နွေရာသီ နှင့် မီးဘေးအန္တရာယ်

in #myanmar6 years ago

image

"ရန်သူ ငါးပါးထဲမှာ အင်မတန် ဆိုးရွား လှတာ...."ဟု အစချီ၍ မီးသတိပေးသံ သီချင်းကား ပျံ့နှံ့လာသဖြင့် အိပ်နေရာမှ လှန့်နိုးလာရသည်။ ရန်သူငါးပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်သည့် မီးဘေးအန္တရယ်ကို ဂရုစိုက်ရန် မီးသတ်ကားတစ်စီးဖြင့် "မီး" သည် သူခိုးဒါးမြထက် ဆိုးရွားလှကြောင့်၊မည်သည့် မျက်နှာကြီးရာငယ်ရာ မှမထောက်ထားကြောင်း၊ထို့ကြောင့် မီးသတိပြုစေလိုကြောင်း၊မီးကြွင်း မီးကျန်များကိုလည်း ဂရုစိုက်၍ ငြိမ်းသတ်သင့်ကြောင်း မြို့အနှံ့ လိုက်လံဆော်သြနေရခြင်းဖြစ်သည်။

ဟုတ်ပေသည်။မြန်မာနိုင်ငံသည် ပူအိုက်စွတ်စိုရာသီဥတုရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ ဆောင်းရာသီဥတုနှောင်း၍ နွေရောက်စပြုပြီဆိုလျှင် သစ်ရွက်ခြောက်များကြွေကျကာ ရွက်ဟောင်းကြွေ၍ရွက်သစ်ဝေလေ့ရှိပါသည်။ ထိုအခါ လမ်းများ၊အပင်ကြီးများအောက်တွင် သစ်ရွက်ခြောက်များဖြင့် ပြည့်နေတတ်သည်။ထို့ပြင် လူတို့၏ စည်ကမ်းမဲ့စွာ အမှိုက်စွန့်ပစ်မှုများလည်းရှိရာ "အမှိုက်ကတစ်စ ပြသာဒါ မီးလောင်" ဟူသည့် စကားအတိုင်းပင် ထိုသစ်ရွက်ခြောက်များ၊အမှိုက်များမှ တစ်ဆင့် မီးဘေးအန္တရာယ်အတွက် စိုးရိမ်စရာပင်ဖြစ်ပါသည်။

image

ထို့အပြင် ပူအိုက်လွန်းသောနွေရာသီဆိုလျှင် ရံဖန်ရံခါ လေပြင်းများတိုက်ခတ်လေ့ရှိသည်။ထိုသို့ဆိုသော် ထိုသစ်ရွက်ခြောက်၊အမှိုက်ခြောက်များကိုရှင်းလင်းရာတွင် မီးရှို့သည့်နည်းဖြင့်လည်း မရှင်းလင်းသင့်ပါ။ အမှိုက်များ၊သစ်ရွက်ခြောက်များအား မီးရှို့နေစဉ်တွင် လေပြင်းတိုက်ခတ်လာပါက မီးအကူးမြန်ကာ မီးလောင်မှုထိ ဦးတည်စေနိုင်သောကြောင့် အမှိုက်များ မီးရှို့ခြင်း၊သစ်ရွက်ခြောက်များကို မီးရှို့ခြင်းများကို ရှောင်ကြဉ်ကာ သတ်မှတ်ထားသည့် မြို့နယ်စည်ပင်သာယာ အမှိုက်စွန့်ပစ်ရန်နေရာများတွင်လည်းကောင်း၊အမှိုက်သိမ်းကားတွင်လည်းကောင်း ကောင်စွာစွန့်ပစ်ရန်လိုပါသည်။

ထို့အပြင် နေအိမ်တွင် ထမင်း၊ဟင်းများကို ချက်ပြုတ်ပြီးပါက ကျန်ရှိနေခဲ့သည့် မီးဖိုအတွင်းရှိး မီးကြွင်း၊မီးကျန်များကို သေချာစွာငြိမ်းသတ်ရမည်ဖြစ်သည်။ ထမင်း၊ဟင်းများချက်ပြုတ်ပြီးစီချိန်တွင် သတိမလစ်ဟင်းဘဲ မီးကြွင်းမီးကျန်းများကိုသေချာစွာ ငြိမ်းသတ်ပြီးမှ အိပ်ယာဝင်ခြင်း၊အိမ်အလည်သွားခြင်းအမှုကိစ္စများကို ပြုသင့်သည်။

image

ထို့အပြင် မိမိတို့ အိမ်တွင်းအိမ်ပြင်တွင် လောင်စာဖြစ်နိုင်သည့် အရာများကို ရှင်းလင်း၍ မိမိအိမ်တွင် မီးသတ်အခြေခံပစ္စည်းများဖြစ်သည့် သဲ၊ဝါးကပ်၊ဝါးချိတ်၊မီးသတ်ရေကန် စသည်များကို အသင့်အနေအထားဖြင့်ဆောင်ထားရန် လိုအပ်ပေသည်။မိမိအိမ်တွင်း အိမ်ပြင်ရှိ ဒိတ်အောက်နေသော လျှစ်စစ်ပစ္စည်းများ၊လျှပ်စစ်မီးကြိုးများကိုလည်း အမြဲစစ်ဆေးကာ လဲသင့်တာလဲ၊ပြင်သင့်တာ ပြင်ရမည်ဖြစ်ပါသည်။ MSC မှ အဖွဲ့ဝင်များအားလုံး လွန်စွာအန္တရာယ်ကြီးမားသည့် "မီး"ဘေးအန္တရာယ်မှ အစဉ်အမြဲကင်းဝေးပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။

written by @mgtoetat
photos from google
MSC-073

Sort:  

ခုဆို နွေလည်းရောက်လာပြီဆိုတော့ သတိကပ်တာအန္တရာယ်ကင်းပါတယ်ရှင်

အမှန်ပါဘဲဗျာ...

Thank for noticing.We wii be care for using fire in summer.The danger of fire can destroy everythings that we owned.

ဟုတ်ပါတယ်။မီး အန္တရာယ် သတိပြုသင့်ပါတယ်။

ဟုတ်ကဲ့

နွေရာသီရောက်ရင် မီးကိုပဲကြောက်နေရတယ်

အမှန်ပါပဲဗျာ...

မီးက​ကြောက်​စရာ​ကောင်းတယ်​။

ဟုတ်ပါ တယ်ဗျာ...

ရန်သူငါးပါးထဲကြောက်ဖို့အကောင်းဆုံးပါပဲ🔥

ဟုတ်ကဲ့

နွေ ဟာ ပူပြင်းခြောက်သွေ့ တဲ့ရာသီမို့လို့ မီးဘေးကိုသတိထားသင့်တယ်

ဟုတ်ပါတယ်ဗျာ..

မီးခိုးရင်​ဘာမှ မကျန်

အမှန်ပါပဲဗျာ....

သူခိုးရင်များ ပြောင်ရော...

မီးကအလဃန်​​ကြောက်​စရာ​ကောင်းပါတယ်

ဟုတ်ပါတယ်ဗျာ...

သတိ​ပေး​ဆောင်းပါးပဲ ။အရမ်း​ကောင်းပါတယ်​ရှင်​။

ကျေးဇူးပါဗျာ..

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64689.90
ETH 3450.92
USDT 1.00
SBD 2.50