တစ်ချိန်ကကျောင်းသားဘဝ-1

in #myanmar6 years ago

411CEE9E-14B5-497D-A4F9-D19BF95691BC.jpeg

ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလည်မှာ ဟုအစချီသည့် သီချင်းကားထီးကားလေးမှာပျံ့နှံ့လာသည်။ဪ ဤသီချင်းကိုကြားမိ၍ ကျောင်းတော်ကြီးကိုသတိရမိပါသည်။ကျောင်းသားဘဝဟူသည်မှာ လူတိုင်းတွင်ရှိခဲ့ကြပါသည်။နောင်တွင်လည်းရှိနေဦးမည်ဖြစ်ပေသည်။ ထို့ကြောင့် ကျောင်းသားဘဝဟူသည် ကျောင်းသားဟူသည့် အသိုက်အမြုံလေးတွင် အတော်ကြာကျင်လည်ခဲ့ရသည်မဟုတ်လား။

ကျောင်းသားဘဝတွင် ဖြူစင်မှုတွေရခဲ့ကြသည်။နွေးထွေးမှုတွေရခဲ့ကြသည်။အေးချမ်းမှုတွေ ရခဲ့ကြသည်။ လုံခြုံမှုတွေကို ကျောင်းသားဘဝတွင် အမိကျောင်းတော်ကြီးက ပေးစွမ်းခဲ့သည်။ စာရေးသူအတွက်တော့ တချိန်က ကျောင်းသားဘဝမှာ လေးနှစ်တာပညာသင်ယူခဲ့ရသည့် တက္ကသိုလ်ကျောင်းသားဘဝပင်ဖြစ်ပါသည်။

မိမိတွက် အမိကျောင်းတော်ကြီးမှာ မကွေးတက္ကသိုလ်ကျောင်းတော်ကြီးပင်ဖြစ်တော့သည်။တက္ကသိုလ်ကျောင်းသားဘဝတွင် အမှတ်တရအရှိဆုံးမှာ မေိမိအတွက်တော့ ကျောင်းစတက်သည့်နေ့ပင်ဖြစ်ပါသည်။ဘာလိုလိုနဲ့ လွန်ခဲ့သည့်ငါးနှစ်ခန့်က ကျောင်းစတက်သည့်နေ့ကိုလွမ်းမိသည်။ ထိုနေ့က မိုးတွေရွာနေသည်။

14F23589-6CD8-434B-AB23-89391E9056D7.jpeg

တက္ကသိုလ်စတက်ရမည့်နေ့ မှတ်မှတ်ရရ Dec 2 ရက်နေ့၊ဆောင်းတွင်းကြီး မိုးတွေရွာနေခြင်းဖြစ်သည်။ အမေက "ဒီကောင်လေးနှယ်...ဘယ့်နှယ်ဖြစ်လို့ ဘိုကေတွေချည်းလိမ့်ဖြီးနေတာလဲ...မိုးရွာနေတာကို" ဟုကျနော့်ကိုပြောသည်။"ဒီနေ့ ကျောင်းစတက်ရမယ့်နေ့လေ အမေရာ...သားနဲ့သိတဲ့ ဒုတိယနှစ်က စီနီယာမမက သွားရမယ့် အဆောင်လိုက်ပြမှာ" ဟုဖြေမိသည်။

အယ့်လယ်...ကျွန်တော်မောင်တိုးတက်သည်လည်း ခေသူမဟုတ်ပါလား။ ထို့နောက် ကျောင်းကို စောစောထွက်လာခဲ့သည်။ကျောင်းမှ ဘယ်မေဂျာကပထမနှစ်က ဘယ်အဆောင်ဘယ်အခန်းမှာသာမသိသော်လည်း ကျောင်းဆိုင်ကယ်စတန်းကိုတော့သိသည်။ ဆိုင်ကယ်တွေ များစွာရပ်ထားပေသည်ကို။ အယ့်လယ်...ကျွန်တော် မောင်တိုးတက်မလည်ပေးဘူးလား။

~ဆက်ရန်~

written by @mgtoetat
photos takes by my friend
MSC-073
post on busy

Sort:  

အဲအချိန်တွေလွမ်းမိပါတယ် ဘဒိုရေ

ဟုတ်ပါ့ဗျာ

ကျောင်းကမမ အဲလေ ကျောင်းသားဘ၀ကို သတိရနေဆဲပါပဲ ☺

ကွီးစိုးတော့ တချိန်က မမတွေပြောကုန်ပြီ

ကျောင်းသားဘဝ လွမ်းမိပါရဲ့ကွာ

Posted using Partiko Android

အမှန်ပါပဲ

ဟိုတုန်းက ကျောင်းသားဘဝလွမ်းတ

Posted using Partiko Android

ဟုတ်ပါတယ်ဗျ

အရင်​ငယ်​ငယ်​တုန်းကဘဝ​တွေ​ရေးရတာအရသာရှိတယ်

ဟုတ်တယ် ဦးယု

ဘဝ ‌ပျော်‌စရာအချိန်‌‌တွေထဲ မှာ ‌ကျောင်းသားဘဝလည်းပါ ပါတယ်‌။

အသေအချာဘဲပေါ့ ဦးမဟော်ရေ

တက္ကသိုလ်​​ကျောင်းသားဘ၀​ကောင်​မ​လေးအုပ်​စုနဲ့👍

Posted using Partiko Android

ဟီး ဟီး 😁

စိန်ပန်းတွေလည်း ပွင့်နေပြီးကွာ

Posted using Partiko Android

လွမ်းရယ်မပျယ်ဘူး ကျောင်းသားဘဝ

အော် မမကလိုက်ပြမှာမို့ခေါင်းတွေစွတ်ဖီးနေတာကိုး

Posted using Partiko Android

ဒါပေါ့ ဆရာမင်းရေ 😁😁

မောင်တိုးတက်လေး ပြန်ပေါ်လာပြီ

ဟုတ်ကဲ့ မမစု တပတ်တကြိမ်လောက်တော့ ပြန်ပေါ်ဖို့ကြိုးစားနေပါတယ် 😁

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64485.37
ETH 3156.53
USDT 1.00
SBD 4.05