လေးစားတတ်ခြင်းဂုဏ်သိက္ခာ

in #myanmar6 years ago (edited)


မကြာမီကနိုင်ငံရပ်ခြားအားကစားသတင်းတစ်ပုဒ်ကိုအံ့သြစွာကြားသိလိုက်ရသည်။သတင်းကအခြားမဟုတ်။စပိန်နိုင်ငံတွင်ကျင်ပသောလာလီဂါလိဂ်ဘောလုံးပြိုင်ပွဲတွင်ပရိတ်သတ်အကြိုက်ဘာစီလိုနာအသင်းနှင့်ရီးရဲမက်ဒရစ်အသင်းတို့ကစားပွဲစီစဉ်မှုဖြစ်သည်။ပြိုင်ဘက်ကောင်းများဖြစ်၍စောင့်မျှော်ကြည့်ရှုဖို့သာရှိသည်။ယင်းအခြေအနေတွင်အားကစားစီစဉ်သူတို့တွေးဆမှုကနှစ်သက်ဖွယ်ဖြစ်၏။

လာလီဂါပွဲများကိုအာရှပရိတ်သတ်သန်းချီကြည့်ရှုကြောင်းလေ့လာသိရှိရသည်။ပုံမှန်အားဖြင့်ညပိုင်း ၂ ရီ ၁၅ မိနစ်တွင်ကစားကြသော်လည်းအာရှမှပရိတ်သတ်များကြည့်ရှုနိုင်ရန်ညနေ ၆နာရီခွဲတွင်ကစားပေးသည်။ယင်းအချိန်သည်သူတို့နိုင်ငံအနေဖြင့်မွန်းလွဲ ၁နာရီဖြစ်၏။

ယင်းအချက်မှာလေးစားဖွယ်ဖြစ်၏။အပြန်အလှန်လေးစားခြင်းကဂုဏ်သိက္ခာရှိပြီးတင့်တယ်ပါ၏။ကျွန်တော်တို့မြန်မာမှုတွင်ဘုတ်ကျီးရိုသေ ကျီးဘုတ်ရိုသေဆိုသည့်စကားရှိ၏။သို့ဖြင့်အဟိတ်တိရစ္ဆာန်တို့ပင်အပြန်အလှန်လေးစားကာပေါင်းသင်းနေထိုင်နိုင်ကြပေသည်။ထုံးမီစံမျှဥပမာပင်ဖြစ်၏။ပြောလေ့ဆိုထစကားများတွင်ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားခြင်းအမူအရာရှိပေသည်။ထို့ကြောင့်ကျွန်တော်တို့လူ့ပတ်ဝန်းကျင်တွင်အပြန်အလှန်လေးစားကြခြင်းအားဖြင့်သာယာပျော်ရွှင်ဖွယ်ကောင်းသောအေးချမ်းသာယာသောလူမှုပတ်ဝန်းကျင်တစ်ခုတည်ဆောက်နိုင်မည်ဟုယုံကြည်မိပါသည်။

Photo From google
MSC-229
@mgtunaung

Sort:  

အသိ‌တွေတိုး‌စေပါတယ်‌။အ‌ရေးအသားမိုက်‌တယ်‌။

ဆက်ရေး

ချွန်တာလး

post ရည်ရွယ်ချက်လေး ကောင်းပါတယ် ရှင်။
စိတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းချင်းရေးပြီး ပုံလေးတွေနဲ့အလှဆင်လိုက်ရင် ပြည့်စုံသွားမှာပါ။
အားပေးခဲ့ပါတယ်။

ကျေးဇူးပါ

စာ​လေးကတိုလွန်းပါတယ်​Bro.ပုံ​လေး​တွေနဲဘတန်​ဆာဆင်​ရင်​ပို​ကောင်းမှာပါ။အား​ပေး​နေပါ့မယ်​ကြိုးစားပါBro.

ဟုတ်ကဲ့ကျေးဇူးပါ

စာလုံးလေးတွေခြားပြီးရေးပါ စာပိုဒ်ကို သူ့နေရာနှင့်သူ ခွဲပေးပါ ပုံလေးတွေလဲထည့်ပေးပါ MSC နံပါတ်ရှိလျှင်ထည့်ပါ ရေးသူနာမည်မပါပါ ထည့်ထားပေးပါ စာအရမ်းတိုနေပါတယ်

ဟုတ်ကဲ့ကျေးဇူးပါ

ကောင်းပါတယ်။

စာ က အရမ်းရှည်လို့ 
ညကျမှ ဖတ်တော့မယ်အကို
Vote ပေးလိုက်မယ်

စာရေးဆရာဘယ်လိုဖီးထားတာလဲမသိ

ဝရုန်းသုံးကား post 😁😁😁

အတုယူသင်ပါတယ် plz v and m me back @mgtoetat

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62714.40
ETH 3447.03
USDT 1.00
SBD 2.51