

in #myanmar6 years ago

အိုနိုဒါနှင့်မြန်မာစတီးမစ်
20180824_080944.jpg
သူကဂျပန်တစ်ယောက်ပါ။သူနဲ့မြန်မာစတီးမစ်ကဘယ့်နှယ်ပတ်သက်သွားရပါသနည်း။ ဟုတ်ကဲ့ စိတ်ဓာတ်နှင့်ပတ် သက်နေပါသည်။ ယနေ့ MSC ပေါ်တွင်ဆက်လက်၍ မရပ်မနားပို့တင်နေကြသူများသည် အိုနိုဒါစိတ်ဓာတ်ပိုင်ရှင်များဖြစ်ပါ သည်။အိုနိုဒါသည် ယုံကြည်မှုတစ်ခုအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သည်။ MSC အဖွဲ့၏ လက်ကျန်လူများသည် မဖြစ်စလောက်ဒေါ်လာကလေးများအတွက် ပို့စ်တွေကြိုးစားပမ်းစားရေးတင်နေကြဆဲဖြစ်သည်။ သူတို့မှာယုံကြည်ချက် တစ်ခုရှိသည်။ တစ်နေ့နေ့တွင် Steemit ပေါ်တွင်အောင်မြင်သူများဖြစ်လာကြမည်။ယနေ့အချိန်ကုန်ခံ Bill ကုန်ခံပြီးမျက်လုံး ညောင်း၊ဇက်ကြောတက်ရသမျှအတွက်တစ်နေ့မှာ အကျိုးကျေးဇူးများစွာဖြစ်လာလိမ့်မည်။ သည်လိုမျိုးယုံကြည်ချက် များ ကြောင့်သာ Steemit ပေါ်တွင် တွန့်လိမ်တွန့်လိမ် ဖြစ်မရပ်မနားခရီးသွားနေကြခြင်းဖြစ်ပါသည်။

သည်တော့ အိုနိုဒါအကြောင်းပြောပြဖို့လိုလာပါသည်။ အိုနိုဒါ၏စိတ်ဓာတ်နှင့် မြန်မာစတီးမစ်တို့၏ စိတ်ဓာတ်များ ဘယ်လိုတူညီသွားပါသနည်း။
20180824_081015.jpg
၁၉၄၄ ခုနှစ်ဒီဇင်ဘာလ ၂၆ ရက်နေ့မှာဂျပန်စစ်တပ်က ဒုဗိုလ်မှူး ဟီရိုအိုနိုဒါကို ဖိလစ်ပိုင်နိုင်ငံ လူဗန်းကျွန်းငယ်လေးဆီကို တာဝန်နဲ့လွှတ်လိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းဆိုတော့ အထက် အမိန့် အရ အမေရိကန်တွေကို မီးကုန်ယမ်းကုန်တွန်းလှန်ဖို့ သူနဲ့သူ့လက်ထောက်နှစ်ယောက်စစ်ဗိုလ်နှစ်ဦးဟာ ဂျပန်စစ်သားတွေ နဲ့အတူ လူဗန်းကျွန်းငယ်လေးဆီကို သွားခဲ့ကြပါတယ်။
20180824_081000.jpg
၁၉၄၅ ခု၊ဖေဖေါ်ဝါရီလ မှာ အမေရိကန်စစ်တပ်တွေ လူဗန်းကျွန်းကို အလုံးအရင်းနဲ့ ဝင်ရောက်ထိုးစစ်ဆင်လာ ပါတယ်။ ရက်ပိုင်းအတွင်း ဂျပန်စစ်သားတွေအတုံးအရုံးကျဆုံးကုန်ပါတယ်။မသေဘဲကျန်ရစ်သူတွေလည်းအညံ့ခံလိုက်ကြ ပါတယ်။ ဒါပေမယ့် အိုနိုဒါနဲ့ သူ့ရဲ့ စစ်သားသုံးယောက်ကတော့ တောထဲကိုထွက်ပြေးပြီး လွတ်သွားကြပါတယ်။တောထဲမှာ နေပြီး ပြောက်ကြားနည်းဗျူဟာနဲ့ ရသလောက်ဆက်တိုက်တယ်။ ရိက္ခာလိုင်းတွေချုံခိုတိုက်တယ်။ လမ်းကျွံလာတဲ့စစ်သား တွေကို ပစ်တယ်။ အမေရိကန်စစ်တပ်အကြွင်းအကျန်တွေကို တပ်နိုင်သလောက်ရှင်းဖို့ကြိုးစားတယ်။

သြဂုတ်လကြတော့ ဟီရိုရှီးမားနဲ့နာဂါစကီးကို အမေရိကန်တပ်တွေက အနုမြူဗုံးတွေကျဲချလိုက်ပါရော။ ဂျပန်တွေ လက်နှက်ချလိုက်ရတယ်။ စစ်ကြီးလည်းပြီးဆုံးသွားတယ်။ဒါပေမယ့် ပစိဖိတ်ကျွန်းမှာ ဂျပန်စစ်သားတွေထောင်နဲ့ချီပြီးပြန့် ကျဲနေတုန်းပဲ ။အိုနိုဒါလို တောထဲမှာပုန်းနေတော့စစ်ကြီးပြီးမှန်းမသိလိုက်ကြဘူး။ အရင်လိုပဲချုံခိုတိုက်ခိုက်တာတွေလုပ်တုန်း ပဲ။ အမေရိကန်နဲ့ ဂျပန်အစိုးရပူးပေါင်းပြီး ပစိဖိတ်ဒေသတစ်လျှောက် သတင်းစာရွက်တွေ လေယာဉ်နဲ့ကျဲချပေးတယ်။ စစ်ကြီးပြီးသွားပြီ၊ အားလုံးအိမ်ပြန်လို့ရပြီဆိုတာကိုကြေငြာပေးတာပေါ့ ။အိုနိုဒါနဲ့တခြားစစ်သားတွေလည်း ဒီစာရွာက် တွေဖတ်ရပါတယ်။ ဒါပေမယ့် အိုနာဒါတစ်ယောက်ကတော့မယုံဘူး။တမင်သက်သက်လိမ်ညာလုပ်ကြံပြီး ဝေတဲ့စာရွက်တွေ လို့ပဲထင်တယ်။ စာရွက်တွေကို မီးရှို့ပြီးတစ်ကိုယ်တော် စစ်ပွဲကိုဆက်တိုက်ခဲ့တယ်။

ဒါနဲ့ ငါးနှစ်လောက်ကြာသွားရော။စာရွက်တွေလည်း မလာတော့ဘူး။ အမေရိကန်စစ်တပ်တွေလည်း အိမ်ပြန် သွားတာကြာလှပြီ။ လူဗန်းကျွန်းသူကျွန်းသားတွေလည်း သူတို့ပုံမှန်ဘဝမှ နေနေကြပြီး။ဒါပေမယ့် တောပုန်းကြီး အိုနိုဒါ ကတော့မရှိတော့တဲ့စစ်ပွဲကို တိုက်တုန်းပါပဲ။လယ်သမားတွေကို တွေ့ရင်ပစ်တယ်။စိုက်ခင်းတွေကိုမီးရှို့တယ်။နွားတွေ၊ ဝက်တွေဝင်ခိုးတယ်။တောထဲကိုလမ်းကျွံလာတဲ့ရွာသားတွေကို သူလျှိုဆိုပြီးသတ်ပစ်တယ်။ နောက်ဆုံးဖိလစ်ပိုင်သမ္မတက စစ်ကြီးပြီးဆုံးကြောင်း၊ မင်းတို့ဂျပန်တွေစစ်ရှုံးသွားပြီဖြစ်ကြောင်းစာရွက်စာတမ်းတွေ လေယာဉ်နဲ့ကျဲချတယ်။ ဒါလည်း အိုနိုဒါက မယုံဘူး အမေရိကန်တွေ ကလိမ်ကျပြီးခေါ်ထုတ်နေတာပဲထင်နေတုန်း။ နောက်ဆုံးဂျပန်ဘုရင်ကိုယ် တိုင်တံဆိပ် တုံးထုလက်မှတ်ရေးထိုးပြီးခေါ်တော့မှ အိုနိုဒါတစ်ယောက် တောထဲကထွက်လာပါတော့တယ်။ စစ်ပွဲပြီးတာ အနှစ် ၃၀ ကြာမှယုံကြည်ခဲ့တဲ့သူ ။

ဤနေရာတွင် မြန်မာစတီးမစ်အကြောင်းပြန်ကောက်ရသော် မြန်မာစတီးမစ်၏လက်ကျန် လူ ၂၀ ကျော်သည် ကျန်သူများနှင့်မတူပဲ အိုနိုဒါစိတ်ဓာတ်ပိုင်ရှင်များဖြစ်သည်။ သူတို့သည်ခေါင်းဆောင် ယုံကြည်ချက်အပေါ်သံသယမရှိသူများ ဖြစ်သည်။အိုနိုဒါသည်သည်လည်း အမိန့်တစ်ခုအတွက် နောက်ထပ်သူ့ခေါင်းဆောင်၏အမိန့်အသစ်မလာမချင်း တိုက်ပွဲဝင် နေသူဖြစ်သည်။ မတူညီသောအချက်တစ်ခုမှာ ကျွန်ုပ်တို့ MSC များသည် မရှိသော တိုက်ပွဲအတွက် ဇွတ်တိုက်ပွဲဝင် နေကြသူများတော့ မဟုတ်ပါ။ တိုက်ပွဲကဖြင့်အမှန်တကယ်ရှိနေပါလေသည်။

မင်းစိုးနိုင်

MSC 010

Photo-Google

Sort:  

ငယ်စဉ်ကတည်းက စွဲနေတဲ့ လက်လျော့တတ်မှုက ဂျပန်တွေနဲ့  နှိုင်းယှဉ် နိုင် အောင်ဆိုရင် အတော်ကြိုးစား ပြင်မှ ရမှာပါ

မယှဉ်တော့မယှဉ်သာသေးဘူးပေါ့ဗျာ ။သို့သော်လည်းလက်ကျန်လူတွေရဲ့ဇွဲကိုလည်းချီကြူးဂုဏ်ပြုသင့်တာဆိုတော့

အောင်မြင်စေရန် အလို့ငှါ ဇွဲ မှတပါး အခြားမရှိ
မဟုတ်လားဗျာ...

ဒါပေါ့ ဇွဲနဲ့သစ္စာတရားပေါင်းလိုက်ရင်မအောင်မြင်တာမရှိ

ဝိုး....ဖတ်ရတာ ကိုယ့်ကိုကိုယ် စိတ်ကြီးဝင်သွားတယ်
ဦးမင်း ရေ တကယ်ဖတ်ကောင်းတယ်👍

ကြိုးစားကြမယ်လေ

ဟုတ်ကဲ့ ကိုကြီးစိုးရေ ကျနော်လဲ နာမည်ပြောင်းလိုက်တော့မယ် အိုနိုဒါ ကွီးရွှေ လို့ပေါ့။

အမည်ပြောင်းရင်အကျွေးအမွေးတော့လိုမယ်

ဟား ကျွေးမှာပေါ့ဗျာ ကိုယ့်အကိုကြီးပဲ ။

ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်သွားမယ် မနားတမ်းဘဲ

သိတယ်လေ မနားတမ်း try နေတာ fighting

အနာခံလျှင်အသာစံရပါ့မည်

ဗဟုသုတ ရပါတယ်
ဒါနဲ့တိုက်ပွဲဝင်ဖို့…… ဒုတ်/ဓား/ သေနတ်
ဘာလက်နက်ဆောင် ထားရမလဲ …ေppးးးးး

SP တွေသာမျာများဆောင်

ပိုပြီးတိုက်ချင်ခိုက်ချင်လာအောင် စိတ်ဓာတ်တွေမြင့်ပေးလို့
ကျေးဇူးပါ ဦးမင်း။။။

အိုနိုဒါလက်သစ်တွေလာပြီ

ခုလိုအကြောင်းလေးပြောပြတာ ဗဟုသုတရပါတယ်။Mscမှာဆက်လက်ကြိုးစားနေမှာပါ

အားသစ်အင်သစ်တွေပါစေတော့လို့

ကိုယ့်​ကိုယ်​​တောင်​မာန်​တက်​ချင်​သွားပြီ။

မလျော့သောဇွဲနဲ့ချီတက်နေသူများဆိုတော့ မန်တက်ချင်စရာပါ

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65353.52
ETH 2654.64
USDT 1.00
SBD 2.84