တစ်ခါက ဧကရာဇ်လမ်း
ဒီနေ့လည်း သူ လာလေဦးမလားလို့ ကျွန်တော်စောင့်နေမိသည်။ ကျောင်းသွားကျောင်းပြန် ဒီဧကရာဇ်ပင်လေးအောက် သူ ဧကရာဇ်ပန်းလေးတွေကို ဝင်ကောက်နေသည်ကို သတိထားမိတာ နှစ်ရက်ရှိပြီ။ ပုံမှန်ဆို ဧကရာဇ်ပင်တွေကြားက ဝေနေအောင် ပွင့်၍ တဖြုတ်ဖြုတ် ကြွေနေကျသော ဧကရာဇ် ပန်းခင်းတဲ့လမ်းလေးကို သတိမထားမိ။ဖြတ်လျှောက်မိခဲ့သည်ချည်းသာဖြစ်သည်။ခုတော့ ကျွန်တော်သတိထားမိပြီ။ သနပ်ခါးကို ပါးကွက်ကြားလေးလိမ်းထားပြီး ဆံပင်ကို ကြက်ဆံမြှီးလေးကျစ်ထားသည့် သူကို ပိုးဟပ်ဖြူလေးဟု ကျွန်တော်နာမည်ပေးမိသည်။
ခုတော့ ကျွန်တော်သည် သူ၏ ဆံနွယ်များကြားတွင် အမြတ်တနိုးပန်ဆင်တတ်သော ဤဧကရာဇ်ပန်းလေးတွေကို အမြတ်တနိုး နမ်းရှိုက်တတ်နေပြီ။ယခုလည်း ကျောင်းဆင်းချိန် ကျွန်တော်စောင့်နေမိသည်။သူလာလေမလား။ထင်သည့်အတိုင်းပင် ကျောင်းဆင်းချိန်တွင် သူရောက်လာခဲ့သည်။ကျွန်တော်သည် ခပ်လှမ်းလှမ်းမှ ခုံတန်းလေးမှ ထိုင်၍စောင့်ကြည့်နေခဲ့သော်လည်း သူက ကျွန်တော့်ကို သတိမထားမိ။
ပင်ယံထက်မှ ကြွေလာသည့် ဧရာဇ်ပန်း လေးငါးဆယ်ပွင့်ကို ချက်ချင်းလက်နဲ့ဖမ်းကာ နမ်းရှိုက်နေလေသည်။ပြီးတော့ အခြားပန်းလေးငါးဆယ်ပွင့်လောက်ကို ထပ်ကောက်ကာ ပန်းများတပွေ့တပိုက်ဖြင့် ပြန်သွားသည်။ သူ့၏နောက်ကျောပြင်ကို ငေးကာ ကျန်ခဲ့သော် ပန်းနှစ်ပွင့် သုံးပွင့် လက်ကလွှတ်၍ကျခဲ့သည်ကို သူမသတိမပြုမိပေ။အမှန်တိုင်းဝန်ခံရလျှင် ထိုစဉ်က ချက်ချင်းပင် ထိုပန်းလေးများကို ပြေးကောက်ခဲ့သည်။
မှတ်မှတ်ရရ ဆယ်တန်းဘိုင်အို စာအုပ်ကြားမှာ ညှပ်၍ စိတ်ကစားသည့် လူပျိုပေါက်အရွယ်တွင် စိတ်တွေကစားခဲ့သည်။သူ့ကို ပေးဖို့ဆိုပြီး ရည်းစားစာလေးများရေးခဲ့သည်။ ဖတ်စာအုပ်များကြားတွင် ညှပ်ထားခဲ့သည်။ဧကရာဖ်ပန်းလေးများလည်း ညှိုးနွမ်း၍ခြောက်ကပ်နေပြီဖြစ်သော်လည်း စာကြည့်ရန် စာအုပ်ဖတ်လိုက်တိုင်း ဧကရာဇ်ပန်းတို့၏ သင့်ပျံ့သော ရနံ့က ရှုရှိက်မိသည်။သို့သော် သူ့အတွက် ရေးထားခဲ့သည့်စာများကိုလည်း မပေးဖြစ်ခဲ့ပါ။
ပိုင်ရှင်မဲ့စွာဖြင့် ယခုထိဘိုင်အိုစာအုပ်များကြားတွင် ပိုင်ရှင်ကို စောင့်မျှော်နေလျှက်ရှိသေးသည်။သူလည်း ဆယ်တန်းအောင်တော့ gtu တက်ခွင့်ရခဲ့ပြီး ကျွန်တော်က မကွေးတက္ကသိုလ်ရောက်ခဲ့သောကြောင့် လူချင်းမတွေ့ဖြစ်ခဲ့ကျတော့။ခုတော့ အချိန်အားဖြင့်လည်း လေးနှစ်ကြာခဲ့ပြီ။လမ်းမှာတွေ့လျှင် သူလဲ ကျွန်တော့်ကို သိမည်မဟုတ်သလို ကျွန်တော်ဘေးမှာလည်း လက်တွဲဖော်က ရှိနေတတ်သည်သာ။သို့သော် ဧကရာဇ်လမ်းကလေးကအရင်တိုင်းရှိနေသကဲ့သို့ ဧကရာဇ်ပန်းလေးများလည်း နမ်းရှိုက်လိုက်တိုင်း လွန်ခဲ့သည့် လေးနှစ်က ရှုရှိုက်ခဲ့သည့် ရနံ့တိုင်းလတ်ဆတ်နေဆဲဖြစ်သည်။
written by @mgtoetat
photos from google
MSC-073
အတိတ်ဆိုတာမေ့လို့မရတာတွေအများကြီးရှိနေပါတယ်။
ဟုတ်ပါတယ်ဗျာ...ဟီးး
အတိတ်ဟောင်းတွေ သတိရလွမ်းဆွတ်နေဆဲပေါ့။
တစ်ခါတလေ ပါ ဟီးး 😁😁
လမ်းဟောင်းလဲ ကတော့ မပြောင်းလဲ သေးဘူး ပြောင်းလဲ လာတာ ရင်ထဲက ခံစားချက်တွေရယ် တချိန် တွေကုန်တာ မြန်နေတာရယ်
အမှန်ပါ sl ရေ တခါတလေ ခံစားရဒေ ဟီး 😁😁
အတိတ်ဆိုတာ အရိပ်လို နေကွယ်တာနဲ့ပျောက်ကွယ်သွားတတ်တာမှမဟုတ်တာ
မှန်ပါတယ်ဗျာ...
အတိတ်က ဇာတ်လမ်းလေးတွေဆိုတာ မေ့ပျောက်ဘို့ ခက်ခဲပါတယ်လေ။
လူတိုင်းလူတိုင်း အတိတ်ခြေရာလေးတွေ ပြန်တူးဆွပီး လွမ်းနေကြရတာပဲ ။
ဟုတ်ပါတယ်....
ဧကရာဇ်လမ်း ဆိုလို့ သမ္မဖြစ်မယ့်နည်းလမ်းထင်သွားတာ 😁😁😁
ဧကရာဇ်ပွင့်တဲ့ စီခြယ်ထားတဲ့ လမ်းကလေးပါဗျာ....
😃😃😃
past is just the past bro , stay strong
ဟုတ်ကဲ့ပါဗျာ...😢😢
အတိတ်ဆိုတာ မေ့လို့မရတက်တော့လည်းခက်သားပဲလား
ဟုတ်ပါတယ်ဗျာ ဟီးး
အခုမှကြားဖူးတယ် အဲ့ပန်းကို
ကြုံတဲ့ခါ လေ့လာကြည့်ပါ တော်တော်မွေးတယ် အဲ့ပန်းအပင်နားတဝိုက်ကိုက သင်းပျံ့တဲ့ရနံ့ကြိုင်နေတာ
အရးအသားအရမ်းကောင်းပါတယ်
လေးစားပါတယ်
ကျေးဇူးပါခင်မျာ...