Daily ပရိုပေးခြင်း၏ကောင်းကျိုးများ

in #myanmar6 years ago (edited)

C708E22E-532A-4E2F-8E17-AD422FD8C90B.jpeg

အားလုံးသိကြသည့်အတိုင်းပင် မိမိတို့ myanmar steemit community တွင် မကြာသေးမီကမှ အစည်းအဝေးထိုင်ကာ ထိုမှ အဆုံးအဖြတ်ဖြင့် ယခင်က group အလိုက် ပရို (promotion) ပေးရာမှ ယခုအခါ နေ့တိုင်း ပရိုအတွက်ပိုစ်တင်ခွင့် ပရိုယူခွင့် ပေးခဲ့သည်။ထိုသို့ဖြေလျော့မှုများရှိလာရာ ပိုစ်များများရေးနိုင်သူ၊စာများများရေးနိုင်သူများအတွက်အကျိုးရှိလာသည်။

ထိုသို့အကျိုးရှိလာသဖြင့် အကောင်းဘက်မှ ကြည့်လျှင် ကောင်းသော်လည်း အဆိုးဘက်မှ ကြည့်လျှင် ပိုစ်တင်သူနည်းသွားမှု၊ active ဖြစ်မှုနည်းသွားသောကြောင့် ယခုကဲ့သို့ daily pro လုပ်လိုက်ရခြင်းဖြစ်၍ မကောင်းပါ။သို့သော်လည်း နေ့စဉ်ပရိုယူခွင့်၊တင်ခွင့်ပေးခြင်းသည် ကောင်းကျိုးများသာ ရရှိစေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ စာရေးသူ ပထမဦးဆုံးပြောလိုသည့် နေ့စဥ့်ပရိုပေးလိုက်ခြင်း၏ကောင်းကျိုးမှာ (good advantage) မှာ MSC ၏ စည်းလုံးမှုပိုရှိသွားခြင်း ဖြစ်သည်။

59A8AB21-5234-4FD5-85DD-68E5282C61B6.jpeg

ယခင်က group အလိုက် post တင်သူ 7,8,9 ယောက်လောက်သာ ရှိရာ မိမိတို့သက်ဆိုင်ရာ group အလိုက် အလှည့်ကျ တနေ့လာလည်း ဒီလူ၊ နောက် မိမိ group အလှည့်ကျသည့် နေ့လည်း ဒီလူ စသည်ဖြင့် မိမိတို့ group အတွင်းမှ member များနှင့်သာဆက်ဆံမိကြသည်သာဖြစ်သည်မဟုတ်ပါလား။အခြား group များနှင့်လူများနှင့်ဆက်ဆံမိစေဦးတော့ လေးငါးယောက်ထက်မပိုဘဲ group အကုန်လုံးမှ member များဖြင့် သိရန်မှာမလွယ်ကူလှပါ။

ယခုများတော့ သူ့ group နေ့ကိုယ်သွားတင် ကိုယ့် group လဲသူလာတင်စသည်ဖြင့် ယခုမှ groupအကုန်လုံးမှ member အချင်းချင်းဆက်ဆံမှုပိုတိုးလာသည်။ပိုရင်းနှီးမှုရှိလသည်။ပို၍ နီးကပ်စွာဆက်ဆံလာနိုင်သည်။ယခင်ကလို ဘယ် group ကလဲ? အရင်က မသိဘူး။မမြင်ဖူးဘူး စသည်လိုမျိုးမဖြစ်တော့ဘဲ daily pro တွင် ပို၍ အချင်းချင်းရင်းနှီးလာသည်မှာ daily pro ၏ ကောင်းကျိုးများထဲမှ တစ်ခုပင်ဖြစ်သည်။

84A60911-C7C0-447D-AA8D-BF4B887644A0.jpeg

ဒုတိယ ကောင်းကျိုးမှာ member များသည် ယခင်ကဲ့သို့ ပျမ်းမျှတစ်ပတ်နှစ်ရက်မျှ ပရိုရခြင်းမဟုတ်သည့်အတွက် စာရေးလိုစိတ်ပိုမိုရှိလာခြင်းဖြစ်သည်။နေ့စဉ် ပရိုဖြစ်သည့်အတွက် မိမိရေးနိုင်သည့်နေ့တင် မရေးနိုင်သည့်နေ့တင်စရာမလိုဘဲ ယခင်ကဲ့သို့ မိမိ group နေ့ကျရောက်လာသော် မတင်လိုက်ရရှိပါက နောက်သုံးလေးရက် ထပ်စောင့်နေစရာမလိုတော့ပါ။ထို့ကြောင့် မိမိပိုစ်များ၊စာများ ကိုအကောင်းဆုံးရေးသားကာ ဒီနေ့မမှီလိုက်လျှင်နောက်နေ့တင်နိုင်ပေသည်။

ဆက်ပါဦးမည်။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

Sort:  

proကြောင့် ရည်မှန်းချက်နဲ့ နီးစပ်လာလို့ ပျော်နေပါသည်

ပိုပြီး ချစ်ခင်ရင်းနှီးသွားကြတာတော့ အမှန်ဘဲဗျာ

ဟုတ်တယ် တိုးတတ်ရေ အရင်ကဆို စာရေးပျင်းကြတယ် ပရိုနေ့ မှ ရေးမယ်ဆိုတဲ့အတွေးနဲ့ ပျင်းရိလာကြတာ ခုလို daily pro ပေးတော့ စာရေးသွက်လာတယ် စာရေးချင်စိတ်တွေ ပိုဖြစ်လာတာပေါ့

အမှန်ဘဲ ဘုန်းဘုန်း

ပိုစ်တွေ ပိုတင်ကြပြီး ပိုပြီးစည်ကားလာတာပါ

proအကြောင်းနားမလည်သေးပါ

ဟုတ်ကဲ့

နောက်တော့ နားလည်သွားမှာပါဗျ

နေ့တိုင်းတင်တော့မပျင်းရတာပေါ့ဗျာ

ဟုတ်ပါတယ်

ညီ‌ပြောတာမှန်‌တယ်‌။အခုဆို အစ်‌ကို‌တောင်‌မိတ်‌‌ဆွေ‌တွေတိုး‌နေပြီ။ဆက်‌‌ရေး‌ပေးပါဦးညီ။

အမှန်ဘာဘဲ ကိုမဟော်ရေ

ရေးပါ ရေးပါ များများရေးထားပါ

ရေးထားပြီ ကိုစိုးရေ

ဟုတ်တယ်ဗျာ အခုဆို အားလုံးနေ့စဉ် pro; တင်လို့ရနေတဲ့အတွက် အားလုံးစည်းလုံးမှုပိုရှိလာပြီး တိုးတက်အောင်မြင်မှုအတွက် အရေးကြီးတဲ့အချက်တစ်ချက်ကို လက်တွေ့အသုံးချနေတဲ့ အဆင့်ဖြစ်သွားပါပြီ။ဝမ်းသာပီတိဖြစ်ရပါတယ်အစ်ကို

ဟုတ်ပါတယ်ဗျာ

တကယ် ဝမ်းသာစရာပါဗျာ

အားပေးနေပါတယ်

ကျေးဇူးပါဗျာ

သူများတွေ ဒေးလီးမှ ကိုယ့်မှာ ရေးစရာပျောက်နေလေရဲ့

ကိုဒိုမီက တော့ ဂျင်းဘီဗျာ

ဟုတ်တယ် လူချင်းလည်းအရင်ထက်ပိုရင်းနှီးကုန်ကြတယ်

အမှတ်ပါဘဲဗျ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64534.17
ETH 3150.15
USDT 1.00
SBD 4.01