ဆေးလိပ်ဆိုသည်မှာရှာင်ကြဉ်စရာ
မောနီး လို့ ပြောတိုင်း သတိရမိတတ်တာ
ကော်ဖီတစ်ခွက် နဲ့  ဆေးလိပ်တစ်လိပ်
..
အိပ်ရာထတာနဲ့ ဆေးလိပ်ကလေးတစ်လိပ်
လောက်မှ မသောက်ရရင် စိတ်က ရိုးတိုးရွတ
ဆေးလိပ်မှာပါတဲ့ နီကိုတင်း စွဲနေတာပေါ့ ...
ဖြတ်မယ်လို့  ဘယ်တုန်းကမှမစဉ်းစားမိ ။
..
ဝဋ်လည်တာလားမပြောတတ်ဖူး ..
ငယ်ငယ်က အဖွားအိမ်မှာလာတည်းနေတဲ့
တရုတ်ကြီး တယောက် ဒူးယားတစ်ထောင့် ကို နှစ်ရက် ဆိုကုန်တာ ကဲ့ရဲ့ ခဲ့ဖူးတယ် ။ ခုတော့
ကိုယ်က အဲ့လောက်မကုန်ပေမယ့် ခုအသက်ရွယ်ထိ ရှိုက်သွင်းလာတဲ့ နီကိုတင်းက မနည်း
ဘူး။ နီကိုတင်းကြောင့် လူက လိုတာထက်ပို
မောတယ် အကြောကအချဉ်တွေ အရင်ကလို မသွက်လက်တော့ ၊ စိတ်တွေက အုံ့ မှိုင်းမှိုင်း
ကြည်ကြည်လင်လင် မရှိ ။ ရုပ်ကလည်းရင့်
တယ်။အသက်ရူကြပ်သလိုလို မောသလိုလို
လည်း ခနခန ကြုံလာရတယ်။
...
ဒါပေမယ့် သူမရှိရင်မနေတတ်။ တခုခုလိုနေသလိုလို အဲ့တာကြောင့် ကိုယ့်ကို ကိုယ်
စိတ်ဒုက္ခပေးပြီးဖြတ်မနေတော့အလိုက်သင့်ပဲ
စွဲနေလိုက်တော့တယ်။
...
တခါတုန်းကအစာအိမ်ရောင်လို့ ဆေးခန်းပြ
မှန်ပြောင်းကြည့်တော့ ဆရာဝန်က ဆေးလိပ်
လုံးဝမသောက်ဖို့တားမြစ်လိုက်တယ်။ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အက်ဆစ်ဓာတ်က အစာအိမ်ကို ထိတယ်တဲ့ ။ နားမထောင်ပဲ ဆက်သောက်ကြည့်တော့ ရောဂါက
မသက်သာဘူး။အဲ့တာနဲ့ အားကြိုးမာန်တက်
စိတ်ကိုသီးခံပြီးဆေးလိပ်ကိုရက်အနည်းငယ်ဖြတ်ဖူးခဲ့တယ်။ အတော်နေလို့ထိုင်လို့ကောင်း တာ အစားအသောက်လည်း ပိုစားကောင်းလာ
တယ် ။ စိတ်ကလည်း အရင်ကထက်ပိုကြည်လင်လာတယ်။လူကလည်းလန်းဆန်းလာတယ်။
မသောက်လက်စနဲ့မသောက်တော့ဘူးလို့ နေလိုက်တာ ။ အချိန်နည်းနည်းကြာလို့ အစာ အိမ်တွေ ဘာတွေပြန်ကောင်းပြီး ခရီးတွေဘာတွေသွားတော့ ဘော်ဒါတွေနဲ့ တွေ့ ဆိုင်ထိုင်ဖြစ်တယ်ဆိုရင်ပဲ ဆေးလိပ်လေးလက်ကြားပြန်ညှပ်ဖြစ်ခဲ့တယ်ပေါ့ ။
..
အဲ့ထဲက ခုထိပြန်သောက်နေမိတာတောက်လျှောက်ပဲ။ ဒီအကြောင်းရေးတာတခြားမဟုတ်
ပါဘူး။ ကိုယ်ဆေးလိပ်သောက်တဲ့  အကြောင်း
ကိုယ့်ဘာသာသတိထားမိလာလို့ ပါ။ ဆေးလိပ်တစ်လိပ်ကုန်ရင်အရင်ကလို မဟုတ်ပဲ အရမ်းမောဟိုက်လာတာ၊ရင်ထဲလှပ်လှပ်နဲ့ ခန္ဓာကိုယ်
တွင်းအရမ်းထိခိုက်သလို ခံစားလာရတယ်။
..
အရင်က စွဲလမ်းနေတဲ့ ဆေးလိပ်ကိုခုနောက်ပိုင်း တဖြည်းဖြည်းဖြတ်ဖို့ စဉ်းစားလာနေမိပြီ။ ဆိုး ကျိုး တွေကကိုယ်တွင်းရိုက်ခတ်လာနေပြီလေ။ နောက်ကျတာ စောတာထက် ကိုယ်စလုပ်
တဲ့အချိန်ဟာ အချိန်ကောင်းပါပဲ ။
..
တခါက Malaysia မှာ အလုပ်သွား လုပ်တော့။ မလေးလေဆိပ်မှာ ဆေးလိပ်အရမ်း သောက်ချင်တဲ့ ဒုက္ခရင်ဆိုင်ခဲ့ရဖူးတယ်။ အဓိက ကဆေးလိပ်မရှိတဲ့ ပြဿနာအခွန်ဆောင်ရတော့
အခွန်ကြောက်တာနဲ့ ဆေးလိပ်တို့ ဘာတို့ ဘာမှ မယူခဲ့  ။ လေဆိပ်လည်းရောက်ရော အေးဂျင့်ကို စောင့်ရဦးမယ်တဲ့။ ဗိုက်ဆာတာက ဟမ်ဘာဂါ တို mee soup ဘာညာဝယ်စားလို့ ရပေမယ့် ဆေးလိပ်ကျတော့ အတောင့်လိုက်မှ ရောင်းတာတဲ့။အတောင့်လိုက်ကျတော့အဆင်
မပြေ။ အဲ့တာနဲ့ အနီးနားကဆိုင်ကို ဆေးလိပ်သောက်လို့ ရတဲ့နေရာညွှန်ပါလားဆိုတော့
ရထားရှိတဲ့ဘက်ညွှန်ပြတယ်။ဟိုလည်းရောက်ရောဘာမှ မတွေ့ ရထားပဲတွေ့ တယ်။ ခနနေ ရထားထွက်ကာနီးမှ ကြော်ငြာသံကြားရတယ်။
မလေးစကား၊ အင်္ဂလိပ်စကား နှစ်ဘာသာနဲ့ကြော်ငြာတာ မလေးလိုကမတတ် English လိုက မတောက်တခေါက် မနည်းကြိုးစားပမ်း စားနားထောင်တော့မှ ရထားနှင့်လိုက်ပါပြီး ဂိတ်ဆုံး ညာ ဘက်စင်္ကြန်တွင် Smooking Roomရှိပါတယ်၊ စားသောက်တန်းရှိပါတယ် စသဖြင့် တော်တော်ကိုစုံစုံလင်လင် ကြော်ငြာပေမယ့် ကျန်တာတော့နားမလည်ဘူး။ အဓိက ဆေးလိပ်ပါတဲ့အပိုင်းပဲ နားလည်အောင်နားစိုက်ထောင်ခဲ့တာ။ ထူးထူးဆန်းဆန်းအဲ့နေ့က ရထား နဲ့သွားပြီးဆေးလိပ်သောက်ခဲ့ရတယ်ပေါ့ ။
...
အမှန်တော့ ဆေးလိပ်ကိုမသောက်ပဲနေနိုင်တာ
အကောင်းဆုံးပါပဲ။ဆေးလိပ်ဟာ လူ့ ကျန်းမာ
ရေးနဲ့ဘယ်လိုမှ မသင့်တော် မညီညွတ်ပါဘူး
...
ဆေးလိပ်ကြောင့်ဖြစ်တဲ့ ဆိုးကျိုးများကို
လေ့လာသိရှိရသည်မှာ -
Psoriasis ခေါ်တဲ့  အရေပြားရောဂါ ။
Cataracts ခေါ်တဲ့  မျက်စိ တိမ်စွဲရောဂါ
Wrinkling ခေါ်တဲ့ အသားအရေ ရှုံ့ 
တွ အိုမင်းခြင်း ။ (ဒါကြောင့်ဆေးလိပ်သောက်သူတွေ ရုပ်ရည်ဟာ မသောက်သူ နဲ့ယှဉ်လိုက်ရင် ပိုပြီး ရုပ်ရည်ရင့်ပုံပေါက်နေတာပါ ။)Hearing Loss ခေါ်တဲ့  နား အကြားအာရုံ ချို့ တဲ့ခြင်းရောဂါ ။
Cancer ခေါ်တဲ့  ကင်ဆာ အမျိုးမျိုး -
ဥပမာ ။ အဆုပ်၊နှာခေါင်းလည်ချောင်း ၊ လေပြွန်၊အသံအိုး ၊ခံတွင်းကင်ဆာ၊အစာမြိုပြွန် ၊ အူ၊ ရင်သား ကင်ဆာ ၊ကျောက်ကပ် ၊ ဆီးအိတ် နှင့် အချို သောလူကီးမီးယား
သွေးကင်ဆာများ ။
Tooth decay ခေါ်တဲ့  သွားပိုးစား သွားပုပ် ရောဂါ ။ခံတွင်း အနံ့ အသက်လည်း ဆိုးရွားစေပါတယ် ။
Emphysema ခေါ်တဲ့  အဆုပ်လေအိပ်များတွင်လေခိုပြီး ပွပျက်သော ရောဂါ ။
( ဒါကြောင့် အသက်ရှုရတာ ကြပ်တယ် ။ မောတယ်ဖြစ်လာတာပါ။ )Osteoporosis ခေါ်တဲ့ အရိုးပွ အရိုးပါး ပြီး အရိုးကျိုးလွယ်စေသောရောဂါ ။
Heart disease ခေါ် နှလုံးနှင့်သွေးကျော ရောဂါများ ။ဆေးလိပ်ထဲမှာပါဝင်တဲ့ နီကိုတင်းဓါတ်ဟာ ဦးနှောက်ထဲမှ ဒိုပါမင်းဓါတ်တမျိုးကိုများစေပြီး အဒီနလင်
(adrenaline)ကိုပါများစေတဲ့အတွက် နှလုံးခုန် မြန်စေခြင်း၊သွေးတိုးခြင်းတွေ ဖြစ်နိုင်ပါတယ်။Stomach ulcer ။ ဆေးလိပ်ကြောင့်  အစာအိမ်မှာ အစာခြေရည် အက်စစ်ဓါတ် ထွက်နှုန်း ပို များပြားစေပြီး အစာအိမ် အနာပေါက်ဖို့ လွယ်ကူစေပါတယ်။
Discolored fingers ။ ဆေးလိပ်မှာပါတဲ့ တာခေါ်တဲ့ ကတ္တရာဓါတ်ဟာ ဆေးလိပ်ကိုင် သောက်တဲ့ လက်မှာ အရောင်စွဲ ပြီး ပြောင်း လဲစေတတ်ပါတယ် ။
Cervical cancer and miscarriage ။ အမျိုးသမီးများမှာ သားအိမ်ခေါင်းကင်ဆာ နဲ့  သားလျှောသားပျက်ခြင်းများဖြစ်စေနိုင်ပါ
တယ် ။Deformed sperm ။ အမျိုးသားများမှာရှိတဲ့ သုတ်ပိုး အရည်အတွက် လျော့နဲစေခြင်း၊ပုံသဏ္ဍန်ပြောင်းလဲခြင်း၊ DNA ပျက်စီးမှု စသဖြင့်လည်း ဆိုးကျိုးရစေနိုင်ပါ တယ် ။
Buerger's Disease ဆေးလိပ်သောက်ခြင်း ကြောင့် သွေးကြောငယ်များ ကျဉ်းစေ ပိတ်စေ ပြီးခြေ ၊ လက်သို့သွေးလျှောက် လှည့်ပတ်ခြင်း ကိုထိ ခိုက်စေ၍ နောက်ဆုံးတွင် သွေးကြောပိတ် ပြီး ခြေချောင်း လက်ချောင်းများ ထိပ်မှစပြီး ပုပ်ကာ အရောင်မဲ သွားတတ်ပါတယ် ။ အဲဒီအခါမှာ အလွန် နာကျင်မှုဝေဒနာကို ခံစားရမှာဖြစ်ပြီး ခွဲစိပ်ဖြတ်ထုတ်ရလောက်တဲ့ အထိဖြစ်တတ်ပါတယ်လို့  ဆောင်းပါးတွေမှာ
ရေးထားတာလေ့လာတွေ့ ရှိရပါတယ်။
ဒီလောက်ဆိုးကျိုးများနေတဲ့ ဆေးလိပ်ကို
ကျနော်တို့ ဘာလို့ သောက်နေကြဦးမှာလည်း
ဟုတ်တယ်မလား။ အတတ်နိုင်ဆုံးကိုယ့်စိတ်ကို
ကိုယ်ထိန်းပြီး မသောက်ပဲနေနိုင်အောင်ကြိုးစား
ကြရမယ်။
...
ဆေးလိပ်သောက်ခြင်းဟာ ကောင်းကျိုးတစ်စုံတစ်ရာမရှိသည့်အပြင်ကျန်းမာရေးလည်း ထိခိုက် ၊ ငွေကုန်ကြေးကျလည်း များစေတဲ့
အတွက် မသောက်သုံးတာ အကောင်းဆုံးပါပဲ။
အကယ်၍သောက်သုံးတယ်ဆိုရင်လည်း အမြန်
ဆုံးဆေးလိပ်ဖြတ်နိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ရပါတယ်။
... !!! ...
By minkhantnyar (MSC-048)
Photo credit - google
ဆေးလိပ်ကြောင့် အကြောသေရောဂါလဲဖြစ်တတ်တယ်ဗျာ။ သွေးကြောမှာ နီကိုတင်းအဆိပ်တွေပိတ်ပီး အကြောအားနည်းလာရာက အကြောတွေသေသွားပီး ခြေလက်အဂါင်္တွေ ဖြတ်ရတတ်တယ်ဗျာ ။ ကျွန်တော်တော့ လက်ဖြတ်ရမှာကြောက်လို့ ဆေးလိပ်ဖြတ်လိုက်ပီ။
ဟုတ်တယ်ဘရို
ကျနော်လည်း ခု ဆေးလိပ်သောက်တိုင်း စိတ်ထဲမှာကျန်းမာရေးခံစားချက်က သိပ်မကောင်း ဘူး။ သွေးကြောတွေပိတ်နေသလိုခံစားရတယ်။ ပြီးတော့ ကိုယ်လက်တွေ ထုံထိုင်းချင်လာတယ်။မှတ်ဉာဏ်တွေ မကောင်းဘူးဖြစ်လာတယ် ။ အဲ့တာကြောင့်ခု အတတ်နိုင်ဆုံးလျော့သောက်ရင်းကနေ မသောက်ဖို့  စိတ်ပိုင်းဖြတ်နိုင်အောင်ကြိုးစားနေတယ် ။ တုံးတိကြီးဖြတ်ဖိုကျတော့လည်း သံယောဇဉ်လက်ကျန်ကလည်း ဖြတ်ရခက်နေသေးတယ် 😃😃
ဘေးလူကိုပိုထိခိုက်တယ်
မှန်ပါတယ်
မသောက်တာအကောင်းဆုံးပါပဲရှင်။
ဟုတ်တယ် မအိ
ရောဂါကိုငွေပေးဝယ်သလိုပဲမို့ ရှောင်ကြဉ်နိုင်ရင်အကောင်းဆုံးပါပဲရှင်
Tryနေပါတယ် မဇင်ရေ
ဝိုးးးး ကြောက်စရာကြီးပဲ မြင့်လွင်စိုးရေ ဆေးလိပ်လျော့သောက်ဟ။
😃😃😃
တိုက်တွန်းထား
ကျွန်တော်လည်း ဆေးလိပ်မဖြတ်နိုင်သေးဘူးဗျာ
skill ကပိုပိုလာတယ်
လျော့သောက်ပါတယ်ဆိုမှ တရက်တစ်ဗူးကျော်လောက်ကုန်နေတယ် ။
ပညာပေးလေးပေါ့ ကောင်းပါတယ် bro
ဟုတ်ကျေးဇူးပါဗျာ
ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။မသောက်တာအကောင်းဆုံးပါ။
ဖြတ်ရခက်တာဆိုးတယ် 😁😁
ကျန်းမာရေးကိုထိခိုက်စေသောအရာများ
တခါတော့လည်ကောင်းပါတယ် 😁😁
အေးတဲ့အခါ့ ဘာပေါ့
မဖြတ်နိုင်သေးဘူ့း
ဖြတ်ဖို့အခါခါကြိုးစားပေမယ့်
ကျည်ထောက်စွပ်စမြဲ 😃😃
ခုလည်း ဖြတ်ဖို့ကြိုးစားနေပြန်ပြီ
အရမ်းမောပြီး သွေကြောတွေ ပိတ်သလို
ခံစားနေရတယ်။ ကြိုးတော့ ကြိုးစား
နေတာပဲ .. 😃😃