စကားကြီး (၆)ခွန်း

in #myanmar6 years ago

3957434F-30CE-4938-AC7D-704328C3D04D.jpeg

စကားကြီး ခြောက်ခွန်း(six kind of speech) လူ၌ထွန်း ဟူသည့်စကားပုံကို ကြားဖူးကျမည်ထင်ပါသည်။ဆရာတော်သံဃာတော်များ တရားဟောရာတွင်ထည့်ဟောလေ့ရှိသကဲ့သို့ ကျောင်းစာတွင်လည်း သင်ရသလို လူကြီးသူမများမှလည်းဆုံးမလေ့ရှိပါသည်။ အဆိုပါ လူတို့ပြောသည့် စကားခြောက်မျိုးတွင် နှစ်မျိုးကသာလျှင် ပြောသင့်၍ ကျန်လေးမျိုးကိုပယ်ရမည်ဖြစ်ပေသည်။

(၁)ပထမ စကားတစ်ခွန်းအနေဖြင့် မမှန်သည့်စကား အကျိုးလည်းမရှိသည့်စကားကို ကြားတဲ့သူလည်း မကြိုက်မနှစ်သက်သောကြောင့် မပြောအပ်ပါ၊မဆိုအပ်ပါ။ထို့သို့သော စကားမျိုးပြောဆိုခြင်းကိုရှောင်ကြဉ်ရန်လိုအပ်ပါသည်။(၂)ဒုတိယ စကားတစ်ခွန်း အနေနှင့် မဟုတ်မမှန်သည့်စကားသည် မိမိနှင့် သူတပါးအတွက် အကျိုးမရှိသော်လည်း နားဆင်သူ နှစ်ခြိုက်သည်ပင်ဆိုသော်ငြားလည်း ထိုသို့သော စကားကိုမပြောသင့်ချေဟု ဆုံးမထားပါသည်။

AC0F87E5-3E1E-477F-A953-DFECDBE160ED.jpeg

(၃)တတိယစကားအနေနှင့်မှု ဟုတ်မှန်သည့် စကားဖြစ်နေစေကာမှု မိမိအတွက် အကျိုးရှိစေဦးတော့ တဖက်နားဆင်သူမနှစ်ခြိုက်သည့်စကားဖြစ်လျှင်လည်း ထိုသို့သော စကားကိုမပြောသင့်ပါ။ရှောင်ကြဉ်ရပါမည်။(၄)လေးခုမြောက် အနေဖြင့် ရှောင်ကြဉ်ရမည့် စကားမျိုးမှာ မိမိပြောမည့် စကားမှာ ဟုတ်မှန်နေစေကာမှု တဖက်လူလည်း ကြားချင်စေကာမှု မည်သူ့အတွက်မှ အကျိုးမရှိလျှင်လည်း ထိုသို့သော စကားမျိုးပြောဆိုမှုကိုရှောင်ကြဉ်ရမည်ဟု မှတ်သားသင့်ပေသည်။

နံပါတ်(၅)ခုမြောက်ဖြစ်သည့် စကားကို လူတို့မရှောင်ဘဲ ဆောင်ရမည်ဖြစ်ပါသည်။ မိမိပြောမည့်စကားသည် မှန်ကန်သောစကားဖြစ်ပြီး အများအတွက်အကျိုးရှိမည်။မိမိအတွက်အကျိုးရှိမည်ဆိုပါက တဖက်လူမနှစ်သက်လျှင်တောင် ရဲရဲဝံ့ဝံ့ပြောဆိုနိုင်ရမည်ဖြစ်ပါသည်။ထို့ပြင် နောက်ဆုံ နံပါတ်(၆)စကားအနေဖြင့် မိမိပြောမည့်စကား မှာ မှန်ကန်ပြီး အများသူငှာတွက်အကျိုးလည်းရှိ ကြားရသူအပေါင်လည်းနှစ်သက်ပါက ထိုသို့သောစကားကိုပြောဆိုနိုင်ပါသည်။

40C1FB21-702E-451A-9ACE-050CFD44197B.jpeg

ထို့ကြောင့် MSC members အပေါင်းတို့သည်လည်း စကားကြီးခြောက်ခွန်း၌ နံပါတ်စဉ် တစ်နှစ်သုံးလေးကိုရှောင်ကြဉ်ပြီး နံပါတ်စဉ် (၅)နှင့်(၆) ကိုအာဂုဏ်ဆောင်ကာ လောကအကျိုးသယ်ပိုးနိုင်ပါစေဟုတောင်းဆုပြုအပ်ပါသည်။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

Sort:  

အမှန်​ပါပဲ။စကား​ပြောရင်​သတိထားပါ့မယ်​ရှင့်

ဟုတ်ပါတယ် အစ်မ...

ခုခေတ်က စကားကိုအသံထွက်မပြောပဲ chat ပြောလို့ရ မန့်ပြောလို့ရနေတော့ အကျိုးမရှိတဲ့စကား မ chat ရ မမန့်ရပါပြောရတော့မှာ

ဟုတ်ပါတယ်ဗျာ...

Absolutely true bro

thanks bro!!

စကားကိုသတိထားရမှာပေါ့ဗျာ

အမှန်ပေါ့ဗျာ...

မှတ်ထားလိုက်ပြီ

ဟုတ်ကဲ့ပါ

မှတ်​သားစ၇ာပါ

ကျေးဇူးပါဗျာ...

မှတ်သားစရာတွေပါ။

ဟုတ်ကဲ့ပါဗျာ

မှတ်သားစရာပါဗျာ

ဟုတ်ကဲ့

ဆင်ခြင်စရာပါလား

မှန်ပါတယ်

နောက်ဆိုစကားပြောရင် ဆင်ခြင်ရမယ်

ဟုတ်ပါတယ်ဗျာ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63162.99
ETH 2567.19
USDT 1.00
SBD 2.82