ကျန်းမာခြင်းသည် လာဘ်တစ်ပါး

in #myanmar7 years ago (edited)

EE278FBD-5362-4AA7-8B22-AF80E142DBAC.jpeg

"အာရောဂျံ ပရမံလာဘံ" ဟု မြတ်စွာဘုရားဟောကြားတော်မှုခဲ့သည်။ မြန်မာအနက်မှာ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟူ၍ ဖြစ်သည်။မှန်ပေသည်။ လူတိုင်းသည် လာဘ်လာဘ ပေါများချင်ကြသည်။ ငွေဝတ္ထုလာဘ်လာဘ၊ပစ္စည်းအရာဝတ္ထု လာဘ်လာဘ စသည်တို့ကို ပေါများချင်ကြသည်။လာဘ်လာဘ ပေါများစေရန်လည်း ဘုရားတွင် ဆုတောင်းတတ်ကြသည်။သူတို့ တစ်ခုကို မေ့လျော့ထားကြသည်။ယင်းမှာ "ကျန်းမာခြင်း"ဆိုသည့် လာဘ်လာဘ တစ်ခုပင်ဖြစ်သည်။

ထို့ကြောင့် ကျန်းမာခြင်း(health)သည် လာဘ်တစ်ပါးဟူ၍ဆိုကြခြင်း ဖြစ်သည်။ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟုဆိုခြင်းကို မကျန်းမမာ ဖြစ်သောအခါတွင်အလွန်သိသာပေသည်။ အိမ်ထောင်တစ်စုတွင် မကျန်းမာသော သူတစ်ယောက်ရှိပြီဆိုလျှင် ထို မကျန်းမာသော သူအား ပြုစုရခြင်း၊စောင့်ရှောက်ရခြင်း၊ဆေးဝါးကုသရခြင်းဖြင့် စသဖြင့် ကိုယ်စီကိုယ်စီ တာဝန်ကြီးပေသည်။ တခါတလေတွင် အလုပ်ပျက် အကိုင်ပျက်တော့ အနည်းဆုံးဖြစ်ကြရသည်။

CFF5532C-58B3-4726-8904-59B9BD04B269.jpeg

အချို့ဆိုလည်း မကျန်းမာသော လူတစ်ယောက်တည်းအတွက် ပြုစုနေရသောကြောင့် စီးပွားရေး၊လူမှုရေး လုံးပါးပါး ရသည့် အဖြစ်မျိုးလည်းရှိပေသည်။ထို့ကြောင့် မကျန်းမာခြင်းကို အနှုတ်လက္ခဏာဆောင်သည်ဟု သဘောထားကို "ကျန်းမာခြင်း"ကို လာဘ်တစ်ပါးအဖြစ်သတ်မှတ်ခြင်းဖြစ်ပေမည်။သွယ်ဝိုက်ပြီး မပြောဘူးဆိုလျှင် ကျန်းမာခြင်းသည် ချမ်းသာခြင်း(wealth) ပင်ဖြစ်သည်။ ကျန်းမာမှ ချမ်းသာမည်ဖြစ်သည်။ထို့ကြောင့် လူကြီးသူမများ ဆုပေးသည့်အခါ ကျန်းမာပါစေ ဟုဆုပေးပြီးမှ ချမ်းသာပါစေဟု ဆုပေးတတ်ခြင်းဖြစ်သည်။

ကျန်းမာခြင်းနှင့်ပက်သက်ပြီး ပြောရမည်ဆိုလျှင် နေတတ်၊ထိုင်တတ်၊စားတတ်၊သွားတတ်၊လာတတ်ရပေမည်။ နေတတ်၊ထိုင်တတ်၊စားတတ်ခြင်းဆိုသည်မှာ နေထိုင်မှု ပုံစံစနစ် ကိုခေါ်ဆိုခြင်းဖြစ်သည်။လူတိုင်း ကောင်းမွန်သော နေထိုင်စားသောက်မှုပုံစံရှိရမည်ဖြစ်သည်။နေထိုင်မှုပုံစံဆိုသည်မှာ ယနေ့ခေတ်တွင် စမတ်ဖုန်းများ အလွန်ပင်ခေတ်စားလာသောအခါ ကမ္ဘာအနှံ့ရှိသူမျှ လူများသည် စမတ်ဖုန်းများဖြင့်သာ အချိန်ဖြုန်းလာကြသည်။ဖေ့စဘွတ်(facebook) ဖြင့်သာ အချိန်ကုန်လာကြသည်။ထိုအခါ လူတို့သည် လှုပ်ရှားမှု၊တက်ကြွမှုများ ပျောက်ဆုံးလာကာ အထိုင်များလာကြသည်။

B6A33E32-F721-49E3-A4D2-57A3D49E89A0.jpeg

လှုပ်ရှားမှု နဲကာ မိတ်ဆွေသင်္ဂဟ အပေါင်းအသင်းများဖြင့်အချိန်မဖြုန်းကြတော့ဘဲ ဖုန်းဖြင့်သာအချိန်ဖြုန်းလာသည်။အထိုင်များမှုကြောင့်၊လှုပ်ရှားမှုနည်းသောကြောင့် စားသမျှက အဝလွန်လာစေသည်။အဝလွန်လာသောအခါ ဆီးချို၊သွေးချို၊သွေးတိုး၊အဝလွန်ရောဂါ စသည့် လူနေမှုအဆင့်အတန်းကြောင့် ဖြစ်သည့် ရောဂါများတိုးပွားလာစေသည်။ထိုသို့အထိုင်များခြင်း၊လှုပ်ရှားမှုနည်းသည်ကြားကပင် စားသောက်သည့်ပုံစံမှာလည်း မမှန်မကန်ဖြစ်နေပြန်သည်။

လူတိုင်း နာရီနှင့်အမျှ အချိန်ကုန်ဆုံးနေရသည်။ စားသောက်ရန် ချက်ပြုတ်ဖို့ အချိန်မရှိ ဒီအလုပ်ပြီးလျှင် ဟိုအလုပ်ကိုပြေးရသည်။အချိန်ပြည့် "အလုပ်"ဟူသောအရာနှင့် နပန်းလုံးရသောအခါ လတ်လတ်ဆတ်ဆတ်မချက်ပြုတ်တော့ဘဲ အသင့်စား ဟမ်ဘာဂါ၊အာလူးကြော်၊ကိုကာ၊ဟော့ဒေါ့၊ပီဇာ စသည်ဖြင့် ကယ်လိုရီများသည့် အသင့်စား(fast food) များကို စားရပြန်သည်။ဤတွင် ကျန်းမာရေးနှင့်မညီဖြစ်ကာ ရောဂါများဝင်လာခြင်းဖြစ်သည်။ထို့ကြောင့် လူတိုင်းကျန်းမာစေရန် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုရှိရမည်၊သင့်လျော်သော စားသောက်မှုပုံစံရှိရမည် ဖြစ်သည်။လူတိုင်း ကောင်းမွန်သော နေထိုင်စားသောက်မှုပုံစံထားရှိခြင်းဖြင့် ကျန်းမာချမ်းသာသောဘဝကိုရရှိပိုင်ဆိုင်ရန် အရေးကြီးသည်မှာ အမှန်ပင်ဖြစ်ပါသည်။

photos from google
written by @mgtoetat
MSC-073

Sort:  

ဘဝမှာအရေးကြီးဆုံးကသူပါပဲ

ဟုတ်ပ့ဗျာ...

thanks for your support!!!

ကျန်းမာခြင်းသည်​လာဘ်​တစ်​ပါး

အမှန်ဘာဘဲ ခင်မျာ...

right ကျန်းမာခြင်းသည်လာဘ်တစ်ပါးပါ

ဟုတ်ပါတယ် ခင်မျ...

Good post bro

thanks bro!!

ကျန်းမာမှစာ​ရေးနိုင်​မည်​။သို့မှသာsbd ရမည်​၊

ဟုတ်ပါ့ ဟုတ်ပါ့

အရေးကြီးတဲ့ ကျန်းမာရေးပါ

ကျန်းမာရေး ဂရုစိုက်ကြပါ ...

ဟုတ်ပါတယ် bro ကျန်းမာနေဖို့ကအရေးကြီးပါတယ်

ဟုတ်ပါတယ် ဗျ

ကျန်းမာမှအလုပ်လုပ်နိုင်မည် Upvote နိုင်ပါမည်

ကျန်းမာမှ upvote နိုင်မည် 😁😁

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.026
BTC 55030.03
ETH 2337.21
USDT 1.00
SBD 2.32