မြန်​မာ့ ပုံပြင်

in #myanmar6 years ago (edited)

ဘုရင်ကြီး၏နတ်​ရွာခရီး အပိုင်း(၃)

ဘုရင်​ကြီးသည်​​နောက်​တစ်​​နေ့ ည​နေလမ်း​လျှောက်​ရာမှ အပြန်​တွင်​လည်း ​မြေ​ခွေးများ၏​ဟောင်​သံကို
ထပ်​မံကြားရပြန်​​လေသည်​။ ထိုအခါ
ဘုရင်​ကြီးကတအံ့တသြဖြစ်​လျက်​ အမတ်​ကြီးကို​မေးပြန်​​လေသည်​။
အမတ်​ကြီး၊ အခု​မြေ​ခွေး​တွေဘာများဖြစ်​​နေကြပြန်​တာလဲ၊ ​ဟောင်​​နေကြတုန်းပါပဲလား
အမတ်​ကြီးက အပြုံးက​လေးဖြင့်​-
အ​နွေးထည်​ရသွားတဲ့​မြေ​ခွေး​တွေက အရှင်​မင်းကြီးကို​ကျေးဇူးတင်​​ကောင်းချီး​ပေးတဲ့အ​နေနဲ့​ဟောင်​​နေကြခြင်းဖြစ်​ပါတယ်​ဘုရား" ဟု​လျှောက်​ထားလိုက်​​လေသည်​။
ဘုရင်​ကြီးသည်​ အလွန်​ဝမ်းသာအားရဖြစ်​သွား​လေသည်​။ သို့ရာတွင်​ ဘုရင်​ကြီး၏ ဝမ်းသာအားရဖြစ်​ရခြင်းမှာ မကြာလိုက်​ပါ​ချေ။ အ​ကြောင်း​သော်​က ​တောဝက်​သိုးငယ်​တစ်​​ကောင်​သည်​ ​တောထဲမှရုတ်​တရက်​​ပြေးထွက်​လာသည်​ကို မြင်​လိုက်​ရ​သော​ကြောင့်​ဖြစ်​သည်​။ ဘုရင်​ကြီးသည်​ အလန်​တကြားဖြစ်​လျက်​-
"ဟိုက်​ အတိတ်​​ကောင်း၊ နိမိတ်​​ကောင်းဖြစ်​ပါ​စေ" ဟု​ရေရွတ်​လိုက်​ပြီး "သည်​သတ္တဝါက ဘာသတ္တဝါလဲအမတ်​ကြီး" ဟု​မေးလိုက်​​လေသည်​။
အမတ်​ကြီးသည်​ ​တောဝက်​သိုးကို ​တောဝက်​သိုးမှန်းသိ၏။ သို့​သော်​ မှင်​​သေ​သေဖြင့်​-
"သည်​သတ္တဝါဟာ အရှင်​မင်းကြီးရဲ့စီး​တော်​ဆင်​များအနက်​တစ်​​ကောင်​ဖြစ်​ပါတယ်​၊ အခုလိုရုပ်​ရည်​ပုံပန်းညိုးနွမ်း​နေရတာက​တော့ ဆင်​ဝန်​ကဂရုမစိုက်​ပစ်​ထားလို့ဖြစ်​ပါတယ်​အရှင်​မင်းကြီး" ဟု ပြန်​လည်​​လျှောက်​တင်​လိုက်​​လေသည်​။
‌ ထိုအခါ ဘုရင်​ကြီးသည်​​ဒေါသအမျက်​​​ခြောင်း​ခြောင်းထွက်​သွား၏။ ထို့​ကြောင့်​ "ဆင်​ဝန်​ကိုသတ်​​စေ၊လိုသ​ရွေ့ အသပြာကို ဘဏ္ဍာတိုက်​မှထုတ်​ယူပြီး အစာပြတ်​​နေတဲ့သည်​သတ္တဝါကို​ကောင်းစွာပြုစု​စေအမတ်​ကြီး" ဟူ၍ တစ်​ချက်​လွှတ်​ အမိန့်​အမိန့်​​တော်​ချမှတိ​လေသည်​။
အမတ်​ကြီးသည်​ ဆင်​ဝန်​ကိုသတ်​ပြီးများစွာ​သောအသပြာများကို မင်းဘဏ္ဍာမှထုတ်​ယူကာကိုယ်​ကျိုးအတွက်​ယူထားလိုက်​ပြန်​​လေသည်​။
image
THE KING'S JOURNEY TO THE CELESTIAL ABODE
Part (3)
In the next evening, when the king strolled and about to return he heard the braking of foxes again. So the king was wonder and asked about it to the minister.
"Minister, what have happend to the foxes? They are still barking."
The minister answered with a smile.
"Now thefoxes have got the blanket, they bark as ablessing for your generosity.
The king was very glad for that. But the delight of the king was only a temporary, because he saw a wild boar coming out of the forest. The king was alarm and asked and cried. "May it be good omen. What sort animal is that?"
The minister knew that it was a wild boar. But he replied with solemnity.
"Your Majesty, it is one of your royal elephant. But it has humble appearance because the responsible official who look after the elephant ignore his duty. So this elephant appear like that."
The king's anger exploded. So the king ordered.
"Kill this official who fails to look after the elephant and take care this animal and feed him well."
The minister killed the responsible offical and drew the money from royal treasury and used for his own sake.

Sort:  

မိုက်​ရယ်

good တယ်

This post has received a 0.02 % upvote from @drotto thanks to: @minhtike.

မြန်မာ့ကြောင်းကို ကမ္ဘာကသိအောင် ပြောလိုက်တာပဲ အရမ်းကောင်းပါတယ်

ဟုတ်​ ​မောင်​ဟန်

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 63607.06
ETH 3476.25
USDT 1.00
SBD 2.51