ဈေးအကြီးဆုံး ဆု

in #myanmar8 years ago (edited)

received_234617237082293.gif
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

လောဘကြီးတဲ့ ငါး​လေးတစ်​​ကောင်​ရှိတယ်​ကွဲ့
သူဟာ ပင်​လယ်​တစ်​ခုလုံးကို ​သောက်​ပစ်​လိုက်​တယ်
လောဘကြီးတဲ့ ငှက်​​လေးတစ်​​ကောင်​ရှိတယ်​ကွဲ့
သူဟာ ​လေထုအားလုံးကို ရှူသွင်းပစ်​လိုက်​တယ်
လောဘကြီးတဲ့ တီ​လေးတစ်​​ကောင်​ရှိတယ်​ကွဲ့
သူဟာ ကုန်း​မြေ​တွေအကုန်​လုံး စားသုံးပစ်​လိုက်​တယ်
ငါးရယ်​ ငှက်​ရယ်​ တီ​ကောင်​ရယ်
ငါး ကလည်း သူ့ဝမ်းဗိုက်​ထဲမှာသူ ကူးခတ်​လို့
ငှက်​ကလည်း သူ့ဝမ်းဗိုက်​ထဲမှာသူ ပျံသန်းလို့
တွင်း​အောင်းတီ​ကောင်​လည်း သူ့ဝမ်းဗိုက်​ထဲမှာသူ သ​ဘော​တွေ​ခွေ့လို့
မိုင်​​တွေခိုစီးကာရယ်​ ကို​ရွှေငါးငှက်​တီနဲ့ ဆုံဖို့ရယ်
လူငယ်​​လေးတစ်​​ယောက်​ ​ရောက်​လာတယ်
ပြောစမ်း မင်းနာမည်​(မယ်​)
ကျွန်​​တော်​အတု​တွေကိုမုန်းတဲ့ ​မောင်​အတုပါကွယ်
ကို​ရွှေငါးငှက်​တီတို့ရယ်
မင်း ငါတို့ဆီက ဘာလိုချင်​လို့လာရတယ်
စိန်​​ရွှေ​ငွေ ပတ္တမြား ကြိုက်​ရာ​တောင်း​​လော့ ​မောင်​လူသား
ဖိတ်​ဖိတ်​လက်​ရတနာ​တွေ ကျွန်​​တော်​မမက်​တယ်
ကို​ရွှေငါးငှက်​တီတို့ရယ်​ ဖြစ်​နိုင်​မယ်​ဆို
ကဗျာဆရာစစ်​စစ်​ လိုချင်​တယ်
အိုကွယ်​ ​မောင်​အတုရယ်​ မင့်​မလဲ တို့သုံး​ဦး​ပေါင်းထက်​​တောင်​ ​လောဘနှယ်​ကြီးလွန်းတယ်
လာရာလမ်း ပြန်​​တော့ကွယ်​။

Ngwe La Min
Monywa

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.076
BTC 63768.31
ETH 1672.84
USDT 1.00
SBD 0.42