လေးနှစ်တာ ကခုန်ခြင်း
နောက်ဆုံး စာမေးပွဲနေ့ဖြစ်သောကြောင့် လူအများတက်ကြွနေကျသော်လည်း ကျွန်တော့်ခြေလှမ်းများမှာ လေးပင်နေသည်။ ယနေ့သည် ကျွန်တော်တို့ final ကျောင်းသားများအတွက် ကျောင်းတော်ကြီး၏ နောက်ဆုံး စစ်ပေးသော စာမေးပွဲကြီး(exam) မဟုတ်ပါလား။ ဆယ်ရက်တာ စာမေးပွဲကာလအတွင်း နောက်ဆုံးဘာသာဖြေပြီးကြပြီဖြစ်သောကြောင့် စိတ်လွတ်ပေါ့ပါး၍ လူအများ မြူထူးနေကြသော်လည်း ကျောင်းတော်ကြီးနဲ့ ခွဲရတော့မည်လား ဆိုသည့်အသိက ကျွန်တော်တို့အပေါ် အရိပ်ကဲ့သို့စိုးမိုးနေသည်။ဟုတ်သည်။ လေးနှစ်တာ ပညာနို့ရည်တိုက်ကျွေးခဲ့သော ကျောင်းတော်ကြီး၊ ဘဝတွင် မထင်မှတ်ထားရသော အပေါင်းအသင်းများနှင့်ပြည့်နှက်နေသော ကျောင်းတော်ကြီး၊ ကျွန်တော်တို့ လေးနှစ်တာလုံး ငြင်းကျ ခုံကျဖြင့် ပညာရှာဖွေခဲ့သော ကျောင်းတော်ကြီးနဲ့ ခွဲရတော့မည်ဆိုသည့်အသိသည် ရင်ထဲတွင် များစွာနာကျင်ရသည်။
သူငယ်ချင်းများ၊အငယ်တန်း junior လေးများက စာမေးပွဲပြီး စိတ်လွတ်ကိုယ်လွတ်ဖြင့်ပြန်သွားကြသော်လည်း ကျွန်တော်မှာ ကျောင်းကြီးကိုလည်းကောင်း ကျောင်းဆောင်များကိုလည်းကောင်း ကန်တင်း နှင့် ဘွဲ့နှင်းသဘင်ခန်းမကိုသာ ငေးကြည့်နေမိတော့သည်။ ဤနေရာ ဤဒေသမှ သူငယ်ချင်းများနှင့် ခနတာ ခွဲခွာရပေအုံးမည်။ တွေ့ဆုံကြုံကြိုက်ပြီးလျှင် ခွဲခွာကြရသည်မှာ လောက၏ ဓမ္မတာပင်မဟုတ်ပါလား။ ဤနေ့မှ စ၍ နောက်မည်သည့်နေ့ထိ မသိသေးသော အချိန်ကာလထိ ကျွန်တော်တို့ ကိုယ့်ဘဝကိုကျောင်းရမည်၊ဘဝ ဆိုသော တက္ကသိုလ်ကြီးတွင် ကျွန်တော်တို့သင်ခန်းစာ များစွာကို သင်ကြားရတော့မည်။ သို့သော် ယခု အမိတက္ကသိုလ်ကြီးကဲ့သို သူငယ်ချင်းများနဲ့သင်ခန်းစာ များကို အတူတကွသင်ကြားခွင့်ရကြတော့မည်တော့ မဟုတ်တော့ချေ။ယခုကဲ့သို့ အပူပင်ကင်းမယ့်စွာဖြင့်လည်း သင်ကြားနိုင်မည်ဟု ကျွန်တော်မထင်ပေ။အမိ တက္ကသိုလ်ကြီးတွင် မိမိရင်တွင်းစကား ခံစားချက်များကို နားထောင်ပေးသည့် သူငယ်ချင်း၊ဆရာ/ဆရာမ များကဲ့သို့ ဘဝတက္ကသိုလ်တွင် ရှိလိမ့်မည်မထင်ပေ။ ဘဝတက္ကသိုလ်ရောက်သည့်အခါ မိမိတယောက်တည်း ရုန်းကန်လှုပ်ရှားရတော့မည်မှာ အသေအချာပင်ဖြစ်သည်။အတွေးများစွာဖြင့် ရင်ထဲယောက်ယပ်ခက်စွာဖြင့် ကျောင်းသား/သူတွေ မိမိသက်ဆိုင်ရာ ဌာနေဆီသို့ပြန်သွားကြသော်လည်း အတွေးများဖြင့်နယ်ချဲ့မိနေတေ့သည်။ မည်သို့ပင်ဖြစ်စေ ကျောင်းတော်ကြီးကတော့ လူဟောင်းများထွက်သွားရင် လူသစ်များရောက်လာသည့်တိုင် ကျောင်းသား/သူသစ် (junior)လေးများကို သူမကတော့ နွေးထွေးစွာ ကြိုဆိုနေလောက်ပါသည်။ ယနေ့ စာမေးပွဲပြီးသည့်နေ့မှစ၍ မည့်သည့်အချိန်တွင်မှ သူငယ်ချင်းများနှင့် မြူးထူးသွားလာခဲ့သော ဤနေရာ ဤဒေသကို ခြေချခွင့်ရမည်ဆိုသည်ကို ကျွန်တော်သိခွင့်မရှိခဲ့ပါ။သို့သော် ကျွန်တော် တို့ကို ဆုံးမခဲ့သော တီချယ်ရဲ့ စကားကိုသာ နားထောင်ကြားယောင်လာပါသည်။" တက္ကသိုလ် မှာ သားတို့ကို သင်ခန်းစာတွေသင်ကြားပေးဖို့ ဆရာ/ဆရာမတွေ ရှိပေမယ့် ဘဝတက္ကသိုလ်ရောက်သွားတဲ့အခါ သားတို့ကို ဘဝသင်ခန်းစာတွေသင်ကြားပေးမယ့် ပြသပေးမည့်သူမရှိတော့ဘူး။မိမိဘာသာ ဘဝရင်းပြီး မှသင်ခန်းစာရကြရလိမ့်မည်" ဟူသော တီချယ့် စကားကို နားထဲကြားယောင်ရင်း ကျွန်တော့်ရဲ့ အိမ်ပြန်ခြေလှမ်းများမှာလည်း လေးပင်နေပါတော့သည်။
written by @mgtoetat
myanmar steemit
Tagမှာ steemitအကြောင်းမရေးပဲ steemitလို့ အထည့်ပါနဲ့ brother
ဟုတ်ကဲ့ ပြင်ပြီးပါပြီ ကျေးဇူးပါ ခမျ
@mgtoetat Really good post.
big thanks for your support!!
@mgtoetat Steemit is gonna change lots of lifes, it has changed mine and many others but that is just the beginning. Followed
Absolutely right!!brother!!👍🏿👍🏿
Excellent @mgtoetat
![](https://steemitimages.com/0x0/https://s26.postimg.org/5ag1oldtl/U5dt8_ULHWX1d1t_RNnhr4_GJc7_ERZX4_ZT.gif)
thanks
@mgtoetat Steemit is gonna change lots of lifes, it has changed mine and many others but that is just the beginning. Followed
güzel
![](https://steemitimages.com/0x0/http://llcdn.listelist.com/listeliststatic/2013/10/robert-de-niro-taxi-driver-alkis-gif.gif)
Thanks
Amazing!!
thanks
ခွဲခွာရတော့လည်းလွမ်းမိမှာပေါ့
အမှန်ပေါ့ဗျာ 😞😞😞
Good
thanks
ကောင်းပါသည်
thanks !!
Nice post
thanks!!