ကျောင်း​နေဖက်

in #myanmar7 years ago (edited)

image

ဘော်​ဒါနေ​ကျောင်းသား/သူများ
လန်းဆန်းတက်​ကြွစွာဖြင့်​ ... ရှိ​နေကြသည်​။

အပြင်​သို့ မုန့်​ထွက်​စားရမည့်​​နေ့  ... 

ကျောင်းနှင့်ဘော်​ဒါ​၊ ဘော်​ဒါနှင့်​​ကျောင်း
ငြီး​ငွေ့ မှုကိုပ​ပျောက်​​ရေးအစီစဉ်​တစ်​ရပ်
အ​နေဖြင့်​တစ်​လတစ်​ခါပေး​သောအခွင့်​အ​ရေး။

မည်​သည့်​နည်းနှင့်​မျှလက်​လွှတ်​မခံနိုင်​ ...

ကိုယ်​ crush ​လေးအားလွတ်​လွတ်​လပ်​လပ်​ ပိုးပန်းနိုင်​မည့်​​နေ့ ...

တက်​ပုတစ်​​ယောက်​သူကြိုက်​​နေသည့်​ ​ကောင်​မ​လေးအား အပြင်​​ရောက်​ချိန်​တွင်​ မည်​သည့်​နည်း နှင့်​ပိုးပန်းရမည်​ကိုကြံစည်​အားထုတ်​လျှက်​ရှိ​တော့ သည်​။

ဘော်​ဒါတွင်း ချမှတ်​ထား​သောစည်းကမ်းအရ
မိန်းက​လေးနှင့်​​ယောကျာ်း​လေးမှာ စာသင်​ချိန်
မှလွဲ၍စကား​ပြောခွင့်​မရှိ၊ ​တွေ့ ခွင့်​မရှိ ။

အတန်းအားဖြင့်​ဆယ်​တန်း ရင်​ခုန်​စိတ်​လှုပ်​ရှား
ဖွယ်​နှလုံးသားအညွန့်သည်​ ဟိုအပင်​ချိတ်​ရ​ကောင်းနှိုး ၊ ဒီအပင်​ချိတ်​ရ​ကောင်းနှိုး အလွန်​ပင်
ဗျာများလျှက်​ရှိသည့်​အချိန်​ပင်​ဖြစ်​သည်​။ ထိုအထဲတွင်​မှ တက်​ပု သည်​အဆိုးဆုံး၊ လူက ညှက်​ညှက်​၊ အသားကဖြူဖြူ၊ အရပ်​ကပုပြတ်​ပြတ်​​နာမည်​ရင်းကသီဟလှိုင်​။စကားပြော အရမ်း မြန်​သလို စာလည်းအရမ်း​တော်​ပြီး
ဉာဏ်​အလွန်​​ကောင်းသူဖြစ်​သည်​။ ​ကျောင်း စာနှင့်​ပတ်​သက်​လျှင်​အမြဲတမ်းတက်​ကြွ​နေ တတ်​သူ။

အ​မြှောက်​ကြိုက်​ပြီး မိန်းက​လေးများနှင့်​ပတ်
သက်​လျှင်​ အလွန်​သီးခံစိတ်​ပြည့်​ဝ သူဟု ဆိုရ မည်​။

image

သူငယ်​ချင်းများက သူ့ကို ချစ်​စနိုး နာမည်​​ပေးခဲ့ သည်​မှာ "တက်​ပု" သူ့ အ​နေဖြင့်​လုံးဝ သ​ဘောမ​တွေ့ ခဲ့သည့်​နာမည် ။၎င်းနာမည်​​ခေါ်တိုင်း စိတ်​ဆိုး​ဒေါသထွက်​​လေ့ရှိ သည်​။နာမည်​​ခေါ်ပြီး လျှင်​ပတ်​​ပြေး​ပေ​တော့ ​သ​ကောင့်​သားက ​တွေ့  ရာနှင့်​ထုသည်​။

တ​နေ့ သူ crush ​နေသည့်​ ​ကောင်​မ​လေးမှ
စာသင်​ခန်းတွင်းမှာ သူ့ ကိုစသည့်​ စာ​လေးတစ်​​စောင်​​ရေးပို့သည်​။

" နင့်​ကို သူငယ်​ချင်း​တွေက ချစ်​လို့  ခင်​လို့
စ​နေတာက နင်​ကဘာလို့စိတ်​ဆိုး​နေတာလည်း။
"တက်​ပု" နာမည်​က အ​သေချာ​တွေးရင်​ နင့်​ပုံစံ​လေးနဲ့ ချစ်​စရာ​ကောင်းပါတယ်​ဟ " စိတ်​မဆိုး
နဲ့​နော်​ .. ချစ်​လို့စတာ " ကိုတက်​ပု " ဆို​တော့

ထိုအချိန်​​တွင်​ နာမည်​​ အ​ခေါ်​ဝေါ်​တွေ သူစိတ်​မဝင်​စား​တော့ သူ့  Crush က သူ့ ဆီစာပို့သည့်​ကိစ္စကို အလွန်​ပင်​ပီတီဖြစ်​ လျှက်​ ...

နာမည်​​ပေးခဲ့သည့်​ ကျ​နော်​တို့သူငယ်​ချင်းများ
ကိုပင်​ ​ဒေါသမထွက်​နိုင်​​တော့ပဲ ​ကျေးဇူးတင်
ခံလိုက်​ရ​သေးသည်​။
" မင်းတို့ နာမည်​​ပေးခဲ့လို့  ငါ့ crush က ငါ့ကို
စိတ်​ဝင်​စား​​တဲ့အရိပ်​​ယောင်​ပြတာ " ​ကျေးဇူး
ပါတဲ့ ။ ထိုည​နေ ​ဆေးလိပ်​ခိုး​သောက်​​ရေး
အစီစဉ်​တွင်​ " ကိုတက်​ပု " က စပွန်​ဆာ 😃😃
ထိုကဲ့သို့ မဘက်​လိုက်​ပြီး သ​ဘော​ကောင်းတတ်​​သော "တက်​ပု" ပါ​ပေ ။

image

ထို့​နေ့  အပြင်ကိုအလည်​အပတ်​ထွက်​ပြီး ပတ်​ဝန်းကျင်​ ​လေ့လာရမည့်​​နေ့ ။

အပြင်​ထွက်​လည်​သည့်​​နေ့တွင်​ ဆရာကြီးမှ ​ထိုမြို့ ရှိ အောက်​​ခြေအဆင့်​မှ​အောင်​မြင်​သွားသူများနှင့်​ ​တွေ့ ဆုံ​စေပြီးထိုသူတို့ ၏
ကြိုးစားချက်​များကို ပြန်​လည်​မျှ​ဝေသည့်
အစီစဉ်​တစ်​ရပ်​အမြဲထည့်​သွင်း​ပေးလိမ့်​ရှိသည်​။

စက်​ဘီးစုတ်​က​လေးဖြင့်​ ငါးရှဉ့်​​ပို့ ​ဆောင်​​ပေးရင်း အလုပ်​အကိုင်​အခွင့်​လမ်းသင့်​၍
ချမ်းသာသွားသူ ။

ကူးတို့ပို့ရင်း (​ရေနံဆီ /ဓာတ်​ဆီ)ကယ်​ရီလုပ်ပြီး
အခွင့်​လမ်းသင့်​၍ ချမ်းသာသွားသူ ထိုသူတို့၏
အခွင့်​လမ်းဖမ်းဆုပ်​တတ်​ပုံ ၊ကြိုးစားကြပုံ များ
ကို ထိုသူတို့၏ စကားများမှ ဗဟုသုတ ရယူနိုင်​​စေရန်​ စီစဥ်​​ပေးခြင်းဖြစ်​သည်​။

မည်​သို့ပင်​ဆို​စေကာမူ ကျွနု​ပ်​တို့သည်​ကား
မည်​သူတစ်​ဦးတစ်​​ယောက်​မှ စိတ်​ဝင်​စားခြင်း
မရှိခဲ့ ။

ကျွနု​ပ်​တို့စိတ်​ဝင်​စားသည်​ကား လစ်​သည့်​အချိန်​တွင်​ ​ဆေးလိပ်​၊အရက်​၊ ဘီယာခိုး​သောက်​​ရေး အစီစဉ်​တစ်​ရပ်​ ​အောင်​မြင်​စွာ​ရေးဆွဲရန်​ 😃😃

တက်​ပု စိတ်​ဝင်​စားသည်​မှာက သူ့ crushအား
အောင်​မြင်​စွာချဉ်းကပ်​ပြီး ချစ်​ကြိုက်​စကား​ပြောနိုင်​​ရေး ။

image

အစီစဉ်​မတူ​တော်​လည်း ကျွနု​ပ်​တို့ လူဆိုး​လေး များ အစီစဉ်​အတွက်​ ရှယ်​ယာလိုအပ်​​နေသည့်​အချိန်​ အကြံဉာဏ်​​ကောင်း​ပေး၍ဂွင်​ဖန်​ တတ်​မည်​ဆိုလျှင်​ ထို​နေ့အတွက်​စပွန်​ဆာ တက်​ပု ဖြစ်​သွားနိုင်​သည်​။ထို့အတွက်​ ​ခေါင်း ချင်းဆိုင်​ကာ အားစိုက်​အကြံဉာဏ်​ထုတ်​ပြီးတက်​ပုအတွက်​ ​အောင်​သွယ်​​တော်​များ အစီစဉ်​​ကောင်းတစ်​ခု ​ရေးဆွဲ​ပေးခဲ့ရ​လေ​တော့သည်​။ တက်​ပု နှင့်​ ၎င်း
Crush ​တွေ့ ဆုံနိုင်​​ရေးအစီစဉ်​ ။

ဒါက ​အောင်​သွယ်​​တော်​များလျှို့ ဝှက်​ချက်​မို့
မ​ပြောပြ​တေ​ပေ။

အ​ကောင်​ငယ်​​သော်​လည်း အ​တော်​စွမ်း​သော
"တက်​ပု " ​အောင်​သွယ်​​တော်​များပင်​ ၎င်းလက်
သွယ်​ချက်​ကို သြချယူ​လောက်​​အောင်​စွမ်း​ဆောင်​နိုင်​​သော "ကိုတက်​ပု " အခွင့်​​ရေးကို ဖမ်း
ဆုပ်​တတ်​​သော " တက်​ပု "

image

ထိုနှစ်​ဆယ်​တန်းစာ​မေးပွဲအပြီးတွင်
ကိုသီဟလှိုင်​ ❤ မဒါလီဝင်း
တို့၏ မင်္ဂလာ​ဆောင်​အား စည်​ကားသိုက်​မြိုက်​စွာ ကျင်းပခဲ့ရ​လေ​တော့ သည်​။ ကျွနု​ပ်​တို့သည်​လည်း ၎င်းတို့မင်္ဂလာ​ဆောင်​ပြီးမှ ကိုယ့်​ရပ်​ကိုယ့်​ရွာ သို့ ပြန်​ခွင့်​ရခဲ့​​တော့သည်​။
....

By minkhantnyar (MSC-048)
Photo credit - google

Sort:  

နာမည်ကတော့ ရေလည်လန်းတယ်ဗျာ...

လန်​ထွက်​နာပဲလား 😃😃

အားပေးနေပါတယ်😊👍

This post has received a 0.78 % upvote from @drotto thanks to: @banjo.

အားပေးခဲ့ပါတယ် အကိုရေ

ကျေးဇူးပါ။

အား​ပေး​နေပါတယ်

ဟုတ်​​ကျေးဇူးပါ ။

အခွင့်အရေးကို အမိအရယူတတ်တော့ နောက်ဆုံးတော့ ညားသွားပြီပေါ့။

ဟုတ်​ပ ... 😃

ကျောင်းသားဘဝကိုပြန်​ပြီးသတိရမိတယ်​😢

တခါ​လေ​သတိရလို
ရေးမိတာပါ။ 😃

အားပေးနေပါတယ် bro

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 57237.65
ETH 2358.35
USDT 1.00
SBD 2.34