အိပ်မက်သင်တန်း

in #myanmar6 years ago

အိပ်မက်သင်တန်း

2018-06-25 05.39.16.png
လူတစ်ယောက်အိပ်ပျော်သွားလျှင် အိပ်မက်မက်တတ်သည်။အမြဲတမ်းတော့မဟုတ်၊ အိပ်မက်ကမက်ချင် သည့်အခါသာမက်သည်။ မမက်ချင်လျှင်အတင်းမက်ခိုင်းနေလည် အိပ်မက်ကမမက် ။တစ်ချို့အိပ်မက်တွေက ရှည်လျားသည်။ တစ်ချို့အိပ်မက်တွေက ထိတ်လန့်စရာကောင်းသည်။ တစ်ချို့အိပ်မက်များမှာမူ ချိုမိန်လွန်း သဖြင့် နိုး သွားမှာပင်စိုးရိမ်မိတတ်သည်။ ကြောက်စရာအိမ်မက်တစ်ခုကို အိပ်လိုက်တိုင်းပြန်ပြန်မက်နေလျှင်တော့ မျက်လုံး ကိုအတင်းဖြဲပြီး ကိုယ်ဘာသာမနိုးနိုးအောင်လုပ်သည်။နိုးလျှင် ထထိုင်နေပြီး ပြန်မအိပ်ရဲသည့်အခါ ဘုရား စင်ရှေ့ ပြေးပြီး ရှစ်ခိုး၊ အမျှအတန်းဝေ၊ ဂုဏ်တော်တွေရွတ်ရသည့်အခါလည်းရှိသည်။
ဘဝနှင့်ပတ်သက်သည့်အခါလည်း အချို့ရည်မှန်းထားသည့် အိပ်မက်မရှိ။ အချို့မှာအိပ်မက်ရှည်ရှည်ရှိ သည်။အချို့မှာပျော်၇ွှင်စရာ အိပ်မက်လှလှလေးတွေရှိသည်။ အချို့မှာအိပ်မက်ဆိုးများကြားဝယ်တစ်ဝဲလည်လည် ဖြစ်နေ တတ်ကြ သူလည်းရှိသည်။နေ့စဉ်အိပ်မက်ဆိုးတွေမက်နေရတာနှင့်နှိုင်းစာလျှင် အိပ်မက်မရှိတာက ကောင်း မလားမဆိုတတ်။
သို့သော် တိုင်းပြည်တစ်ပြည်အတွက်အိပ်မက်များ ပျောက်ဆုံးနေလျှင်တော့ အတော်ခက်သည်။ အိပ်မက် ဆိုးတွေဆက်တိုက်မက်ခဲ့သည့်တိုင်းပြည်တစ်ပြည်အတွက် အိပ်မက်လှလှလေးများမက်ပေးသူရှိစေ ချင်လှသည်။ ပြည်သူများ၏ ဒီမိုကရေစီအိပ်မက်သည် အမြဲလိုအိပ်မက်ဆိုးများနှင့်ကြုံတွေ့ခဲ့ရသည်။ ဒီမိုကရေစီခေတ်တွင် အစိုးရအကြီးအကဲများ၏ အိပ်မက်သည် မိမိကောင်းစားရေး၊ အနေချောင်ချိရေး၊ သက်သာရေး ဖြစ်မနေသင့်ပါ။ မိမိဌာနတစ်ခုချင်းစီအလိုက် ရည်မှန်းချက်အိပ်မက်များရှိနေစေသင့်သည်။ ထိုရည်မှန်းချက်အိပ်မက်များကို မိမိဝန် ထမ်းများက အကောင်အထည်ပေါ်အောင်ဖေါ်နိုင်ဖို့လည်း လမ်းညွှန်ပြသဦးဆောင်နိုင်ရမည်။
အကယ်၍ ထိုသို့အိပ်မက်လှလှကလေးများမက်နိုင်ရန်မစွမ်းဆောင်နိုင်ကြလျှင် မိမိအနေဖြင့် အိပ်မက် သင်တန်းတစ်ခုဖွင့်ပေးချင်သည်။ Dream Training ပေါ့။
မိမိ၏သင်တန်းတွင် ဌာနတစ်ခုချင်းစီ၏ ဌာနအကြီးအကဲများအတွက် သင်ရိုးတစ်ခုစီရေးဆွဲထားပါမည်။ ဥပမာ စက်ရုံများရှိသည့် ဌာနဆိုလျှင် စက်မှုထုတ်ကုန်များအတွက် တိုင်းပြည်၏လိုအပ်ချက်ကိုလည်း မိမိစက်ရုံမှ ထုတ်ကုန်ဖြင့် ဖြည့်စွမ်းနိုင်ရမည်။တိုင်းပြည်ဝင်ငွေကိုလည်း မိမိစက်ရုံမှအထောက်အကူပြုနိုင်ရမည်။ ထိုသို့မ ဟုတ်မူပဲ မိမိစက်ရုံရှုံးရှုံးမြတ်မြတ် မိမိနှင့်မဆိုင် မိမိတာဝန်မှာ မိမိစားပွဲပေါ်ရောက်လာသော စာရွက်များ ကို မပျက်မကွက်လက်မှတ်ထိုးပေးနိုင်ဖို့သာဖြစ်သည်ဟူသော အိပ်မက်မရှိသူတို့၏ စိတ်ဓာတ်မျိုးဖြင့် သွားနေလျှင် အိပ်မက်ကင်းသူဟုခေါ်ရမည်။ အိပ်မက်သည် ရှည်ရှည်လျားလျား အသေးစိတ်မက်နိုင်လျှင်ပိုမိုကောင်းမွန်ပါသည်။
စိုက်ပျိုးရေးဌာနဆိုလျှင်လည်း လယ်သမားယာသမားတို့၏ဘဝမြှင့်တင်နိုင်မည့်နည်းလမ်းမှန်သမျှကို ရှာဖွေ ၍စိုက်ပျိုးသီးနှံဖြင့် နိုင်ငံဝင်ငွေတိုးတက်လာစေရေးအိပ်မက်များ အများကြီးကို သင်ပေးချင်သည်။ သူများနိုင်ငံ များတွင် မြေမရှိသဖြင့် မိမိတို့စိုက်သည့်သီးနှံမိမိတို့စားသုံးနိုင်ရန် ကျဉ်းမြောင်း သော မြေကွက်ကလေး များကို ပင်ငှါး၍ စက်ပျိုးကြရသည်။ကျွန်တော်တို့နိုင်ငံတွင် လယ်မြေယာမြေများကို အကျိုးရှိ အောင်ပြုလုပ်နိုင်မည့်အိပ် မက်လှလှမက်နိုင်သူ နည်းပါးလှသေးသဖြင့် လယ်ယာကဏ္ဍသည် တိုးတက်သင့်သလောက် မတိုးတက်နိုင် ပဲဖြစ်နေရသေးပါသည်။မွေးမြူရေး၊ ပညာရေး၊ သစ်တောကျောက်မျက်ကအစ၊ သဘာဝဓာတ်ငွေ့အဆုံး ကမ္ဘာကြီး နှင့်ယှဉ်မည့်အိပ်မက်အကြီးကြီး မက်ထားသူရှိမှသာလျှင် အဘက်ဘက်မှတိုးတက်လာပါလိမ်မည်။
အိပ်မက်ဆိုးဖန်တီချင်သူများထွက်ခွာသွားကပါ။တော်လောက်ပါပြီ။ အိပ်မက်မရှိသူများလည်း ဂိုးရင်ဂိုး၊ မဂိုးရင်သင်တန်းလာတက်ပါ။ အိပ်မက်သင်တန်းပေးနေပါသည်။
အားလုံးရွှင်လန်းကြပါစေ
မင်းစိုးနိုင်
MSC -010
Photo –Google

Sort:  

အိပ်မက်မရှိသော သူတွေတော့ မဟုတ်လောက်ဘူး ဆရာရဲ့။သူ့မက်တဲ့ အိပ်မက် သူတို့အတွက်ပဲ မက်တဲ့အိပ်မက်ဖြစ်နေနိုင်ပါတယ် ခင်ဗျာ

ဒါကပိုမှန်တယ် ။တိုင်းပြည်အတွက်အိပ်မက်မရှိတာ

သင်​တန်းလာတက်​ပါမည်​။😌😌

Free ပါ တည်းခိုစရိတ်ကယူတာ

အိပ်မက်လှလှလေးတွေ မက်နိုင်ဖို့ ဦးစိုးဆီကို သင်
တန်းလာတက်ပါမည်ဗျ

အမှန်တော့ MSC ကလူတွေက အိမ်မက်အကြီးကြီးရှိပြီးသား

အိမ်​မက်​​တွေ အ​ကောင်​အထည်​​ဖော်​​ပေးမယ်​​ပေါ့

Create မလုပ်ပါဘူးmotivate လုပ်တာပါ

အိပ်မက်ကလှတယ် ဘဝက အရုပ်ဆိုးတယ် ဆိုသလိုပါ့ဗျာ

ဘဝကောင်းတွေကို အိမ်မက်အလှတွေက ဖန်ဆင်းနိုင်ပါတယ်ဗျာ

တန်ဖိုးရှိသောစကားလက်ဆောင်ပါ

တန်ဖိုးထားရင်တန်ဖိုးရှိပြီပေါ့ Thank you

သင်တန်းနံမည်က စိတ်ဝင်စားစရာ ကောင်းသားဗျ။ လာတက်ဦးမယ်။

အိပ်မက်ထဲ ရှုရှုးမပေါက်တတ်ရင် လာသာတက်လည့်။

တစ်ခါတစ်လေ မက်ဖူးတဲ့ အိပ်မက်တွေဆို နိုးတောင်မနိုးချင်လောက်အောင်ပါပဲ

အိပ်မက်ထဲမှာသာယာနေတဲ့အခါ

ခေါင်းစဉ်လေးက ရိုဆန်တယ်ဗျာ

ဝင်ဖတ်ချင်လာအောင်ဖမ်းထားရတာ ဟီး

သင်​တန်းတက်​ချင်​တယ်​☺

သင်တန်းသားအမှတ်စဉ် ၁၀၀၀၀၁ လို့

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 64785.95
ETH 3471.44
USDT 1.00
SBD 2.51