For girls

in #myanmar6 years ago

ကြောက်အောင် ပြောတာမဟုတ်ပါ။
သတိရှိဖို့ ပြောတာပါ။
ဒါမျိုးတွေ ဖြစ်လာပါမယ် ပြောတာမဟုတ်ပါဘူး။
ဒါမျိုးအဖြစ်တွေ ရှိဖူးတယ်... သတိထားပါလို့ ပြောချင်တာပါ။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က တစ်ခါကြုံဖူးတယ်။
အမတွေက မြေနီကုန်းနားကSpirit မှာ ဈေးဝင်ဝယ်တယ်။ ကားကို အဲ့ရှေ့မှာထားခဲ့တယ်။
ကိုယ်က ခေါင်းမူးတာနဲ့ ကားနောက်ခန်းထဲမှာ နေကျန်ခဲ့တယ်။ မှန်ကစတေကာတွေကပ်ထားတာရယ်
ကိုယ်က နောက်ခန်းထဲမှာ လှဲနေတာရယ်ကြောင့်
အပြင်ကကြည့်ရင် ကားက လူမရှိတဲ့ပုံဖြစ်နေတယ်။
လူတစ်ယောက် ကားနားမှာ မယောင်မလည်နဲ့
လူပဲစောင့်နေသလိုလိုနဲ့ ကားတံခါးတွေကို လိုက်ဖွင့်တယ်။
ဖွင့်တာမှကားကိုနောက်ကျောမှီပြီး လက်နောက်ပြန်ဖွင့်တာ။ လေးပေါက်လုံး လှည့်ပတ်ဖွင့်ပြီးမှ ဖွင့်မရလို့လစ်သွားတယ်။
ကိုယ့်မှာ အထဲက အကုန်မြင်နေရတယ်။
လော့ချထားလို့ ကံကောင်းတာ။ ပွင့်သွားလို့ကတော့အထဲမှာ ကိုယ်က ငုတ်တုတ်ကြီး။
တစ်ခုခုလုပ်သွားမှ ဟုတ်ပေ့။

နောက်တစ်ခုက အသိတစ်ယောက်ဖြစ်တာ။
ရွှေဂုံတိုင်မီးပွိုင့်မှာ ပွိုင့်မိနေတယ်။ ကားပေါ်မှာ မောင်းတဲ့အမတစ်ယောက်တည်း။
လူတစ်ယောက် လမ်းကူးလာတယ်။ ကားနားရောက်တော့ ကားတံခါးကို ဖွင့်တယ်။
လော့ချထားတော့ ဖွင့်မရဘူး။
မှင်သေသေနဲ့ ဆက်လျှောက်သွားတယ်။
အကယ်၍သာ တံခါးလော့မချမိလို့ ပွင့်သွားရင် ဝင်ထိုင်လိုက်ပြီး ဓါးထောက်တာ ဘာညာလုပ်မယ်ထင်တာပဲ။
ပတ်ဝန်းကျင်ကလည်း သူတို့ချိန်းထားတာဖြစ်မယ် ဘာညာထင်ပြီး သိလိုက်မှာ မဟုတ်ဘူး။
အဲ့တော့ ကားမောင်းရင် ကားစီးရင် လော့ချစီးပါ။

နောက်တစ်ခုက ကိုယ့်မိတ်ဆွေ တက္ကစီမောင်းသူတွေ ပြောပြတာပါ။
ကားတား ရှေ့ခန်းဝင်ထိုင်ပြီး ရှိတာအကုန်ပေး
မပေးရင် မဟားဒရားလုပ်ပါတယ်အော်လိုက်မှာ ဆိုလို့
ကြောက်ကြောက်နဲ့ ထုတ်ပေးရတာမျိုးတွေ ရှိတယ်တဲ့။
တစ်ခါတရံဆို "အကိုရေ ဈေးဦးမပေါက်သေးလို့ပါ
လူကိုကြိုက်တာလုပ်"ဆိုပြီး ငွေညှစ်တာမျိုးတွေလည်း ရှိသတဲ့။
Taxi ဆရာတွေခဗျာလည်း ယောက်ျားလေးငှားရင် ဓါးထောက်လုခံရမှာ ကြောက်ရ၊
မိန်းကလေးငှားရင် အေးဓါးပြတိုက်ခံရမှာ ကြောက်ရနဲ့
သူတို့ဒုက္ခကလည်း မသေးဘူး။

လမ်းသွားရင်း မိန်းမချင်းနှုတ်ဆက်သလိုနဲ့ ဓါးသေးသေးလေးနဲ့ထောက်ပြီး လုတာလည်း ရှိပါတယ်။
မျက်နှာချင်းဆိုင်က မိန်းမနှစ်ယောက်လျှောက်လာပြီး
လူမှားနှုတ်ဆက်သလိုနဲ့ အနားကို ကပ်ပါတယ်။
ဖက်လဲတကင်းပုံစံနဲ့ ဓါးထောက်ပါတယ်။ အိတ်ထဲက ပိုက်ဆံထုတ်ခိုင်းတာမျိုးတွေ ဖြစ်ဖူးပါတယ်။

နောက်တစ်မျိုးကတော့ ထူးဆန်းတယ်။
ကိုယ့်ဘာသာ လမ်းလျှောက်သွားရင်း ယောက်ျားတစ်ယောက်က ပြေးလာ ဘာမှမပြောဘဲ နားရင်းပါးရင်းတွေ ရိုက်သတဲ့။ လူကြားထဲမှာနော်။
ရုတ်တရပ်လည်ထွက်သွားပြီး ဘာမှ မပြောနိုင်ချိန်မှာ
အဲ့လူက ပါးစပ်ကနေ"ငါပစ္စည်းတွေယူပြီး လင်ငယ်နေတဲ့ကောင်မ၊ အကုန်ချွတ်စမ်း" ဆိုပြီး ဆွဲကြိုးတွေဘာတွေ အကုန်ဆွဲဖြတ်ယူပြီး ပြေးရော။
ဘေးကလူတွေက လင်မယားရန်ဖြစ်တယ်ဆိုပြီး ဝင်မပါရဲ။ အလုခံရတဲ့ကောင်မလေးက အရိုက်ခံရလို့ စကားမပြောနိုင်၊ ပြောနိုင်ရှင်းပြနိုင်တဲ့အချိန်ကျ ဟိုက ရှာမရတော့ဘူး။

အလားတူပဲ ရှိသေးတယ်။
ပြေးရိုက်တာက မိန်းမကြီးကြီးတစ်ယောက်။
"ဟဲ့ မယားငယ်မ၊ ငါ့လင်ဆင်ထားတာတွေချွတ်"ဆိုပြီး လုတာ။ အဲ့လိုမျိုးတွေ။

ဘာပဲဖြစ်ဖြစ် အခု မိန်းကလေးတစ်ယောက် မုဒိန်းကျင့်သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အတော်တုန်လှုပ်မိတယ်။ ည၈နာရီလောက် မြို့ထဲဝန်းကျင်ကားငှားတာ
အသတ်ခံရ၊ မုဒိမ်းကျင့်ခံရ၊ အလောင်းဖျောက်ခံရနဲ့
ရင်နာစရာ။
Pepper Spray ဆောင်ပါ။ အချွန်အထက်တစ်ခုဆောင်ပါ။ ညဘက် တစ်ယောက်တည်း Taxiစီးဖို့ ရှောင်ပါ။
ဖုန်းသုံးရင်း ပတ်ဝန်းကျင်ကို သတိမထားမိတာမျိုး မလုပ်ပါနဲ့။ ပတ်ဝန်းကျင်ကို အကူအညီတောင်းဖို့ မရှက်ပါနဲ့။
တစ်ယောက်ယောက် အခက်အခဲတွေ့နေရင်လည်း
အားတက်သယော ကူညီပေးပါ။
အချင်းချင်း ရိုင်းပင်းကူညီဝန်းရံပါ။

ဖြစ်လာရင် ကံတရားကြောင့်လို့ ပုံချတာမျိုးကြီးတော့ သဘောမတူပါ။
အသက်ကို ဉာဏ်စောင့်ပါတယ်။
ဘဝတောက်လျှောက် ရှင်သန်ဖို့ ရုန်းကန်မွေးမြူခဲ့ရတဲ့ အသက်ဟာ ဘာမဟုတ်တဲ့ အောက်တန်းစားတစ်ယောက်ရဲ့ ယုတ်မာမှုမှာ ပေးဆပ်ဖို့ မတန်ပါဘူး။

အန္တရာယ်မဖြစ်အောင် ရှောင်ပါ။
ဖြစ်လာရင် ဦးအောင်သာ ဆော်ပါ။
လက်ရှိအခြေအနေမှာ ဒီထက်ကောင်းတဲ့အကြံ ရွေးစရာမရှိလို့ ဒီလိုပဲ အကြံပေးပါတယ်။

အားနွဲ့သူပါရှင်တွေ အားနွဲ့နေရင်
ဂရော့သွားပါလိမ့်မယ်။
အဲ့တော့ အူကြောင်ကြောင်လုပ်ရင် ဆော်သာဆော်

ကိုင်း.. မြှောက်ပေးလက်ပြီ 😫
image

Sort:  

Good

Thank

Good

Thank

Good

Thank

Good

Thank

Good

Thank

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65306.74
ETH 3488.89
USDT 1.00
SBD 2.51