်ပေါ်လာတတ်တာကိုသိပြီးဖြစ်သဖြင့် သတိအနေအထားဖြင့် ဂူထဲသို့ တဖြည်းဖြည်းဝင်လာသည်။ဂူထဲ၌ တလက်လက်တောက်ပနေသော ရွှေငွေကျောက်သံပတ္တမြားတို့ဖြင့် ပြည့်ကြပ်နေသည်။ ပထမတော့ ဖေါင်တိန်သူရဲကောင်းလည်း ဝမ်းလုံးဆို့သွားသည်။ ပြီးတော့မှ သတိနဲ့ယှဉ်လိုက်လျှင် ဤရတနာ တွေမှာ ပြဿနာရှိနေကြောင်းသတိထားမိသွားသည်။ လက်ညိုးကလေးဖြင့် ရတနာတစ်ခုကို အသာလေးတို့ထိလိုက်သည်နှင့် လက်ညိုးပေါ်တွင် အကြေးခွံ့များစပေါ်လာသည်။ သူလန့်သွားပြီး လက်ညိုးကိုဖြတ်ပစ်လိုက်သည်။ တူသူရဲကောင်းနှင့် တံဇဉ်သူရဲကောင်းတို့ဘာကြောင့် ပျောက်ကွယ်သွားပြီး နဂါးကြီးတစ်ကောင်ပြန်ပြန်ထွက်လာနေတာလည်းသိရှိသွားပါပြီ။ နဂါးကြီးပြန်ဖြစ်ဖြစ်သွားကြသည်ကိုနားလည်သွားသည်။

အထက်ပါပုံပြင်လေးကို သူငယ်ချင်းတစ်ယောက်မှပြောပြခဲ့စဉ်က လူ့သဘောသည် အာဏာမရှိစဉ်က စိတ်တမျိုး၊ အာဏာရှိလာတော့ စိတ်တမျိုးပြောင်းလဲလာတတ်ကြောင်း၊ ပညာရှိသူတော်ကောင်းဖြစ်မှသာ အာဏာအရသာကို သတိဖြင့်ဆင်ခြင်၍ ထိန်းသိမ်းပေးနိုင်မည်ဖြစ်ကြောင်းနားလည်ခဲ့ပါသည်။ ထိုပုံပြင်ကလေးမှာ ခေတ်အဆက်ဆက် မှန်ကန် နေပါသည်။သို့သော် ဤနေရာတွင် အကွာအဝေးတစ်ခုအကြောင်းတင်ပြဆွေးနွေးလိုပါသည်။ အာဏာမရှိစဉ်သာမန် လူဘဝ သည် အရပ်ထဲမှ စကားများကိုကြားရသိရလွယ်ပြီး အာဏာရှိသွားလျှင် ပြည်သူပြည်သားအရပ်သားတို့၏ အသံတို့နှင့် တနည်းနည်းဝေးကွာသွားတတ်ပါသည်။ဥပမာ အားဖြင့်အရပ်သားတစ်ဦးမီးပျက်သဖြင့်မကြေမနပ်ပြောသည်ဆိုပါက အုပ်ချုပ်သူအစိုးရ၏ အားနည်းချက်တစ်ခုခုကြောင့်ဖြစ်ကြောင်း လူတိုင်းနားလည်ကြသည်။ မီးကလေးတောင်မှန်အောင် မလုပ်နိုင်သည့် အသုံးမကျသောအစိုးရပဲဟုဆိုတတ်ကြသည်။ သို့သော် ထိုသို့ပြောဆိုသူကိုယ်တိုင် အစိုးရဘဝ သို့ရောက်ရှိလာပါက ပထမ မီးမှန်မှန်လာရန်ဘယ်လိုလုပ်ပေးရရင်ရမလဲစဉ်းစားကြည့်မည်။ Power Plant တွေတည် ဆောက်ပေးမည်။ Power Plant အမျိုးအစားတွေ စဉ်းစားမည်၊ ကျောက်မီးသွေးအသုံးပြုသော Power Plant ကပတ်ဝန်းကျင်ထိခိုက်ယိုယွင်းမှုရှိ၍ ပြည်သူကလက်မခံ။ Nuclear က ဈေးကြီးသည် မတတ်နိုင်၊နည်းပညာလည်းရှိမှဖြစ် မည်။ မြစ်ဆုံက ပြည်သူတွေကန့်ကွက်ထားသည်။ သဘာဝဓာတ်ငွေ့ကို အသုံးပြုသော Power Plant က စီးပွားရေးတွက် ခြေကိုက်သည်။ သို့သော် Budget မလုံလောက်၊ ရှိသည့် Budget က သုံးစရာတွေအများကြီးရှိသေးသည်။ လွှတ်တော်က မချပေးနိုင်စသည်ဖြင့် အခက်အခဲတွေအများကြီးတွေ့လာသည်။ အစိုးရမဖြစ်ခင် ပြည်သူတစ်ယောက် အနေဖြင့်မူ ဒီလောက်အထိထည့်တွက်စဉ်းစားမိမည်မဟုတ်ပါ။ ဤသည်ကိုပင် အစိုးရနှင့်ပြည်သူ၏ အကွာအဝေးရှိနေခြင်းဖြစ်ပါသည်။ သို့အတွက်ကြောင့်ပြည်သူကမှားနေသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ မီးခဏခဏပျက်နေခြင်းသည် တကယ်ပင်အစိုးရတစ်ရပ် ၏ အရည်အချင်းနှင့်သက်ဆိုင်သည်သာဖြစ်ပါသည်။ အဓိကလိုအပ်သည်မှာ အစိုးရတစ်ရပ်အဖြစ်တာဝန်ယူလိုက်သဖြင့် အဆိုပါပြဿနာကို ကျယ်ကျယ်ပြန့်ပြန့်နားလည်လာသည်နှင့် ငါတော့ ပြည်သူဘဝကပြောခဲ့တာတွေမှားနေတာ ပဲဟုမြင် မသွားမိဖို့လိုပါသည်။

ကျွန်ုပ်တို့သည် ပြည်သူဘဝတွင် အခက်အခဲပြဿနာများကြုံတွေ့ရသည့်အခါ ဟိုတိုင်ရမလိုလိုသည်တိုင်ရမလိုလိုနဲ့၊ ဟိုတိုင်ချင်သည်တိုင်ချင်ဖြစ်လေ့ရှိသည်။ ကိုယ်တိုင်အစိုးရတာဝန်ယူလိုက်သောအခါ ထောင်နဲ့ချီ၍ရောက်လာသော တိုင်စာများကို ဘယ်ကစဖတ်ကြည့်ရမှန်းသိဖို့ပင်မလွယ်ကူတော့ကြောင်းသိရှိလာသည်။ သေသေချာချာအဖွဲ့ဖွဲ့၍စစ်ဆေးဖတ် ရှုကြသောအခါတွင်လည်း၊ မနာလို၍တိုင်ပြီးခြေခြေမြစ်မြစ်မရှိသည့်စာများ၊ အမြင်ကပ်၍ ဒုက္ခရောက်ပြီးရော မမှန်မကန် တိုင်ကြားမှုများ ၊ အချက်အလက်မပြည့်စုံသဖြင့် ဘာကိုဆိုလိုမှန်းပင်သေသေချာချာမသိနိုင်သောစာများဖြင့် ပြည့်နေတတ် သည်။ ထိုအခါ လူတွေလူတွေ အလကားနေရင်းတိုင်နေကြတာပါလားဟု မြင်လာသည်။ အမှန်အကန်တိုင်စာများ ကိုပင်ဖတ်မကြည့်ချင်ကြတော့ပေ။ ထိုသို့ဘာကြောင့်ဖြစ်သွားရပါသနည်း။ ပြည်သူတစ်ဦးသည်အစိုးရဖြစ်လာသောအခါ ပြောင်းလဲသွားတာလား၊ ဝေးကွာသွားတာလား။အမှန်မှာတော့ ပြဿနာများကအမှန်အကန်ရှိနေသေးသည် ။တိုင်ကြား စရာမလိုသော အစိုးရ၊ ဥပဒေစိုးမိုးနေသောအစိုးရမျိုးဖြစ်လာလျှင် တိုင်ကြားသူများလျော့ပါးလာပါမည်။ အစိုးရတာဝန်ယူထား သူများသည် အပိုတွေတိုင် နေကြတာပဲဟုမြင်မသွားရန်လိုအပ်ပါသည်။

ဥပမာအားဖြင့် အကျင့်ပျက်လာဘ်စားမှုများအား ပြင်းပြင်းထန်ထန်အရေးယူလေ့ရှိသောအစိုးရမျိုးတွင် အစိုးရဝန်ထမ်းများကို တိုင်ကြားခံရမှုမရှိသလောက်နည်းပါနေမည်သာဖြစ်သည်။ တိုင်ကြားစရာမလိုပဲ အစိုးရမှ ဆောင်ရွက်နေ၍ဖြစ်သည်။ ထို့အပြင် လျှပ်စစ်ဓာတ်အားရရှိနိုင်ရန်ကြိုးစားနေမှုများကို အပြင်းအထန်ကြိုးစားနေပြီး ပြည်သူကိုပွင့်လင်းမြင်သာစွာ ချပြရုံမျှမက ၊လျှပ်စစ်မီးပျက်ရသည့်အခါတိုင်းပြည်သူကို ကြိုတင်တောင်းပန်တတ်သောအစိုးရမျိုးအားလည်း ပြည်သူက မီးပျက်တိုင်း ဆဲနေမည်မဟုတ်တော့ပါ။

အစိုးရဟူသည် ပြည်သူနှင့်ဝေးကွာသွားတတ်ကြသော်လည်း ပြည့်သူ့ဘဝကိုမမေ့မလျောခြင်းဖြင့်သာ ပြည်သူ့ဘဝ တိုး တက်ကောင်းမွန်လာပါလိမ့်မည်ဟုတင်ပြလိုက်ရပါသည်။

ရေးသားသူ-----မင်းစိုးနိုင်
MSC 010
Photo - Google

Sort:  

တိုးတက်ပါစေမြန်မာပြည်

ပြည့်စေဗျား

@cmtzco has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

How much can i receive by sent to 1sbd minnowpond.

Good postပါbroကျွန်​​တော်​post​လေးကိုလည်းvoteပြန်​​ပေး​ပေးပါအုံး​နော်​ voteအရမ်းနည်း​နေလို့ပါ

မန်ြ့ပီး vote သားပါ၊ ညီလေးပို့စ်တိုင်းမှာ ပြန်ပြီး vote တောင်းထားတာတွေ့တယ်၊ မလိုဘူးထင်ပါတယ်၊ လာကြမှာပါ။

ဟုတ်​အကို

လူတိုင်းမှာ တာဝန်ရှိပါတယ် ညီလေး ကိုကို ဥဥ မင်းစိုးရယ်

အောက်ခြေဝန်ထမ်းများက တင်ပြစရာတွေရှိကြသော်လည်း ဝေးကွာနေသော အရပ်ကို တင်ပြခွင့်ဆုံးရှုံးရတာကိုဆိုလိုသည်

တင်ပြရင်ကြိမ်နဲ့ရိုက်လိမ့်မယ် ကြောက်ဖူးလား

Good Bro! Nice post!

H1<စာလုံးကြီးတွေ မန့် ထားတာတွေ့တယ်။ >

@minnowpond1 has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

        To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
        To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
        To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

Thank you for your plans

လူတိုင်းမှာတာဝန်​ရှိသည်

ဖတ်ရတာ အရသာရှိလိုက်တာဗျာ
စာနဲ့ပတ်သတ်ပီးပြောရမယ်ဆိုရင်တောင်
Steemit postတွေ နည်းတုန်းက အကုန်ဖတ်နိုင်တယ်
အခုလို postများလာတဲ့အခါ vote mentဖြည့်ရုံပဲဖတ်နိုင်တော့တယ်လေ
Mentရေးဖို့က စာကိုအကုန်ဖတ်မှဖြစ်တာဆိုတော့
Postအကုန်ဆို လိုင်းမကောင်းတာနဲ့ဆို 5နာရီလောက်ကြာသွားနိုင်တယ်😁😁

မှန်​တယ်​ ဘရို
..
တခုချင်းလိုက်​ဖတ်​ရတာ
အ​တော်​ကိုအချိန်​ကြာသွားတယ်​။
..
ဖတ်​မှ လည်း မန့်​ရအဆင်​​ပြေတယ်​။
..
ကျ​နော်​ဆို steemit ကိုဝင်
ပြီးရင်​ လင့်​​ကော်​ပီယူ
Opera mini မှာ paste ပြန်​​ပေး ။
မန့်​​တော့လည်း တခြားတ​နေဂါမှာအရင်​​ရေး copy ယူ
Steemit post ကို ပြန်​သွား
မန့်​​နေရာမှာ paste လုပ်​ ။
..
အလုပ်​ကိုရှုပ်​​နေ​ရောပဲ ။
..
Chrome မှာ မြန်​မာစာဖတ်​မရတဲ့ဒုက္ခ​လေ ။

ဒီကောင်လေးသုံးကြည့် bro
Unicode,Zawgyi ချိန်းတဲ့ဟာလေး
ခုတိုင်းဆို broလွယ်ဘူး😁😁
https://my.pcloud.com/publink/show?code=XZggWX7ZHMPDgO2D8EkJGIOrtR1RaXXMtb4X

ဟုတ်တယ်လိုင်းမကောင်းရင်ပိုဆိုးသေးတယ်

ဟုတ် အစ်ကို

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62676.37
ETH 2581.43
USDT 1.00
SBD 2.72