ပြောင်းလဲချိန်​တန်​ပြီ

in #myanmar6 years ago (edited)

image

ယ​နေ့ တ​ပေါင်းလပြည့်​​နေ မနက်​ စော​စောထ ဘုရားမီးပူ​ဇော်​ အိမ်​တွင်းသန့်​ရှင်း​ရေး ၊
အိမ်​ပတ်​ဝန်းကျင်​သန့်​ရှင်း​ရေးလုပ်​ပြီး အိမ်​​ရှေ့ တွင်​ စိတ်​လိုလက်​ရ ​​ဆေးလိပ်​ထိုင်​ဖွာ​နေစဉ်
မြန်​မာ့အလင်း သတင်း စာမှသတင်းစာတစ်​​စောင်​လာ​ရောက်​​ဝေငှ​လေသည်​။ ထိုသို့ အိမ်​တိုင်​ရာ​ရောက်​လာ​ပေးသည်​ကိုမှုတခါမှ မကြုံဖူးခဲ့​ပေ။ မည်​သည့်​အတွက်​​ကြောင့်​လိုက်​လံ​ဝေငှ​နေသည်​ကိုမှု မသိ ရှိခဲ့ရ။ ​မေးလည်းမ​မေးလိုက်​​ပေ။ သို့​သော်​ .. ​ကောင်းပါသည်​။ 

စာမျက်​နှာ (၃၂) မျက်​နှာတွင်​ ကြော်​ငြာ( ၇) မျက်​နှာပါ​သော မြန်​မာ့အလင်း သတင်း စာသည်​ မြန်​မာနိုင်​ငံ၏ နိုင်​ငံ​ရေးအ​ခြေ ​နေများကိုသိရှိရ သည်​မဟုတ်​ပါလား ။
...

image

အမှန်​အတိုင်းဝန်​ခံရမည်​ဆိုလျှင်​ ကျ​နော်​သည်​ ​touch phone ​တွေ တွင်​ကျယ် စွာအသုံးပြု လာကြပြီး အင်​တာနက်​ လိုင်းများ အဆင်​​ပြေ​​သောအချိန်​မှစ၍ မည်​သည့်​ဂျာနယ်​မှ ဖတ်​​လေ့ ဖတ်​ထမရှိ​တော့။ အင်​တာနက်​သတင်း စာမျက်​နှာအတွက်​ ​ဖေ့ဘွတ်​ခ်​အ​ကောင့်​သီးသန့်​ တခု ထားရှိပြီး ထိုထဲမှသတင်းများကိုသာ လိုက်​လံ စီစစ်​၍ ဖတ်​​လေ့ရှိသည်​။အင်​တာနက်​သတင်း
စာမျက်​နှာသည်​လည်း မလိုတမာမှု၊ဘက်​လိုက်​မှု ၊ အမှန်​တရားမရှိမှုများနှင့်ပြည့်​လျှံ​နေသည်
မဟုတ်​ပါလား။ ထို့အတွက်​ သတင်းအမှား အယွင်း ကို မယုံကြည်​မိ​အောင်​ မိမိဘာသာမိမိ
စီစစ်​၍ဖတ်​သည့်​သ​ဘော။
...

ယ​နေ့​ခေတ်​ဂျာနယ်​များသည်​ဘက်​လိုက်​​ရေးမှု
မဟုတ်​တရုတ်​လုပ်​ကြံ​ရေးမှုများကိုဦးစား​ပေး
ဖော်​ပြလာကြပြီး၊ မိမိလိုသည့်​ဘက်​ကို ဆွဲ​ရေး
သည့်​အ​ရေးသားများကို ဖတ်​ရူ့ ​နေရသည်​မှာ
ကိုယ်​တိုင်​အစွန်းတစ်​ဖက်​တွင်​ထိုင်​​နေရသကဲ့
သို့ ရှိ​ပေ​တော့သည်​။ ကျွနု​ပ်​၏ စိတ်​တွင် ထိုဂျာနယ်​ များစွာ တို့ အား (spot journal မှအပ) ​လေးစားသမှုမရှိ​တော့​ပေ။ တချို့ ဂျာနယ်​များဆိုလျှင်​ (အမည်​မ​ဖော်​ပြလို​တော့) ​ဖေ့ဘွတ်​ခ်​အင်​တာနက်​သတင်းများကို ကိုယ်​တိုင်​သတင်းလိုက်​ထားသ​လို ခွင့်​ပြုချက်​မဲ့  credit တခုသာ​ပေးပြီး Copy ယူ​ရေးသား​နေသည်​မှာ ရှက်​ဖွယ်​လိလိ။
..

image

သို့​သော် ထိုသူတို့ကားငွေ​ကြေးနှင့်​ အရှက်​တရားကိုဖုံးကွယ်​ထားကြပြီး စည်းကမ်း​ဖောက်​ဖျက်​ကာ​လောဘ​ဇောတိုက်​​နေကြ​ပေသည်​။
ခင်​ဗျား က ဘာမို့လို့​ဝေဖန်​​နေတာလည်းစသဖြင့်​ ​မေးခွန်းထုတ်​ဖွယ်​ရာရှိပါသည်​။ဟုတ်​ကဲ့ .. ပြည်​သူတစ်​​ယောက်​အ​နေနှင့်​​ဝေဖန်​ခြင်းဖြစ်​ပါသည်​။
..
အဆင့်​တန်းရှိရှိ ဘက်​မလိုက်​အ​ရေးအသားနဲ့
မှန်​မှန်​ကန်​ကန်​သတင်းမျိုးဖတ်​ချင်​ကြသည်​မှာ
ပြည်​သူလူထုတိုင်း၏ ရင်​ထဲတွင်​ရှိပါသည်​။
သို့​သော်​ .. ​ပြောင်းလဲချိန်​တန်​​သော်​လည်း ယ​နေ့ ထိမ​ပြောင်းလဲကြသေး​ပေ။ဘယ်​​နေ့ဘယ်​အချိန်​ တွင်​မှ ကပ်​ဖားရပ်​ဖား​ရေးမှု ၊ ဘက်​လိုက် ရေး မှု​တွေက​နေ ​ရုန်းထွက်​လာနိုင်​ကြမည်​ကိုမူစောင့်​ ကြည့်​​နေရုံမှတပါး ။
....

(1March,2018)

By minkhantnyar(MSC-048)

Sort:  

media ကျင့်​ဝတ်​မရှိသည့်​သတင်းသမားများ​နေပါသည်​။တဖက်​ဖက်​အားအမြဲပင်​တိမ်း​စောင်း​နေပြန်​ပါသည်​။

ဟုတ်​တယ်​ ။ သတင်းမှန်​ဆိုတာ​ပြောင်းပြန်​​တွေးမှ ​တော့မယ်​​ခေတ်

အမှန်ပါဘဲ bro ၊သတင်းသမားဆိုတာ တစ်ဖက်တည်ကြပြီး ရေ့းမရပါဘူး

အမှန်​တရားပဲ ညီ

အမှန်​​ပေါ့​ဗျာ သတင်း​​တွေကိုဘက်​မလိုက်​ပဲ​ရေးကြဂင်​​တော့အ​ကောင်းဆုံး​ပေါ့

အဲ့လိဲုဖစ်​​စေချင်​ပါတယ်​ဗျာ

သတင်းစာကလဲ အပေါ်၂ရွက်ပဲ သတင်းပါတယ် ကျန်တာ ကြော်ငြာတွေဗျ။

ပြည်သူတွေအတွက် မှန်ကန်တဲ့သတင်းတွေလိုပါတယ်။

ခု​တော့​ငွေရှင်​​တွေအတွက်​ အာဏာရှင်​​တွေအတွက်​ လက်​နက်​တခုပဲ

ပြည်သူတွေက သတင်းဆိုတာကနေပဲသိခွင့်ရတာများပါတယ်။သူတို့ကမှ အမှန်မဖော်ပြရင် ရင်လေးစရာပါပဲအကိုရေ။

ခု​တော့
သတင်းဆိုတာ​ငွေရှင်​ အာဏာရှင်​​တွေအတွက်
ကာကွယ်​​ရေး & တိုက်​ခိုက်​​ရေးလက်​နက်​ဖြစ်​​နေတာဆိုးတယ်​။

စတုတ္တမဏ္ဍိုင်က မှာနေမှ့တော့ ပြောတောင်မပြောချင်တော့ပါဘူးဗျာ

စတုတ္ထမဏ္ဍိုင်​မဟုတ်​ပါဘူး စတုတ္ထ​ငွေတိုင်​ 😃😃

ဟုတ်ပါတယ်ဗျာ...plz v and c me back @mgtoetat

Right 👍👍👍

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.030
BTC 68433.35
ETH 3735.63
USDT 1.00
SBD 3.66