စည်းကမ်းဆိုသည်

in #myanmar6 years ago

Screenshot - 10_21_2018 , 10_09_43 PM.png
လူသည်တစ်ဦးတစ်ယောက်တည်းမနေနိုင်ပါ။ ထို့ကြောင့်အဖွဲ့ဖွဲ့ရသည်။ အဖွဲ့ဖွဲ့သည်ဆိုသည်နှင့် တစ်ယောက် တစ်ပေါက် ဖြစ်လာကြတော့သည် သူ့စိတ်ကိုယ်စိတ်မှမတူကြတာကိုး ။ သူ့စိတ်ကိုယ့်စိတ်မတူကြတော့ ပြဿနာတွေဖြစ်လာတတ်သည်။ ထို့ကြောင့်ပြဿနာများကိုကြိုတင်တွက်ဆ၍ စည်းကမ်းထုတ်ကြရတော့ သည်။ စည်းကမ်းထုတ်သည့်အခါ အချို့စည်းကမ်းများကို ကိုယ်ကလိုက်နာနိုင်သည်။ လိုက်နာချင်သည်။ အချို့စည်းကမ်းများကိုမှု မလိုအပ်ဟုထင်သည်။ မလိုက်နာချင်။ သို့သော် အများဆန္ဒနှင့်ဆုံးဖြတ်ထားသည့်အခါ မဖြစ်မနေလိုက်နာရပါသည်။ ဒါသည်ပင်လူ့ဂုဏ်သိက္ခာဖြစ်သည်။ အများနှင့်အဆင်မပြေနိုင်သော စည်းကမ်း သည် အချိန်တန်လျှင် သူ့ဘာသာသူပျက်ပြယ်သွားလိမ့်မည်။ ကိုယ်ကတော့ ကောင်းသည်ဆိုးသည်မှန်သည် မှားသည်ထား၍ စည်းကမ်းတည်ရှိနေသ၍လိုက်နာရသည်။
အမိန့်များမထုတ်ပြန်မီ မိမိကိုယ်ကိုယ် ဦးစွာပြုပြင်ပါ ဆိုသည့် တရုတ်တွေးခေါ်ရှင် တစ်ဦး၏ ရာဇဝင်လေးတစ်ခု ပြောပြချင်ပါသည်။ အေဒီ ၅၄၇ ခုနှစ်မှာ ချိပြည်နယ်ရဲ့ ထီးနန်းကို ဘုရင်ခံမင်းကြီးလင်းက ဆက်ခံစိုးစံခဲ့ပါတယ်။ အဲဒီမင်းကြီးက အဝတ်အစားဖက်ရှင်မျိုးစုံဝတ်တာစားတာတွေသဘောကျတတ်တယ်တဲ့။ တစ်နေ့တော့ သူ့ရဲ့မောင်းမမိတ်သံအချို့ကယောကျာ်းလေးလို ဝတ်စားလာတာကိုတွေ့တော့ အလွန်သဘောခွေ့သွားပြီး နန်းတွင်း သူအမျိုးသမီးမှန်သမျှ ယောကျာ်းလေးလိုဝတ်ဖို့အမိန့်ထုတ်ခဲ့ပါသတဲ့။ ဒီလိုနဲ့ ယောကျာ်းလေး ဝတ်စုံကို မိန်းကလေးများဝတ်တဲ့အလေ့အထဟာ ချိပြည်နယ်တစ်ဝှမ်းပြန်နှံသွားပါတော့တယ်။
တစ်နေ့မှာတော့ မင်းကြီးဟာသူ့ပြည်နယ်တစ်ဝှမ်းကို တိုင်းခန်းလှည့်လည်ခဲ့ပါတယ်။ လမ်းတစ်လျှောက်တွေ့ သမျှအမျိုးသမီးကြီးငယ်မှန်သမျှဟာ မိန်းကလေးလိုမဝတ်စားကြတော့ပဲ ယောကျာ်းတွေလိုသာဝတ်ဆင်ထား ကြတော့ အရမ်းအံ့အားသင့်သွားပါတယ်။ မင်းကြီးလင်းဟာ သူ့နန်းတွင်းသူတွေ ယောကျာ်းတွေလိုသာဝတ်ဆင် ထားတာသဘောကျပေမယ့် တစ်နိုင်ငံလုံးရှိရှိသမျှ မိန်းကလေးတွေကပါ ယောကျာ်းတွေလိုဝတ်ဆင်ထားတာ ကိုတော့ မနှစ်မြို့နိုင်ခဲ့ပါဘူး။ ဒါကြောင့်မင်းကြီးက ယောကျာ်းတွေလိုဝတ်ဆင် ဝတ်ဆင်ထားတဲ့ ဘယ် မိန်းကလေးမဆို အဝတ်အစားတွေကိုဆုတ်ဖြဲ ၊ သူတို့ရဲ့ခါးစည်းကြိုးတွေလည်းဖြတ်တောက်စေလို့ အမိန့်ထုတ် လိုက်ပါတယ်။ ယောကျာ်းတွေလိုဝတ်ဆင်ထားတဲ့အမျိုးသမီးမှန်သမျှ မင်းမှုထမ်းတွေကပြင်းပြင်းထန်ထန် နှိပ်ကွပ်ပေမယ့် နိုင်ငံတစ်ဝှမ်းမှာ လုံးဝပျောက်ကွယ်မသွားပဲ ဥပဒေကိုလစ်ရင်လစ်သလိုချိုးဖေါက်ပြီး ယောကျာ်း တွေလိုဝတ်ဆင်ကြပါတယ်။ ဒီအကြောင်းကြားသိရတဲ့မင်းကြီးလင်းလည်း အတော့ကိုအံ့သြသွားပါတယ်။
ဒီလောက်ပြင်းပြင်းထန်ထန် အရေးယူနေတဲ့ကြားကပဲ ဘာဖြစ်လို့ လူတွေဟာဥပဒေကို လစ်ရင်လစ်သလို ချိုးဖေါက်နေကြသလဲဆိုတာကို မှူးကြီးမတ်ရာတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။
ဒီမှာတင် ပညာရှိအမတ်တ်ဦးက အရှင်မင်းကြီးဟာ ချိပြည်နယ်အတွင်း နေထိုင်ကြတဲ့ အမျိုးသမီးတွေကို ယောကျာ်းတွေလိုမဝတ်ဆင်ဖို့တားမြစ်ခဲ့ပေမယ့် အရှင်မင်းကြီးရဲ့ နန်းတွင်းရှိ မောင်းမမိဿံတွေကတော့ အမိန့် ကိုနာခံစရာမလိုပဲ ယောကျာ်းတွေလိုသာဝတ်ဆင်နေကြတဲ့အတွက် ခုလို နန်းတော်ပြင်ပကလည်း အမိန့်ကို မနာခံသူတွေရှိနေရကြောင်းတင်ပြကြတဲ့အတွက်မင်းကြီးဟာ နန်းတွင်းမှာလည်း ယောကျာ်းတွေလိုမဝတ် ဆင်ကြဖို့ အမိန့်ကိုထုတ်ပြန်ခဲ့ရပါတယ်။ ဒီတော့မှ နန်းတွင်း နန်းပြင်နေသူမိန်းမအားလုံး ယောကျာ်းတွေလို မဝတ်ဆင် ရဆိုတဲ့အမိန့်အတိုင်းလိုက်နာလာကြတော့တယ်တဲ့။
ဒါကြောင့်အဖွဲ့အစည်းတိုင်းရဲ့ ခေါင်းဆောင်နဲ့အဖွဲ့တွေဟာ စြံပအနေနဲ့စည်းကမ်းများကိုလိုက်နာဖို့လိုပါတယ်။ သူတို့က ခေါင်းဆောင်မို့ လုပ်ချင်လိုလုပ်ရတယ်လို့မရှိပါ။ အနစ်နာခံရသူမို့စည်းကမ်းမလိုက်နာနိုင်လည်း ရတယ်လို့မရှိပါ။ ပိုလို့သာတာဝန်ရှိပြီး ပိုပြီးတော့သာ စည်းကမ်းလိုက်နာကြရမည်ဖြစ်ပါသည်။
မင်းစိုးနိုင်
MSC – 010
Photo- Google

Sort:  

စည်ကမ်းထုတ်သူကိုယ်တိုင်က သူ့စည်းကမ်းရဲ့ သက်ရောက်မှု အတိုင်းအတာကို သိနေရမယ်ဆိုတဲ့ ပညာလည်းရမိပါရဲ့

အဖွဲ့အစည်းနဲ့ လုပ်ဆောင်ရတယ်တာ လူညီရင် ပျော်ဖို့ အရမ်းကောင်းတယ် မိသားစုတွေလိုဘဲ

ဟုတ်တယ်လူညီဖို့ဆိုတာက အပြင်မှာမသိကြတဲ့သူတွေဆိုတော့ စည်းကမ်းလိုက်နာကြမှ ပျော်ဖို့ကောင်းမှာ

Posted using Partiko Android

ဦး ပြန်‌လည်‌တည်‌‌ဆောက်‌‌နေတဲ့အချိန်‌မှာ စိတ်‌ဝမ်းကွဲ စကားမျိုး ထိန်း‌ပေးပါဦး ။‌ကျေးဇူး ပြုပြီး‌တောင်းဆိုတာပါ။

တို့မဟော်ကတော့ အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းခဲ့ရလို့ထင်တယ် ၊၊ပုံစံကိုကျလို့။
တို့တိုင်းပြည်မှာ အာဏာရှင်တွေထင်တိုင်းလုပ်သွားကြတာ သူတို့အပြစ်ထက် မှန်တာကိုမပြောရဲလို့ ဆိတ်ဆိတ်နေခဲ့ကြလို့လို့ကြားဖူးတယ်။ ကိုယ်ရေးတဲ့အထဲမှာမမှန်တာပါရင်ထောက်ပြပေးပါ။ ပြင်လိုက်မှာပါ။ ခုစာကကြည့်ရင်ခုမှရေးသလိုထင်ရပေမယ့်။ ရေးထားတာ လေးငါးရက်ရှိနေပါပြီ။ 20181022_091350.jpg

အများညီရင် ဤ ကို ကျွဲ ဟု ဖတ်နိုင်သလို....

Posted using Partiko Android

စည်းကမ်း ဆိုတာ လိုက်​နာရမှာ ​ပေါ့ဗျာ ​နော့ :-) 😊

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62837.64
ETH 2542.11
USDT 1.00
SBD 2.65