တာဝန်​ခံမ​ပေါ့​လျော့

in #myanmar6 years ago

တာဝန်ယူမှု တာဝန်ခံမှုပျောက်ဆုံးနေတဲ့တိုင်းပြည်

မြောင်းမြတံတားနဲ့ ပက်သက်ပြီး မနက်ထဲက ပြောချင်ခဲ့တာ တစ်နေကုန်မအားတာနဲ့ အခုတော့ ပြောချင်တာလေး ပြောပါရစေ၊ မြောင်းမြတံတား သတ်မှတ်တန်ချိန်ဟာ တန် ၂၀ ၊

အခုဖြတ်တဲ့ကားက ယာဉ်+ကုန် ၁၆ တန်၊ သတ်မှတ်ထားတဲ့ တန်ချိန်အတွင်း လမ်းကြေးတံတားကြေး အခွန်အခ ပေးဆောင်ပြီး ဖြတ်သန်းခဲ့တဲ့ကားပါ၊

ကားဖြတ်သန်းစဉ် တံတားကျိုးတယ်၊ လူနှစ်ဦးသေတယ် ကားပျက်စီးတယ်။

အိုခေ စပြောမယ်

ဝန်ကြီးတွေက ကူညီပါ့မယ်ပြောတယ်
No ကူညီရမှာ မဟုတ်ဘူး ကားဖိုး၊ ကုန်ဖိုး အလျော်ကိုရော အလုပ်ပျက်ခရော အပြည့်အဝ ကားပိုင်ရှင်ကို ပေးရမှာ

သေဆုံးသူတွေကို ကူညီမယ်ပြောတယ်

No ကူညီရမှာမဟုတ်ဘူး လျော်ကြေးပေးရမယ်
အသက်နှစ်ချောင်းအတွက် ထိုက်သင့်တဲ့လျော်ကြေး
ဥပဒေဘောင်အတွင်းနေထိုင်တဲ့ အပြစ်မဲ့သေဆုံးသွားတဲ့ပြည်သူအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိရလိမ့်မယ်။

ခုသေသွားတာက ညီအစ်ကိုနှစ်ယောက် ။ မိသားစုတွေက သူတို့နှစ်ယောက်ကို အားထားမှီခိုနေရတာ။ အဲ့တော့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကိုတောင်းပန်ရမယ်။

အစိုးရက သတ်မှတ်ထားတဲ့ ဥပဒေဘောင်ထဲကနေ လိုက်နာပြီး လုပ်ဆောင်တယ် အသက်ဆုံးတယ် နိုင်ငံတကာမှာဆို တွေးမကြည့်ရဲစရာ လျော်ကြေးနဲ့ တရားစွဲပြီပဲ

ဂျပန်၊ ကိုရီးယားမှာသာဆိုရင် သေချာပေါက် ကျွန်တော်၊ ကျွန်မမှာ တာဝန်ရှိပါတယ်ဆိုပြီး တန်းစီပြီး နှုတ်ထွက်ကြမှာ . . .

တံတားမခိုင်တော့ရင် အစောထဲက အသစ်ဆောက်ရမှာ အစိုးရအလုပ်၊ တံတားဖြတ်သန်းခ ပေးဆောင်ရမှာ ပြည်သူအလုပ်၊ အစောထဲက မခိုင်တော့မှန်းသိရင် မဖြတ်သန်းစေသင့်ဘူး၊ အခုတော့ ကျွန်တော်တို့ ပြည်သူတွေမှာ ကူညီပါ့မယ် တောင်းပန်ပါတယ်နဲ့ပဲ အမြဲနှစ်သိမ့်ရတယ်၊ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ဘယ်ရောက်နေမှန်းကို မသိဘူး

  • Min Thu Win Htut

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.029
BTC 66391.72
ETH 3189.14
USDT 1.00
SBD 2.60