Lexus Lx 570
ယခင်တစ်ပတ်က မိတ်ဆက်ပေးခဲ့တဲ့ toyota lancrusier နဲ့ညီအစ်ကိုလို ပြောလို့ရတဲ့အပြင်ဒီဇိုင်း ကာလာ အနေအထား သိပ်မကွာတဲ့ Lexus Lx 570 နဲ့မိတ်ဆက်ပေးပါရစေ။
Lexus Lx 570 ဟာဆိုရင်မြင့်မားပီးအဟန့်ကောင်းတဲ့ဘော်ဒီကိုပိုင်ဆိုင်ထားတဲ့ကားတစ်စီးဖြစ်ပါတယ်။ပုံမှန်မြို့တွင်းမှာသုံးရင်အနည်းငယ်ကြီးသလိုခံစားရပေမဲ့ တကယ့်ကို safety ပိုင်းအတွက်ကောင်းမွန်တဲ့ကားတစ်စီးဖြစ်တဲ့အတွက် သုံးစွဲရသူအတွက်ကတော့စိတ်ချမ်းသာမှုပေးမှာဖြစ်ပါတယ်။တောတောင်ထဲ လမ်းကြမ်းမောင်း experience လိုချင်တဲ့သူတွေအတွက်လည်း 4WD ပါပြီးကုဒ်အားကောင်းတဲ့အတွက် လမ်းကြမ်းမောင်းသူတွေအကြိုက်တွေ့စေမဲ့ကားတစ်စီးဖြစ်ပါတယ်။
Lexus Lx 570 တို့ toyota lancrusier တို့ဟာ လမ်းကြမ်းသုံးရာမှာအလွန်အသုံးဝင်တဲ့ကားတွေဖြစ်ကြပါတယ်။ဒူဘိုင်းမှာဆိုရင် သဲကန္တာရထဲ အပျော်တမ်းကားမောင်းခြင်းတို့မှာ အသုံးများတဲ့ကားမျိုးတွေဖြစ်ကြပါတယ်။အဆင်အဆက်ထုတ်လုပ်ကာနာမည်ကြီးတဲ့အမျိုးအစားဖြစ်တဲ့အတွက်လူတွေရဲ့ယုံကြည်မှုကိုရရှိထားတဲ့ကားဖြစ်ပါတယ်။
Lexus Lx 570 ဟာ ဆိုရင်ဖြင့် cylinders 8 လုံးကိုအသုံးပြုထားပြီး Lexus Lx 570ဆိုတဲ့အတိုင်း 5700CC ကိုအသုံးပြုထားပါတယ်။မြင်းကောင်ရေအားကလည်း SUV တစ်စီးဆိုသလိုမနည်းအောင် 383 hp ထွက်ရှိတာကြောင့်နည်းတယ်လို့တော့မဆိုသာပါဘူး။ဒီထက် hp မြင့်တာရွေးချင်သေးတယ်ဆိုတယ်ဆိုရင်တော့ 5700 CC ကိုမှ supercharged ဖြင့်ရွေးချယ်နိုင်ပါသေးတယ်။ supercharged ကြောင့်ပိုထွက်လာတဲ့ hp ကတော့ 450 hp ထွက်ရှိတဲ့အတွက် များလွန်းတယ်လို့ဆိုလို့ရပါတယ်။
Lexus Lx 570 ဟာ lexus ရဲ့ ပင်ကိုယ်ဟန် ကန့်လန့်ရှဲလ်ကြီးဟာအလယ်မှာဝင့်ကြွားပြီး ဘေးတစ်ဘက်တစ်ချက်ဆီမှာလှေကားထစ်မီးသုံးဆင့်လေးဖြင့်ဝန်းရံထားပါတယ်။ဘော်ဒီကောက်ကြောင်းတွေကလည်း SUV တစ်စီးအနေနဲ့လှပလွန်းပေတယ်။led tailight တွေကတော့ lexus ထွက်သမျှကားတိုင်းလှတာတော့သတိထားမိကြမယ်ထင်ပါတယ်။
Lexus Lx 570အတွင်းခန်းဟာဆိုရင် ဖြင့် ၇ ယောက်ကို ဇိမ်ကျစွာစီးနင်းနိုင်မှာဖြစ်ပါတယ်။ဈေးဝယ်ထွက်ပီးပြန်လာတာဖြစ်ဖြစ်၊လက်မှာမနိင်မနင်းသယ်လာရင်ရက်မုလေးတစ်ချက်နှပိလိုက်တာနဲ့ နောက်ဖုံးဟာ အလိုအလျောက်ပွင့်လာမှာဖြစ်ပါတယ်။suspension ပိုင်းအနေနဲ့ကလည်းပြောစရာမလိုအောင်ထည့်သွင်းအားဖြည့်ပေးထားတာကိုလည်းမြင်ရမှာပါ။နောက်ဆုံးထိုင်ခုံနှစ်လုံးကို ခေါက်သိမ်းရာမှာတစ်ခြားကားတွေလိုကိုယ်တိုင်ခေါက်သိမ်းစရာမလိုပဲ ခလုတ်လေးတစ်ချက်နှိပ်ရုံဖြင့် ခေါက်သိမ်းပြုလုပ်နိုင်ဦးမှာပါ။
နိုင်ငံခြားမှာဆိုရင်တောင် Lexus Lx 570ဟာ ဒေါလာတစ်သိန်းကျော်မှာရှိနေမှာဖြစ်တဲ့အတွက်ဈေးတန်းမြင့်မားပြီး ကောင်းမွန်တဲ့ကားတစ်စီးဖြစ်ပါတယ်။
Written by @mgzayyar
MSU-053
Photo from google
Post on busy
ြုက်တယ်
ကျေးဇူးပါ
အလန်းကြီး
ဟုပါ့ အလန်းကြီး
ညီ အစ်ကို တော်ရင် ပြောလိုက်ပါ ညီလေး ကို ပြန်ပေးဆွဲပါတယ် အစ်ကို ဖြစ်သူလာရွေးပါ မရွေးရင် ရောင်းစားပစ်မယ်လို့ ပုံ / ကားပွဲစားဂိုဏ်း
ဂိုဏ်းချုပ်
You got a 18.92% upvote from @nado.bot courtesy of @mgzayyar!
Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.
Why not 2x
Congratulations @mgzayyar! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPRelease the Kraken! You got a 10.00% upvote from @seakraken courtesy of @mgzayyar!
လုံးဝအလန်း
လန်းချက်