အင်းလေး သို့သွားလည်ကြမည်...

in #myanmar6 years ago (edited)

D8B64DB1-7CDD-47CD-AB55-A8C144F5DA40.jpeg

ပြီးခဲ့သည့် ကျောင်းပိတ်ချိန်အားလပ်ရက်များအတွင်း ကျွန်တော်သည် တောင်ကြီး-အင်းလေး သို့ မိသားစု ဘုရားဖူး၊ဒေသန္တရ ဗဟုသုတများ လေ့လာရန်အလည်ခရီးထွက်ခဲ့ကြပါသည်။အင်းလေး ဒေသသည် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်ရှိ အင်းတော်ကြီးအိုင်ပြီးလျှင် ဒုတိယအကြီးဆုံး သဘာဝ ရေအိုင်ကြီးဖြစ်သည်။ မြန်မာပြည်၏ အထင်ကရ ရေဝပ်ဧရိယာတစ်ခုဖြစ်ပြီး သဘာဝ အလှအပများ၊ငှက်မျိုးစိတ်များ၊ ငါးမျိုးစိတ်များရှင်သန်ရာနေရာလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်ခုတည်းသာတွေ့နိုင်သည့် တောင်တန်းတွေ ကာရံထားသော ရေကန်ကြီးတစ်ခုဖြစ်ပါသည်။ အင်းလေး(Inle Lake)သို့ရောက်ပြီဆိုလျှင် လက်နဲ့မလှော်ခတ်၊ခြေဖြင့်သာ လှော်ခတ်သည့် လှေများ၊ လာရောက်လည်ပတ်သူ ဧည့်သည်များကို မြင်၍ အစာတောင်းသည့် စင်ရော်ငှက်များ၊ အင်းသူအင်းသားများ သီးနှံစိုက်ပျိုးကြသည့် သဘာဝ ကျွန်းမြောကြီးများ၊အင်းသားများနေထိုင်ကြသည့် ခြေတံရှည်အိမ်လေးများ စသည့် အလှအပတို့ကို တွေ့နိုင်သည်။မြန်မာပြည်တွင် ရေပြင်မှ ရွှေအသီးသီးသည်ဟုဆိုသည်ကို ပြရမည်ဆိုလျှင် အင်းလေးကို သာ ပြရမည်ထင်သည်။

EA6E4445-0964-49FD-9453-F1C589967772.jpeg

အဘယ်ကြောင့်ဆိုသော် အဆိုပါရေမျော စိုက်ခင်းများပေါ်တွင် ခရမ်းချဉ်သီး၊ခရမ်းသီးများ စိုက်ပျိုးအောင်မြင်နေသောကြောင့် ဖြစ်သည်။ နှုန်းများဖြင့် မြေဆီမြေနှစ်ကောင်းမွန်သည့် ကျွန်းမျောများဖြစ်သောကြောင့်လသီးနှံများစိုက်ပျိုးအောင်မြင်နေရခြင်းဖြစ်သည်။ အင်းလေးသည် ကမ္ဘာပေါ်တွင် ခြေဖြင့်သာလှော်ခတ်သည့် လှေ(boat)များကြောင့် ကမ္ဘာကျော်ရသလို အဆိုပါ အင်းသားများငါးဖမ်းသည် ခြင်းတစ်မျိုးကို သုံး၍ ငါးဖမ်းခြင်းကြောင့်လည်း နိုင်ငံတကာတွင်လည်းကောင်း၊ကမ္ဘာလှည့်(tourism)ခရီးသည်များကြားတွင်ပါ ထင်ရှားပါသည်။

ဤသည်မှာ အင်းလေးသည် မြန်မာတို့၏ အမွေအနှစ် အာဆီယံ၏အမွေအနှစ်ပင်ဖြစ်ပါသည်။အင်းလေး ဒေသတွင် ဗုဒ္ဓဘာသာမြန်မာများအတွက် နောက်ထပ်ထင်ရှားသည်မှာ ဖောင်တော်ဦးဘုရားပင်ဖြစ်ပါသည်။ဖောင်တော်ဦးဘုရားမှာ ပုဂံခေတ်အလောင်းစည်သူမင်းကြီးသည် အင်းလေးသို့ ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည်လာရာတွင် ဗုဒ္ဓရုပ်ပွားတော် ငါးဆူနှင့် ဖောင်တော်ဦးစေတီကို တည်ခဲ့သည်။ ယင်းဘုရားငါးဆူကို အလောင်းစည်သူမင်းကြီးသည် အင်းသားများ ကိုးကွယ်ရန်ပင့်ဆောင်ခဲ့ခြင်းဖြစ်သည်။
059BAB68-0692-46E6-BE40-1537FDED4A0D.jpeg

ထို့ကြောင့် အင်းလေးသို့ သွားမည်ဆိုလျှင် အင်းလေးကန်သို့လေ့လာနိုင်သကဲ့သို့ ဘုရားလည်း ဖူးမျှော်နိုင်ပါသည်။ ထို့ကြောင့် ကုသိုလ်လည်းရ၊ဗဟုသုတလည်းရသည့် ခရီးစဉ်တစ်ခုပင်ဖြစ်ပါသည်။အင်းလေးသို့ရောက်လျှင်၊ဖောင်တော်ဦစေတီသို့ရောက်လျှင်လည်းအင်းလေး အရောက်အမှတ်တရ ပစ္စည်းများ၊ဒေသထွက်ကုန်များကို ဝယ်ယူရရှိနိုင်ပါသည်။ယခုအခါ အင်းလေးကန်ကြီးသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် လိုအပ်နေပြီး လူတို့ စည်းကမ်းမဲ့မှု့ကြောင့် တဖြည်းဖြည်းတိမ်ကောလာနေသည်ကို ရင်ဆိုင်နေရပါသည်။ ရေမိုင်အကျယ်အဝန်းသည်လည်း တဖြေးဖြေးနှင့် ကျဉ်းမြောင်းလာမှုကိုရင်ဆိုင်နေရသောကြောင့် ပြုပြုင်ထိန်းသိမ်းမှုများပြုလုပ်နေရသည်။ ယခုအခါ ပွင့်လင်းရာသီဖြစ်သောကြောင့်အင်းလေးသို့ လာရောက်လည်ပတ်သူများနှင့် စည်ကားလှသည်။ထို့ကြောင့် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ရောက်လျှင်၊ညောင်ရွှေသို့ရောက်လျှင် အင်းလေး၏ အလှအပများကို လာရောက်ခံစားကြည့်လှည့်စေချင်သည်။

photos from google
written by @mgtoetat
MSC-073

Sort:  

ရောက်ဖူးသေးဘူး၊သွားချင်လိုက်တာ

ရောက်အောင် သွားလည်ပါဗျာ...

အင်း​လေးသွားချင်​လိုက်​တာ။အ​ရေးအသား​ကောင်းပါတယ်​။

ဟုတ်ကဲ့ သွားလည်သင့်ပါတယ်ဗျာ..

ထပ်သွားချင်မိတဲ့နေရာလေးပါ

ဟုတ်ပါတယ်ဗျာ...

အင်းလေးက လှတယ်။သွားချင်တယ်။

သွားလည်ပါဗျာ...

တစ်ခါရောက်ဖူးတယ်။ စိတ်ချမ်းသာတယ် :D

ဟုတ်ပါတယ်...

ကံမစပ်သေးလို့နဲ့တူတယ် မရောက်ဖြစ်သေးဘူး

တောင်ကြီးရောက်ရင် ဝင်လည်ပါဗျာ...

အရေးအသား good တယ် bro

ပျော်ပီဗျာ..

ရောက်ဖူးခြင်တယ် တစ်ခါမှမရောက်ဘူးဘူး

ရောက်ဖူးအောင် သွားလည်ပါဗျာ...

ရောက်ဖူးဘူး သွားချင်တယ်

သွားလည်ကြည့်ပါဗျာ...

သဘာဝပတ်ဝန်းကျင်တွေကတော့ ကိုယ်ရှုထောင့်ကကိုယ်ရေးလို့မကုန်ပါဘူး၊ good ပါတယ်

ဟုတ်ပါတယ် ခမ်...

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58635.35
ETH 3152.96
USDT 1.00
SBD 2.44